Anda di halaman 1dari 4

မြန်မာပြည်အတွက် အမေရိကန် ၏ မူဝါဒသစ်

ကျွန်တော် မြန်မာပြည်၏ နိုင်ငံရေးသတင်းများကို မဖတ်မိအောင် အတတ်နိုင်ဆုံးကြိုးစားကြည့်သည်။ သို့သော်


မဖတ်ပဲလဲ မနေနိုင်။ ဖတ်မိသည့် အခါတိုင်းလည်း အမြဲတမ်း ရင်မှာ မသက်မသာ ခံစားရသည်။

မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဧရာဝတီအွန်လင


ိုး မဂ္ဂဇင်းမှ အယ်ဒီတာ ဦးအောင်ဇော်၏ ဆောင်းပါးများသည်
မှတ်သားစရာ ကောင်းသဖြင့် ကျွန်တော် မကြာခဏ ဖတ်ပါသည်။ တစ်နည်းအားဖြင့်လည်း များသောအားဖြင့် ဦးအောင်ဇော်၏
မြန်မာနိုင်ငံ နှင့် ပတ်သက်သည့် အယူအဆနှင့် ကျွန်တော့် အယူအဆများ တူညီသဖြင့် စိတ်ဝင်တစား ဖတ်မိခြင်း
ဆိုလျှင်လည်း မှားမည် မထင်ပါ။ ယခု မြန်မာပြည်အတွက် အမေရိကန် ၏ မူဝါဒသစ် နှင့် ပတ်သက်ပြီး သူ၏ ဝေဖန်ချက်ကို
မြန်မာစစ်အစိုးရကို ချဉ်းကပ်ဆက်ဆံရန် ကြိုးစားခြင်း ဆောင်းပါးကို ဖတ်ကြည့်မိ ပါသည်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1887:2009-09-28-09-48-
52&catid=14:2008-10-21-07-40-03&Itemid=32

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေးအကြောင်းများကို ထိုနိုင်ငံသားမဟုတ်သော၊ ထိုနိုင်ငံတင


ွ်လည်း
နှစ်ရှည်လများ မနေထိုင်ဖူးသော သူများက ထိုနိုင်ငံ၏ ပြင်ပမှ နေပြီး ဝေဖန်သုံးသပ် ဆုံးဖြတ်ကြရာတွင် အချို့ အကြောင်း
အရာများမှာ မှန်နိုင်သော်လည်း များစွာသော အကြောင်းအရာများမှာ အမှန်တရားနှင့် ဝေးကွာနိုင်ပါသည်။
မြန်မာနိုင်ငံသားများ၏ ခံစားချက်များကို မြန်မာနိုင်ငံသားများသာ သေချာ ဂဏစွာ သိနင
ိုပါသည်။ မြန်မာနိုင်ငံ
အာဏာပိုင် အဖွဲ့အစည်းများ၏ နိုင်ငံသားများအပေါ် ဆက်ဆံပုံ၊ အနိုင်ကျင့် ဗိုလ်ကျပုံ၊ မတရား လုပ်ပုံ၊ လာဘ်စားပုံ၊ နိုင်ငံတော်
ဘဏ္ဍာများအား မတရား ဘုံးပုံ၊ နိုင်ငံပိုင် ပစ္စည်း၊ နိုင်ငံပိုင် သဘာဝ သယံဇာတ အရင်းအမြစ်များကို မိမိ ဘိုးဘွားများက
ပေးထားသော အမွေကဲ့သို့ မတရား သုံးစွဲပုံ၊ နိုင်ငံသားများအပေါ် တရားမရှိ၊ ဒါးမရှိ စိတ်မထင်သလျှင် မထင်သလို ဖမ်းဆီး
အရေးယူ နှိပ်စက်ပုံ။
ဥပဒေ ဘက်တော်သား၊ ဥပဒေကို ကာကွယ်ရမည့် သူများက ထို ဥပဒေ ဆိုတာကြီးကို အခွင့်အရေး တစ်ခုသဖွယ်
ယူဆကာ၊ ထို ဥပဒေ ဆိုတာကြီးနှင့် ကိုင်ပေါက်လျှက် ဥပဒေအကြောင်း မသိနားမလည်သော နိုင်ငံသားများ အပေါ် (၎င်းတို့
ကိုယ်နှိုက်ကပင် ဥပဒေအကြောင်း အမှန်တကယ် မသိပါဘဲလျှက် သိလေဟန်ဆောင်ကာ) အမျိုးမျိုး ခြိမ်းခြောက်ကာ
ဆက်ကြေးတောင်းပုံ၊ နိုင်ငံသားများပိုင် မြေယာနှင့် ပစ္စည်းများကို တရားလက်လွတ် သိမ်းဆည်းပုံ၊ ဘာဝရမ်းမှ မပါဘဲ နိုင်ငံ
သားများ၏ ပိုင်နက်များအတွင်း အတင်း အဓမ္မ ၀င်ရောက် ရှာဖွေပုံ။
လာရောက် ရှာဖွေသူ များကိုယ်တိုင် တရားဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်း၊ စာရွက်စာတမ်းများကို
သယ်ဆောင်လာကာ ထိုအိမ်တွင် ပစ်ချလျှက် ကိုယ့်သဘောနှင့် မတွေ့သူများအား နိုင်ငံတော်အေးချမ်းသာယာရေးကို
နှောက်ယှက်ဖျက်ဆီးသူ ဟု သူခိုးက လူဟစ်ပုံ။ အာဏာပိုင် အဖွဲ့အစည်းများက လက်သပ်မွေးထားသော ခွေးလှေးကြမ်းပိုး
များက ပြည်သူပြည်သားများအပေါ် တရားလက်လွတ် ထင်သလို မိုက်ရိုင်း ရမ်းကားပုံ -
- စသည်များကို နိုင်ငံသားမဟုတ်သူ၊ နိုင်ငံပြင်ပတွင်နေထိုင်သူများ အနေနှင့် တဆင့်စကား တဆင့်နားဖြင့် ကြားသိ
နိုင်ပါသည်။ သို့သော် လက်တွေ့မျက်တွေ့ တကယ်ခံစားရသူများ မဟုတ်သဖြင့် မည်မျှ တရားလက်လွတ် ဖြစ်နေသည် ဆိုခြင်း
ကိုမူ တိတိကျကျ မသိနိုင်ပါ။
ထို့ပြင်တ၀ မြန်မာဆိုသည့် လူမျိုးများကား ဉာဏ်နီဉာဏ်နက် အရာတွင် ကမ္ဘာပေါ်ရှိ အခြားသော လူမျိုးများ မည်သို့
မျှ လိုက်မမီအောင် ထူးချွန်လှပေရာ မြန်မာတို့၏ ရှေ့တင
ွ် တစ်မျိုး၊ နောက်တင
ွ် တစ်ဖုံ ပြောသော စကားများကို ၎င်းတို့ မည်မျှ
ရိပ်မိ သိရှိနိုင်မည်ကို မခန့်မှန်းနိုင်ပါ။ မြန်မာတို့သည်ကား မျက်နှာတွင် အပြုံးပန်းကို ဆင်မြန်းလျှက် နှလုံးသားထဲတင
ွ် ထိုသူကို
နောက်ကျော ဒါးနှင့် ထိုးရန် ဆင်ကြံကြံသည့် နေရာတွင် နံပါတ်တစ် နေရာကို စွဲကိုင်ထားလေရာ မြန်မာတို့၏ စိတ်ရင်း
သဘောအမှန်ကို ထိုထို နိုင်ငံကြီးသားများ သိရှိနားလည်နိုင်လိမ့်မည် ဟု ကျွန်တော်ကတော့ လားလားမျှ မထင်ပါ။
ထို့ကြောင့်ပင်လျှင် ဦးအောင်ဇော်က ၎င်း၏ ဆောင်းပါးအစတွင် ကံကောင်းပါစေ၊ သို့သော်လည်း ကျားက ဥပုသ်
စောင့်မည် မဟုတ် ဟု ရေးခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့၏ ဖြစ်ပုံမှာ အဖေအရင်းက နှိပ်စက်နေသည်ကို မခံစားနိုင်သဖြင့် ပထွေးကိုတောင့်တနေရသူများ ပမာ
ဖြစ်နေပါသည်။ အမေကျော် ဒွေးတော်လွမ်းခြင်းမဟုတ်။ အဖေကျော် ပထွေးလွမ်းသူများ ဘ၀သို့ အလိုလိုနေရင်း ထိုင်ရင်း
ရောက်ရှိနေရပါသည်။
မြန်မာပြည်သူပြည်သားများ အပေါ် စာနာထောက်ထားသော စိတ်ဓါတ်ဖြင့် နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို အထူး
ကျေးဇူးတင်မိပါသည်။ သို့သော် နှစ်ပေါင်းများစွာကြာအောင် ၎င်းတို့၏ ကြိုးပမ်းသော်လည်း ယနေ့ထိ ဘာမှ ထူးခြား ပြောင်း
လဲ မလာသေးသည့်အပေါ်တွင်မူ များစွာ စိတ်ပျက်မိပါသည်။ အတိုက်အခံ ဆိုသူများ၏ သင်္ကြန်အမြောက်များမှာလည်း ယခု
ကျည်ဆံကုန်စ ပြုလာပါပြီ။ ၎င်းတို့၏ အမျိုးမျိုးသော ကန့်ကွက်စာ၊ နည်းမျိုးစုံဖြင့် ထုတ်ပြန်ကြသော ကြေငြာချက်များမှာ
မြန်မာ အာဏာပိုင်ကြီးများအဖို့ အလွန် ရယ်စရာကောင်းလှသော ပြက်လုံးများသာ ဖြစ်နေပါလိမ့်မည်။
ဤကန့်ကွက်စာ၊ ကြေငြာချက်များမှာ တခြား ဘာမှ လုပ်စရာမရှိသဖြင့် လူမြင်ကောင်းအောင် မလုပ်မဖြစ် လုပ်လိုက်
ရသော ဘာမှ အရာမရောက်သည့် လေလုံးများအဖြစ်သာ ကျွန်တော်ကတော့ မြင်ပါသည်။ သူတို့ကိုယ်သူတို့ အစိုးရ ဟု
နာမည်ခံထားသူများက နည်းနည်း လှုပ်ပြလိုက်၊ ၎င်းတို့က အဖြစ်သဘော ကြေငြာချက်များ ထုတ်လိုက်။ လက်တွေ့ အလုပ်
ဖြစ်မည့် နည်းလမ်းကိုမူ မည်သူကမျှ ကိုယ်ကျိုးစွန့် အနစ်နာခံကာ၊ အပင်ပန်းခံကာ မရှာခဲ့ကြပါချေ။ ကျားကို မထိတထိ
သွားသွားပြီး နှုတ်ခမ်းမွေး ဆွဲကြသော သူအများမှာမူ အစိုးရက ပေးသော အခန်းကျဉ်းများတွင် နှစ်ပေါင်းများစွာ နေထိုင်လျှက်
အစိုးရ ကျွေးသော ထမင်းကို အလကားသွားစားကာ လောကကြီးနှင့် အဆက်ဖြတ်နေကြရပါသည်။ များစွာသော သူများမှာ
ဤကဲ့သို့ နေထိုင်ရင်း လောကကြီးကို အပြီးအပိုင် စွန့်ခွာသွားကြရပြီ ဖြစ်ပါသည်။
အခြားသူများကိုသာ ပြောင်းလို့ ရချင်ရနိုင်မည်။ ကျွန်တော်တို့ ဆရာကြီးများကိုတော့ ပြောင်းဘို့ လွယ်မည် မထင်လှ
ပါ။ ဤသည်မှာလည်း အကြောင်းများစွာ ရှိပါသည်။
ပထမအချက် အနေနှင့် - မိမိက သူတစ်ပါးအပေါ် တရားလက်လွတ် အမြောက်အများ ကျူးလွန်ထားခဲ့သဖြင့် မိမိ
လိပ်ပြာ မိမိမသန့်ဖြစ်ကာ အကယ်၍ မိမိတို့ အာဏာ လက်လွတ်သွားပါက ထို မိမိတို့ မတရားပြုကျင့်ခဲ့သူများက မိမိတို့အပေါ်
အာဃာတ တရားဖြင့် လက်စားချေမည်ကို အလွန်အမင်း ကြောက်ရွံ့နေသောကြောင့် ဖြစ်နိုင်ပါသည်။ ဤသည်မှာလည်း
အကျိုးအကြောင်း လျှော်ကန်လှ ပါသည်။ နှစ်ပေါင်းများစွာ မတရားလုပ်တာ ခံခဲ့ရသော ပြည်သူများ၏ ရင်တင
ွ်းမှ မကျေနပ်
ချက်များကား အကြောင်းအပေါင်း သင့်လာလျှင် ထိုသူများအား အစိမ်းလိုက် ပါးပါးလှီးကာ ၀က်ခေါင်းသုပ် သုပ်သလို သုပ်စား
နေချင်ကြသော ဖြစ်ပါသည်။
ဒုတိယ အချက်အနေနှင့် - ၎င်းတို့၏ စည်းစိမ်ဥစ္စာများ ဖြစ်၏။ အကယ်၍ တရားမျှတသော အစိုးရ တက်လာသည့်
တိုင် ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများကို စာရင်းချ စစ်ဆေးကြည့်လိုက်မည် ဆိုလျှင် မတရားသဖြင့် ပိုင်ဆိုင်ထားသော နိုင်ငံပိုင်
ပစ္စည်းများ ဖြစ်သဖြင့် ထို စည်းစိမ်များကို ပြန်လည် လက်လွှတ်လက
ိုရတော့မည်ကို ၎င်းတို့ အသိုင်းအ၀ိုင်း တစ်ခုလုံးက
အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသောကြောင့် ဖြစ်ပါသည်။ (ဆိုဗီယက်နိုင်ငံကြီး ပြိုကွဲသွားတော့ မစ်ခေးလ် ဂေါ်ဘာချက်ဗ် ၏
ယောက္ဖဖြစ်သူအား သူစားထားသော လာဘ်များနှင့် ပတ်သက်၍ တရားစွဲဆိုသည်ကို မှတ်မိကြပါလိမ့်မည်။)
တတိယ အချက်ကတော့ - အာဏာယစ်မူးမှု ဖြစ်ပါသည်။ သို့အတွက်လည်း ၎င်းတို့ဖြစ်ချင်သော မတရား မမျှတ
သည့် အခြေခံဥပဒေ ဆိုတာကြီးကို မဖြစ်ဖြစ်အောင် လုပ်၊ ထို့နောက် အာဏာကို ဆက်လက် စွဲကိုင်ထားလိုသဖြင့်
ရွေးကောက်ပွဲ ဆိုတာကြီးကို ဘယ်သူက ဘာပြောနေသည် ဖြစ်စေ မဖြစ်ဖြစ်အောင်လုပ်ကာ ထောက်ခံမဲ ၉၉.၉၉ ရာခိုင်နှုံးဖြင့်
၎င်းတို့၏ ဘိုးအေ ဦးနေ၀င်းလုပ်သည့် ပုံစံအတိုင်း ဘောင်းဘီကို ပုဆိုးပြောင်းဦးမည်မှာ သေချာနေပါသည်။

နိဂုံးချုပ်ရလျှင် အမေရိကန် အစိုးရအနေနှင့် ကြိုးပမ်းတာကို အလွန်ကျေးဇူးတင်ပါသည်။ သို့သော် ပူးသတ်သည်


ဖြစ်စေ၊ ခွာသတ်သည် ဖြစ်စေ၊ စီးပွားရေး ပိတ်ဆို့သည် ဖြစ်စေ၊ ဖွင့်သည် ဖြစ်စေ။
နိုင်ငံတကာမှ ဖိအားပေါင်း ပေါင် နှစ်သိန်းမျှ ပေးသည်ဖြစ်စေ၊ တစ်ပေါင်မှ မပေးသည်ဖြစ်စေ။ ဆွေးနွေးသည် ဖြစ်စေ။
မဆွေးနွေးသည် ဖြစ်စေ။ မစ္စတာ ဘန်ကီမွန်းအနေနှင့် ကုလ သမဂ္ဂသို့ လုံးဝ မပြန်တော့ဘဲ မြန်မာပြည်အတွင်း အပြီးအပိုင်
လာရောက်ရုံးထိုင်နေသည် ဖြစ်စေ။ ဂန်ဘာရီအနေနှင် အ
့ သည်းကွဲ ဇာတ်လမ်းများ မည်မျှ ဖန်တီးသည် ဖြစ်စေ -
ကျွန်တော်ကတော့ “မထင်” ဟု တစ်လုံးထည်းသာ ပြောချင်ပါသည်။
(နိုင်ငံတကာ နှင့် ကုလ အတွင်းရေးမှူးချုပ်၏ ဆောင်ရွက်ချက်များကို စော်ကားမော်ကား ပြောလိုက်ခြင်း မဟုတ်ပါ။ ၁၉၈၈ မှ
၂၀၀၉ ခုနှစ်ထိ အနှစ် ၂၀ အတွင်း ၎င်းတို့၏ ကြိုးပမ်းမှုများနှင့် ရလဒ်များကို ကြည့်ပြောလိုက်ခြင်းမျှသာ ဖြစ်ပါကြောင်း။)

ကျွန်တော့်ကိုယ်ပိုင် ခံစားချက်များဖြစ်သဖြင့် လွတ်လပ်စွာ သဘောကွဲလွဲကြပါကုန်။


စာတစောင် ဖတ်လိုက်ရသောကြောင့် လမ်းပြကြယ်အတွက် ထုတ်ဝေသော အာဏာရှင်စနစ်တိုက်ဖျက်ရေး၊
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး စာစဉ် အမှတ်စဉ် ၁၀၀ အတွက် စာတစောင်ရေးရန်
အကြောင်းဖန်လာပါသည်။ စင်ကာပူတွင်နေထိုင်ပြီး မြန်မာနိုင်ငံသားများ ကြီးပွားတိုးတက်ရေးစာပေများဖြင့်
အားပေးလျှက်ရှိသူ မိတ်ဆွေတဦး၏ အမေရိကန်-မြန်မာ ပေါ်လစီအပြောင်းအလဲ နှင့်ပတ်သတ်သော
စာဖြစ်သဖြင့် လက်ရှိအချိန်တွင် စိတ်ဝင်စားစရာတော်တော် ကောင်းပါသည်။ ထိုစာတွင် ဆရာကြီးများဖြစ်သော
ဗိုလ်ချုပ်ကြီးများကို ပြောင်းလဲရန် မလွယ်ကြောင်း ကို အချက်၃ချက်နှင့် တင်ပြထားပါသည်။ နံပါတ်(၁) မိမိတို့ကို
လက်စားအချေခံရရန် စိုးရိမ်အားကြီးလွန်းသောကြောင့်၎င်း၊ နံပါတ်(၂) မိမိတို့ မတရားရယူ ပိုင်ဆိုင်ထားသော
စည်းစိမ်များကို ထိမ်းသိမ်းလိုသောကြောင့်၎င်း၊ နံပါတ်(၃) အာဏာယစ်မူးမှုကြောင့် အာဏာမစွန့်လို၊
ဘောင်းဘီချွတ်၊ တောင်ရှည်ပုဆိုးဝတ် - အတင်းအကျပ် ဥပဒေပြု ဆက်လက်အုပ်ချုပ်ရန် ..
ရည်ရွယ်ထားသည်ဟု ရေးသားထားပါတယ်။ ဗိုလ်ချုပ်များ အာဏာစွန့်ရေးမှာ တကယ်ကို မလွယ်လှပါ။

ကွယ်လန
ွ်ပြီဖြစ်သော ဆရာမင်းသိင်္ခ ၁၉၈၈ခုနှစ်က ထုတ်ဝေသော တိတ်ခွေများကို နားထောင်၊
အားကျခဲ့ပါသည်။ ထိုတိတ်ခွေတွင် စကတည်းက "ဒီကောင်တွေကို မျက်မုန်းကျိုးနေတာ ကြာပြီ" နှင့်
စတင်ထားပြီး တစ်တစ်ခွခွ အမှန်တရားများကို တ၀ါးဝါးဖြစ်အောင်၊ ဒေါသဖြစ်အောင် Motivate
အားပေးထားပါသည်။ အာဏာရှင်များကို ကျဆုံးသွားစေရေးအတွက် သူတို့ကို ဒါး-ဒါးချင်း၊ လှံ-လှံခြင်း
တိုက်ရေးက အရေးကြီးဆုံးအချက်ဖြစ်ပါသည်။

ယခင်က သူတို့ ပစ်ခတ်၊သတ်ဖြက်သောအခါ ပြည်သူလူထုက လက်နက်ကုင


ိပြီး တော်လှန်ခဲ့ပါသည်။
အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်တော်လှန်ခြင်းကို အောင်မြင်စွာမလုပ်နိုင်ခဲ့ပါ။ ၂၀၀၇ စက်တင်ဘာ
သံယာ့အရေးအခင်းပြီးသောအခါ စစ်အစိုးရက ရွေးကောက်ပွဲလုပ်ပေးပြီး ဒီမိုကရေစီအစိုးရ (အတုအယောင်)
ပြောင်းလဲရန် ကြိုးစားနေသည်မှာ အားလုံးအသိပင်ဖြစ်သည်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ပ်
မြန်မာပြည်သွားပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့သည်။ နံပါတ်ဝမ်း သန်းရွှေနှင့်လည်း တွေ့ခွင့်ရပြီး ..
ဇတ်လမ်းဆင်ခံရသော အမေရိကန်နိုင်ငံသားကြီး ယက်ထောကို ကယ်ထုတ်သွားခဲ့သည်။ ယခုအခါ
အမေရိကန်ပေါ်လစီ ပြောင်းလဲတော့မည် ကြေငြာပြီး မြန်မာ ၀န်ကြီးချုပ် သိန်းစိန် ခပ်တည်တည်နှင့် ကုလသမဂ္ဂ
၆၄ကြိမ်မြောက် ညီလာခံမှာ မြန်မာစကားနှင့် မိန့်ခွန်းတက်ပြောခွင့် ရရှိလာတော့သည်။ မောင်အေး ၁၉၉၅ ခုနှစ်
နယူးယောက်မြို့သို့ နိုင်ငံ ဒု-အကြီးအကဲအဖြစ် လာရောက်အပြီး ၁၄နှစ်အကြာတွင် နိုင်ငံအကြီးအကဲ
တဦးအပါအ၀င်ဖြစ်သူ သိန်းစိန် နယူးယောက်မြို့ ရောက်ရှိခြင်းဖြစ်သည်။ ကုလအတွင်းရေးမှုးချုပ်
ဘန်ကီမွန်နှင့်တွေ့ဆုံခြင်း၊ အထက်လွှတ်တော်အမတ် ဂျင်ဝက်ပ် နှင့် တွေ့ဆုံခြင်းများကို စက်တင်ဘာ ၂၀၀၉ တွင်
ပြုလုပ်သွားခဲ့သည်။ နယူးယောက်မြို့ မြန်မာအသိုင်းအ၀ိုင်းကတော့ ဆန္ဒပြမှုများဖြင့် အပြင်းအထန်ကြိုဆိုပုံကို
Burma Today သတင်းဌာနတွင် ဖေါ်ပြထားပါသည်။

တဖက်ကကြည့်လျှင် တရုပ်လွှမ်းမိုးသော မြန်မာ့နိုင်ငံရေး၊ စီးပွားရေးများကို အမေရိကန်သမ္မတ


အိုဘားမားလက်ထက်တွင် မြန်မာစစ်အစိုးရက နိုင်ငံရေးကစားမှု တခုဖြစ်သည်မှာ ငြင်းမရပါ။
လောလောဆယ်တွင် မြန်မာနိုင်ငံက ဓါတ်ငွေ့များရောင်းချခြင်းအားဖြင့် ငွေကြေးအသင့်အတင့် ရရှိလာသဖြင့်
တရုပ်နောက်လိုက်ဘ၀မှ အမေရိကန်ကိုပါ ခွထားလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာအများကတော့
တရုပ်တပည့်ခံရတာထက်စာရင် အမေရိကန်တပည့်ပဲ ခံချင်နေသူများဖြစ်သောကြောင့် ကန့်ကွက်သူ
သိပ်မရှိလှပါ။ မြန်မာစစ်အစိုးရကလည်း အမေရိကန်နှင့် တိတ်တဆိတ် တွေ့ဆုံအပြီး တရုပ်အစိုးရ (တရားမ၀င်)
ပံ့ပိုးသော ကိုးကန့်တရုပ်များကို ခပ်နာနာ နှိပ်ကွပ်လိုက်သောကြောင့် တရုပ်ပြည်ကြီးမှ အခံရခက်နေပါသည်။
မည်သို့ မည်ဖုံ ဆက်လက်သွားမည်ကိုတော့ ပိတ်ကားပြင်တွင် ဆက်လက်ကြည့်ရှုပါက
တနှစ်လောက်အကြာတွင် ပုံရိပ်ပေါ်လာတော့မည်ဟု ထင်ပါသည်။

ဘယ်လိုပုံပေါ်လာမလဲ ..

ကျွန်တော်ကတော့ စစ်အာဏာရှင်များ အာဏာလက်မဲ့ဖြစ်သွားသည့် အခြေအနေတခု ၂၀၁၀ တွင်


ပေါ်ပေါက်လာတော့မည် မျှော်လင့်ပါသည်။ မည်သို့ပေါ်လာမည်နည်းတော့ စောင့်မျှော်ကြည့်ရှုရန် ဖြစ်ပါသည်။

ကျွန်တော်တို့တတွေ အသင့်ပြင်ဆင်ထားရမဲ့ အချက်တွေရှိပါတယ်။ ကျွန်တော် ထောင်ကျနေစဉ်မှာ


ညှင်းပန်နှိပ်စက်ခဲ့တဲ့ ထောင်မှုး၊ ရဲမှုး၊ ကြံ့ဖွတ် တွေကိုလက်စားပြန်ချေဦးမလား။ သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊
သိန်းစိန်၊ တင်အောင်မြင့်ဦး၊ ခင်ညန
ွ့် အစရှိသူများကို တရားရုံးတင်စစ်ဆေး ထောင်ချလုပ်ဦးမှာလား ...။
ကျွန်တော့် စိတ်ရင်းအရလုပ်လိုက်ရင်တော့ ငယ်ငယ်တုံးက ရပ်ကွက်ထဲတွင် ဖမ်းမိသော သူခိုးကို ရင်ဘတ် နှင့်
ကျောကုန်း၌ "ကျွန်တော်သူခိုးပါဗျို့" စာတမ်းကပ်ထားပြီး ... ပါးစပ်ကလည်း "ကျွန်တော် သူခိုးပါဗျို့ .. " ဟု
အော်ခိုင်းလိုပါသည်။ ထိုသို့မလုပ်လိုပါ .. ထို သူခိုးကြီးများကို သူခိုးလက်ခံ ထိုနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးလိုက်ရင်
အကောင်းဆုံးဖြစ်ပါသည်။

ကျွန်တော်လည်း သူခိုးလက်ခံ ထိုနိုင်ငံမှ အမိမြန်မာနိုင်ငံသို့ ပြန်သွားပြီး နိုင်ငံပြန်လည်ထူထောင်သည့်


လုပ်ငန်းများကို ကူညီလိုပါသည်။

မောင်မောင်စလုံး - အောက်တိုဘာ ၂၀၀၉

Anda mungkin juga menyukai