Anda di halaman 1dari 16

နေ့အိပ်ညပျော် တော်တီးတော်နှင့် မြေကြီးငလျင် ပြည်ကြီးဝင် စနေငပေ

ဇာတ်လမ်းတော်ကြီး

သူ့အကြောင်းသည် လွန်စွာမှလည်းထူးဆန်းသည်။ လွန်စွာမှလည်း အံ့သြတုန်လှုပ်ဖွယ်ကောင်းသည်။ လွန်စွာမှလည်း စိတ်တက်ကြွခြင်းကိုဖြစ်စေသလို ဗဟုသုတများဖြင့်လည်းပြည့်နေသည်။ ဤဖြစ်ရပ်များကို သူကသူမသေခင် မင်းသိင်္ခ၏ မည်သူ့ကိုမှမပြောပါရန်နှင့် စနေမောင်မောင်မှတခြား မရေးပါရန်အတန်တန်တောင်းပန်ခဲ့သောကြောင့် နေ့အိပ်ညပျော် တော်တီးတော် ဆိုသော

ကျွန်ုပ်၏စိတ်သန္တာန်ကို လွန်စွာမှ ချုပ်တီးခဲ့ရသည်။ တကယ်တော့ ဤသာယာလှသော မြန်မာပြည်ကြီးတွင် လွန်ခ့သေဲာ အနှစ်၂၀လောက်ကတည်းက စာဖတ်သူတို့ကို သိစေလိုပါသည်။ ထိုစဉ်ကဖြစ်ရပ်များကို ထိုခေတ်စာနှင့် ရေးမည်ရှိသော် စာဖတ်သူတို့ အလွန့်အလွန့် အခက်အခဲ ရှိနေမည် စိုးသောကြောင့် ယနေ့ခေတ် မော်ဒန်စာသားများနှင့်ကိုက်ညီစေရန် ကျွန်ုပ်က ပြင်ဆင်လိုက်ရပါသည်။ (စာရေးသူ) အချိန်ကား မြန်မာသက္ကရာဇ် ၁၃၄၂ခု လူတစ်ဦးရှိခဲ့ခြင်းအကြောင်းကို ယနေ့မှထုတ်ဖော်ခွင့်ရခြင်းအပေါ် ကျွန်ုပ်အနေဖြင့် အလွန်တရာမှပင် ၀မ်းနည်းမိကြောင်း

ဂန္ဓလရာဇ်မောင်ယော နှင့် သိကြားမင်း၏ ခွေးရေပုရပိုဒ်

၁ ၁လီ ၁ ၁ ၂လီ ၂ ၁ ၃လီ ၃ ၁ ၄လီ ၄ ကျောင်းစာသင်ခန်းအပြင်သို့ မောင်ယောတစ်ယောက်မျှော်ကြည့်လိုက်တယ်။ အပြင်မှာလည်းနေကခပ်ပူပူရယ်။ လမ်းတလျောက်ပေါက်နေကြတဲ့ ထနောင်းပင်တွေက ကျိုးတိုးကျဲတဲ။ အင်း ဘယ်တော့များမှ ဒီလောက်ခက်ခဲတဲ့ စာတွေကနေလွတ်ပါ့မလဲမသိဘူး စဉ်းစားကြည့်လျှင် လွန်စွာမှ ထူးဆန်းတာကို တွေ့ရပါလိမ့်မယ်။ ၅နှစ်သား ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ ဒီ ၁အလီပေါင်း ဇယားလေးကိုတောင် မကျက်ချင် တော့လောက်အောင် လောကကြီးကို စိတ်ကုန်နေသောသူက နောင်တစ်ချိန်မှာ သူငယ်တန်း တစ်ကမ္ဘာလုံးက ဂန္ဓာလရာဇ်မောင်ယောလို့ မျက်ခြေမပြတ် လျှမ်းလျှမ်းတောက် နာမည်ကြီးလာမယ့် နီဂရိုးခေါ် မောင်မောင်ခေါ် ဘာလို့

ကျောင်းသားလေး မောင်ယော ဖြစ်ပါတယ်။ ဒီလို အတွေးအခေါ်တွေကပဲ နောင်တစ်ချိန်မှာ သူ့ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်ရသူကြီး ဖြစ်လာအောင် လုပ်ပေးလိုက်တယ်နဲ့ တူပါတယ်။ စောင့်ကြည့်ရတယ် ဆိုတာကိုတော့ နောက်ပိုင်းမှာ စာဖတ်သူတွေ တွေ့လာမှာ ဖြစ်ပါတယ်။ ဒီမောင်ယောအကြောင်းကို ဒီနေရာမှာ တကူးတက ဖော်ပြနေရတဲ့ အကြောင်းကိုလည်း စာဖတ်သူတွေ အနေနဲ့ အနည်းငယ် သိချင်နေပါလိမ့်မယ်။ ဟုတ်ကဲ့ ဒီသူငယ်လေးဟာ ဒီဇာတ်လမ်းကြီး တစ်လျှောက်လုံးမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ

ပါဝင်နေလို့ပြဲ ဖစ်ပါတယ်။ ဆိုသလို

သူမရှိဘဲနဲ့

နေ့အိပ်ညပျော်

တော်တီးတော်ဆိုတဲ့ ဖြစ်ပါတယ်။

လူထူးဆန်း

တစ်ယောက်ဟာဘယ်လိုမှ သူ့အကြောင်းတွေကို

ပေါ်ပေါက်လာစရာ အကြောင်းမရှိပါဘူး။ ဒါကြောင့်လည်း ကျွန်တော်က ဒီနေရာကနေ မချစ်သော်လည်း အောင့်ကာနမ်း လက်အညောင်းခံပြီး တကူးတက တင်ပြနေရတာ ဒါပေမယ့်လည်း သင်ကျော်ဖတ်မယ် ဆိုရင်တော့ ဒီဇာတ်လမ်းကြီးကို သင်ဘယ်လိုမှ နားမလည်နိုင်ဘူးဆိုတာ ကျွန်တော် အလေးအနက် ပြောလိုပါတယ်။သီးခံပြီးသာဖတ်ပါတော့ စာရှုသူတို့ ။ • ဒေါက် အသာလေးမော့ပြီး ပေကလပ်ပေကလပ် မျက်လုံးများနဲ့ မ၀င့်မရဲ ခိုးကြောင်ခိုးဝှက်

ပူထူသွားတဲ့ခေါင်းကို

သနားစဖွယ်ကြည့်လိုက်တော့ သူ့အပေါ်ကနေမိုးကြည့်နေတဲ့ ဆရာမကို တွေ့လိုက်ရပါတယ်။ • • ငယော ဘာတွေငေးနေတာလည်း ။ ၁ အလီကိုကျက်နေတာ ၃ ရက်ရှိပြီ မရသေးဘူးလား။ လာ...လာစမ်း … အခုလာဆိုစမ်း ကျွန်...ကျွန်....ကျွန်တော်... မ..မ..မရ.. ရ သေး..ဘူး..ဆ..ရာ.....

စကားပင်ဆုံးအောင်မပြောလိုက်ရရှာပါ။ ကျောင်းဘေးသစ်ပင်မှ ငှက်တသိုက် ဖျတ်ကနဲ လန့်ပျံသွားကြသည်။ • • ထိတ်လန့်လှပေစွ လောက။ ဤလောကကြီးသည် မိုက်လုံးကြီးလှပါကလား။ ၁အလီလေးမရရုံမျှ နှင့် ခက်ခဲလှသောလူ့ဘ၀ရဲ့ ရခဲလှစွာသော အရေပြားလေးကို ရိုက်ရက်ကြပါလား။ စပါးတစ်ထောက်စာမျှမရှိသော ဒီအရေပြားလေးကို ၄လက်မ တုတ်နှင့် ရိုက်ရက်သော ဤလောကကြီးကို ငါကားစိတ်ပျက်ခဲ့ပေပြီ။ • ငါတိတ်တဆိတ် သံဓိဌာန် ပြုသည်။ ဤလောက၀ယ် မသေသေးသမျှ ကာလပတ်လုံး (တရားထူး ရှာတော့မည်ဟု သင်တို့ထင်နေသော အတွေးများကို မြန်မြန်လေးရုတ်သိမ်းလိုက်ပါ။ ။ စာရေးသူ) ငါကားဘယ်တော့မှ အရိုက်မခံတော့။ သူများကိုသာ ရိုက်တော့မည်။ ဟီဟိ။ ကောင်းလေစွ။ မောင်ယောရဲ့ဘ၀ပထမဆုံး ခိုင်မာတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း နောင်အခွင့်သင့်တ့အချိန် သူက ပြန်ပြောပြခဲ့ပါတယ်။ဲ ပြင်းထန်ပေစွ ဂန္ဓာလရာဇ်ကြီး။ နောင်နှစ်ရက်အကြာတွင် မောင်ယောကို ရက်ရက်စက်စက်ရိုက်နှက်ခဲ့သော ဆရာမ၏ ခြင်းတောင်းအတွင်း

ဖားပြုတ်အကောင် ၂၀ ခန့်တွေ့ရခြင်း။ ဆရာမ ထိုင်ခုံပေါ်သို့အထိုင် ပေါင်ကို ကင်းမီးကောက် အထိုးခံရခြင်း။ ဆရာမအိမ်အနီး သစ်ပင်ကြီးတွင် ကျီးကန်းအသေ တစ်ကောင် တင်နေလေရာ ဆရာမအိမ်အပေါ်ဝယ် အခြားကျီးကန်း ၂၀၀ ခန့် တစ်နေ့လုံး ၀ိုင်းရံခံနေရခြင်း စသောစသော အကြောင်းများကတော့ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မောင်ယောနှင့် လုံးဝသက်ဆိုင်မှု မရှိကြောင်းကိုတော့ စာဖတ်သူများ ယုံကြည်မှာဖြစ်တာမို့ အထူးမပြောလိုတော့ပါဘူး။

မီးအိမ်ရွာကလေး

ဒီရွာကလေးကတော့ အသက်ပဲဖြစ်ပါတယ်။

မောင်ယောဆိုတဲ့

နီဂရိုးရဲ့

မွေးရပ်ဇာတိ

ချက်ကြိုးမြှုပ်နှံရာ သူ့ဘာသာ

နေရာလေးပဲဖြစ်ပါတယ်။ ၁၅နှစ်အရွယ်မှာ

ရွာအရှေ့ဘက်စပါးခင်းများ အလွန်မှာ သာသာယာယာစီးဆင်းနေတဲ့ မလွယ်ကူး ချောင်းကလေး ကလေးကလည်း ဒီဒေသရဲ့ ဒီမလွယ်ကူးဆိုတဲ့နာမကို မောင်ယောက

ပေးခဲ့ကြောင်းမှတ်သားဖူးပါတယ်။ ဒီနာမည်တွင်ပုံ အကြောင်းကလည်း သမိုင်းမတွင်ပေမယ့် ရင်မောစုတ်သပ် စရာတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ စာဖတ်သူများ များမကြာခင် ဖတ်ရှုရမှာ ဖြစ်ပါတယ်။ မြောက်ဘက်တခွင် တက်နေတုန်း ကြည့်ပြန်တော့ အသံကြီးကို စိမ်းမြမြ ပွတ်လုံးတောင်ထိပ်က စေတီငယ်ဖြူဖြူကို တွေ့ရမှာဖြစ်ပါတယ်။ လားလား

မောင်ယောတို့ဒေသမှာ ထိုကာလက ကားအသွားအလာအလွန်ကို ရှားပါတယ်။ တနေ့ သူပျင်းပျင်းရှိလို့ တောင်ထိပ်ပေါ် ၀ုန်းကနဲ ကြားရပါသတဲ့။ ကားနားကို အသံကြားရာနောက် အပြေးသွားကြည့်တော့ ကားကြီးတစ်စင်း ချောက်ထဲ ကျနေတာ တွေ့ရပါတယ်။ လောကမှာ သရဲကလွဲပြီး ဘာကိုမှ မကြောက်တတ်သူ ကျွန်တော်တို့ ဇာတ်လိုက်ကြီးဟာ အပြေးအလွှား ရောက်သွားပါတယ်။ သတိမေ့နေတဲ့ ကားသမားကိုတလှည့် တုံးလုံးကြီးမှောက်နေတဲ့ ကားကြီးကိုတလှည့် ဘေးမှာဖရိုဖရဲ ပြန့်ကျဲနေတဲ့ ပွတ်လုံးတိုင်များကို တလှည့် ခဏကြာငေးမော ကြည့်နေပြီးနောက်မှ ဆုံးဖြတ်ချက် တစ်ခုကို လုံးလုံးကြီး ချလိုက်ပါတယ်။ အားကောင်းတဲ့ အဝေးကြည့်မှန်ပြောင်းနဲ့သာ မရှိမဲ့ရှိမ့အားလေးနဲ့ ထိုနေရာကို သေးသွယ်တဲ့ လှမ်းမြင်ရမယ်ဆိုရင် အသက် ၇ နှစ်အရွယ်

ကောင်လေးတစ်ယောက်

သူ့လက်နှစ်ဖက်ကိုအားပြုပြီး

ပွတ်လုံးတိုင်တွေကို

ချောက်ကြီးတနေရာက ချုံပုတ်ကြီးတစ်ခုထဲကို အတင်းထိုးသွင်း နေတာကိုမြင်ရမှာဖြစ်ပါတယ်။ စာဖတ်သူတို့ ဒီအကြောင်းနဲ့ပတ်သတ်ပြီး တော်တော်မကောင်းတဲ့ ကလေးလေးပါလားလို့ အလျင်စလို မထင်လိုက်ပါနဲ့ဦး။ ဒီအကြောင်းကို မောင်ယောက ဘာမှ ပြောမသွားပေမယ့် ကျွန်တော်သုံးသပ်မိတာတွေကို တင်ပြချင်ပါတယ်။ အဲဒီအချိန်က မောင်ယောဟာ လောက်လေးခွ ကောင်းကောင်းတစ်လက် လိုချင်လို့ ပိုက်ဆံလိုနေပါသတဲ့။ အဲဒီ သစ်ပွတ်လုံးတွေက သူတို့ရာအနီးက မတရားတဲ့ သူကြီးတစ်ဦး ပိုင်ဆိုင်တဲ့ အရာတွေလည်း ဖြစ်ပါသတဲ။ မတရားမှုကို လားလားမှ မကြိုက်သွူ့  မောင်ယောဟာ ပျောက်ကျားနည်းနဲ့ သူလည်းအကျိုးရှိစေ၊ ဘေးရွာကသူကြီးလည်း ဒုက္ခရောက်စေ ဆိုတဲ့ အတွေးမျိုး ဖြစ်ဟန်တူပါတယ်။ အဲဒီလိုကို ဘူဇွာလူတန်းစား ကို တိုက်ဖျက်ချင်တဲ့ ကျွန်တော်တို့ ဇာတ်လိုက်ကြီးပါ။ စာဖတ်သူတွေ အထင်မလွဲသင့်ပါဘူး။ အဲဒီတုန်းက အဲဒီ ပွတ်လုံးတွေကို ရောင်းလိုက်တာ လောက်လေးခွတင်မကဘူး လွယ်အိတ်အသစ် တစ်လုံးတောင် အပိုရလိုက်သေးတဲ့အတွက် ဒီတောင်တန်းကြီးကို သူက ဂုဏ်ပြုချင်ဟန် တူပါတယ်။ ဤကားစကားချပ်။ ဒီလိုဒီလိုနဲ့ အဲဒီမီးအိမ်ရွာလေးတစ်ခုလုံးဟာ မောင်ယော ကိုယ်ပိုင်သတ်မှတ်ချက်တွေနဲ့ ပြည့်နှက်လို့နေပါတယ်။ မထူးတော့ မထူးဆန်းလှပါဘူး။ နောင်တစ်ချိန်မှာ ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ပြောင်းလဲပစ်ဖို့ ကြိုးစားမဲ့ သူတစ်ယောက်အတွက် ငယ်စဉ် ကတည်းကကို အဲဒီလို ဇာတိပြနေတဲ့ ကိစ္စတွေဆိုတာက သူ့ရာဇ၀င်မှာ အကင်းပဲ ရှိပါသေးတယ်။ တချိန်ချိန် သင်တို့ပတ်ဝန်းကျင်မှာ အဲဒီလို ကလေးတစ်ယောက်များ တွေ့တ့အခါ ဂရုမပြုပဲမနေပါနဲ့။ ဂရုမပြုဘဲ မနေပါနဲ့ဆိုတဲာ ကောက်ယူမွေးစားဖို့ ကျွန်တော်မဆိုလိုပါဘူး။ အန္တရာယ် ရှိလွန်းလို့ သေသေချာချာကြီးကို သတိထားပါလို့ ကျွန်တော်က ပြောလိုတာပါခင်ဗျား။

ဘုန်းကြီးကျောင်းသားလေးမောင်ယော ကကြီး ကလေး ထမင်းကျွေး ( သူ့အမေ ကသူဆိုးလို့ဆိုပြီး ထမင်းမကျွေးဘဲ အပြစ်ပေးတတ်ပါတယ် ) ခခွေး ခွေးမိုက် အလွန်ကိုက် ( မောင်ယောနဲ့မတည့်တဲ့ ညိုကြီးဆိုတဲ့ ခွေးတစ်ကောင် ရွာမှာရှိပါတယ် ) ဂ ဂဏာန်းလုံး သောက်ရမ်းမုန်း ( သူ့ကို တခါအညှပ်ခံဘူးလို့ ဖြစ်ပါတယ် ) ဃ ဃဋီ ၁ နာရီ ( ရှေးဟောင်းမြန်မာ ၁ နာရီ = ၂၄ မိနစ် ကိုဆိုလိုဟန်တူပါတယ် ) င ငခုံးမ လွန်ပုပ်ပွ ( သူအမြဲစားနေတာဖြစ်မှာပေါ့ ) စလုံး စပါး တို့ရောင်းစား ( ခိုးလုပ်နေကျပါ ) ဆလိမ် ဆရာမိုက် တုတ်ကိုင်ရိုက် ( အထက်မှာတင်ပြခဲ့ပြီး ) ဇကွဲ ဇနီးအလွန်ကြီး ( ဘာကိုဆိုလိုမှန်းတော့ မသိပါဘူး ) ဈမျဉ်းဆွဲ ဈာပန မသာချ ( သူတစ်ခါမှမလိုက်ပါဘူး )

ည ညအခါ သရဲလာ ( တစ်ကမ္ဘာလုံးမှာ မောင်ယော အကြောက်ဆုံး အကောင်ဖြစ်ပါတယ် )

• •

ဟဲ့ငယော လာခဲ့စမ်းဒီကို တင်ပါ့ဘုရား

ဘုန်းကြီးကျောင်းတိုင်မှာ မှီပြီး စာအံနေသော မောင်ယောခမျာ ဦးသောဘိတ ရဲ့ခေါ်သံအဆုံးမှာ ကုပ်ကုပ် ကုပ်ကုပ်နဲ့ အနားတိုးလို့သွားပါတယ်။ ကျောင်းမှာ ဆရာမနဲ့ ပြသနာဖြစ်အပြီး အဲဒီကျောင်းကိုမတက်ပါရစေနဲ့တော့ဆိုပြီး တငိုငို တယိုယို ဖြစ်နေလို့ သူ့အမေက သူ့ကို ဘုန်းကြီးကျောင်း ပို့ထားတာဖြစ်ပါတယ်။ မောင်ယောလေး ယဉ်ကျေးမှု တိုးပွားလာအောင် ဖြစ်ပါသတဲ့။ ဦးသောဘိတဆိုတာက ဒီနယ်တ၀ိုက်မှာ နာမည်ကြီး ဘုန်းတော်ကြီး။ တစ်နယ်လုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ဘုန်းကြီးပါ။ ဦးသောဘိတ စကားတစ်ခွန်းဆိုရင် တစ်နယ်လုံးက ခေါင်းညိတ်ပြီးသား။ အဲဒီလောက်အထိ တန်ခိုးထွားပါတယ်။ ဗေဒင၊် အင်းအိုင်၊ ခလှဲ့၊ လက်ဖ့၊ွဲ ဂါထာ၊ မန္တယား၊ လောကီ၊ လောကုတ္တရာ သူမသိ သူမတတ်တာမရှိ။ တော်တော်လေးကိုနှံ့စပ်တဲ့ ဆရာတော်ကြီးဖြစ်ပါတယ်။ • • • ငယော နင်ခုနဆိုနေတာကို နင့်ဘယ်သူသင်သလဲ ပြောစမ်းဟဲ့ မှန်လှပါဖျာ့။ ဘယ်သူမှမသင်ပါဘူးဖျာ့ ၊ တပည့်တော် စိတ်ထပေါ်တဲ့အတိုင်း ဆိုနေမိတာပါဖျာ့။ဲ အောင်မာ နင်ကများ ...။ နေစမ်းပါဦး ပြန်ဆိုစမ်း ခုန သံပေါက်ကို ကြောက်ကြောက်လန့်လန့်နြဲ့ ပန်ဆိုပြလိုက်ပါသတဲ့။ ဘာမှမပြောဘူး။ လက်ချောင်းတွေကို ဆရာတော်ကြီးက အသာချိုးရင်း မျက်စိကို အသာမှေးရင်း

မောင်ယောက အားလုံးပြီးသွားမှ •

နားစိုက်ထောင်နေတယ်။

ခေါင်းတညိတ်ညိတ်လုပ်နေတယ်။

သြော် ဘုရားဘုရား ငါစိုးရိမ်တဲ့ အချိန်တွေ ရောက်လာခဲ့ပြီပဲ။ မထင်မှတ်တဲ့ သူတွေနဲ့ မထင်မှတ်တာတွေ ဖြစ်လာတော့မယ်။ ငါ့နောက်ကိုလိုက်ခဲ့ ဟဲ့ ကိုရင် ဇ၀န ငါ့အခန်းထဲက ကြေးစုတ်နဲ့ ဆေးသွာယူချေစမ်း။ လာဟဲ့ ငယော

တင်ပါ့ဖျာ့

ဘဘုန်းကြီးက သူ့ကို ဘုရားခန်းထဲကို ခေါ်သွားပါတယ်။ ပြီးတော့ ဘဘုန်းကြီးက ဘုရားကို ဦးချတယ်။ သူကလည်း နောက်ကနေ ဘုန်းကြီးလုပ်သမျှ အကုန်လိုက်လုပ် ရတာပေါ့။ ခဏကြာတော့ ကိုရင်ဇ၀နက ကြေးစုတ်ကြီး တစ်ချောင်းနဲ့ ဗူးတစ်ဗူးယူပြီး အခန်းထဲကို ၀င်လာတယ်။ ဘဘုန်းကြီးက အခန်းတံခါးကို ကိုရင်ဇ၀နကို အပိတ်ခိုင်းလိုက်ပြီး အခန်းထဲကို ဘယ်သူမှ ၀င်မလာရလို့ အမိန့်ပေးလိုက်ပါတယ်။ • ကဲ ကိုရင်မောင်ယော ငါဆိုတာကို နောက်ကလိုက်ဆိုပေတော့

လို့ဆိုပြီး လွန်စွာရှည်လျားလှတဲ့ ဘာဘာသာနဲ့ သီကုံးထားမှန်း သေချာမသိတဲ့ မန္တယားကြီး တစ်ခုကို မောင်ယောဟာ တစ်နာရီ နီးပါးမျှ လိုက်ရွတ်ဆိုရပါတော့တယ်။ အခန်းက အလုံပိတ်ထားတော့ လေကမ၀င် အိုက်ကအိုက် ပျင်းကပျင်း အိပ်ကလည်းငိုက် ဆိုတော့ ချွေးတလုံးလုံးနဲ့ မဲလုံးလုံး ကိုရင်မောင်ယော တစ်ယောက် ဘယ်လိုဖြစ်နေမယ်ဆိုတာ စာဖတ်သူတွေ ရိပ်မိလောက်မှာပါ။ အခန်းထဲမှာလည်း အရိပ်တွေ မြင်နေရသလိုလို မပြောပါနဲ့တော့။ ဘဘုန်းကြီးက စကားသံတိုးတိုးတွေ ဘဘုန်းကြီးရှိနေလို့သာ..။ သူ့လက်ကို ဆွဲယူပြီး ကြားနေရသလို ရှိများရှိမနေလျှင် သူ့လက်နဲ့ သူ့စိတ်ထဲ သူအသက် ထင်နေပါတယ်။ ကြောက်လိုက်တာဆိုတာ ထင်နေမိတယ်။ လို့လည်းပြောတယ်။ ထွက်လောက်ပြီလို့တောင် မျက်စိမှိတ်ထား

ထပ်ကိုင်လိုက်တယ်။

အာရုံခံနေတာဖြစ်ပါလိမ့်မယ်။ တခါတခါ ဘုန်းကြီးကျောင်းကို လာကြတဲ့ တချို့သော အာဂန္တုတွေ ၊ ဒါယကာရင်းတွေကို ဒီလိုလုပ်ပြီး ဗေဒင်တွေ ဟောတတ်တာ သူတွေ့ဖူးနေတယ်။ ဘာမှန်းတော့သူလည်း သေချာမသိဘူး။ သူသိတာတစ်ခုက အရမ်းကို ပူအိုက်နေတာကိုပါပဲ။ • ကဲ မောင်ယော မှတ်ပေတော့ မင့်တသက်တာကို ငါပြောတော့မယ်

အန်.. ငါတောင် ဘာမှလုပ်ရသေးဘူး ဘဘုန်းကြီးက နောင်ဘာဖြစ်မယ်ပြောမယ်ဆိုပါလား ဘယ်လိုကြီးလဲဟ ဆိုပြီး မောင်ယောက ကြောင်စီစီနဲ့ တွေးနေမိပါသေးတယ်။ ဘဘုန်းဟာ ချောင်းတစ်ချက်ဟန့်၊ မျက်စိတွေကို မှေးစင်းလိုက်ရင်းက • နင့်အသက် ၁၈ နှစ်သားမှာ နင်ဟာ အသားဖြူတဲ့ လူတွေက တိုင်းပြည်ကြီးတစ်ခုရဲ့ နင့်ကို လူတွေဆီကနေ ထူးဆန်းတဲ့

ပညာရပ်တစ်ခု

ရမဟဲ့။

နင်ဘယ်သွားသွား

ဝိုင်းကြည့်တာခံရမယ်။

အလွန်ကြမ်းတမ်းတဲ့

ခရီးလမ်းကြီးကို သွားရမယ်။ ငါ့အာရုံထဲ ရေပြင်ကြီးတစ်ခုလည်းတွေ့တယ်။ ကမ္ဘာအနှံကို နင်သွားရလိမ့်မဟဲ့။ လူထူးဆန်းကြီးတွေန့တွေ့လိမ့်မယ်။ နေဦးမှန်းစမ်း ဘယ်နှစ်ယောက်ပါလိမ့်။ ၈ ယောက်။ဲ • ဟုတ်တယ်။ လူထူးဆန်းကြီး ၈ဦးနဲ့ တွေ့လိမ့်မယ်။ သေသေချာချာမှတ်စမ်း။ အဲဒီလူတွေန့တွေ့တ့အခဲါဲ

နင့်ဘ၀ကြီးမှာ တစ်သက်နဲ့တကိုယ်မကြုံဘူးတဲ့ ထူးထူးဆန်းဆန်း အဖြစ်ကြီးတွေ ဖြစ်လာလိမ့်မယ်။ ဘုရားဘုရား ငါ့သားမောင်ယော... အဲဒီလူတွေထဲ စနေငပေဆိုတဲ့ လူဆိုးကြီးတစ်ဦးကိုတော့ နင်သတိထားပေတော့။ အဲဒီ စနေငပေဆိုတဲ့ လူတစ်ဦးကတော့ နင့် အသက်ကိုအကြိမ်ကြိမ်လုပ်ကြံတာ နင်ခံရလိမ့်မဟဲ့။ • အင်း ဘ၀ဘ၀.......မအိပ်မနေအသက်ရှည်၊ လူတစ်ယောက်ကိုသာ အင်းဒီလောကထဲမှာအသက်ရှင်နေသ၍ ရှာပေတော့။ သူတစ်ဦးသာ အင်္ဂါသား နင့်ကိုအသက်

တော်တီးတော်ဆိုတဲ့ မဟာအင်းကြီးကို

မတွေ့တွေ့အောင်

အန္တရာယ်ကနေ ကာကွယ်ပေးနိုင်လိမ့်မယ်။ ဘဘုန်းကတော့ ငါ့သား အန္တရာယ်ကင်းအောင် တေနပုတကိ ဆိုတဲ့ ထိုးပေးလိုက်မယ်။ အများအကျိုးအတွက် သုံးပေတော့။ နင့်ခေါင်းထဲမှာ မှတ်ထားရမှာက စနေငပေကို လွတ်အောင်ရှောင် တော်တီးတော်ကိုတွေ့အောင်ရှာ။ အဲဒီစကားကို ဘယ်တော့မှ မမေ့လေနဲ့ ငါ့သား။ အဲဒီလိုပြောပြီးဘဘုန်းကြီးဟာ သူ့စာအုပ်ထဲမှာ ခုနက သူဆိုနေတဲ့ သံပေါက်လေးကို ချရေးလိုက်ပါတယ်။ ပြီးတော့မှ • • • • • • • • • • • • နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒဿ ဤကမ္ဘာဝယ် နောင်အနှစ်နှစ်ဆယ်မျှ ကြာသောအခါ ကလေးငယ်တို့ အငတ်ဘေးကြီးတစ်ခုကြုံရလတ္တံ ခွေးနှင့်တူသော သစ္စာရှိလူယုံတို့ ကိုပင် မယုံရလောက်အောင် လူတို့ယုံကြည်အားကိုးခြင်းများ ပျက်လတ္တံ ဂဏာန်းကောင်သည် ဦးနှောက်မရှိသော်ငြား လက်မတကားကားရှိသကဲ့သို့ လူ့ဗာလတို့ ရမ်းကားခြင်းပြုလတ္တံ လူတို့၏ အချိန်မလေးစားခြင်းသည်လည်း ဖြစ်လတ္တံ ငခုံးမပုပ်သောအနံ့သည်လှိုင်လှိုင်ထွက်သကဲ့သို့ လူတို့၏မကောင်းမှုသတင်း ပျံ့ပြူးခြင်းသည်လည်း ဖြစ်လတ္တံ စပါးဈေးများ အဆမတန် တက်ကြလတ္တံ ပညာတတ်များ လျော့ပါးလတ္တံ မိန်းမတို့ ခေတ်ဆန်ခြင်းလည်း ဖြစ်လတ္တံ လူအသေအပျောက် အများအပြားဖြစ်တတ်သော ကပ်ကြီးများ ကြုံရလတ္တံ မှော်ယန္တယား၊ ဂါထာမန္တာန်တို့ကို ယုံကြည်သူလည်း များလတ္တံ ဤကား ငါမည်သော ရှင်သောဘိတဟောရာ ရှေ့ဖြစ်တည်း။ မှတ်လေတော့ငါ့သား။ ဘုန်းကြီးကျောင်းသားလေးမောင်ယောရဲ့ စိတ်ထဲဝယ် ထိုစကားသံများသည်

ငယ်ရွယ်နုနယ်ဖြူစင်လှစွာသော သံမှိုနှက်သကဲ့သို့ မထွက်နိုင်တော့ပြီ။ •

စနေငပေကိုလွတ်အောင်ရှောင် တော်တီးတော်ကို တွေ့အောင်ရှာ

• • • • •

စနေငပေကိုလွတ်အောင်ရှောင် တော်တီးတော်ကို တွေ့အောင်ရှာ စနေငပေကိုလွတ်အောင်ရှောင် တော်တီးတော်ကို တွေ့အောင်ရှာ စနေငပေကိုလွတ်အောင်ရှောင် တော်တီးတော်ကို တွေ့အောင်ရှာ စနေငပေကိုလွတ်အောင်ရှောင် တော်တီးတော်ကို တွေ့အောင်ရှာ စနေငပေကိုလွတ်အောင်ရှောင် တော်တီးတော်ကို တွေ့အောင်ရှာ

နောက်ဆုံး ဘဘုန်းကြီးက သူ့ကို သင်္ကန်းအမ ခိုင်းပြီး စုတ်ကြီးနဲ့ မဟာတေနပုတကိ ဆိုတဲ့အင်းကြီးကို ရင်ဘတ်မှာ ထိုးပေးပါတယ်။ မီးအိမ်ရွာလေးတ၀ိုက် ကောက်စိုက်တဲ့ သူတွေတောင် ရွာထဲ ဘာဖြစ်နေသလဲဆိုပြီး အပြေးအလွှား ကြည့်လောက်အောင် ငှက်ဆိုးထိုးသံအလား အော်လိုက်တဲ့ မောင်ယောအသံဟာ ဘုန်းကြီးစုတ်ချက်တိုင်း ပဲ့တင်ထပ်လောက်အောင်ကို ဖြစ်နေပါတော့တယ်။

တိတ်ဆိတ်သောတောင်ထိပ်မှ သမိုင်းဝင်စာရင်းရှင်းပွဲကြီး

တောင်ထိပ်တစ်ခုလုံး ကြည့်နေတယ်။

မြူတွေနဲ့ဖုံးလို့နေတယ်။ တစ်ခနဲ

အဲဒီမြူတွေ

ကြားထဲကို

သေချာကြည့်မယ်ဆိုရင် အရိပ်မည်းတစ်ခုက

ကျောက်ရုပ်တစ်ခုလို သူ့ရှေ့ကို လွှားခနဲ

မတ်မတ်ရပ်နေတဲ့ အဖြူရောင် ပုံရိပ်တစ်ခုကို ခပ်ဝါးဝါး တွေ့ကြရမှာပါ။ သူ့မျက်လုံးတွေက ရှေ့တူရူကို စူးစူးစိုက်စိုက် လက်ကနာရီသံ မြည်သွားသံနဲ့အတူ ရှေ့ကိုရောက်လာတယ်။ အေးစက်နေတဲ့ လေထုတွေကြားမှာမှ အမျိုးအမည်မသိတဲ့ ကြောက်မက်ဖွယ် ချမ်းစိမ့်မှု တစ်မျိုးက ပျံ့နှံ့လို့နေတယ်။ ခုနက ပတ်ဝန်းကျင်မှာ တိုက်ခတ်နေတဲ့ လေပြည်တွေတောင် ရပ်တန့်နေသလိုပဲ။ မုန်တိုင်းမတိုက်ခတ်ခင် ငြိမ်သက်နေခြင်းမျိုးနဲ့ဆင်ဆင်တူပါတယ်။ အနားက ရေစက်တွေခိုနေတဲ့ သစ်ပင်ပေါ်ကနေ ငှက်ဆိုးတစ်ကောင်က ဂစ် ခနဲ အော်မြည်ရင်းအလန့်တကြား

ထပျံသွားတယ်။ မြူတွေကလည်းသဲသဲမဲမဲ ခုမှပိုကျလာသလိုလို။ ပေ၁၀၀ ၀န်းကျင် ပြန့်ပြူးတဲ့ ဒီမြေကွက်လေးမှာ လူသားနှစ်ဦးရပ်လို့နေတယ်။ တစ်ဦးက အဖြူရောင်ဝတ်စုံ ကို ၀တ်ဆင်ထားပြီး တစ်ဦးက ၀တ်စုံနက်နဲ့ဖြစ်ပါတယ်။ နှစ်ဦးစလုံးရဲ့နောက်ကျောမှာ အ၀တ်နဲ့ပတ်ထားတဲ့ ရှည်မျောမျော အထုပ်ကိုယ်စီလွယ်လို့။ မျက်စိပေါက်သေးသေးလေးဖောက်ထားတာကလွဲလို့ တစ်ကိုယ်လုံးဝတ်ရုံဖုံးနေလို့ နှစ်ဦးစလုံးရဲ့ မျက်နှာကို မမြင်နိုင်ပါဘူး။ တိတ်ဆိတ်မှုကို အဖြူရောင်ဝတ်ရုံရှင်က စတင်ဖြိုခွင်းလိုက်တယ်။ • • မင်းရောက်တာ ငါးမိနစ်နောက်ကျတယ် ( လက်ထဲမှ ရိုမန်ဆင် နာရီကို ပြရင်းပြောလိုက်သည် ) အေး ငါးမိနစ်နောက်ကျတော့ မင်းငါးမိနစ် ပိုကံကောင်း သွားတာပေါ့ကွာ.... အက်အက်အက် (ခြောက်ကပ်ကပ်ရယ်သံ) • ဟားဟား.. အပြောသိပ်မကြီးပါနဲ့ဦးလေ..... ဒီနေ့အဖြေဟာ ဘာလဲဆိုတာ မကြာခင် သိရမှာပေါ့....

ကျန်တဲ့ကောင်တွေလည်း ခေါ်လိုက်ပါဦး ဟားဟား စကားသံပင်မဆုံးလိုက် အနက်ရောင် အရိပ်နှစ်ရိပ် ၀ှစ်ကနဲ ထပ်ရောက်လာတယ်။ အဖြူတစ် အနက်သုံး ၄ ဦးဆုံမိကြပြီ။ ( မလုံလောက်သေး )

ရုတ်တရက် .. သူတို့ ရှေ့ကို အပြာရောင်အရိပ်တစ်ခုကထပ်ကျလာတယ်။ ဒုတိယလူက အလန့်တကြားမေးလိုက်တယ် • • • မင်း ... မင်း ဘယ်သူလ...... ဘာလာရှုပ်တာလဲ.....ဲ ဟားဟားဟား မကြောက်ပါနဲ့ တရီးကျုတ်ရယ်......... မင်းတို့ ဒီမှာ တိတ်တဆိတ်ချိန်းပြီး.... ဟတ်လိန်းလိန်းနဲ့ စာရင်းရှင်းမယ်ကြားလို့ ......... ငါအမီလာခဲ့ရတာ.......... လို့ပြောပြီး ခေါင်းပေါ်က ခမောက်ကို ချွတ်လိုက်တယ်။ အော်....ဟင်းဟင်း ဘယ်သူများလဲလို့... လက်စသတ်တော့ .... နေ့မြီးညမြီး မောင်အတီးလေးကိုး ..... ဟင်းဟင်း မင်းလာရဲ သေးတယ်နော့်.. မမှတ်သေးဘူးထင်တယ်။ အတီးလို့ခေါ်ခံရသော ၀တ်စုံပြာနဲ့လူက မခိုးမခန့် ပုခုံးတွန့်ပြလိုက်တယ်။ အဖြူရောင် ၀တ်ရုံနဲ့ ဟတ်လိန်းလိန်း ဆိုတဲ့သူက သူတို့နှစ်ယောက် အချီအချ ပြောနေတာတွေကို သဘောကျသလို ကြည့်နေရင်းက • ဟားဟားဟား တကယ့်ကို တကူးတက မချိန်းရဘဲ လူတွေစုံသွားပြီ .... ဒီနေ့မှ အရင်စာရင်းဟောင်းကို မရှင်းရင် နောက်တစ်ခါ အခွင့်အရေးဆိုတာ သိပ်ကိုရှားသွားပြီ အခါသင့်လိုက်လေကွာ ဟားဟားဟား ဟတ်လိန်းလိန်း ရဲ့ အူလှိုက်သဲလှိုက်ရယ်မောသံအဆုံးမှာ ကျန်လေးဦးက ရွံရှာစက်ဆုပ်တ့မျက်လုံးတွေနဲ့ သူ့ကို

ဝိုင်းကြည့်လိုက်တယ်။ • ကဲစကားပြောနေတာ ကြာပါတယ် မင်းတို့လည်း မင်းတို့အစွမ်းရှိသလောက် ငါလည်းငါအစွမ်း

ရှိသလောက်ပေါ့ကွာ။ ဒါပေမယ့် ဒီတစ်ခါပြီးရင်တော့ ဘုရင်ဘယ်သူလဲဆိုတာ အားလုံး အသိအမှတ်ပြုရမယ်။ အဲဒါမင်းတို့ သဘောတူရဲ့လား။ ကျန်လူငါးဦးက မတိုင်ပင်ရဘဲ ခေါင်းတွေကိုဆတ်ခနဲ့ ငြိမ့်လိုက်တယ်။ ပြီးတော့ နေရာအသီးသီး ယူလိုက်ကျတယ်။

နောက်ကျောမှာ လွယ်ထားတဲ့ အရာတွေကို ဖြုတ်လိုက်တယ်။ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားတယ်။ စာဖတ်သူများ တုံဖန်းပုနဲ့ လင့်ဟူချုန်းကို သိမယ်ထင်ပါတယ်။ ဒီနာမည်တွေနဲ့ ဂန္တ၀င်တွင်လောက်တဲ့ သိုင်းဝတ္ထုရှည်ကြီး။ တီဗီ

ဇာတ်လမ်းတွေကို

မလွတ်တမ်းကြည့်သူတွေ

ရင်းနှီးပြီးသားဖြစ်မှာပါ။

ဒါပေမယ့်

အခုတောင်ထိပ်မှာ

ရောက်နေတဲ့ သူတွေရဲ့နာမည်တွေက သိပ်စိမ်းနေလို့ တရုတ်ပြည်က အခုမှပေါ်လာတဲ့ နောက်ဆုံး ဇာတ်ကောင်တွေလို့ မထင်လိုက်ကြပါနဲ့။ သူတို့အားလုံး မြန်မာစစ်စစ်တွေဖြစ်ကြပါတယ်။ အနှစ်နှစ်ကာလက ရှင်းခဲ့ကြတဲ့ ဇာတ်လမ်းတစ်ခု ဘယ်တော့မှ မဆုံးနိုင်လို့ ဒီနေ့ ဒီနေရာမှာ ထပ်ချိန်းပြီး စာရင်း ထပ်ရှင်းကြမလို့ပါတဲ့။ နေရာအတိအကျက မြန်မာပြည် အရှေ့တောင်ဘက် ကလောအနီး မြင်းမထိတောင်ထိပ် ၊ ပင်လယ်ရေပြင် အထက် ပေ ၅၀၀၀ ကျော်။ ရာဇ၀င်ကြွေးဆိုတာမျိုးကလည်း ကျေရိုးထုံးစံမှ မရှိတာ။ အားလုံးရဲ့ရင်ထဲမှာ ဟိုးအတိတ်က အကြောင်းတွေ ပြန်တွေးပြီး တနုံ့နုံ့ဖြစ်နေပုံရပါတယ်။ သူတို့ရဲ့မျက်လုံးတွေမှာ တခုခုကို ယတိပျက်ဆုံးဖြတ်ချက်ချထားတဲ့ဟန်နဲ့ တလက်လက်ဖြစ်နေပါတယ်။ ဘယ်သူမှမတားကြတော့ဘးလား။ူ ပထမဆုံးအသက်ဝင်လာသူက ဟတ်လိန်းလိန်း။ သူက လက်မှာကိုင်ထားတဲ့ အထုပ်ကြီးကိုဖြေလိုက်တယ်။ ပြီးတော့ ရှေ့မှာ ဖြန့်ခင်းလိုက်တယ်။ သူစတင် လှုပ်ရှားတယ်ဆိုရင်ပဲ ကျန်လေးဦးလည်း အားကျမခံ သူတို့အထုပ်တွေကို ဖြေချလိုက်ပြီး အသီးသီး ဖြန့်ခင်းလိုက်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက်ကြည့်ပြီး ကိုယ့်နေရာအသီးသီးမှာ ထိုင်ချလိုက်ကြတယ်။ စပါပြီ။ ကမ္ဘာမကျေသော သမိုင်းဝင် စာရင်းရှင်းပွဲကြီး။ သမာဒေ၀နတ်တွေသာ ပတ်ဝန်းကျင်မှာ ရှိတယ်ဆိုရင်တော့ ဒီပွဲကြီးကို တားဖြစ်အောင် တားကြမှာပါ။ အခုတော့ သူတို့တောင် ရွံမုန်းလို့ပြေးပြီထင်ပါရဲ့။

• • •

ဘယ်သူစမလဲ ထုံးစံအတိုင်းပေါ့ အိုး အချိန်ကြာပါတယ်...မင်းပဲစလိုက်

♠♠♠♠♠♠♠♠♠♠♠♠ ငါးအိမ်အတိအကျ တဖျတ်ဖျတ် လွင့်နေသော ဖဲချပ်ကလေးများ။ ကျင့်သားရ ဓါးသမားတစ်ဦးလို အနှုတ်အသိမ်း မှန်စာနွဲ့ တိတိကျကျ ဝေနေသူက ဟိန်းလတ်။ ဟတ်လိန်းလိန်း၊ ရှိုးလိန်းလိန်းလို့ သူငယ်ချင်းတွေကတောင် မဲ့ရွဲ့ပြီး ခေါ်ခြင်းခံရတဲ့ သူ့ရဲ့လက်တွေက တွေဝေခြင်းအလျင်းမရှိ ဟောတစ်ချပ် ဟောတစ်ချပ်န့ကို နေတာပါပဲ။ဲ ကျန်လူတွေရဲ့မျက်လုံးတွေကလည်း ရင်ခုန်မှုမျိုးထက်သာတဲ့ တက်လာမယ့် ဖဲချပ်လေးတွေကို ပထမဆုံး ရည်းစားစကား ဘယ်သူ့ကိုမှ ပြောစဉ်က ဂရုပြုစရာမလို။

စိတ်လှုပ်ရှားမှုတွေနဲ့

စောင့်ကြည့်နေပါတယ်။

ပတ်ဝန်းကျင်က

ဒီတောဒီတောင် တစ်ခုလုံး ဒီကောင်တွေ အော်သံတွေန့ပဲ ညံနေပါတော့တယ်။ဲ နေ့မီးညမီး အတီးဆိုတာက ရှမ်းကိုးမီး ဆော့လွန်းအားကြီးလို့ ခေါ်ကြတဲ့ နာမည်။ ဒီကောင်က ရှိုးကို အဲလောက် ကြိုက်လှတာ မဟုတ်ဘူး။ ဒါပေမယ့် မခံချင်စိတ်နဲ့ လာဆော့တာ။ ဘူတရီးကျုတ် ဆိုတာက ဖဲဆော့တိုင်း ရှုံးတဲ့အကောင်။ သူက ဘူရိုက်မှဘဲ နိုင်တယ်။ သို့ပေမယ့်လည်း ဘယ်လောက်ရှုံးရှုံး ဒီကောင်ကတော့ ဆော့တာပဲ။ အိမ်ကလည်း သားလေး တစ်ယောက်တည်း ရှိတာဆိုတော့ သူ့အလိုကို လိုက်ထားတယ်။ စာဖတ်သူတွေနဲနဲ မျက်စိလည်သွားတယ်ထင်ပါရဲ့။ ဒီမြင်းမထိတောင်ပေါ်အထိလာပြီး ဖဲရိုက်ရလောက်အောင် မဟုတ်မဟတ် လုပ်ဇာတ်ဆင်ပြီး ကျွန်တော်က ရေးတယ်လို့များ ထင်နေကြရင်ဖြင့် ဒီဇာတ်လမ်းကြီးက ပျက်ရတော့မယ်။ ဒီတော့ ရေရေလည်လည် သဘောပေါက်အောင် ကျွန်တော်က အစကနေစပြီး ရှင်းပြချင်ပါသေးတယ်။

ငယ်ငယ်တုန်းက သူငယ်ချင်း သုံးယောက် ရှိခဲ့ဖူးသည် ရှိုးလိန်းလိန်း(ခ) ဟတ်လိန်းလိန်းရယ် ဘူတရီးကျုတ်ရယ် နေ့မီးညမီးအတီး ဆိုတာရယ်က တမြို့ထဲသား တရပ်ထဲနေတွေ။ ရှိုးလိန်းလိန်းရဲ့ နာမည်အရင်းက မောင်ဟိန်းလတ်တ့၊ တရီးကျုတ်ရဲ့ နာမည်က တရုတ်ကြီး၊ အတီးကတော့ အတီးပါပဲ။ဲ မွေးလာကတည်းက ဆေးရုံကလည်းတစ်ခုထဲ။ စာသင်တော့လည်း တစ်ကျောင်းတည်း။ တက္ကသိုလ် တက်တော့လည်း မေဂျာကအတူတူ။ ဒိုးတူဘောင်ဘက် လည်ပင်းဖက် ပေါင်းလာကြတဲ့ကောင်တွေ။ စာကလည်းတော် ဥာဏ်လေးတွေကလည်း အထက်သား ဆိုတော့ မိဘတွေဆိုတာ သူတို့သားတွေကိုကြည့်ပြီး အရာရှိကြီး ဖြစ်မဟဲ့၊ ပညာတတ်ကြီး ဖြစ်မဟဲ့နဲ့ ကျေနပ်လိုက်ကြတာလွန်ရော။ အဲဒါက တက္ကသိုလ် ပထမနှစ်အထိ။ ဒီလို ညီအကိုတွေလို့တောင် ထင်ကြတဲ့ သူတို့ကို တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ချင်လောက်အောင် မုန်းတီးဖို့ အကြောင်း စပြီး ဖန်တီးပေးခဲ့တာက ဟိုအကောင်။ ကျော်ဇေဇေ ဆိုတ့အကောင်။ ဒီကောင် စခဲ့တဲ့ ဇာတ်လမ်းကဲ မီးခိုးကြွက်လျှောက် အရူးအမဲသား ကျွေးသလို ဖြစ်ခဲ့ရတာ။

မင်္ဂလာဇေဇေ

ကျော်ဇေဇေ ဆိုတာက လူလည်။ ပုံစံလေးက သနားကမားလေးနဲ့ အလွန် မလည်ရှုပ် လုပ်တတ်တဲ့ အကောင်။ ဒီကောင်က ရန်ကုန်သားဆိုတော့ စတွေ့တော့တာပဲ။ ဟိုဟိုဒီဒီကလည်း ဟတ်လိန်းလိန်းရယ်၊ နှံစပ်တယ်။ ဖြစ်ချင်တော့ တက္ကသိုလ် ပထမနှစ်မှာ ဟိုအကောင်တွေနဲ့ ရန်ကုန်မှာ တရီးကျုတ်ရယ်၊ အတီးရယ်က မြေလတ်သားတွေ။

ကျောင်းတက်ဖို့ဆိုပြီး အိမ်ကနေ ငွေထုပ်ပိုက် ချီတက်လာကြတဲ့ ကောင်တွေ။ ပထမတော့ မအူမလည်နဲ့ လှည်းတန်းက အဆောင်လေးတွေမှာ ငှားနေကြသေးတယ်။ နောက်ပိုင်း အဲဒီကနေ ပြောင်းပြေးရ တော့တာပဲ။ အဖြစ်ကဒီလို။ တစ်ရက် ဒီကောင်တွေ သုံးယောက်သား ကျောင်းက ကင်န်တင်း တစ်ခုမှာ ထိုင်ပြီး ဘောလုံးပွဲ အကြောင်း ပြောနေကြတယ်။ သူတို့ ပြောနေတာက ပြည်နယ်နဲ့တိုင်း ဘောလုံးပွတွေအကြောင်း။ဲ သန်းတိုးအောင်က ဘယ်လို၊ မျိုးလှိုင်ဝင်းက ဘယ်လို စတာတွေပေါ့။ အဲဒီအချိန်မှာ သူတို့ဝိုင်းကို လူတစ်ယောက်က လာထိုင်တယ်။ “မင်းတို့က စီအက်စကပဲ မဟုတ်လား။ ဘီခန်းကလား။”် “အေး ဟုတ်တယ်ကွ ငါတို့က ဘီခန်းက၊ မင်းကရော” “ငါက အေခန်းကကွ. မင်းတို့ကို တွေ့နေတာတော့ ကြာပါပြီ။ အခု ဖြတ်သွားရင်းနဲ့မှ ဘောလုံးပွဲအကြောင်း ပြောနေတာ ကြားလို့ ၀င်လာတာကွ။ ငါ့နာမည်က ကျော်ဇေဇေ။ ရှစ်မိုင်မှာ နေတယ်” “ဟာ ဟုတ်လား။ အေး တွေ့ရတာ ၀မ်းသာတယ်ကွာ။ ငါက အတီး၊ ဟိုဘက် ၀တုတ်တုတ်နဲ့ ခပ်အူအူကောင်က တရုတ်ကြီး၊ ကလန်ကလားကောင်က ဟိန်းလတ်တဲ့။ ငါတို့အားလုံး ပြည်က တက်လာတာကွ” “အေး တွေ့ရတာ ၀မ်းသာတယ်ကွာ ငါလည်း ဘောလုံးအရမ်း ၀ါသနာ ပါတာကွ။ ငယ်ငယ်တုန်းကတော့ မြို့နယ်အသင်း လက်ရွေးစင် ပေါ့ကွာ(လျှောက်ဖောနေတာ)၊ အခုတော့ ပေါင်ခြံတ၀ိုက်မှာ ဒဏ်ရာရလို့ နားလိုက်တာ။ မင်းတို့နဲ့ ခင်ရတာ ပျော်စရာကြီးကွာ။ မှာကြ စားကြ သူငယ်ချင်းတို့။ အ၀သာ တွယ်ကွာ။ ဒီနေ့ ငါကျွေးမယ်” ပြောပြောဆိုဆို ဒီကောင်ကစပြီး မှာပါတော့တယ်။ ခဏအတွင်း တစ်ဝိုင်းလုံး စားစရာ သောက်စရာတွေနဲ့ ပြည့်သားတယ်။ွ အမှန်တော့ ဒီကောင်က ထောင်မြင်လို့ ရာစွန့်လိုက်တဲ့ သဘော။ ဟိုအကောင်တွေ တောက တက်လာတယ် ဆိုတာ သိတယ်။ အကြံရှိလို့ ဒီလောက် စေတနာ ကောင်းနေတာ။ တကယ်တမ်း ကျော်ဇေဇေ ဆိုတာ ကောင်မလေးတွေ ကြားထဲမှာတောင် အော့ကြောလန် ကပ်စီးနဲလန်းလို့ အားလုံးက ဝေးဝေးက ရှောင်ကြတဲ့ အကောင်။ ရုပ်ကလေးကတော့ သနားကမားလေးပါ။ွ အကျင့်လေးက မကောင်းတာ။ အဲဒီလို စားသောက်နေရင်းနဲ့က• • • “မင်းတို့ ဘောလုံး ၀ါသနာ ပါတယ်ဆိုပြီး အင်္ဂလိပ် ပရီးမီးယားလိဂ်တွေ၊ အီတလီ စီရီးအေတွေ မကြည့်ကြ ဘူးလားကွ” “အာ ဘာကြီးတွေတုန်း။ အဲဒါတွေ ငါတို့ မသိဘူးကွ။ ငါတို့က ပြည်နယ်န့တိုင်း ပွဲတွေလောက်ပဲ သိတာ။ဲ လုပ်စမ်းပါဦး” “တောက် မင်းတို့ တော်တော် ခေတ်နောက်ကျနေပြီ”

အစချီပြီး သူသိတဲ့ အသင်းတွေအကြောင်း လျှောက်ပြော ပါတော့တယ်။ မန်ချက်စတာက ဘယ်လို။ လစ်ဗာပူးလ်က ဘယ်ဝါ၊ အာဆင်နယ် အသင်း မန်နေဂျာကို အာကြီးလို့ ခေါ်တဲ့ အကြောင်း၊ ဆိုးလ်ကမ်းဘဲလ်ကြီးက အသား အရမ်းမည်းတဲ့ အကြောင်း၊ နစ်တယ်လ်ရွို င်းက မြင်းမျက်နှာနဲ့ တူပြီး အွန်နရီက မျောက်ခေါင်းနဲ့ တူတဲ့ အကြောင်း၊ ဘောလုံး သမားတွေ ကွင်းထဲမှာ တံတွေး တပျစ်ပျစ် ထွေးတတ်တဲ့ အကြောင်း၊ ပြီးရင် အဲဒီ ကွင်းထဲမှာပဲ လူးလှိမ့် တတ်တဲ့ အကြောင်း၊ ခြေတံတိုပေမယ့် သတိထားရမယ့် မိုက်ကယ်လ် အိုဝင်အကြောင်း၊ အက်ရှ်လေကိုးနဲ့ တွဲနေတဲ့ သူ့ကောင်မလေး မတန်တဲ့ အကြောင်း ဘက်ဟမ်းက ခြေခွင်နေလို့ ဖရီးကစ်ကန်တာ ကောင်းတဲ့အကြောင်း။ ဒါကြောင့်သူ့လို ဖရီးကစ်ကောင်းချင်ရင် ခြေခွင်အောင် ပထမလုပ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်း စုံလို့ပါပဲ။ ဟိုကောင်တွေဆိုတာ မျက်လုံးကြီးတွေ အပြူးသား ပါးစပ်ကြီးတွေ အဟောင်းသားပေါ့။ အခုမှ ဒီအကြောင်းတွေ သိရတာကိုး။ ကျေးဇူးတင်လုက်ကြတာ ဆိုတာ ပြောမနေနဲ့။ိ သူတို့ရဲ့ စိတ်တွေက ပြည်နယ်နဲ့ တိုင်းက ထွက်ပြီး ကမ္ဘာအနှံ့ ခြေဆန့် ချင်နေပြီကိုး။ • • အရမ်း အရမ်း အရမ်း စိတ်ဝင်စားသွားပြီ။ ဒါနဲ့ အဲဒီ ပွဲတွေကို ငါတို့ ဘယ်နေရာမှာ ကြည့်လို့ရလဲ ဟာ ဝေးဝေးလံလံ ရှာလို့ကွာ။ ဒီမှာ မင်းတို့ရဲ့ အသစ်စက်စက် သူငယ်ချင်းကြီး ကျော်ဇေဇေ ဆိုတာ ရှစ်မိုင် တစ်ဝိုက်မှာ အဲဒီ ဘောလုံးပွဲ ပြစားနေတာပေါ့ကွ။ ပွဲတွေက စနေ၊ တနင်္ဂနွေ ညတိုင်း လာတယ်။ မင်းတို့

ကြည့်ချင်ရင် ငါ့အိမ်မှာ လာကြည့်ကွာ။ ငါ့အိမ်ဆိုတော့ မင်းတို့ လွတ်လွတ်လပ်လပ် ကြည့်လို့ရတာပေါ့။ ငါ မင်းတို့ကို ပိုက်ဆံ မယူပါဘူး။ သူငယ်ချင်းတွေပဲ ဟိုသုံးကောင်သား အူတွေ မြူးသွားတယ်။ အဲဒီ နေ့ကစပြီး ဒီကောင် သုံးကောင်သား ဘောပွဲ အကြောင်းပြောရင် အင်္ဂလန် မြေကနေ မခွာတော့ဘူး။ အချိန်တိုတိုနဲ့ ရန်ကုန်က အကောင်တွေကို အမှီလိုက်မယ် ဆိုပြီး ၀ယ်ဖတ်လိုက်ရတဲ့ အားကစား ဂျာနယ်ဆိုတာတွေလည်း အခန်းထဲမှာ အပြည့်။ သုံးကောင်သား ကြိုက်တဲ့ အသင်းတွေကလည်း တစ်သင်းစီ။ တရုတ်ကြီးက လစ်ဗာပူးလ်မှ လစ်ဗာပူးလ်။ ကြိုးကြာတွေဟာ ရိုးစင်းပေမယ့် အမိမြေကို ချစ်တတ်တယ်ဆိုတာ ဒီကောင် တီထွင်ထားတဲ့ လစ်ဗာပူးလ်အတွက် ဆောင်ပုဒ်ဆိုပဲ။ ဟိန်းလတ်က မန်ချက်စ်စတာ ယူနိုက်တက်။ ရဲရဲနီတဲ့ သွေးစက်တွေဟာ မင်းတို့ကို ခြောက်လှန့်ဖို့ ဆိုပြီး အခန်းထဲမှာတောင် စာရေးပြီး ကပ်ထားသေးတယ်။ အတီးကတော့ အာဆင်နယ်အသင်း ကသာ ဘောလုံးအသင်းလို့ ထင်တဲ့ အကောင်။ အာကြီးသာမြန်မာပြည်လာရင် ငါ့နှမနဲ့ ပေးစားပစ်မယ်ဆိုတာ ဒီကောင် အမြဲ ပြောနေကြစကား။ ဒီလိုနဲ့ ဒီကောင်တွေ ရောဂါ တက်သွားတယ် ဆိုကြပါစို့။ စနေ တနင်္ဂနွေ ညတွေဆိုရင် ကြေးအိုး ထုတ်လေး ဆွဲပြီး ကျော်ကျော်ဝင်း အိမ်ကို ချီတက်ကြတယ်။ ဟိုအကောင်က ဘောလုံးပွဲအတွက် ပိုက်ဆံတော့ မပေးနဲ့ ငါက ကြေးအိုး သိပ်ကြိုက်တော့ တစ်ပါတ်မှာ နှစ်ရက်တော့ ငါ့အတွက် ကြေးအိုး ၀ယ်ကျွေးကွာလို့ မှာထားတာကိုး။ ဒီလောက်ကတော့ ဒီကောင်တွေလို တော့သူဌေးသား တွေအတွက် အကင်းပဲ ရှိသေးတယ်။ ဒီလိုနဲ့ နှစ်လလောက် ကြာတော့ ဒီကောင်တွေ အတော်ကြီး နားလည်လာတယ်။ ကစားကွက်တွေ ဘာတွေ သိလာတယ်။ လူနာမည်တွေ မှတ်မိလာတယ်။ စကား နှစ်ခွန်းပြောရင် တစ်ခွန်းက ဒီကောင်တွေ ကြိုက်တဲ့ ဘောအသင်းနဲ့ ဘောသမား နာမည်တွေ ကပ်ကပ် ပါလာတယ်။ တရုတ်ကြီးဆို ကျောင်းမှာ သူတိတ်တိတ် ခိုက်နေတဲ့ ကောင်မလေး တွေ့ရင်တောင် ဟေ့ကောင်တွေ ဟိုမှာ မို့မို့ဝင်း တွေ့လား။ သူလမ်းလျှောက် ပုံလေးက စတီဗင် ဂျရတ် ကွင်းထဲဝင်တဲ့ ပုံစံလေးနဲ့ တစ်ပုံစံထဲပဲတ့။ ကျန်တဲ့ နှစ်ကောင်ကတော့ အဲဒီ စတီဗင် ဂျရတ်ကို ခြေထောက် ချိုးချင်တဲ့ ဘောလုံး သမားတွေလိဲု မျက်လုံးတွေနဲ့ ကြည့်ကြတာပေါ့။ အဲဒီလိုကို ရူးသွားကြတာ။ တကယ်တော့ ဒါတွေက ကျော်ဇေဇေရဲ့ ပထမအဆင့် အကွက်တွေပဲ ရှိသေးတယ်။ ဒီကောင်တွေကလည်း ကျော်ဇေဇေကို ကျေးဇူးတင်လို့ မဆုံး။ သူတို့ရဲ့ သူငယ်ချင်း ဒီ ကောင်းကြီးလို အားကိုး ယုံကြည်တယ်။ သူသာ မပြောပြရင် သူတို့တွေ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်နဲ့ပဲ ပြီးနေတော့မှာကိုး။ ဟိုအကောင်ကလည်း ကြေးအိုးတွေ နင်းကန်သောက်ပြီး ပြုံးပြုံးကြီး ကြည့်နေတတ်တယ်။ တောသားတွေ ငါ့အကွက်ထဲတော့ ၀င်လာပြီ ဆိုတဲ့ ပုံမျိုးနဲ့။ တကယ်တမ်း ဒီကောင့်မှာက ရေရှည် အကြံကြီးနဲ့။ သူတို့တွေသာ မသိကြတာ။ ကျော်ဇေဇေ ဆိုတာက ဘောလုံးပွဲတွေနဲ့ လောင်းကစား လုပ်စားနေတဲ့ ဒိုင်အသေးစားကြီးလေ။ အဲဒီကျော်ဇေဇေကို သူများတွေက မင်္ဂလာဇေဇေလို့ ခေါ်ကြတယ်။ မင်္ဂလာ ယူတတ်လွန်းလို့။ သူက အစုံလုပ်တယ်။ မိဘတွေက စီးပွားရေး လုပ်တဲ့ဘက်က မဟုတ်ပေမယ့် သူကတော့ စီးပွားရေး မျက်စိ အလွန်ရှိတယ်။ ခေတ်စကားနဲ့ ပြောရရင် အလွန် အထာနပ်တယ်ပေါ့။ လူကသာ ငယ်ငယ်ပဲ ရှိသေးတယ် ကားလောက၊ စိန်လောက၊ ပွဲစားလောကမှာ မင်္ဂလာကြီးဆိုရင် မသိသူမရှိ။ ပါးပါးလှီးလွန်းလို့ သိကြတယ်။ ဒါပေမယ့် သူက မတရား ဘယ်တော့မှ မယူဘူးလို့ ဆိုပါတယ်။ ကာယကံရှင်တွေ ကိုယ်၌က သူ့မျက်နှာလေးကိုကြည့်၊ သူစကားပြောတဲ့ အမူအယာလေးတွေကိုကြည့်ပြီးတော့ စိတ်ပါလက်ပါကို အရိတ်ခံလိုက် ကြရတာ။ ဒါကဒီလို သူ့ရဲ့ အစွမ်း။ အမှန်က သူစီးပွားရေး လုပ်တယ်ဆိုတာကလည်း ဘာရယ်တော့ မဟုတ်ပါဘူး။ လက်ပြောင်းလက်လွှဲ အလုပ်လေးတွေပဲ။ အဲဒီ လက်ပြောင်းလက်လွှဲ လုပ်တာလေးတင်ကို သူ့မှာ အမြတ်အစွန်းက မနည်းလှဘူး။ မင်္ဂလာကြီး ပြောတတ်တဲ့ စကားတစ်ခွန်းရှိတယ်။ ငါ့လက်ထဲသာ ပစ္စည်းတစ်ခု ရောက်လာစမ်းပါကွာ မျက်လှည့်ပြလိုက်သလိုကို တန်ဖိုးတက်သွား စေရမယ်။ ကင်မရာကနေ ခေါက်ဆွဲဖြစ်ချင်သလား၊ ခေါက်ဆွဲကနေ ကင်မရာ ဖြစ်ချင်သလား၊ အရေး အကြီးဆုံးက ဟောဒီ ဟောဒီ ပါးစပ်ကြီးပဲ ဆိုပြီး သူ့ပါးစပ် စူစူထူထြူ ကီးကို ရှေ့ကို ထော်ထော် ပြတတ်တယ်။ ဟုတ်ပါ့ ဒီကောင့် ပါးစပ်ကလည်း အကောင်းသား။

လိုတိုးပိုညှစ် ကိုဖိုးချစ်

နွေဥသြ တစ်ကောင်က စူးစူးဝါးဝါး လွမ်းလွမ်းဆွတ်ဆွတ် အော်မြည်နေတဲ့ အချိန်မှာ သူ့ကို မွေးခဲ့လို့ သူဟာ အချစ်ရေးမှာ အမြဲ ကံမကောင်းတဲ့သူလို့ သိတတ်စ အရွယ်ထဲက တဖွဖွ ပြောတတ်တယ်။ သူ့နာမည် အရင်းက ဇေယျာစိုင်း။ သူငယ်ငယ် ကလေးဘ၀တုန်းက ဆိုးလွန်းလို့ သူ့မိဘတွေက မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး အဖိုး ဖြစ်သူထံမှာ အပ်ထားရသတဲ့။ သူ့အဖိုးကလည်း နာမည်တစ်လုံးနဲ့ နေတဲ့သူ။ ဦးဖိုးတဲ့။ ဟိုးအရင် အင်္ဂလိပ်ခေတ်တုန်းက ရန်ကုန်တစ်ခွင်ကို အပိုင်ကိုင်ရတဲ့ ပုလိပ်အင်စပတ်တော်ကြီး။ လမ်းသွားရင်တောင် လက်ထဲမှာ တုတ်လေး တဆဆနဲ့။ စဉ်းစားဖို့ လိုလာပြီဆိုရင် အပေါ် ဘလေဇာကုတ်ထဲကနေ စတီးလ်ဗူး အပြားလေးကို ထုတ်ပြီး ယမကာလေးက မှီဝဲတတ်သေးတယ်။ လမ်းမတော်ဖိုးတုတ်တို့ ဗိုလ်တထောင် ငမိုးတို့ဆိုတာ သူ့နေရာမှာသာ ရဲကြတာ။ ဦးဖိုးနဲ့တွေ့ရင် အပိုးကို သေလို့။ မသေလို့လည်း မရဘူးလေ။ သူမူးလာရင် ခုံတစ်လုံး ပေးထိုင်ပြီး ရစ်နေတာ တစ်နေ့လုံး တစ်ညလုံး မပြီးတော့ဘူး။ လက်သံကလည်း ဘာပြောင်သလဲ မမေးနဲ့။ သူ မယ်ဒလင်တီးရင် အားလုံးနားပိတ်လို့ နေကြရတယ်။ အဲဒီလို။ ဒီလိုနဲ့ ဦးဖိုးတစ်ယောက် အသက်ကြီးလာတော့ အငြိမ်းစားယူပြီး ရွှေတောင်ကြားထဲက တိုက်လေးတစ်လုံးမှာ ၀ါသနာပါရာ စာပေကျမ်းဂန်တွေကို လေ့လာလိုက်စား နေထိုင်နေတုန်းမှာပဲ သူ့ရဲ့ ပါရမီ ဖြည့်ဖက် ဒေါ်ဖွားမြတစ်ယောက် လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ ဘယ်တုန်းကမှ တစ်ယောက်ထဲ မနေတတ်တဲ့ ဦးဖိုးတစ်ယောက် တော်တော့ကို ခံစားခဲ့ရတယ်။ အရင်တုန်းက သူဘယ်လို မြည်တွန် တောက်တီး ဆူဆဲ အော်ဟောက် ကြိမ်းမောင်း ခြိမ်းခြောက် လုပ်ခဲ့မိ လုပ်ခ့မိဲ တစ်လုံးတစ်ပါဒမှ ပြန်လည်းမပြော အပြစ်လည်း မယူခဲ့တဲ့ သူ့ကို အလွန်ချစ်ရှာတဲ့ဇနီး ဆုံးပါးသွားတဲ့နောက်မှာ ဘာကို အမှီပြုရမှန်း မသိတော့တာနဲ့ ယခင်က စတီးလ်ပြားလေးကိုပဲ ပြန်အဖော်ပြုနေခဲ့ရတယ်။ ဒါကြောင့် မောင်ဇေယျာစိုင်းလေးရဲ့ မိဘများက ဖခင်ကြီးလည်း အဖော်ရအောင်၊ ဒင်းကိုလည်း ဆုံးမရအောင်လို့ တစ်နေ့မှာတော့ အော်ဟစ်ငိုယိုနေတဲ့ ကြားက အတင်းချုပ်ပြီး ဦးဖိုးဆီကို ပို့လိုက်ပါတော့တယ်။ (မကောင်းကျောင်းပို့ ဆိုတာမျိုးပေါ့။) သားသားလေးရေ သားသားလေးရေ မြေးချစ်လေးရေ ဇေယျာစိုင်းလေးရေ ပူတူတူးလေးရေ ဘယ်လိုခေါ်ခေါ် ဒင်းကတော့ ပြန်မထူးပါဘူး။ မျက်မှောင်ကို ကျုံ့ပြီး ပေကြည့်နေတယ်။ ကြာလာတော့ ဦးဖိုးလည်း စိတ်မရှည်တော့ဘူး။ ဟေ့ကောင် သောက်ပင်းလေး လာစမ်းဒီကို ဒီလောက် ခေါ်နေတာကို ပေကြည့်နေတယ် ငါကိုင်ထည့်လိုက်ရ သေတော့မယ် တောက် အဲဒီလို အကြမ်းကိုင် ထည့်လိုက်တော့မှ ဒင်းရဲ့မျက်နှာက လှုပ်လာတယ်။ ငိုမ့မဲ့ ဖြစ်လာတယ်။ ပြီးတော့ တအဲ့အဲ့ အသံထွက်လာတယ်။ ပြီးတော့ ရှိုက်ရှိုက်ငိုတယ်။ ပြီးတော့ ကြုံးကြုံးအော်ငိုတယ်။ ဘိုးဖိုး မျက်နှာကြီးကတော့ အရင်ပုလိပ်ဘ၀က သူ့အနွံအတာ ခံရတဲ့ တပည့်သားမြေးတွေကို ပြန်သတိရလိုက်ပြီး ပြုံးဖြီးဖြီး ဖြစ်လာတယ်။ အမှန်ကတော့ တစ်သက်လုံး သူတပါး အပေါ်မှာ ဟိန်းဟောက် အမိန့်ပေးခဲ့တဲ့ သူ့ဝသီဘော်ကို အငြိမ်းစား ယူပြီးကတည်းက ကောင်းကောင်း အသုံးမချရတာ ကြာနေခဲ့ပြီ။ အခုမှ သူ့ဆန္ဒရှိသလောက် ဆဲဆိုတ့ဒဏ်ကို ခံမယ့်သူတစ်ယောက် ရောက်လာပြီဆိုပြီဲး ငယ်မူငယ်သွေးတွေ ပြန်ကြွလာတဲ့ သဘောပါပဲ။ ဒီလိုနဲ့ အဲဒီနေ့ကစပြီး မောင်ဇေယျာစိုင်းလေးရဲ့ နားမခံသာအောင်ကို အော်ဟစ်ငိုယိုသံ၊ ဦးဖိုးရဲ့ ဆူသံဆဲသံ ချော့မြူသံတွေဟာ ဦးဖိုးစိတ်ကောင်း

ပတ်ဝန်းကျင်ကလူတွေ

ကြားလာရတော့တယ်။

တစ်ခါတစ်လေတော့လည်း

ဝင်နေတဲ့အချိန် မောင်ဇေယျာစိုင်းလေးကို ပုခုံးပေါ် ခွပိုးတင်ပြီး နံနက်ခင်းတိုင်း လမ်းလျှောက် ထွက်တတ်တယ်။ ပြီးရင်

တွေ့တဲ့ သူတိုင်းကို ဒါကျုပ်မြေးချစ်လေးလေ ဆိုပြီး ဂုဏ်ယူမိတ်ဆက် တတ်သေးတယ်။ ဒါမျိုးက တစ်နေ့လည်းမဟုတ် နေ့တိုင်း။ ဒင်းကလည်း ကလေးကို ဒင်းပဲ အဲဒီလို လူတွေရှေ့မှာ တယုတယ ဆက်ဆံလိုက်မိတိုင်း တရှုးရှုးတရှဲရှဲနဲ့ ဦးဖိုးရဲ့ ကိုယ်ပေါ်ကို သေးပေါက်ချတတ်တယ်။ အဲဒီအခါကျရင် ဦးဖိုးရဲ့ မျက်နှာကြီးက နီရဲလာပြီး ဒင်းကို ကော်ကော်ဆဲပါတော့တယ်။ ပြီးရင် အဲဒီ၎နှစ်သား အဲဒီနေရာမှာ ဒီအတိုင်းထားခဲ့ပြီး သူကတော့ အိမ်ပြန်သွားတော့တယ်။ ထူးဆန်းတာက ဟိုကောင်လေးကလည်း တဗြဲဗြဲငိုရင်း အိမ်ကို တန်းတန်းမတ်မတ် ပြန်လိုက်သွားတတ်တာပါပဲ။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ မောင်ဇေယျာစိုင်းလေးကို ဦးဖိုးရဲ့ အချစ်တော် အော်ပေလေးမို့ ဖိုးချစ်လို့ အားလုံးက အမည်ပေးလိုက် ကြတော့တယ်။ ဒီလိုနဲ့ မောင်ဖိုးချစ်လေးဟာ ဘဖိုးရဲ့ လက်အောက်မှာ အရွယ်ရလာတယ်။ ဘဖိုးကလည်း တစ်ဦးတည်းသော မြေးလေးမို့ အစစအရာရာ အလိုလိုက်ထားတယ်။ လိုချင်တာမှန်သမျှ ၀ယ်ပေးတယ်။ ဒါပေမယ့် စည်းကမ်းနဲ့ ပညာရေးကိုတော့ တစ်ပြားသားမှ မလျော့ဘူး။ စာမေးပွဲတွေဆို အဆင့်တစ်ရမှ၊ ဂုဏ်ထူးဆို ဘာသာစုံပါမှလို့ ရာဇသံပေးထားတယ်။ အဲ တကယ်လို့မှ အဲလို မရခဲ့ရင် ဘဖိုးက အပြတ်ဆော်တော့တာပဲ။ မောင်ဖိုးချစ်လေးလည်း အစွမ်းကုန် ကြိုးစားရှာပါတယ်။ ဒါပေမယ့် သိကြားမင်း ခရီးလှည့်လည်နေခိုက် ပဏ္ဍုကဗလာ ကျောက်ဖျာတင်းလေတာကို မသိတာမို့ မောင်ဖိုးချစ်လေးဟာ သူငယ်တန်းကစလို့ လစဉ်လတိုင်း အမြဲ အဆော်ခံရတော့တယ်။ ဒါပေမယ့် ဆော်လေချစ်လေလို့ပဲ ဆိုရမလား မသိပါဘူး သူတို့မြေးအဘိုးရဲ့ သံယောဇဉ်က တိုးတိုးလို့ လာခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ မောင်ဖိုးချစ်လေး မိဘတွေဟာ နိုင်ငံရပ်ခြားမှာ အခြေချဖို့ ကြုံလာလို့ မောင်ဖိုးချစ်လေးကို သူတို့အဖေ ဘဖိုးဆီကနေ လာခေါ်တယ်။ ဘဖိုးကတော့ ဘာမှ ထွေထွေထူးထူး မပြောရှာပါဘူး။ အေးလေ တိုးတက်ရာ တိုးတက်ကြောင်းမို့ အဘိုး ခွင့်ပြုပါတယ်ကွာ လိုက်သွားတော့ ငါးမြေးကြီးရေလို့ ပြောပြီး မျက်နှာကို တစ်ဖက် လှည့်ထားတယ်။ အဲဒီအချိန်မှာ ပစ္စည်းတွေကို သိမ်းဆည်းနေတဲ့ မောင်ဖိုးချစ်ဟာ ဘဖိုး မျက်နှာလှည့်ထားတဲ့ဘက်က မှန်တွေကနေ သူ့အဘိုး မေးကြောကြီးတွေ ထောင်ထနေပြီး မျက်ဝန်းက မျက်ရည်တွေ ကျနေတာကို တွေ့လိုက်ရတဲ့အခါ အဘိုးနဲ့ခွဲပြီး ဘယ်မှ လိုက်မသွားတော့ဘူးဆိုပြီး ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ အသက်ကြီး လာတာနဲ့အမျှ မောင်ဖိုးချစ်လေးရဲ့ အမူစရိုက်တွေက လည်း ပြောင်းလဲလာတယ်။ ငယ်ငယ်က

ပေခဲ့ဆိုးခဲ့တာတွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သားပြီး အေးအေးဆေးဆေး နေလာတာ တွေ့ရတယ်။ အားရင်ွ ဘဖိုးရဲ့ စာအုပ်ပုံထဲက စာအုပ်တွေကို ယူယူဖတ်နေတတ်တယ်။ ဘဖိုးဆီမှာက စာအုပ်တွေက အများသား။ လူငယ်ကြိုက် အဖော်အချွတ် စာအုပ်တွေကစလို့ လောကီကျမ်း လောကုတ္တရာကျမ်းဂန်တွေအထိ ရှိတယ်။ (လူငယ်ကြိုက် စာအုပ်များမှာ ဘဖိုးဝယ်စုထားတာ စိုးသောကြောင့် ၀ါသနာပါသူမို့ မဟုတ်ရကြောင်း သူ့တပည့်များ ပေးထားသော စာအုပ်များသာဖြစ်ကြောင်း စာရေးသူအနေဖြင့် သုတေသန အာမခံလိုက်ပါသည်။ သို့မဟုတ်လျှင် မောင်ဖိုးချစ်က ကျွန်ုပ်အား မဟုတ်မဟတ် ရေးသည်ဟု အမျက်သိုသွားမည်ကို ဖြစ်ကြောင်း အဖိုးတန် အလျင်းသင့်၍ တင်ပြအပ်ပါသည်။) သူကိုယ်တိုင်က စာဖတ်ဝါသနာပါသူ စာအုပ်လေးတွေကို စုစုထားတတ်တယ်။ ဘဖိုးကလည်း သူ့မြေးချစ်လေး

ဆိုးသွမ်းနေတာထက်စာရင် ဒီလို ငြိမ်ငြိမ်ဆိမ်ဆိမ် အေးအေးလူလူ စာဖတ်နေတာကမှ တော်လိမ့်ဦးမယ်ဆိုပြီး ဘာဖတ်ဖတ် သဘောကျလို့ နေပါတယ်။ ဒီလိုနဲ့ မောင်ဖိုးချစ်လေးဟာ အသက် ၁၆နှစ်သားမှာ စာပေါင်းစုံဖတ်ပြီး အတတ်ပေါင်းစုံကို တော်တော်တတ်သိ နားလည် နေခဲ့ပြီ။ (ဒင်းဖတ်သော စာအုပ်များတွင် အထက်က ကျွန်တော် အာမခံထားသော စာအုပ်များ လုံးဝလုံးဝ မပါကြောင်း ထပ်ဆင့် အာမခံလိုက် ရပါသည်။ အဘယ်ကြောင့်ဆိုသော် ဒင်းသည် တဏှာရာဂကို ငယ်စဉ်ကတည်းက စိတ်ကုန်ခဲ့ပြီဟု စာရေးသူကို ဖွင့်ဟပြောခဲ့ဖူးသောကြောင့် ဖြစ်ပေသည်။ ဤကား စကားချပ်) ဒီလို တည်ငြိမ်လာတဲ့ မောင်ဖိုးချစ်ရဲ့ ဘ၀မှာ ထူးထူးခြားခြား သူငယ်ချင်းဆိုလို့ နှစ်ဦးပဲ ရှိခဲ့တယ်။ တစ်ဦးက သူတို့ အိမ်ဘေးမှာ နေတဲ့ ရဲတင်း(နောက်ပိုင်းတွင် ဒင်းသည်လည်း ရှုပ်ထွေးပွေလီလှသော စနေငပေ၏ ဇာတ်လမ်းကြီးထဲသို့ တိုးဝင်လာမည်ဖြစ်သော အထူးဇာတ်ကောင် တစ်ယောက် ဖြစ်ကြောင်းကို စာဖတ်သူများ ဖတ်ရှုကြရမည် ဖြစ်ပေသည်။) နောက်တစ်ယောက်ကတော့ မောင်ဖိုးချစ် ငယ်ငယ်ထဲက သံယောဇဉ် ဖြစ်ခ့ရတဲ့ သူ့ရဲ့ တစ်ဦးတည်းသော မိန်းခလေဲး သူငယ်ချင်း မြကျောက်။ ငယ်စဉ်ကတော့ သံယောဇဉ်ကို အကြောင်းပြခဲ့ပေမယ့် ကြီးလာတော့ အကျိုးတရားက အချစ်ဖြစ်လာခဲ့ပြီ။ ကြီးလာပြီဆိုတဲ့ အချိန်က မောင်ဖိုးချစ် ၁၂နှစ် (၇တန်း ကျောင်းသားဘ၀) • • မြကျောက် နင့်ကိုငါ ချစ်တယ် ချစ်ရင် ငှက်ပျောသီးဝယ်ကျွေး

• • • • • • ဒီလိုနဲ့

ဝယ်ကျွေးစရာ မလိုပါဘူး မြကျောက်ရယ် အသင့်ရှိပါတယ် ဟင်းဟင်း အင် ဟုတ်လို့လား အချစ်ကလည်း (အချစ်ဆိုသည်မှာ ဖိုးချစ်နှင့် စသိကတည်းက ခေါ်သော အာလုတ်စကား) အေးလေ ဟုတ်ပါတယ်ဟ ငါတို့အိမ်မှာ ငှက်ပျောပင်တွေမှ များကြီး လာ ဒါဆို သွားစားကြရအောင် အေး သွားမယ် ငါနင့်ကို ချစ်လို့ ကျွေးတာနော် ဟီဟိ အေးပါဟယ် နင်ကလည်း ဟင့် ဖိုးချစ်ကလေးဟာ ပျော်မဆုံး ၁၂နှစ်သားမှာ မော်မဆုံးပေါ့။ ငှက်ပျောသီးကျွေးရင် သူ့စိတ်ထဲမှာ သူ့ရဲ့ အချစ်ကို ချစ်သူ မြကျောက်က ဖြစ်သားကြပြီလိွု့ (အမှန်စင်စစ် ဘဖိုး အသိအမှတ်ပြုတာ ထင်ထားတယ်။ ပြောလိုရင်းမှာ

ခံခ့ရပါတယ်။ဲ ဘာကိုမှ

သူတို့နှစ်ဦး

ဘာလို့လည်းဆိုတော့ သူ့ဘဖိုး အရက်မူးတုန်းက သူ့ကို ပြောတာ ကြားဖူးတယ်။ မှတ်ထားငါ့မြေး မိန်းမတွေဟာ ချစ်ပြီဆိုရင် မစဉ်းစားတော့ဘူး။ ဘာကျွေးကျွေး စားတော့တာပဲ ဟူ၍ဖြစ်သည်။ မိန်းမတွေသည် သူတို့သာ ချစ်လို့ကတော့ အချစ်အတွက် အသက်ပင်သေသေ ချစ်သူအတွက် ရဲရရင့်ရင့် အဆိပ်ပင်ဲ သောက်ရဲသည်ဟု ဖြစ်မည် ထင်ရသည်။ သို့သော်လည်း ထိုအရာကို မောင်ဖိုးချစ်လေးက လိုရာဆွဲ၍ နားလည်လိုက်ဟန် တူလေသည်။ ဤကားစကားချပ်) မြကျောက်တို့ နေတာက ဖိုးချစ်တို့နဲ့ အိမ်နောက်ဖေးချင်း ကပ်လျက်။ သူတို့ အိမ်နှစ်အိမ်က တကယ်တော့ သိပ်မတည့်လှ။ ဘဖိုးနဲ့ မြကျောက်အဖိုး ဘိုးပွင့်တို့က ရည်းစားလုဘက်။ ဆုံးသွားတဲ့ ဒေါ်ဖွားမြ ငယ်ငယ် ဆံတောက်သိမ်း အရွယ်ထဲက သူတို့ နှစ်ဦးသားက ပြိုင်ပိုးခဲ့ကြတာ။ ဘိုးပွင့် အင်္ဂလန်သွားပြီး ဆေးပညာ သင်ကြားနေချိန်မှာ ဘဖိုးက အရယူခဲ့တာ။ အမှန်ဆို ဘိုးပွင့်နဲ့ အရီးဖွားမြနဲ့က ဘိုးပွင့် ဟိုမှာနေလို့ ကျောင်းသုံးနှစ်ပြီးရင် ပြန်လာပြီး လက်ထပ်ပါမယ်လို့ ကတိစကားတွေ ထားပြီးသား။ ဒါပေမယ့် ဘိုးပွင့်က ဟိုမှာ စာပူတွေမိပြီး ပြန်မလာနိုင်တ့အခဲါ အရီးဖွားမြက သစ္စာဖျက်သူကြီးရယ်လို့ သတ်မှတ်ပြီး ဘဖိုးအချစ်ကို လက်ခံလိုက်တာ။ ဘိုးပွင့်ကလည်း အဲဒီသတင်းကို ကြားတဲ့အခါ နားလည်မှု မရှိတ့မိန်းမ၊ သစ္စာမရှိတဲ့ မိန်းမရယ်လို့ အမျက်ပွားပြီး အိမ်ကပေးစားသူနဲ့ ယူခဲ့ရတာ။ ဘဖိုးကလည်ဲး ဒီဇာတ်လမ်းတွေကို သိပါတယ်။ ဒါပေမယ့် သူ့ဝါဒက အချစ်ဆိုတာ ရယူခြင်းရယ်လို့ လက်ခံထားတာမို့ သိစိတ်မှာ ဂုဏ်ယူနေခဲ့တယ်။ မသိစိတ်မှာကတော့ ငါဟာ သူ့အချစ်ကို ဒင်းနောက်မှ ရခဲ့တာဆိုပြီး တစ်သက်လုံး မကျေမချမ်း ဖြစ်နေခဲ့တာပါ။ ဒါကြောင့်လည်း ဘဖိုးက ရွှေတောင်ကြားထဲမှာ သူတို့လင်မယား နေမယ် အိမ်ရွေးတော့ ဘိုးပွင့်အိမ်နဲ့ နောက်ဖေးချင်း ကပ်လျက်ကို ရွေးလိုက်ရော။ ဇာတ်လမ်းက အဲဒီလို။ ဒါပေမယ့် သူတို့ချင်းသာ ငယ်သူငယ်ချင်းဖြစ်လျက်နဲ့ မတည့်ကြ ကြည့်မရကြ ဖြစ်နေတာပါ။ သူတို့ မြေးလေးတွေရဲ့ နုနယ်တဲ့ ဦးနှောက်ထဲကိုတော့ အဲဒီ အာဃာတတွေ ထည့်မပေးကြပါဘူး။ ဒါကြောင့်လည်း ဖိုးချစ်နဲ့ မြကျောက်လေးဟာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ပေါင်းလို့သင်းလို့ ရခဲ့တယ်။ ကျောင်းသွားပြီဆို သူရယ် ရဲတင်းရယ် မြကျောက်ရယ် အတူတူ သွားကြတယ်။ အဲဒီအချိန်အထိ ဖိုးချစ်တို့က ဘောင်းဘီတိုလေးတွေန့။ မြကျောက်ကလည်း ဂါဝန်လေးနဲ့။ ဒီလို လွတ်လပ်ပျော်ရွှင်တဲ့ သူတို့ရဲ့ ကလေးဘ၀လေးကိဲု ဖျက်ဆီးပစ်လိုက်တာက ၇တန်းကျောင်းတွေပိတ်တဲ့ နွေရာသီ။ ၇နှစ်တန်း စာမေးပွဲကြီးပြီးတော့ မြကျောက်တို့ မိသားစု အထက်အညာ မန္တလေးကို အလည်သွားကြတယ်။ ဖိုးချစ်တို့ကတော့ ထုံးစံအတိုင်း ငါ့ကိုသတိရနေနော်၊ ငါလည်း သတိရနေမယ်၊ ပြန်မလာရင် ငိုမှာပဲ စတဲ့ အလွမ်းအဆွေး စကားလေးတွေကို ပြောရင်း ကြိတ်ဝမ်းနည်း နေရတာပေါ့။ ဒါပေမယ့် ဒါကလည်း တစ်ရက် နှစ်ရက်လောက်ပါပဲ။ နောက်နေ့ ရဲတင်းရောက်လာပြီး ဟိုကစား ဒီကစား ကစားမိကြတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပါပဲ။ မနက်မိုးလင်းတာနဲ့ သူတို့နှစ်ယောက်က ဟိုဘက် ရပ်ကွက်ကို ကူးပြီး သရေကွင်း ပစ်ကြတယ်။ ဂေါ်လီရိုက်တယ်။ အရုပ်ပစ်တယ်။ ဖိုးချစ်က သရေကွင်း ပစ်တဲ့ နေရာမှာ နံပါတ်တစ်၊ ရဲတင်းက ဂေါ်လီမှာ ဘုရင်။ ဖိုးချစ်က သူ့လည်ပင်းမှာ သူပစ်လို့နိုင်တဲ့ သားရေကွင်းတွေကို အတွဲတွေလုပ်ပြီး ချိတ်ဆွဲထားတတ်တယ်။ ရဲတင်းကတော့ လွယ်အိတ်တစ်လုံးနဲ့ နိုင်သမျှ ဂေါ်လီတွေကို သိမ်းကြုံးထည့်နေ တော့တာပဲ။ သူတို့ကသာ ပျော်လို့ပါးလို့ လွတ်လပ်နေပေမယ့် သူတို့သတိမထားမိတာက ဘဖိုးဟာ အရင်လို မဟုတ်ဘူး။ ထူးခြားနေတယ်။ အရင်ကလိုလည်း မနက်မနက် ထထလမ်းမလျှောက်တော့ဘူး။ တခါတလေလည်း ခေါ်ရင် မထူးဘူး။ တနေရာရာကို အရက်ကိုတော့ ကြည့်ပြီး တွေးနေတတ်တယ်။ ပိုပိုသောက်တာ စာအုပ်ဘီရိုကြီးတွေ တွေ့နေရတယ်။ အားလုံးကိုဖွင့်ပြီး ဘယ်လိုပဲ သဲသဲမဲမဲ ဖတ်နေတာလည်း ကလေးတွေဆိုတော့ တွေ့ရတတ်တယ်။ ခါတိုင်းလို သူတို့ကို စာကျက်ဖို့တွေ ဘာတွေလည်း သိပ်မပြောဘူး။ ထမင်းလည်း သိပ်မစားဘူး။ ခါတိုင်းထက် ဘဖိုး ဖြစ်နေနေ သိပ်ဂရုမစိုက်ဖြစ် ကြဘူးပေါ့။ သူတို့လွတ်လပ်ရေးပဲ အရေးထားနေကြတာကိုး။

ဒီလိုနဲ့ နေလာလိုက်တာ ကျောင်းတွေဖွင့်ခါနီးတဲ့အထိ မြကျောက်တို့က ပြန်မလာဘူး။ ကျောင်းဖွင့်တော့လည်း မြကျောက် ရောက်မလာခဲ့ဘူး။ သူတို့ နှစ်ယောက်လည်း အဲဒီတော့မှ မြကျောက်ကို ကောင်းကောင်း သတိရလာ ကြတော့တယ်။ ဖိုးချစ်ကတော့ တခါတလေ ငါ့ချစ်သူ ရောက်မလာသေးဘူးကွာ.. ခံစားရတယ်ဆိုပြီး ရဲတင်းဆီမှာ ရင်ဖွင့်တတ်တယ်။ အဲဒီအခါမျိုးဆို ရဲတင်းက စွေစောင်းစောင်း ပမာမခန့်တဲ့ ပုံစံမျိုးနဲ့ ပြန်ကြည့်ပြီး ချစ်တယ်ဆိုတာ ခံစားရတယ်က.. ချစ်မိသူဟွာ အရှုံးပဲ ဘာညာနဲ့ ပြန်ပြောတတ်တယ်။ အဲဒီလိုသာ ပြောနေကြတာ သူတို့ပုံစံက ကျောင်းစိမ်း ဘောင်းဘီတိုလေးတွေနဲ့ ဘိုကေလို့ခေါ်တဲ့ ရှေ့တစ်လက်မ နောက်ပြောင် ကေလေးတွေန့။ဲ အရပ်ကမှ ၅ပေ မပြည့်ချင်သေးဘူး။ (အဆိုပါ အချက်များမှာ စာရှုသူများကို ယင်းတို့၏ အခြေအနေ အသက် ဘ၀ပုံစံကို မြင်မြင်ထင်ထင် သိစေလို၍ တင်ပြထားခြင်းမျှသာ။ သူတို့ ရင်ထဲမှ ချစ်ခြင်းတရားများ၊ ခံစားချက်များ၊ ဒသနများကိုကား လားလားမှ အထင်အမြင် မသေးဝံ့ပါချေ)။ ဒီလိုနဲ့ သူတို့ နှစ်ယောက်ထဲ နေလာလိုက်တာ ရှစ်တန်းနှစ်လယ်လောက်မှာ မြကျောက်တို့ မိသားစု ပြန်ရောက်လာတယ်။ မြကျောက် ဖိုးချစ်နဲ့ ရဲတင်းတို့ကား ကိုယ့်မျက်လုံးကိုကိုယ် မယုံချင် ဖြစ်နေကြတယ်။ သူတို့ဆီရောက်လာသော မြကျောက်ကို

အထူးအဆန်း ပုံစံမျိုးနဲ့ ကြည့်နေမိတယ်။ ထွက်သွားတုန်းက ပိန်ပိန်သေးသေး ဂါဝန်လေးနဲ့ မြကျောက်။ အခုတော့ (ထိုအချိန်က မြကျောက်ပုံစံကို မှတ်သားထားခဲ့သော ရဲတင်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတိပါ အချက်အလက် အချို့ကို ဆင်ဆာ ဖြတ်သင့်တာဖြတ်၍ တင်ပြလိုက်ပါသည်) • “ထိုနေ့က ကျွန်တော်တို့ နှစ်ယောက်သား အိမ်ရှေ့က ၀ါရန်ဒါအောက်တွင် ထိုင်ကာ ကျားထိုးနေကြသည်။ ထိုအချိန်တွင် သို့သော်လည်း ဟိတ်! ဟူသော အသံပြုပြီး ခံစားနေရသည်။ မိန်းမတစ်ယောက် ထိုအရာများမှာ ရောက်လာသည်။ တကယ်တော့ ရုတ်တရက် တခဏအတွင်း ကြည့်လိုက်မိသောအခါ တွေ့ဖူးသလိုလို ထင်လိုက်မိသည်။ ချက်ချင်းပင် အသိမဟုတ်ဘူးဟု ထင်လိုက်မိပြန်သည်။ ရင်းနှီးမှုကိုကား လက်ဖျစ်တတွတ်အတွင်း ခံစားလိုက်ရသော စိတ်အာရုံများသာ။ ဖိုးချစ်က ဟာ မြကျောက်ဟု ထအော်တော့မှ အဆိုပါ မိန်းခလေးမှာ မြကျောက်ဖြစ်မှန်း အသိစိတ်ဝင်လာတော့သည်။ မြကျောက်မှာ နေရောင်အောက်တွင် ၀င်းပနေသည်။ တီရှပ်အဖြူလေးနှင့် စကပ် အနက်ရောင်လေးကို နေရောင်ထိုးသောကြောင့် ခါတိုင်းထက် ခပ်တိုတို ရွှေအိုရောင် ၀တ်ထားသည်။ တလက်လက် လက်မောင်းသားလေးများမှ ဖြစ်နေသည်။ (ဆင်ဆာ..) ရဲနေသည်။ မွှေးညှင်းနုလေးများမှာ ။ မျက်နှာလေးမှာ နှုတ်ခမ်းလေးများကား

ထနေ၏။ ယခင်က တွေ့နေကြ ခြေထောက်များမှာလည်း အရင်ကလို မဟုတ်ကြတော့။ ပွတ်လုံးလေးတွေလို ၀င်းဖတ်နုစိုနေ၏။ နားဖျားလေးများနှင့် ကိုယ်ခန္ဓာမှာ ပါးမို့မို့လေးများမှာ နီဆွေးစွတ်ဆိုနေသည်။ မြကျောက်၏

အရင်ကထက် ဖွံ့ထွားလာသည်ဟု သတိပြုလိုက်မိချိန်တွင် ကျွန်တော်တို့ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ အိမ်ဘေးက မာလကာပင်တွင် မာလကာသီးများ မှည့်ဝင်းနေကြပြီ။ အိမ်ရှေ့က စံပယ်ပင်တွင် စံပယ်ပန်းလေးများ ဖူးငုံနေကြပြီ။ (ဆင်ဆာ..) မဆီမဆိုင် ကျွန်တော် ဒါတွေလည်း တွေးလိုက်မိတယ်။ မြကျောက်မှာ ကျွန်တော်တို့နှင့် ဝေးကွာခဲ့သော ၉လကြာခန့် ကာလတွင် ပီဘိ မိန်းမတစ်ယောက် အဖြစ်သို့ အသွင်ပြောင်းလဲ ခဲ့လေပြီ။ ကျွန်တော်မှာ ပြောင်းလဲသွားသော သူ့ကိုယ်ခန္ဓာကောက်ကြောင်းများကို ကြည့်ရင်း ခဏချင်းပင် ဆရာမရှေ့ ရောက်နေသော ခလေးငယ်ပမာ သိမ်ငယ်စိတ် ၀င်လာမိသည်။ အမှန်တော့ ဒီပြောင်းလဲခြင်း တရားတွေကို ကျွန်တော်တို့ နှစ်ယောက်လုံး မသိကြလို့ မဟုတ်ပါ။ ကာလအတန်ကြာကပင် သူငယ်ချင်း နှစ်ယောက်သား ခြေခြေမြစ်မြစ် လေ့လာခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း လက်တွေ့တကယ် ကြုံလာသောအခါဝယ် အံ့အားသင့် မင်တက်မိခြင်းမျိုးပင် ဖြစ်ချေတော့သည်။ မြကျောက်က သူ့ကို ထူးထူးဆန်းဆန်း ပုံစံဖြင့် ကြည့်နေကြသော ကျွန်တော်တို့ နှစ်ယောက်ကို လို့ပြောပြီး ကြည့်ပြီး ကျွန်တော်တို့ တခစ်ခစ် ရယ်ပါတော့သည်။ ပုခုံးကို ပြီးတော့ ဘာကြည့်နေတာလဲ ဖိုးချစ်တစ်ယောက် ငါပြန်လာတာလေ နှစ်ယောက်ရဲ့ ကိုင်လိုက်ချိန်တွင်

တုန်တုန်ရီရီ ဖြစ်လို့နေတာ တွေ့လိုက်ရသည်။ ပြီးတော့ ကျွန်တော်တို့ နှစ်ဦးဘေးတွင် သူလာထိုင်ပြီး ငါနင်တို့ကို သိပ်သတိရတာပဲဟု ပြောနေသည်။ ကျွန်တော်မှာ သူဘာပြောနေတာလည်း ဆိုတာကို သေချာမကြား။ သူ့ရဲ့ အဖြူရောင် လက်သွယ်သွယ်လေးတွေကို ရယ်မောလိုက်တိုင်း ကြည့်နေမိသည်။ လည်ဂုတ်သားလေးမှာ သူ့ကိုယ်လေးကို မွှေးညှင်းနုလေးများကို သတိထားနေမိသည်။ ငေးနေမိသည်။ တသွင်သွင် လှုပ်အနေသေိာ

ခြေဆင်းထိုင်နေသော သူမ၏ ခြေထောက်ကလေးများ၏ ဖြူဖွေး နူးညံ့ပုံကိုလည်း ရင်မောနေမိသည်။ ( .. ဆင်ဆာ)

ထိုမှတ်တမ်းကို ထိုထက် ပိုဖော်ပြပါလျှင် ကျွန်ုပ်၏ ၀တ္ထုတော်ကြီးမှာ ဟိုဘက်သို့ ရောက်သွားမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း၊ လူငယ်များ လမ်းကြောင်းလွဲပြီး ပို၍ ပို၍ စိတ်ဝင်စားစိတ်များ တိုးပွားလာမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း ဤနေရာတွင် ရပ်တံ့လိုက် ရပါသည်။ ဆိုလိုရင်းမှာ မြကျောက်အရွယ်ရောက်ကာ ပြောင်းလဲသွားခြင်းကို ဖော်ပြလိုခြင်း ဖြစ်ပေသည်။ (ထိုသူနှစ်ဦး ကျွန်တော့်ကို ဆဲပေတော့မည်။ ဤအဖြစ်အပျက်များမှာ ဖြစ်ရပ်မှန်ဟု လုံးဝလုံးဝ အာမမခံပါ။ ဟီဟိ)

ထိပ်တင်မောင်မောင်တုတ်ခန့် (ဟဲဟဲ သေပေတော့ မန်းမြေက ယောက်ဖကြီး)

မန်းလေး တစ်ဝိုက်မှာ သူ့ကို မသိသူ မရှိ။ တစ်ချို့က ထိပ်တင်တုတ်လို့ ခေါ်ကြတယ်။ တစ်ချို့က ကိုကိုခန့်တဲ့။ တစ်ချို့ကလည်း တုတ်တုတ်တဲ့။ တကယ်တမ်း သူ့ဇစ်မြစ်ကို ဘယ်သူမှ ရေရေ ရာရာ မသိကြပါဘူး။ တစ်ချို့က သီပေါမင်း လက်ထက်တော်က ရနောင်မောင်မောင်တုတ် အမျိုးဆက်လို့ ဆိုကြလေရဲ့။ တစ်ချို့ကလည်း အိမ်နိမ့်စံ မင်းသမီး တစ်ပါးရဲ့ အနွယ်တော်တဲ့။ တစ်ချို့ကတော့ မင်းမျိုးမင်းနွယ်လို့ မယုံကြဘူး။ အမျှ ထူးဆန်းတာက မခန့်ပြုံးလေးနဲ့ ထိန်းသိမ်းရတယ်ဗျ ဘယ်သူတွေ စွေစွေ ဆိုတာ ဘယ်လိုမေးမေး စောင်းစောင်းလေး သူ့လက်သုံးစကား။ မောင်မောင်တုတ်ခန့်တို့က ပြန်ကြည့်နေတတ်တယ်။ ဘယ်တော့မှ ပြန်မပြောဘူး။ အသက်နဲ့ ၀င်းဦးလို

လျှို့ဝှက်ချက်ဆိုတာ

အဲဒီတော့လည်း သူ့အကြောင်းက မရေမရာ ၀ါးတားတားပေါ့။ မန်းမြေ ဆိုတာကလည်း မြန်မာပြည်ကြီးရဲ့ နောက်ဆုံး မင်းဆက်တွေ အခြေချ နေထိုင် သွားကြတဲ့ မင်းနေပြည်တော် ဟောင်းကြီးဆိုတော့ အဲဒီက လူတွေက မင်းဆီမင်းသွေးနဲ့ ပတ်သတ်တယ်ဆို လေးလေးစားစား ဆက်ဆံ ကြတုန်းပဲ။ အဲဒီအချက်နဲ့ပဲ ဒီကောင်က လုပ်စားနေတာ။ တကယ်တော့ ထိပ်တင်တုတ် ဆိုတဲ့ နာမည် ဖြစ်လာတာက ဒီလို ဒီလို။ သူ့ကို မွေးတာက အရှေ့ပြင်ထဲမှာ။ ပထမဆုံး သားယောက်ျားလေးဆိုတော့ မိဘတွေမှာ ချစ်လိုက်ကြတာ တုန်နေတာပဲ။ ၀၀ကစ်ကစ်နဲ့ မွေးလာကတည်းက ၈ ပေါင်ခွဲ ရှိတယ်။ ချမ်းသာတဲ့ အမျိုးဆက် ဆိုတော့လည်း သားလေးကို မြန်မာ့ရိုးရာ ထုံးတန်း စဉ်လာတွေနဲ့ အညီ ခေါင်းဆေး၊ ကင်ပွန်းတပ်၊ ပုခက်တင် စတဲ့ မင်္ဂလာတွေ အကုန် လုပ်မယ်လို့ မိဘတွေက စိတ်ကူး ထားကြတယ်။ ဒီလိုနဲ့ သူ့ကို ကင်ပွနးတပ်ပွဲ လုပ်မယ်ဆိုတော့ သူ့အဖွား ရောက်လာတယ်။ တကယ်တော့ သူတို့ မျိုးဆက်က မင်းဆွေ မင်းမျိုးတွေ် မဟုတ်ကြပါဘူး။ ဒါပေမယ့် သူ့အဖွားက မန်းသူ စစ်စစ်ဆိုတော့ ထီးဆန် နန်းဆန်ချင်တယ်။ ဒါနဲ့ သူ့ကို နန်းဆန်ဆန် နာမည် ပေးရမယ်လို့ တစ်ချက်လွှတ် အမိန့်ချတယ်။ အဲဒီတော့ နာမည်တွေ ရွေးရတာပေါ့။ ဖြစ်ချင်တော့ ကောင်လေးက ၀၀ကစ်ကစ်ပေမယ့် သူ့လက် သူ့ခြေထောက်တွေက သာမန် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေထက် တုတ်ခဲနေတယ်။ ထိပ်လေးတွေ တုတ်နေတယ် ဆိုကြပါတော့။ ဒါနဲ့ပဲ ထိပ်တင်တုတ် ဆိုတဲ့ နာမည် ဖြစ်လာတာ။ အသက်လေး ကြီးလာတော့ အဲဒီ နာမည်ကြီးက နဲနဲ တုံးတယ်ဆိုပြီး သူ့ဘာသာ မောင်မောင်ဆိုတဲ့ နာမည်ကို ဖြည့်လိုက်တယ်။ နောက်တော့ မင်းခိုက်စိုးစန်တို့ တာရာမင်းဝေတို့ လွန်းဆက်နိုးမြတ်တို့ ရာဇဂဏီတို့ နာမည်တွေထက် အပြတ်အသတ် သာသွားအောင် ဆိုပြီး ခန့်ဆိုတဲ့ နာမည်ကို ထပ်ဖြည့်လိုက်ပြန်တယ်။ ဒါနဲ့ပဲ ၁၀ တန်းအောင်တော့ ထိပ်တင်မောင်မောင်တုတ်ခန့်ဆိုပြီး တရားဝင် စာရင်းသေ ဖြစ်သွားတယ်။ တုတ်လည်း တုတ်တယ် ခန့်လည်း ခန့်တယ် ဆိုတဲ့ သဘောပေါ့ဗျာ။ ပညတ်သားရာ ဓါတ်သတ်ပါ ဒီအကောင်က အလွန်တရာ ထီးဆန် နန်းဆန်တယ်။ အသန့်အပြန့် ကြိုက်တာကလည်ွး ပြောမနေနဲ့တော့။ အနေအထိုင်ကလည်း ခန့်ငြားချင်သေးတယ်။ တစ်ခုပဲ အသက်ကြီး လာလေလေ ဒီကောင့် ခန္ဓာကိုယ်က ၀လာလေလေ ဖြစ်နေတာ။ နုထွားကြီးပေါ့ဗျာ။ အသက် ၁၉ နှစ်သားမှာ ဘယ်သူကမှ မလေးမစား မလုပ်ရဲလောက်အောင် ၀တုတ်လာတယ်။ သူ့ကို အားလုံးက တုတ်ကြီးလို့ ကွယ်ရာမှာ ခေါ်ကြတယ်။ ဒါပေမယ့်လည်း ရှေ့ကြရင်တော့ ထိပ်တင်ပေါ့။ ဒီလိုပဲ အကြိုက်လိုက်ပြီး ညာစားနေတဲ့ ကောင်တွေကလည်း သူ့ဘေးမှာ ၀ိုင်းဝိုင်းလည်လို့။ ငွေကို ရေလို ဖြုန်းနိုင်လို့ ကောင်မလေးတွေ ဆိုတာလည်း ၀ိုင်းဝိုင်းလည်နေတာပဲ။ ဒီကောင်ကလည်း ကောင်မလေးတွေနဲ့ဆို ငွေဆိုတာ အ၀ီစိတွင်းက ထွက်နေတဲ့ ရေလိုပဲ။ ဟောကနဲ ဟောကနဲ။ အစားအသောက်ကတော့ သောင်းကျန်းသလား မမေးနဲ့။ သူမစားဘူးတဲ့ အကောင်ဆိုလို့ အိမ်မြောင်သာ ရှိသတဲ့။ ရှောင်တာကလည်း ကုန်းမှာကုတင်၊ ရေမှာသဘောင်္ဆိုပဲ။ ဒါကြောင့်နဲ့ တူပါတယ်။

သူ့သွားစွယ်လေးတွေက ပေါရိဒါဿ ဓါတ်ပူးပြီး ချွန်ချွန်လေးတွေ ဖြစ်နေတယ်။ သူ့ကိုယ်သူကတော့ သွားတက်လေးနဲ့ လှတယ်ပေါ့။ လူတွေ့ရင် နှုတ်ခမ်းလေး တွန့်တွန့်ပြီး အဲဒါလေး ပေါ်အောင် ပြရတာက အမော။ သူ့အကြိုက်ဆုံး မင်းသားက ၀င်းဦး။ သူ့ပုံစံကလည်း ၀င်းဦးနဲ့ တူတယ်။ အမူအယာကလည်း တူသေးတယ်။ စကားပြောရင် မပွင့်တပွင့် ပြောတတ်တယ်။ သူ့ကို သူ့သူငယ်ချင်းတွေက ၀င်းနူးလို့ ကွယ်ရာမှာ ခေါ်တတ်ကြတယ်။ ယောင်လို့မှတော့ သူ့ရှေ့မှာ သွားမခေါ်လေနဲ့။ မန္တလေး တစ်မြို့လုံး အပေါင်းအသင်း မရှိဘဲ ဖြစ်သွားမယ်။ သူက အပေါင်းအသင်း အသိုက်အ၀န်း အတော်ဆန့်တဲ့ အကောင်။ ဆိုင်ကယ်ဆို စူပါကပ်မှ စီးတယ်။ တစ်ခြား ဒိုတွေ၊ ဒီတီတွေ၊ ကာဝါတွေက မခန့်ငြားဘူးတဲ့။ စီးပွားရေးက လူပုံဟန်ကို ဆန်စက် ပျက်စေသတဲ့။ လုပ်တာ။ သဟာကြောင့် သူက ဆူပါကပ်လေးနဲ့များ ဟိုဟိုဒီဒီသွားရင် အတော်ကြီး ကံကြမ္မာ ဖင်လေးကော့တော့ကော့တော့ ရင်လေးမော့တော့ မော့တော့လုပ်ပြီး စီးတတ်တယ်။ သူတို့ မိဘ လက်ငုတ်လက်ရင်း ဆီစက် ရှေးပဝေသဏီထဲက သူ့ကို ဒီအလုပ်ပဲ လုပ်လာကြတာ။ ဆက်လုပ် သူ့လက်ထက်မှာ ဒါပေမယ့် အောင်မြင်နေပါပြီ။ သူ့မိဘတွေကလည်း စေချင်ကြတယ်။

လမ်းကြောင်းတွေက တစ်ခါတစ်လေ အသင့်ရေးထား ပြီးသလားလို့တောင် ထင်ရတယ်ဗျာ။ မောင်မောင်တုတ်ဟာ ဒါတွေကို လုံးဝ ၀ါသနာ မပါဘူး။ သူစိတ်ဝင် စားတာက ဂြိုဟ် နက္ခတ်တွေ၊ ဗေဒင်ကျမ်းစာတွေ၊ ရှေးဟောင်း ပစ္စည်းတွေ။ သူ့ဆီမှာ စုဆောင်းထားတဲ့ ရှေးဟောင်း ပစ္စည်းတွေ၊ ကျမ်းစာတွေ ဆိုတာ နဲတာ မဟုတ်ဘူး။ တစ်ချို့ကတော့ သူက ဒါတွေစုပြီး ထိုင်းတို့ တရုတ်ပြည်တို့ကို တရားမ၀င် ရောင်းစားနေတာလို့ မရဲတရဲ ပြောကြတယ်။ ဘယ်သူမှတော့ လက်ဆုပ် လက်ကိုင် မပြနိုင်ပါဘူး။ တစ်နေ့။ မန္တလေးရဲ့ ကောင်းကင်မှာ နေလုံးကြီး ပြင်းပြင်း ပူနေတဲ့ နေ့တစ်နေ့ပေါ့။ ထိပ်တင် မောင်မောင်တုတ်ခန့် အသက် ၂၀ ပြည့်တဲ့နေ့။ သူတို့ရဲ့ ခြံဝန်းကြီးထဲမှာ မွေးနေ့ပွဲ အခမ်းအနားကို စည်စည် ကားကားကြီး ကျင်းပနေတယ်။ ဂုဏရည်တူ် သူငယ်ချင်း မိတ်ဆွေတွေနဲ့ အရမ်းကို သိုက်မြိုက်နေပါတယ်။ မောင်မောင်တုတ်ဟာ ဒီနေ့တော့ သူ့ခြံရှေ့ လာသမျှလူကို လှူမယ်ကမ်းမယ်ဆိုပြီး သတင်းကြားကြတဲ့ သူငယ်ချင်းတွေကို အထဲမှာ ခဏထား၊ ပိုက်ဆံ ထုပ်လေးကိုင်လို့ ကြတာပေါ့။ လာတဲ့ ခြံဝန်း အပြင်ထွက်လို့ ကြည့်ပြီး အလှူပေးပါတယ်။ စကားမစပ် တကယ်တော့ ဒီလိုလှူတာ သူ့တသက်မှာ ပထမဆုံး အကြိမ်ပဲ ဖြစ်ပါတယ်။ အနီးအနားက မရှိဆင်းရဲသားတွေလည်း အားရ၀မ်းသာ လာတန်းစီ လူတွေကို မောင်မောင်တုတ်ဟာ တစ်ခါမှ မခံစားဘူးတဲ့ ပီတိ တစ်မျိုးကို ခံစားနေရတယ်။ စိတ်ထဲမှာ ကြည်နူးနေတယ်။ အဲဒီလိုနဲ့ လူတွေလည်း တဖြေးဖြေး ပါးလာပါတယ်။ လက်ထဲမှာက လှူမယ်လို့ ကြံရွယ်ထားတဲ့ ပိုက်ဆံ ၁၀၀၀ ကကျန်နေသေးတယ်။ အဲဒီအချိန်မှာပဲ နေသာနေတဲ့ ကောင်းကင်ဟာ ရုတ်ချည်း တိမ်တွေ ညို့လာပြီး မိုးရိပ် ဆင်လာပါတယ်။ မရှေးမနှောင်းပဲ မိုးတွေ ရွာချပါတယ်။ မိုးရွာပေမယ့်လည်း ဒါလေးကုန်အောင် လှူမဟဲ့ဆိုပြီး သူမိုးရွာထဲမှာ ဆက်လက် ရပ်စောင့်နေပါတယ်။ အဲဒီ အချိန်မှာ တောင်အရပ်ကနေ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ အဖိုးကြီး တစ်ယောက် ရောက်လာတယ်။ မောင်မောင်တုတ်က ၀မ်းသာအားရ လက်ထဲက တစ်ထောင်တန်ကို လှူလိုက်တယ်။ အဖိုးကြီးက ခန့်ညား အောင်မြင်လှတဲ့ အသံကြီးနဲ့ တဟားဟား ရယ်မောပြီး လက်ထဲက ငွေစက္ကူကို စုတ်ဖြဲ ပစ်လိုက်တယ်။ ပြီးတော့ သူ့လက်ထဲက တောင်ဝှေးနဲ့ မောင်မောင်တုတ် ရင်ဘတ်ကို ထောက်ပြီး လွယ်အိတ် အစုတ်လေးထဲကနေ စာအုပ်လေးတစ်အုပ် ထုတ်ပေးလိုက်တယ်။ ပြီးတော့ တလှုပ်လှုပ်နဲ့ လမ်းအတိုင်း ဆက်လျှောက်သွားပြီး မိုးတွေထဲမှာ ပျောက်သွားတော့တယ်။ အိမ်ထဲက လူတွေက မိုးရွာထဲမှာ တွေတွေကြီး ရပ်နေတဲ့ မောင်မောင်တုတ်ကို မြင်နေကြတယ်။ အဲဒီနေ့ကစလို့ ထိပ်တင်တုတ်ခေါ်၊ ၀င်းနူးခေါ်၊ မောင်မောင်ခေါ်၊ မြေပုံစာရွက်တွေ ကိုခန့်ခေါ် ဖတ်လိုက်၊ ထိပ်တင်မောင်မောင်တုတ်ခန့်ဟာ ဟိုခြစ်ဒီခြစ်လုပ်လိုက်၊ ခေါင်းလေးမော့ပြီး ဖင်လေးကော့ စာအုပ်လေးတစ်အုပ်ကို တောက်တွေခေါက်လိုက်၊ ဆူပါကပ်လေးနဲ့ လက်မှာကိုင်လိုက်၊ သက်ပြင်းတွေချလိုက်၊ ပြေးလိုက် ခဲတံတိုလေးတစ်ချောင်းနဲ့ စာရွက်တွေမှာ

ဘုန်းကြီးကျောင်းတွေ

လုပ်နေတာကို တွေ့နေရပါတော့တယ်။

Anda mungkin juga menyukai