Anda di halaman 1dari 28

www.yeyintnge.

com

၂၀၁၀ ရွေးကောက်ပွဲ သဘင် စင်မြင့်ကြီး

ဟန်လေး Friday, April 23, 2010

အဆင့်မြင့် စစ်အရာရှိများ နေပြည်တော်၌ သွားလာခွင့် ကန့်သတ်

ဧရာဝတီ Friday, April 23, 2010

နေပြည်တော် စစ်ဌာနချုပ် နယ်မြေနှင့် ဆက်စပ်နယ်မြေ အတွင်း ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က စတင်၍ လုံခြုံ ရေး တိုးမြှင့်ထားပြီး စစ်တပ် အဆင့်မြင့် အရာရှိကြီးများ၏
နေပြည်တော်သို့ လာရောက်သည့် ခရီးစဉ်များ ကန့်သတ် ထားကြောင်း သိရသည်။

ကန့်သတ်မှုမှာ တိုင်း စစ်ဌာနချုပ်များ၏ တိုင်းမှူးအဆင့် ဗိုလ်ချုပ်များနှင့် တပ်မမှူး အဆင့်ရှိ ဗိုလ်မှူးချုပ်များ၏ ခရီးစဉ်များဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ လာသော
သတင်းများက ဆိုသည်။

စစ်အစိုးရ မြို့တော်သစ် နေပြည်တော်တွင် ပြီးခဲ့သည့် မတ်လ ကုန်ပိုင်းက တွေ့ရသော ဆောက်လုပ်နေဆဲ လွှတ်တော် အဆောက်အအုံ (ဓာတ်ပုံ - Reuters)

ယင်းတိုင်းမှူးနှင့် တပ်မမှူးအဆင့်ရှိ အရာရှိကြီးများနေဖြင့် နေပြည်တော်သို့ လာရောက်မည့် အကြောင်းကို ကြိုတင် သတင်း ပေးပို့ရမည်ဖြစ်ပြီး သွားရောက်တွေ့ဆုံမည့်
အရာရှိကြီးများ၏ ခွင့်ပြုချက်လည်း လိုအပ် သည်ဟု တပ်မတော် စစ်ရုံးချုပ် ရုံးစိုက်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ အရှာရှိတဦးက ပြောဆိုသည်။

“ဧပြီ ၁၇ ရက်နေ့က ကက(ကြည်း)ကနေ တိုင်းစစ်ဌာနချုပ်နဲ့ တပ်မဌာနချုပ်တွေကို ညွှန်ကြားချက်ပို့ထားပါ တယ်၊ ဘယ်တိုင်းမှူး ဘယ်တပ်မမှူးမှ ခွင့်ပြုချက်မပါဘဲ
စစ်ရုံးချုပ်ရှိတဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို လာစရာ မလိုဘူးလို့ ညွှန်ကြားထားတယ်”ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။

နေပြည်တော်သို့ လာရောက်သည့် တိုင်းမှူး ဗိုလ်ချုပ်များနှင့် တပ်မမှူး ဗိုလ်မှူးချုပ်များ၏ တည်းခိုရာနေရာကို လည်း ကြိုတင် သတင်းပေးပို့ရမည်ဖြစ်ပြီး ကာကွယ်ရေး
ဝန်ကြီးဌာန စစ်ရုံးချုပ်ရှိ ကက(ကြည်း)၏ ညွှန်ကြား ချက် ရရှိမှ တည်းခိုနေထိုင်ရမည်ဖြစ်သည်ဟုလည်း ယင်းစစ်ဌာနချုပ် အရာရှိက ပြောဆိုသည်။

တိုင်းမှူးနှင့် တပ်မမှူးများ၏ နေပြည်တော်ခရီးစဉ်အတွင်း လုံခြုံရေးအရ လိုက်ပါမည့်သူများနှင့် ရုံးအဖွဲ့ကို လည်း ခရီးစဉ်မတိုင်ခင် ၄ ရက်ခန့် ကြိုတင်သတင်းပို့ပေးရန်နှင့်
ခွင့်ပြုချက်ရပြီးမှ ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။

“အဓိက ကတော့ လက်နက်ခဲယမ်း ယူဆောင်လာတာကို ကန့်သတ်ဖို့ပဲဖြစ်ပါတယ်၊ ကက(ကြည်း)က အကြောင်း အမျိုးမျိုးကြောင့် နေပြည်တော်ကို လာရောက်မယ့်
အရာရှိတွေရဲ့ လက်နက်ခဲယမ်းများ ယူဆောင်တာကို နဂို ကထက် တင်းကျပ်လိုက်တာဖြစ်တယ်”ဟု အထက်ပါ အရာရှိက ဆက်ပြောသည်။

အဆိုပါ ကက(ကြည်း)၏ တိုင်းမှူး၊ တပ်မမှူးများကို နေပြည်တော်သို့ ခရီးသွားလာခွင့် ကန့်သတ်ခြင်းနှင့် လုံခြုံရေး အတွက် အတူပါလာသည့် အရာရှိများ၏
လက်နက်ခဲယမ်းများ ကန့်သတ်ခြင်းသည် စစ်ရုံးအတွင်း ပစ်ခတ်မှုများ ဖြစ်လာမည်ကို စိုးရိမ်မှုကြောင့် ဖြစ်ကြောင်း စစ်ဘက်လေ့လာသူများက သုံးသပ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့(သင်္ကြန် အကြတ်နေ့)က ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် ကန်တော် ကြီး အနီးရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး
ပေါက်ကွဲမှုကြောင့် ရန်ကုန်တိုင်း အမှတ(် ၄) စစ်ဒေသ မှူး ဗိုလ်မှူးကြီး အုံးချိုနှင့် မြို့နယ်အဆင့် အရာရှိများအပါအ၀င် လူ ၁၇၀ ဒဏ်ရာရရှိပြီး အငြိမ်းစား ဗိုလ်ကြီး
တဦးဖြစ်သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသန့်စင်သိမ်း အပါအ၀င် ယနေ့ အထိ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်မြို့က အပတ်စဉ်ထုတ်
ဂျာနယ်များတွင် ဖေါ်ပြသည်။

ယင်းဧပြီ ၁၅ ရက်နေ့ တရက်တည်းတွင်ပင် နေပြည်တော်ရှိ Asia World ကုမ္ပဏီပိုင် မြတ်တော်ဝင် ဟိုတယ် တွင်လည်း ဗုံးတွေ့ရှိကြောင်း ဟိုတယ် တာဝန်ရှိသူတဦးက
ပြောသည်။

နာဂစ်ဒေသတွင် ရေပြဿနာ ကြီးမား

နရီလင်းလက် Friday, April 23, 2010

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို နာဂစ် ဆိုင်ကလုန်း ၀င်ရောက် ဖျက်ဆီးခဲ့သည်မှာ၂ နှစ် ပြည့်တော့မည် ဖြစ်သော်လည်း ထောင်ပေါင်း များစွာသော ဒေသခံများသည်
သောက်သုံးရေ ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု ရန်ကုန်မှ ကုလသမဂ္ဂ အရာရှိတဦးက ကြာသပတေးနေ့တွင် ပြောသည်။
လယ်ကွင်းတခုကို ဖြတ်လျှောက်နေသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ သောက်သုံးရေ သယ်ယူနေသည့် ကလေးတဦး (ဓာတ်ပုံ - AP)

“လူ တသိန်း ရှစ်သောင်း လောက်က ရေပြတ်တဲ့ ဒဏ်ကို လတ်တလော ခံစားနေရတယ်။ ဒီထဲက အများစုကတော့ ဆိုင်ကလုန်းဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ လပွတ္တာ၊
ဘိုကလေးနဲ့ မော်လမြိုင်ကျွန်း ဒေသက လူတွေ ဖြစ်တယ်” ဟု ကုလသမဂ္ဂရုံး ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ဧရာဝတီကို ပြောသည်။

ကုလသမဂ္ဂ နှင့် နိုင်ငံတကာမှ ကူညီရေး အဖွဲ့များက ရေဖြန့်ဖြူးရန် စီစဉ်ထားမှုမှာ လူ တသိန်းသုံးသောင်းခွဲ အတွက်သာ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

သို့သော်လည်း ယခုနှစ်တွင် ရေလိုအပ်သူ ထက်ဝက် လျော့သွားကြောင်း၊ ယခင်နှစ်က ဤအချိန်တွင် ရေလုံလောက်မှု မရှိသည့် ဒေသခံ သုံးသိန်းကျော် ရှိခဲ့ကြောင်း
ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။

ပူပြင်းသည့် နွေရာသီဖြစ်သောကြောင့် ရေကန်များ ရေခန်းခြောက်ကုန်သည်ဟု လပွတ္တာမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

“ကျနော်တို့ ဒေသမှာ ရေတွင်းတူးဖို့ကလည်း ဆားငန်ရေပဲ ထွက်တာမို့ အဆင်မပြေဘူး” ဟု သူက ရှင်းပြသည်။

ပြင်စလူမြို့ရှိ ရေကန်များ ခန်းခြောက်လု နီးပါး ဖြစ်နေပြီး ပင်လယ်နှင့် နီးသည့် ရွာများတွင် သောက်သုံးရေ ရေရှားပါးမှု အခြေအနေ ပိုမိုဆိုးဝါးနေသည်ဟု သူက
ဆက်ပြောပြသည်။

ရေကောင်းရေသန့် လုံလုံလောက်လောက် မရှိခြင်းသည် ဤဒေသ၏ အဓိကပြဿနာ ဖြစ်သည်ဟု အကူအညီ ပေးရေး အဖွဲ့တဖွဲ့ကို ကိုးကားပြီး ကုလသမဂ္ဂက
ထုတ်ပြန်သော သတင်းတပုဒ်တွင် ဖော်ပြထားသည်။

“မြစ်ဝကျွန်းပေါ် လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်က ရေကန်လေးတွေကိုပဲ မှီခိုနေရတာ ဆိုတော့ လူတွေ အားလုံး သုံးဖို့ ဒီရေကန်ကရေနဲ့တင် မလုံလောက်တဲ့ ပြဿနာက
ဟိုးအရင် ကတည်းက ရှိနေခဲ့တာ” ဟု Save the Children အဖွဲ့ကြီး၏ ညွှန်ကြားရေးမှူး Daniel Collision က ပြောသည်။

ရွာတချို့တွင် ရေစည်တင်လှေများမှ ရေ၀ယ်ယူ သုံးစွဲကြရကြောင်း၊ ရွာတချို့တွင်မူ အာဏာပိုင်များက ရေဖြန့်ဝေကြောင်း သိရသည်။

“တရက်မှာ တအိမ်ထောင်ကို ရေ တဂါလံနှုန်း ဝေပေးတယ်။ ဒီရေက ချက်ပြုတ်ဖို့နဲ့ သောက်ဖို့လောက်ပဲ ရတယ်” ဟု ပြင်စလူတွင် နေထိုင်သူတဦးက ပြောသည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ်ကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း တသိန်း လေးသောင်းခန့် အသေအပျောက် ရှိခဲ့ပြီး နှစ်သန်းခန့် အိုးမဲ့အိမ်မဲ့
ဖြစ်ခဲ့သည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလက ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံတကာ ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ရာ တက်ရောက်လာသူများက နာဂစ် ဒေသ
ပြန်လည် ထူထောင်ရေး အတွက် ဒေါ်လာ ၈၈ သန်း ကူညီမည်ဟု ကတိပြုခဲ့သည်။

ထိုကူညီငွေမှ ဒေါ်လာ ၆.၄၈ သန်းကို ရေ၊ မိလ္လာနှင့် တကိုယ်ရေ သန့်ရှင်းရေး အတွက် အသုံးပြုမည်ဟု ရည်မှန်းထားခဲ့ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များ အရ
သိရသည်။ သို့သော်လည်း ယင်းကဏ္ဍများ အတွက် ၂၀၁၀ ဇူလိုင်လ အထိ အမှန် တကယ် လိုအပ်ချက်မှာ ဒေါ်လာ ၁၆.၁၆ သန်း ဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့ စစ်ဖွဲ့ ရန် ဖိအားပေးမှု မွန်ပြည်သစ်ပါတီ ငြင်းဆန်

ဘစောတင် Friday, April 23, 2010

စစ်အစိုးရက ပြည်သူ့ စစ်ဖွဲ့ ရန် ဖိအားပေး တောင်းဆိုမှုကို မွန်ပြည်သစ် ပါတီ (NMSP) က လက်မခံဘဲ ငြင်းပယ် လိုက်ကြောင်း ပါတီ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

လွန်ခဲ့သော ၂ ရက်အတွင်း မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် အရေးပေါ် အစည်းအဝေးခေါ်ယူကာ ယခု ကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း ယနေ့ ညနေပိုင်းက
ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောရေး ဆိုခွင့် ရှိသူ နိုင်ချေးမွန်က ပြောဆိုသည်။

“အမျိုးသားအခွင့်အရေး ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ခင်စပ်ကြား တပ်ဖွဲ့ များ အသွင်ပြောင်း


ဖွဲ့ စည်းရန်မှာ အခက်အခဲများစွာရှိပါတယ်၊ မွန်ပြည်သစ် တပ်ဖွဲ့ ဝင်များနဲ့ မွန်ပြည်သူများက လက်ခံလိုသော ဆန္ဒမရှိပါ၊ ဒါကြောင့် နအဖ တောင်းဆိုတဲ့ ပြည်သူ့စစ်ဖွဲ
့ရန်ဆိုသည်မှာ မဖြစ်နိုင်ဘူးဆိုတာကို မနေ့ ကဘဲ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို အကြောင်းပြန်ကြားလိုက်ပြီးပါပြီ”ဟု ၎င်းက ဆိုသည်။

စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ဧပြီလ(၇)ရက်နေ့ တွင် မွန်ပြည် သစ် ပါတီမှ တာဝန်ရှိသူများနှင့် တွေ့ ဆုံစဉ် ဧပြီလ ၂၂ ရက်နေ
့နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် မဖွဲ့ ပါက ပြည်သူ့ စစ်ဖွဲ့ ရန်နှင့် ပတ်သက်ပြီး အကြောင်းပြန်ရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ ဆုံပွဲသို N
့ MSP ဥက္ကဌ နိုင်ရော့စ အပါအ၀င် ဗဟိုကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ NMSP အနေဖြင့် နယ်ခြားစောင့်တပ်ဖွဲ့ ဖြစ်စေ၊
ပြည်သူ့ စစ် အသွင်ကူးပြောင်းရေးကို ဖြစ်စေ ပြောင်းလဲဖွဲ့ စည်းရန် အကြိမ်ကြိမ် ငြင်းဆိုထားသည်။

“ကျနော်တို့ကို စစ်အစိုးရက ပြည်သူ့ စစ်ဖွဲ့ဖို့ အင်အားသုံး ဖိအားပေးလာရင်တော့ ကျနော်တို့ကိုယ် ကျနော် တို့ ကာကွယ်ရမှာပဲ”ဟု နိုင်ချေးမွန်ကပြောသည်။

ယခုကဲ့သို့ ငြင်းဆန်ပြီးနောက် ပြည်တွင်း၌ ဖွင့်လှစ်ထားရှိသော NMSP ရုံးများကို ပိတ်ပစ်ခြင်းနှင့် လူဦးရေ လျှော့ချ ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် မတ်လက
NMSP သည် လက်နက် စုဆောင်းရေးဌာန အပါအဝင် ဌာနတချို့ကို နေရာရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

“ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ကျနော်တို့ ကို နယ်ခြားစောင့်တပ်ဖွဲ့ မလား၊ ပြည်သူ့ စစ်ဖွဲ့ မလား၊ ဘာမှ လက်မခံ ရင်တော့ ခင်ဗျားတို့ ဟာ အပစ်အခတ် ရပ်စဲမှု မပြုလုပ်ခင် ၁၉၈၉
ခုနှစ်က အနေအထားကို ရောက်သွားမယ် လို့ ပြောခဲ့တာကြောင့် ကျနော်တို့ ဘက်ကလည်း ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရုံးတွေမှာရှိတဲ့ လူတွေ လျှော့ချ တာတို့၊ ပိတ်တာတို
့စလုပ်နေပြီ၊ ဆက်ဆံရေး ရုံးတရုံးကိုပဲ ထားတော့မယ်”ဟု နိုင်ချေးမွန်က ဆက်ပြော သည်။

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူတောင်ကြားလမ်းမှ NMSP ပါတီဝင်တချို့ကလည်း နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းရေး အတွက် ဆွေးနွေးညှိနှိုင်းမှုပျက်ပြားပြီး စစ်ကို
မရှောင်လွှဲနိုင်ပါက နေအိမ်များစွန့်ခွာ၍ တောတွင်းသို့ ပြန်ဝင်ကြရန် ခေါင်းဆောင်များက မှာကြားထားကြောင်း ပြောဆိုသည်။

NMSP ၏ တရားဝင် စာရင်းများအရ အဖွဲ့ဝင် ၃၅၀၀ ရှိသော်လည်း လက်ရှိတွင် တာဝန်ထမ်းဆောင်နေသူမှာ ၇၀၀ ခန့် သာ ရှိကြောင်း သိရသည်။

အကယ်၍ စစ်ဖြစ်ပွားရန် အကြောင်းပေါ်လာပါက တပ်ဖွဲ့ဝင်များ ပြန်လာဖွယ်ရှိကြောင်း၊ အစပိုင်းတွင်မှု အခက်အခဲ ရှိမည်ဖြစ်ကြောင်း NMSP အတွင်းရေးမှူး နိုင်ဟံသာက
ဧရာဝတီသို့ မကြာသေးခင်က ပြော ဆိုထားသည်။

သို့သော် အပစ်ရပ်ထားသည့် ဆယ်စုနှစ်တခုကျော်ကြာအတွင်း မြို့ပေါ်၌ စီးပွားရေးလုပ်ငန်းများနှင့် အခြေကျနေသည့် ပါတီ အဖွဲ့ဝင်များအဖို့ လက်ရှိအခြေအနေကို


စွန့်လွှတ်၍ NMSP နှင့် တောတွင်းသို့ လိုက်ပါပူးပေါင်းရန် အခက်အခဲရှိမည်ဟု မွန် နိုင်ငံရေး လေ့လာအကဲခတ်သူများက ဆိုသည်။

NMSP ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်တင်အောင်ကမူ မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့ကို တိုက်ခိုက်လိမ့် မည်ဟု မထင်ကြောင်း ပြောဆိုဖူးသည်။

ယမန်နှစ်က နယ်ခြားစောင့်တပ် ဖွဲ့ရန် NMSP က ငြင်းဆန်ပြီးနောက် စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာခဲ့သည်။

အကယ်၍ တိုက်ပွဲ ပြန်ဖြစ်ခဲ့လျှင် ပြောက်ကျား နည်းဖြင့် ပြန်လည် ခုခံမည် ဖြစ်ကြောင်းလည်း NMSP ခေါင်းဆောင် များက ပြောဆိုထားသည်။

အပစ်အခတ်မရပ်စဲခင်က မွန်ဒေသတွင် စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲထားခဲ့သော်လည်း ၁၅ နှစ်ကြာ ကာလအတွင်း တပ်စွဲထားသည့် တပ်ရင်း ၃၀ ခန့် ရှိကြောင်း
သိရသည်။

မွန်ပြည်သစ် ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အပစ်ရပ်အဖွဲ့များအနေနှင့် ဧပြီ ၂၈ ရက်နေ့ မတိုင်မီ နယ်ခြားစောင့်တပ် အသွင် မပြောင်းပါက စစ်အစိုးက မတရားအသင်း အဖြစ် ကြေညာမည်ဟု သတင်းများလည်း
ထွက်ပေါ်နေသည်။

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

ရန်ကုန်ဆေးရုံကြီးတွင် ဗုံးလန့်
အောင်သက်ဝိုင်း Friday, April 23, 2010

ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် ယနေ့နံနက် ၁၁ နာရီခန့်က ဗုံးလန့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တွင် သင်္ကြန်တွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေးများ တင်းကျပ်လျက် ရှိနေသည့် ကြားမှ ဆေးရုံကြီး အရေးပေါ် ဋ္ဌာနရှေ့တွင် ယနေ့ နံနက်က
မသင်္ကာဖွယ်ရာ ကတ်ထူစက္ကူပုံးတပုံး လာရောက် ပစ်ထားသည်ကို ဆေးရုံ ၀န်ထမ်းများ တွေ့ရှိပြီး ဗုံးဟု အထင် ရှိသဖြင့် ရုတ်ရုတ် သည်းသည်း ဖြစ်သွားခဲ့ရသည်။

ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဋ္ဌာနဝင်ပေါက်တွင် လုံခြုံရေးတင်းကျပ်စွာ ချထားသည်ကို ဤသို့ မြင်တွေ့ရသည်

ဆေးရုံ ဝန်ထမ်းများက သက်ဆိုင်ရာ နယ်မြေ အာဏာပိုင် များကို အကြောင်း ကြားခဲ့ရာ ရဲ၊ စစ်တပ်နှင့် နယ်မြေခံ လုံခြုံရေးများ ရောက်ရှိ လာကြောင်း၊ ယင်းနောက်
ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာ ဗုံး မဟုတ်သည်ကို စစ်ဆေး တွေ့ရှိရကြောင်း နယ်မြေခံ ရဲတဦးက ပြောသည်။

သို့ရာတွင် တာဝန်ကျ ဆရာဝန်တချို့က အဆိုပါ စက္ကူပုံးမှာ ဗုံးဖြစ်နိုင် သည်ဟု ပြောဆိုနေ ကြသည်။

ကန်တော်ကြီး ပတ်လမ်းတွင် သင်္ကြန်ကာလ ဗုံး ၃ လုံးပေါက်ကွဲမှုနှင့် ကချင်ပြည်နယ် မြစ်ဆုံတွင် ဗုံးများ ပေါက်ကွဲ ပြီးနောက် ရန်ကုန် အပါအ၀င် နိုင်ငံ တ၀န်းလုံးတွင်
ဗုံးလန့်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။

ယမန်နေ့ ညနေကလည်း ရန်ကုန် သမ္မတ ဟိုတယ်အနီးရှိ လပြည့်ဝန်းပလာဇာတွင် ဗုံးတွေ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီး လူအများ ထိတ်လန့်နေကြကြောင်း
အဆိုပါ ပလာဇာအနီးရှိ ကုမ္ပဏီဝန်ထမ်းတဦးက ဆိုသည်။

ရန်ကုန်မြို့တွင် သင်္ကြန်အတက်နေ့မှစပြီး လုံခြုံရေးများ တင်းကျပ်လျက်ရှိရာ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ


လမ်းများပေါ်တွင် ရဲ၊ မီးသတ်၊ စစ်တပ်နှင့် နယ်မြေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖ)ွံ့ အသင်းဝင်များ၊
စွမ်းအားရှင်များ ပါဝင်သော လုံခြုံရေးဆိုင်ရာ ပူပေါင်းအဖွဲ့များက အငှားကားများ၊ ကိုယ်ပိုင်ကားများနှင့် လိုင်းကားများကို စစ်ဆေးကြောင်း သတင်းရရှိသည်။

“အငှားကားတွေကို စစ်တယ်။ ခရီးသည်ပါရင် ဘယ်သွားမှာလဲဆိုတာ မေးတယ်။ မှတ်ပုံတင် စစ်တယ်။ အိတ်တွေစစ်တယ်။ ကိုယ်ပိုင်ကားတွေကိုလည်း စစ်တယ်” ဟု
ရန်ကုန်မြို့ခံတဦးက ပြောသည်။

ရန်ကုန် ရပ်ကွက်များတွင် ကြံ့ဖွံ့၊ ရယက၊ မီးသတ်နှင့် စွမ်းအားရှင်များက လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းကာ ရပ်ကွက်များတွင်


ဧည့်သည် ၀င်ရောက်ခြင်းကို အထူးစိစစ်လျက်ရှိကြောင်း၊ မသင်္ကာသည့် အိမ်များကို ညဥ့်နက်ပိုင်း အချိန်များတွင် ဧည့်စာရင်း ၀င်ရောက်စစ်ဆေးပြီး ဧည့်စာရင်းမတိုင်ပါက
ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“လုံခြုံရေး ယူတာကိုနားလည်ပါတယ်။ ဒါပေမယ့် အခုဟာက ဧည့်သည်တယောက် လက်ခံမိရင် ဘယ်သူလဲ၊ ဘယ်ကလဲ ၊ ဘာလုပ်ဖို့ လာတာလဲ ဆိုတာအထိ
အမေးခံရတော့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်” ဟု ကမာရွတ်မြို့နယ်မှ ကျူရှင်ဆရာ တဦးကပြောသည်။

ရန်ကုန်ရှိ တချို့သော ရပ်ကွက်များတွင် ပြည်တွင်း ပြည်ပ ခရီးသွားလာမှုများ ပြုလုပ်မည်ဆိုပါက ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ထံ
အကြောင်းကြားပြီးမှ သွားရောက်ရမည်ဆိုသည့် ညွှန်ကြားချက်များလည်း ထုတ်ပြန်ထားကြောင်း သိရသည်။

အဝေးပြေး ကားဂိတ်များတွင်လည်း ခရီးသည် အ၀င်အထွက်များကို အထူး စိစစ်လျက်ရှိပြီး အဝေးပြေး ကားလက်မှတ် ၀ယ်ယူသူများကို မှတ်ပုံတင် ပါရှိမှသာ ရောင်းချရန်
ဆိုသည့် စည်းကမ်းချက်အား တိကျ သေချာစွာ လိုက်နာရန် ထုတ်ပြန် ထားကြောင်း စုံစမ်းသိရှိရသည်။

နေပြည်တော်တွင်လည်း လုံခြုံရေး အထူးတင်းကျပ်လျက်ရှိပြီး အစိုးရ၀န်ကြီးဌာနများနှင့် စစ်ရုံးများတွင်း ယခင်ထက်


လုံခြုံရေး တိုးမြှင့် ချထားလျက်ရှိကြောင်း နေပြည်တော် ၀န်ထမ်းများက ပြောသည်။

ပါတီမှတ်ပုံ မတင်ဘဲ စည်းရုံးရေး ဆင်းမှုများရှိနေ

ခက်ထန် Friday, April 23, 2010

ပါတီမှတ်ပုံ မတင်သေးသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖ)ွံ့ သည် အစိုးရက ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်
ဆန့်ကျင်လျက် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

စည်းရုံးရေးလုပ်ရာတွင် ကြံ့ဖွံ့နှင့် အတူ ပါတီထောင်ခွင့် မကျသေးသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) သည်လည်း ပါဝင်သည်။

၁၉၉၀ တွင် ရွေးကောက်ပွဲ ဝင်ခဲ့ဖူးသည့် တည်ဆဲပါတီ ၁၀ ခုအနက် ပြန်လည် မှတ်ပုံတင်သော ပါတီ ၃ ခုတွင် တစညလည်း ပါဝင်သည်။ တခြားပါတီဟောင်း နှစ်ခုမှာ
ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ်နှင့် မြို (ခေါ်) ခမီ အမျိုးသား ညီညွတ် ရေး အဖွဲ့ (မ၊ ခ၊ မ၊ ည၊ ဖ) တို့ ဖြစ်သည်။

“ရပ်ကွက်တွေထဲ လိုက်ပြီးတော့ သူတို့ တစညနဲ့ ကြံ့ဖွံ့တွေ စည်းရုံးရေး ဆင်းနေတယ်ကြားတယ်လေ၊ သူတို့ ပါတီထဲ ပါမလား ဆိုပြီး လိုက်ပြီး စာရင်းတွေ ကောက်နေတယ်၊
အန်ကယ်တို့ကတော့ ကိုယ့်ဟာကိုယ် လုပ်ကိုင် ရှာဖွေ စားသောက်နေ ကြတာ၊ ဘယ်ပါတီ၊ ဘယ်နိုင်ငံရေးကိုမှ စိတ်မဝင်စားဘူးလို့ ပြောလိုက်တယ်”ဟု ဒဂုံမြို့သစ်
တောင်ပိုင်းမှ အငြိမ်းစား ကျောင်းဆရာ တဦးက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း (၂)၊ ပုဒ်မ ၃ (ခ) အရ ကော်မရှင်က စိစစ်၍ ခွင့်ပြုပြီး ပါတီထောင်ခွင့် ရမှသာ စည်းရုံးခွင့် ရမည်ဖြစ်သည်။ ယင်း
ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုလိုက်သော ပါတီမှာ နှစ်ခုသာ ရှိသေးသည်။

ဦးရဲထွန်း၏ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် နှင့် ဦးအေးလွင်၏ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်င)ံ တို့ကို
နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုကြောင်း ဧပြီ ၂၂ ရက်နေ့တွင် ကော်မရှင်က ကြေညာ သည်။

ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၅ (စ) အရ ပြည်ထောင်စု တဝန်းလုံး စည်းရုံးရေးဆင်းမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း
၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တထောင်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် စည်းရုံးမည့် ပါတီ ဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ငါးရာ စုဆောင်း ရမည်ဟု
ပြဋ္ဌာန်းထားသည်။

ဦးအေးလွင်က“လူတထောင်တို့၊ ငါးရာတို့ တင်ရမှာဆိုတော့ လူစုဆောင်းရေး လုပ်ရတာပေါ့၊ အဲဒီအခါကျတော့ ပါတီ ထူထောင်ရေး ကိစ္စမှာလည်း လူစုဆောင်းပြီးလုပ်မှ
ရမယ့် အခြေအနေ ဖြစ်နေတာကိုး၊ ဒါကိုပဲ စည်းရုံးရေးလို့ ပြောရင်လည်း ပြောလို့ ရမယ်”ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) မှ ဦးသုဝေကလည်း“သူတို့ တစည၊ ကြံ့ဖွံ့ တို့ကတော့ လုပ်နိုင်တာပေါ့၊ အစိုးရက ခွင့်ပြု ထားတာကိုး၊ ကိုယ်တွေက ကိုယ့်ဟာကိုယ် စုပြီး
လုပ်ရတာ၊ ဒါပေမယ့် သူတို့လောက် မလုပ်နိုင်ဘူး”ဟု ဧရာဝတီသို့ ပြော သည်။

ပါတီ ဖွဲ့ခွင့် မရှိသေးသဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မသိမသာ စည်းရုံးမှုများကို မြို့နယ်များ၌ ဒီမိုကရက်တစ် ပါတီက ပြုလုပ်နေကြောင်းလည်း ဦးသုဝေက ဆိုသည်။

လပွတ္တာမြို့ခံ တဦးကလည်း“ဒီမှာ စည်းရုံးရေး ဆင်းနေတာကတော့ တစည ရယ်၊ ကြံ့ခိုင်ရေး ရယ် ရှိတယ်၊ တခြားအဖွဲ့ အစည်းတွေတော့ မရှိဘူး၊ ပါတီ မှတ်ပုံ တင်မထားဘဲ
အခုလို စည်းရုံးရေး ဆင်းတာကတော့ သူတို့က အစိုးရနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရနောက်ခံ အဖွဲ့အစည်းတွေပဲလေ”ဟု ပြောသည်။

ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၌ လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင်ဖွဲ့စည်းစဉ်က နိုင်ငံ ရေး နှင့် မပတ်သက်ဟု ဆိုခဲ့သော်လည်း
နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့သည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ကြံ့ဖွံ့သည် လမ်းခင်းခြင်း၊ ငွေချေးခြင်း၊ ဆေးပေးခန်း ဆောက်လုပ်ခြင်းများဖြင့် စည်းရုံး ရေး ဆင်းနေသည်။ ဖြိုးစေတနာ အမည်ရှိ
အခမဲ့ဆေးခန်းများကို ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် အများအပြားတွင် ဖွင့်လှစ် နိုင်ရန် ကြံ့ဖွံ့က စီစဉ်နေကြောင်း သိရသည်။

“တချို့နေရာတွေမှာ ကြံ့ခိုင်ရေးတို့၊ တစညတို့ စည်းရုံးရေး ဆင်းနေတယ်ဆိုတာ ကြားရတယ်ဗျာ၊ အဲဒါကတော့ သူတို့ နည်းနည်း ဆန္ဒစောနေတယ်လို့ ကျနော် မြင်တယ်”ဟု
ဦးအေးလွင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းတွင် ကြံ့ဖွံ့နှင့် တစည တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်ရှိ ရိုဟင်ဂျာများကို ဆန်၊ အဝတ်အစားများ ပေးခြင်း၊ မှတ်ပုံတင်ကတ်
ထုတ်ပေးမည်ဟု ပြောဆို စည်းရုံးခြင်းများ ရှိကြောင်း သိရသည်။

ကြံ့ဖွံ့နှင့် တစညတို့၏ စည်းရုံးရေး လှုပ်ရှားမှုများသည် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ဆန့်ကျင် ဖောက်ဖျက်ရာ ကျသော်လည်း ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်း
အရေးယူခြင်းရှိကြောင်း မကြားသိရသေးပေ။
ပါတီများသည် ရက် ၉၀ အတွင်း သတ်မှတ် ပါတီဝင်ဦးရေ ပြည့်မီရန် မစည်းရုံးနိုင်ပါက မှတ်ပုံတင်ခြင်း နည်းဥပဒေ၊ အခန်း (၃)၊ အပိုဒ် ၁၃ (ဂ) အရ ရွေးကောက်ပွဲ
ကော်မရှင်က ယင်းပါတီအား ဖျက်သိမ်းခွင့်ရှိသည်။

ကော်မရှင်သို့ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသော ပါတီသစ် ၁၆ ခုနှင့် ပြန်လည် မှတ်ပုံတင်သော ပါတီဟောင်း ၃ ခု စုစုပေါင်း ပါတီ ၁၉ ခုရှိပြီဖြစ်သည်။

မိုးသက်လေပြင်းကျ ကလေး ၂ ဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

ဧရာဝတီ Friday, April 23, 2010

မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် တချို့၌ မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံး၍ ၁၄ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင်
ယနေ့ ဖော်ပြ ထားသည်။

မိုးသက်လေပြင်းသည် ရှမ်းပြည်နယ် မူဆယ်ခရိုင် အတွင်းရှိ ကြူကုတ် (ပန်းဆိုင်း)၊ တာမိုးညဲ၊ လားရှိုး၊ ကွမ်းလုံ၊ မန္တလေး တိုင်း ညောင်ဦး၊ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နှင့်
ချင်းပြည်နယ် တွန်းဇံမြို့များ၌ ပြီးခဲ့သည့် အင်္ဂါနေ့က တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

လားရှိုးမြို့နယ် ပန်ဟုန်ရွာတွင်လည်း လေပြင်းတိုက်ခတ်ပြီး သစ်ပင်များ ပြိုလဲမှုကြောင့် သစ်ကိုင်းကျိုးပိ၍ ကလေးငယ် ၂ ဦး သေဆုံးပြီး ကလေး၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊
ယင်းမိုးသက်လေပြင်း တိုက်ခတ်ရာ မြို့နယ်များရှိ ဒေသခံ စုစုပေါင်း ၁၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းစာ က ဖော်ပြထားသည်။

လားရှိုးမြို့မှ ဦးစိုင်းမြင့်မောင်က“လားရှိုးမြို့ပေါ်မှာတော့ အများကြီးတော့ မဟုတ်ဘူး၊ မိုးလေကျပြီးတော့ ၁၀ မိနစ်လောက်ပါပဲ၊ ခြံထဲမှာ အပင်လေး နည်းနည်းပါးပါး ကျိုးတယ်၊
လမ်းတွေမှာ အပင်တွေ ကျိုးတယ်၊ ဒါလောက်ပါပဲ”ဟု ဧရာဝတီသို့ ပြောပြသည်။

ယင်း မိုးသက်လေပြင်း တိုက်ခတ်သောကြောင့် အဆောက်အအုံ တချို့ အမိုးလန်ခြင်း၊ သစ်ပင်များပြိုလဲခြင်း နှင့် တယ်လီဖုန်းတိုင် ပြိုလဲပြတ်တောက်ခြင်းများ ဖြစ်ပွားခဲ့ပြီး
ဒဏ်ရာရသူများမှာ သက်ဆိုင်ရာ မြို့နယ်ရှိ ဆေးရုံများတွင် ဆေးကုသမှု ခံယူလျက် ရှိ ကြောင်း သိရသည်။

အလားတူပင် ယခုလ ၁၆ ရက်နေ့ (သင်္ကြန် အတက်နေ့)တွင်လည်း မိုးသက်လေပြင်း တိုက်ခတ်ခဲ့သည့် အတွက် မန္တလေးမြို့ ကျုံးမြောက်ဘက်ခြမ်းရှိ ရေကစား မဏ္ဍပ်တချို့
ပြိုကျပျက်စီးခဲ့သည်။

ထို လေပြင်း တိုက်ခတ်မှုမှာ ၁၀မိနစ်ခန့်သာ ကြာမြင့်သော်လည်း မန္တလေးနန်းတွင်း၏ မြောက်ဘက်ခြမ်းရှိ မဏ္ဍပ် ၁၄ ခုခန့် ပျက် စီးသွားကြောင်း၊
အလုပ်သမားဆေးရုံကြီးရှေ့ရှိ ကျန်းမာရေးဝန်ကြီးဋ္ဌာန မဏ္ဍပ် နှင့် တခြားသော မဏ္ဍပ်တခုတို့ ပြိုကျသွား ကြောင်း မန္တလေးမြို့ခံများက ပြောသည်။

NLD လူငယ်ခေါင်းဆောင်များ စည်းရုံးရေးကွင်းဆင်း

မြင့်မောင် | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါတီသက်တမ်းကုန်ကာလအတွက် ကြိုတင်ပြင်ဆင်သောအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်ခေါင်းဆောင်များက မြို့နယ် ၆ဝ တွင်


ကွင်းဆင်းရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

လူထုအကြား လူမှုရေးလုပ်ငန်းများ လုပ်ကိုင်မည့် စီမံကိန်းအတွက် လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ဝင်များက လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း ကချင်၊
ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများတို့ လှည့်လည်ပြီး ဆွေးနွေးမှုပြုကြသည်။

“အဓိကကတော့ စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ အန်တီစု လွတ်လာတဲ့အခါမှာ စုစည်းညီညွတ်ပြီး ပါတီအင်အား ပြုန်းမသွားဖို့၊ လူမှုရေးလုပ်ငန်းတွေကို အဓိက
ဆောင်ရွက်လို့ ရတယ်။ ကျနော်တို့ရုံးတွေ ပိတ်ကောင်း ပိတ်နိုင်တယ်၊ ပါတီဆိုင်းဘုတ်တွေ ချကောင်းလည်း ချနိုင်တယ်။ သို့သော် ကျနော်တို့ ပါတီဝင်တွေအချင်းချင်း
အဆက်အသွယ်တွေတော့ ရှိနေရမယ်” ဟု စည်းရုံးရေးခရီးစဉ်သွားရောက်ခဲ့သူ လူငယ်လုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ (၃) ကိုအေးထွန်းက မဇ္ဈိမကို ပြောသည်။

“ လူငယ်တွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်မယ်။ ဝါးအစည်း ပြေမသွားအောင်၊ စနစ်တကျ စုစည်းထားနိုင်အောင်လို့ ဒါကို ဆောင်ရွက်ညှိနှိုင်း လုပ်ဆောင်တာပါ။
ပြည်နယ်စည်းကနေပြီးတော့ ရပ်ကျေးတွေရော၊ မြို့နယ်က လူတွေရောကို အစည်းအဝေး ခေါ်ထားတော့ တက်ရောက်လာတဲ့ အဖွဲ့ဝင်တွေကို ရှေ့လုပ်ငန်းစဉ်တွေနဲ့
ပတ်သက်ပြီး ရှင်းပြတယ်။ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ ရှိရမယ်။ အဖွဲ့အစည်းကတော့ ပျက်သွားတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံကတော့ ဒီအတိုင်းပဲ ရှိရမယ်။
ဆောင်ရွက်စရာရှိတာကို ဆက်လက်ဆောင်ရွက်သွားမယ်” ဟု သူက ဆက်ပြောသည်။

လာမည့်လ ၆ ရက်နေ့ ပါတီသက်တမ်း ကုန်ပြီးနောက် အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး၊ HIV/AIDS ဝေဒနာသည်များ စောင့်ရှောက်ရေး အပါအဝင်
လူမှုရေးလုပ်ငန်းများ ဆက်လုပ်ရန်အတွက် ရည်ရွယ်ထားကြောင်း မန္တလေးတိုင်း NLD လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

“ပါတီအနေနဲ့ ရှေ့လာမယ့် အနာဂတ်မှာ ပါတီဆိုင်းဘုတ် မရှိပေမယ့် အဖွဲ့ချုပ် လုပ်ဆောင်နေကျ လုပ်ငန်းတွေကို ဆက်လုပ်သွားမယ်၊ ပါတီမှာ လက်ရှိထမ်းဆောင်နေတဲ့
အဆင့်တွေအတိုင်း ဆက်လုပ်မယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ပါတီဝင်တွေကလည်း လက်ရှိ ပါတီမှာ ထမ်းဆောင်နေတဲ့ အဆင့်တွေအတိုင်းပဲ ဆက်လုပ်သင့်တဲ့
ပါတီလုပ်ငန်းစဉ်တွေကို ဆက်လုပ်သွားဖို့၊ ပါတီဝင်တွေနဲ့ ညှိနှိုင်းတိုင်းပင်ပြီး လုပ်သွားနိုင်ဖို့ ရည်ရွယ်ထားတယ်” ဟု သူကပြောသည်။

အင်အားအကောင်းဆုံးအချိန်က ပါတီဝင် ၂၂ သန်းအထိ ရှိခဲ့သော အန်အယ်ဒီတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ လူငယ်ဟု သတ်မှတ်ထားကာ ပါတီ၏ဆုံးဖြတ်ချက်တွင်
သြဇာသက်ရောက်မှုရှိသော အင်အားစုတစုဖြစ်သည်။ အခြားသော တိုင်းနှင့် ပြည်နယ်များကိုလည်း လူငယ်ခေါင်းဆောင်များ လှည့်လည်ရန် ပြင်ဆင်ထားသည်။

ပါတီဖျက်သိမ်းခံရလျှင် စုစုစည်းစည်းဖြင့် လုပ်ငန်းဆောင်တာများ ပြုလုပ်ရေး မည်သို့ပြုလုပ်မှာလဲဆိုသည်က ပါတီဝင်များရော စောင့်ကြည့်လေ့လာသူများအကြား


စိတ်ဝင်စားမှုဖြစ်နေခဲ့သည်။

တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေများကြောင့် ပါတီအား ပြန်လည်၍ မှတ်ပုံမတင်ရန် ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ရန်ကုန် NLD ရုံးချုပ်၌ ဗဟိုအလုပ်အမှုဆောင်
ကော်မတီ CEC နှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

ပလောင်ပါတီ မှတ်ပုံတင်

ကျော်ခ | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တောခိုလက်နက်ကိုင် အဖွဲ့ဟောင်း ပလောင်အမျိုးသားပါတီက နိုင်ငံရေးပါတီ ထူထောင်ခွင့် လျှောက်ထားလိုက်ရာ မှတ်ပုံတင်ခွင့်လျှောက်သော


တိုင်းရင်းသားအခြေပြုပါတီ ၉ ဖွဲ့ ရှိသွားပြီဖြစ်သည်။

ပါတီထူထောင်ခွင့် လျှောက်ထားသော စုစုပေါင်း ၁၉ ဖွဲ့တွင် ကရင်၊ ပအိုဝ့်၊ ကချင်၊ ချင်း၊ မြို ခေါ် ခမီ၊ ရှမ်း၊ ပလောင်၊ ဝ’ စသည့် တိုင်းရင်းသားများမှ ၉ ပါတီ ဖြစ်သည်။

ယခုလ ၈ ရက်နေ့က ပလောင်အမျိုးသားပါတီက လျှောက်လွှာတင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကျောက်မဲ၊ ကွတ်ခိုင် မြို့နယ်များမှ ဝင်ပြိုင်မည်ဟု
သိရသည်။

“ပလောင် တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင်ပေါ့ဗျာ။ ဒေသဖွံ့ဖြိုးတိုးတက်အောင်ပေါ့။ အဲဒါကြောင့် ရတဲ့အနေအထား၊


ရတဲ့အဆင့်ကနေပြီးတော့ ဝင်ကြည့်ရတာပေါ့” ဟု အထွေထွေအတွင်းရေးမှူး မိုင်းအုန်းခိုင်က မဇ္ဈိမကို ပြောသည်။

သို့သော် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသား ပြည်သူများ၏ အခွင့်အရေးကို အကာကွယ် မပေးနိုင်ကြောင်းကိုမူ မိုင်အုန်းခိုင်က ဝန်ခံပြောဆိုသည်။

လက်ရှိ အဖွဲ့ဝင်ဦးရေ ၅ဝ ရှိသော ပါတီ၏ ဥက္ကဋ္ဌ မိုင်းအိုက်မုန့် အပါအဝင် အများစုမှာ ယခင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ် Palaung State Liberation Army မှ
ဖြစ်သည်။ PSLA သည် ၁၉၆၃ ခုနှစ်မှစ၍ လက်နက်ကိုင် တော်လှန်ခဲ့သော်လည်း ၂ဝဝ၅ ခုနှစ်တွင် စစ်အစိုးရထံသို့ အပြီးတိုင် လက်နက်ချခဲ့သည်။

အပစ်ခတ်ရပ်စဲလိုက်ချိန်ကပင် အဖွဲ့ဝင်အချို့က မကျေနပ်၍ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး Palaung State Liberation Front ကို ထိုင်း-မြန်မာနယ်စပ်တွင်
ထူထောင်လိုက်ကြသည်။

PSLF ဥက္ကဋ္ဌ မိုင်းအိုက်ဖုန်းက ရွေးကောက်ပွဲဝင်ခြင်းဖြင့် ပလောင်တို့အတွက် အကျိုးမဖြစ်နိုင်ဟု ပြောသည်။

“၂ဝဝ၈ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေကို ကြည့်မယ်ဆိုရင် နအဖရဲ့ ပါတီတွေကလွဲရင် တိုင်းရင်းသားပါတီတွေဟာ အဖြည့်ခံသာဖြစ်တယ်။ အဲဒါကြောင့်


ပလောင်လူမျိုးတွေအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မယုံကြည်ဘူး” ဟု မိုင်းအိုက်ဖုန်းက ပြောသည်။

သူက PLSA လက်နက်အပ်လိုက်ပြီးချိန်မှစ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း မလုပ်နိုင်တော့ခြင်းကို ထောက်ပြ ပြောဆိုသွားသည်။

ပါတီထူထောင်ခွင့် လျှောက်သည့် ပါတီများအနက်မှ စစ်အစိုးရနှင့် ရင်းနှီးသည့် ဦးအေးလွင်နှင့် သူ၏ ညီအရင်းဖြစ်သူ ဦးရဲထွန်းတို့ ခေါင်းဆောင်ကြသော “၈၈ မျိုးဆက်
ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်င)ံ ” နှင့် “ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်” တို့ကို ပါတီထူထောင်ခွင့် ယမန်နေ့က
ခွင့်ပြုလိုက်ပြီဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)
ပညာတော်သင်များ သတင်းပေးဖြစ်မှာ လွှတ်တော်အမတ် စိုးရိမ်

စိုင်းဇွမ်ဆိုင်း | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ပညာတော်သင် မြန်မာအစိုးရဝန်ထမ်းများက နယူးဇီလန်ရောက် ဒီမိုကရေစီ လိုလားသော မြန်မာအသိုင်းအဝိုင်းကို စုံစမ်းထောက်လှမ်းမှာ


စိုးရိမ်ကြောင်း လွှတ်တော်အမတ် မစ္စ မာယန် စထရီက ယနေ့ ပြောဆိုလိုက်သည်။

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရေး မက်ကူလီ Murray McCully က မြန်မာအစိုးရ ဝန်ထမ်း ၃ ဦး နယူးဇီလန်သို့ ပညာသင်ကြားရန် ရောက်ရှိနေကြောင်းနှင့်
ဆက်လက်ရောက်လာရန် ကျန်ရှိနေသေးကြောင်း အတည်ပြုချက်ပေးလိုက်ပြီးနောက် သူမက ပြေကြားလိုက်ခြင်း ဖြစ်သည်။

“စစ်အစိုးရရဲ့ ဝန်ထမ်းတွေ ရောက်ရှိလာတာဟာ သူတို့အိမ်အပြန်မှာ ဂုဏ်ပြုခံရဖို့အတွက် နယူးဇီလန်မှာရှိနေတဲ့ မြန်မာအသိုင်းအဝိုင်းရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို


ထောက်လှမ်းဖို့ ဖြစ်နေမှာကို ကျမတို့ စိုးရိမ်ပါတယ်” ဟု အတိုက်အခံပါတီ လေဘာပါတီသစ်မှ မစ္စ မာယန် စထရီ Maryan Street က မဇ္ဈိမကို ပြောသည်။

နယူးဇီလန်သည် မြန်မာနိုင်ငံနှင့် တရားဝင် ဆက်ဆံရေးကို ၂ဝဝ၈ ခုနှစ်တွင် ရပ်တန့်ခဲ့ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုလို မြန်မာဝန်ထမ်းများကို
ခေါ်ယူပညာသင်ပေးခြင်းကို ၂ဝဝ၉ အကုန်ပိုင်းတွင် ဆုံးဖြတ်ခဲ့သည်ဟုလည်း သူမက ဆိုသည်။

မစ္စ မာယန် စထရီသည် မြန်မာပြည် ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် နယူးဇီလန် ပါတီစုံက လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသော Burma Corss-Party
Parliamentary Group ၏ ဥက္ကဋ္ဌ လည်း ဖြစ်သည်။

“စစ်အစိုးရကို အခုလို ပုံစံမျိုးနဲ့ ပံ့ပိုးပေးနေတာမျိုးကို ကျမတို့ လက်မခံပါဘူး” ဟု သူမက ပြောကြားလိုက်ပြီး ပညာသင်ခေါ်ယူသည့် အစီအစဉ် ရပ်တန့်အောင်
ကြိုးပမ်းသွားမည်ဟု ပြောသည်။

အော်တာဂို တက္ကသိုလ်တွင် ၆ လကြာ အင်္ဂလိပ်စာသင်ကြားသော မြန်မာတဦးချင်းအတွက် အမေရိကန်ဒေါ်လာ ၃၅ဝဝဝ ကုန်ကျသည်။

၁၉၉၈ ခုနှစ်မှ စတင်၍ နယူးဇီလန်သို့ ပညာသင်သွားရောက်ခဲ့သော မြန်မာပေါင်း ၃၅ ဦးရှိကြောင်း အော်တာဂို ဒေးလီးတိုင်းမ် သတင်းတွင် ပါရှိသည်။

မစ္စတာ မာရေး မက်ကူလီက နယူးဇီလန်အစိုးရ၏ လုပ်ရပ်မှာ အမေရိကန်ဦးဆောင်သော နိုင်ငံတကာ အသိုင်းအဝိုင်း၏ မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေးမူအတိုင်း
လိုက်ပါလုပ်ဆောင်မှုဖြစ်ကြောင်း ကာကွယ်ပြောဆိုထားသည်။

အမတ်တနေရာရလျှင်ပင် အကျိုးရှိမည်ဟု ရှမ်းပါတီသစ် ပြောဆို

ခိုင်စု | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ လွှတ်တော်အတွင်း နေရာတနေရာ ရရှိလျှင်ပင် ပြည်နယ်အကျိုးရှိမည်ဟု ယုံကြည်သဖြင့် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မှ


ပါတီအသစ်တခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြောဆိုသည်။

ယခုလ ၈ ရက်နေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်၌ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ရှမ်းပြည်နယ်ရှိ ၅၅ မြို့နယ်အနက် မြို့နယ် ၄ဝ ခန့်နှင့် အခြား
ပြည်နယ်/တိုင်း မြို့နယ်တချို့တွင်ပါ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။

“ကျနော်တို့က ရှမ်းပြည်နယ်အပြင် ရှမ်းတိုင်းရင်သားတွေရှိတဲ့ တိုင်းနဲ့ ပြည်နယ် တချို့မှာလည်း ဝင်ပြိုင်သွားမယ်။ နိုင်ခြေရှိတဲ့ နေရာတွေမှာ ဝင်ပြိုင်သွားမယ်။ အစိုးရအသစ်
ပေါ်လာတဲ့အခါ ကိုယ်က လွှတ်တော်မှာ နေရာတခု ရထားရင် ပြည်နယ်အကျိုး၊ အမျိုးသားအကျိုး ဆောင်ရွက်နိုင်မှာပါ” ဟု ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါဝ်းက မဇ္ဈိမကို
ပြောသည်။

ပါတီအား ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူးဟောင်းဖြစ်ပြီး၊ ဆားလုပ်ငန်းနှင့် ကောဖီခြံ စိုက်ပျိုးရေးလုပ်ငန်းရှင် ဦးစိုင်းအိုက်ပေါဝ်းက
ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး၊ ၁၉၉ဝ ရွေးကောက်ပွဲတွင် ကျောက်မဲမြို့ မဲဆန္ဒနယ် အမှတ် ၂ မှ ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက ဒုဥက္ကဋ္ဌ
ဖြစ်သည်။

ကျောင်းဆရာဟောင်းနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နာယကဖြစ်သော ဦးစိုင်းအိုက်ပေါင်းသည် ရန်ကုန်ရောက် ရှမ်းများအကြား ထင်ပေါ်ကျော်ကြားသူဖြစ်သည်။

သူ၏ ပါတီဟောင်းဖြစ်သည့် SNLD ကမူ ထောင်ဒဏ်နှစ်ရှည်ကျခံနေရသော ပါတီခေါင်းဆောင်များကို လွှတ်ပေးမှသာ ရွေးကောက်ပွဲဝင်ရေး စဉ်းစာမည်ဟု


ကြေညာထားသည်။ SNLD သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၃ နေရာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် ဒုတိယအများဆုံး အောင်နိုင်ခဲ့သည်။

ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ရုံးချုပ်ကို ရန်ကုန်တွင် ပါတီရုံးချုပ်ထားရှိမည်ဖြစ်ကာ ပါတီဝင် အရေအတွက်ကို သတ်မှတ်ထားသည့် ကာလအတွင်း ပြည်မီအောင်
စည်းရုံးနိုင်လိမ့်မည်ဟု အသက် ၆၅ နှစ်အရွယ် ပါတီဥက္ကဋ္ဌက ပြောဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းမှနေ၍ ပအိုဝ့် အမျိုးသားအဖွဲ့ချုပ်၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ဝ' ဒီမိုကရေတစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီတို့ ရွေးကောက်ပွဲဝင်ရန် ပါတီတည်ထောင်ခွင့် လျှောက်ထားပြီး ဖြစ်သည်။

ရှမ်းပြည်နယ်တွင် ၅၅ မြို့နယ် ရှိသည့်အနက် ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးတွင် ၆ မြို့နယ်၊ ပအိုဝ့် ကိုယ်ပိုင်အုပ်ခွင့်ရဒေသတွင် ၃ မြို့နယ်၊ (တအောင်း) ပလောင်
ကိုယ်ပိုင်အုပ်ခွင့်ရဒေသတွင် ၂ မြို့နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ခွင့်ရဒေသတွင် ၂ မြို့နယ်နှင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ်တို့လည်း ပါဝင်သည်။

ပြည်သူ့စစ်ပြောင်းရန် မွန်ပြည်သစ် ငြင်းဆို

ဖနိဒါ | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆိုနေသော မွန်ပြည်သစ်ပါတီ New Mon State Party (NMSP) က ပြည်သူ့စစ်အဖြစ်
ပြောင်းလဲရေးကိုလည်း လက်မခံကြောင်း ပါတီတာဝန်ရှိသူက ယနေ့ ပြောဆိုလိုက်သည်။

ယခင်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ဖိအားပေးနေရာမှ ယခုလ ၇ ရက်နေ့ ၌ စရဖ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က NMSP ဒုဥက္ကဌနိုင်ရော့စ ဦးဆောင်သည့်
ကိုယ်စားလှယ်များနှင့် မော်လမြိုင် မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ် မပြောင်းလိုပါက ပြည်သူ့စစ် အသွင်ပြောင်းရန် ပြောဆိုခဲ့သည်ဟု
NMSP ပြောခွင့်ရ နိုင်ခြေးမွန်က ဆိုသည်။

ပြည်သူ့စစ် အသွင်ပြောင်းရန်ကိုလည်း ယနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် ရာဇသံပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် NMSP ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ် ရေးချောင်းဖျားဒေသတွင် ယခုလ ၂၁ ရက်နေ့က ဗဟိုအလုပ် အမှုဆောင် အရေးပေါ် အစည်းအဝေးမှ ပြည်သူ့စစ်အဖြစ်
ပြောင်းလဲရန် လက်မခံနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ယင်းဆုံးဖြတ်ချက်အား NMSP မှ ကျန်းမာရေးဌာန တာဝန်ခံ ဗိုလ်မှူးနိုင်လှက အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းထံ ယမန်နေ့ စာဖြင့် ပေးပို့ခဲ့ကြောင်း
သိရသည်။

ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံနိုင်ကြောင်း ထုတ်ပြန်သည့် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို လည်း ထိုင်းနယ်စပ် တနေရာတွင် ယနေ့ ပြုလုပ်ခဲ့သည်။

နိုင်ခြေးမွန်က “အမျိုးသား အခွင့်အရေး ပြဿနာကို ပြေလည်အောင် မဖြေရှင်းပေးနိုင်ခင် တပ်ဖွဲ့များ အသွင်ပြောင်းရန် များစွာ အခက်အခဲ ရှိပါသည်။ မွန်ပြည်သစ်ပါတီနှင့်
တပ်ဖွဲ့ဝင်များ၊ မွန်မျိုးချစ် ပြည်သူ များအနေဖြင့် ပြည်သူ့စစ်ကို လက်ခံလိုသော ဆန္ဒမရှိပါ” ဟု ယနေ့ သတင်းစာရှင်းပွဲ၌ ပြောသည်။

မွန်ပြည်သစ်ပါတီက ၁၉၉၅ ခု အပစ်ရပ်ဆဲစဉ်က စစ်အစိုးရ အကြီးအကဲများက သဘောထား ပေးထားသည့်အတိုင်း နိုင်ငံရေး ကိစ္စများကို နောင်တက်လာမည့် ဒီမိုကရေစီ
အစိုးရသစ်နှင့်သာ ညှိနှိုင်းဆွေးနွေးမည်ဟုလည်း ဆိုသည်။

ထို့ပြင် လက်ရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ အုပ်ချုပ် ကွပ်ကဲမှုအောက်တွင် ထားရှိသင့်ကြောင်းလည်း ပြောသည်။

စစ်အစိုးရလက်အောက်သို့ သွတ်သွင်းမည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်တခုတွင် အင်အား ၃၂၆ ဦး ပါဝင်ပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ အုပ်ချုပ်ရေးအပိုင်းမှ
အရာရှိ ၃၀ ကို ထည့်သွင်းမည် ဖြစ်သည်။

ယနေ့တွင် ရေးချောင်းဖျား အရှေ့ဘက်ရှိ တပျို့ချောင်း Beeree Camp (မွန်ဘာသာဖြင့် တိုးဟပယောက်) ရှိ ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ် နိုင်ထောမော် နေထိုင်သော
မွန်ပြည်သစ်ပါတီရုံးအနီးတွင် နအဖ စစ်သားများ ရောက်ရှိလာကြောင်း မဇ္ဈိမမှ စုံစမ်း သိရှိရသည်။

လက်နက်ကိုင် စစ်သည်အင်အား ၇၀၀ ခန့်ရှိ NMSP က ထိန်းချုပ်နယ်မြေ မော်လမြိင်ခရိုင်၊ ထားဝယ်ခရိုင်၊ သထုံခရိုင်၊ ရေးချောင်းဖျားရှိ ဗဟိုကွင်၊ ဘုရားသုံးဆူဒေသများ
ဖြစ်သည်။

စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲပြုလုပ်သော်လည်း မြန်မာပြည် နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း မဟုတ်ကြောင်းလည်း
ထုတ်ဖော် ပြောဆိုထားသည်။

NMSP ပါတီသည် အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမျိုးသားညီလာခံ၏ လုပ်ထုံး လုပ်နည်းများအပေါ် သဘောမတူသဖြင့် အမျိုးသားညီလာခံမှ
ပြန်ထွက်ကာ လေ့လာသူ အဖြစ်သာ ဆက်လက် တက်ရောက်ခဲ့သည်။
၁၉၅၈ ခုနှစ်အတွင်း တည်ထောင်ခဲ့သည့် NMSP သည် မွန်အမျိုးသားများ အပါအဝင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်
လက်နက်ကိုင် လမ်းစဉ်ဖြင့် တိုက်ပွဲဝင်ခဲ့ရာမှ ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်အခတ်ရပ်စဲခဲ့သည်။

စစ်အစိုးရသည် ပြိုင်ဘက်ဖြစ်မည်ဟု ပဒမတ ပြော

မင်းသက် | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၀၂ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ထောင်စု ဒီမိုကရေစီပါတီသာ ရွေးကောက်ပွဲဝင်ခွင့် ရမည်ဆိုပါက ပြိုင်ဘက်ပါတီမှာ လက်ရှိ စစ်အစိုးရက ထူထောင်လာမည့် ပါတီများ
ဖြစ်လာလိမ့်မည်ဟု ပါတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းက ဟောကိန်းထုတ်လိုက်သည်။

ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းခွင့် လျှောက်ထားသော ပဒမတ ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်း၌


ယနေ့ကျင်းပရာတွင် ပြောသွားခြင်း ဖြစ်သည်။

တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီး ဘက်စုံပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်အောင် စီစဉ်ခြင်း၊


မီဒီယာလွတ်လပ်ခွင့်ပေးခြင်းနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများကို ခွင့်ပြုခြင်းတို့ လုပ်ပေးသင့်သည်ဟုလည်း နိုင်ငံရေး
အကျဉ်းသားဟောင်းဖြစ်သူ ဦးဖြိုးမင်းသိမ်းက ပြောသည်။

စစ်အစိုးရမှာမူ ၎င်း၏ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ သတင်းမပေါက်အောင် လုပ်ဆောင်လျက် ရှိသည်။ သို့သော် ခြင်္သေ့တံဆိပ်ကိုပင်
အသုံးပြုသွားမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားကြီးပွားတိုးတက်ရေးပါတီတို့ အပါအဝင် ပါတီ ၃ ခုကို တိုက်ရိုက်ထူထောင်မည်ဟု
ကြံ့ဖွံ့ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ၏ သြဇာမကင်းသောသူများကို ပါတီများ မှတ်ပုံတင်ခြင်း ပြုလုပ်ခိုင်းပြီး စောင့်ကြည့်သွားမည်ဟုလည်း တိုင်းအဆင့်ရှိ ကြံ့ဖွံ့ခေါင်းဆောင်က ပြောသည်။

ကြံ့ဖွံ့အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု အဖွဲ့ခေါင်းဆောင်များအကြား ကျယ်ပြန့်စွာ ယုံကြည်နေကြသည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်င)ံ ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုသားနိုင်ငံရေးအဖွဲ့ချုပ်တို့ကို ပါတီမှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း


ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

အဓိက အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေကို လက်မခံနိုင်သဖြင့် ပါတီမှတ်ပုံပြန်မတင်ရန်


ဆုံးဖြတ်ထားသည်။ ပြည်ပရောက် အတိုက်အခံအဖွဲ့များက ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းမှု ပြုလာနေကြသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ရည်ရွယ်၍ မှတ်ပုံတင်လျှောက်ထားသော ပါတီသစ် ၁၆ ဖွဲ့နှင့် ပါတီဟောင်း ၃ ပါတီ ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ အပိုင်း - ၆ဝ

မင်းဟန် | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၀၆ မိနစ်

(၂ဝ၉)
၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကိုယ်စားပြုသည့် မဲဆန္ဒနယ်မြေပေါင်းက ၄၃၇ နေရာ ရှိသည်။
တနိုင်ငံလုံး၏ မဲဆန္ဒနယ်မြေ ၄၈၅ နေရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ကိုယ်စားပြုသည့် မဲဆန္ဒနယ်မြေက ၄၃၇ နေရာဖြစ်၍ ရာခိုင်နှုန်းအရ ၉ဝ.၁ဝ
ရာခိုင်နှုန်း ရှိနေသည်။

၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာပြည်သူလူထုကြီးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီနှင့် ပတ်သက်၍


ပန်ကြားလွှာတစောင် ထုတ်ပြန်၏။ ပန်ကြားလွှာက ရိုးရိုးရှင်းရှင်းနှင့် ပြည်သူအား ပွင့်ပွင့်လင်းလင်း တင်ပြအစီရင်ခံထားခြင်း ဖြစ်၏။

“ဒီလိုကော်မတီကို ဖွဲ့ရတာကတော့ ကျမတို့ လွှတ်တော်ခေါ်ယူရေးကိစ္စကို မဖြစ်မြောက်အောင်လို့ အာဏာပိုင်တွေကနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို


ထိန်းသိမ်းလိုက်လို့ ဖြစ်ပါတယ်။ ဒီလို လွှတ်တော် ကိုယ်စားလှယ်တွေကို ထိန်းသိမ်းထားတဲ့အခါကျတော့ လွှတ်တော်ရဲ့ လုပ်ငန်းတွေကို လုပ်နိုင်ဖို့ ဒီကော်မတီကို
ဖွဲ့လိုက်တာပါ။ MANDATE ပေးထားတာ ၅ဝ % ကျော်တာကြောင့်မို့လို့ လွှတ်တော်ကိုယ်စား အလုပ်လုပ်ပိုင်ခွင့် ရှိတယ်လို့ ကျမ ပြောချင်ပါတယ်။ ဒီတော့…
လွှတ်တော်ကိုယ်စား ကျမတို့ကနေပြီးတော့ ဆက်ပြီးတော့ လုပ်သွားမှာပါ။ ၁၉၉ဝ ခုနှစ်က ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ဟာ ပြည်သူလူထုရဲ့ သဘောထားနဲ့
ကိုက်ညီပြီးတော့ ဒီမိုကရေစီမူတွေနဲ့လည်း ကိုက်ညီတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတခုကို အတည်ပြုပြီးတော့မှ ဒီလွှတ်တော်ရဲ့ သက်တမ်းဟာ ကုန်မှာပါ။
ဒီလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရမှာ ဖြစ်ပါတယ်။ ဒီလွှတ်တော်က အတည်မပြုတဲ့ ဥပဒေတွေဟာ တရားမဝင်ဘူးဆိုတာကို ကျမတို့
ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ကျမတို့ တာဝန်အရ … အခု လွှတ်တော်ကိုယ်စားပြု ကော်မတီကို ဖွဲ့ပြီးတော့ လုပ်ငန်းများကို စတင်ပြီး လုပ်ဆောင်နေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနဲ့တကွ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလက်ခံတဲ့ ကမ္ဘာ့ပြည်သူပြည်သားများ အားလုံးအား ကျမတို့ကို ထောက်ခံအားပေးကြမယ်လို့
မျှော်လင့်ပါတယ်”

ပန်ကြားလွှာ၏ အဆုံးတွင်မ…
ူ ဒေါ်အောင်ဆန်းစုကြည်မှ လက်မှတ်ထိုးထား၏။

(၂၁ဝ)
၁၉၉၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေးအား ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ပင် ကျင်းပ၏။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ပြဋ္ဌာန်းထားသည့် ဥပဒေအမှတ် ၄/၈၈ …“ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ၊ ဥပဒေအမှတ် ၆/၈၈ …“
အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ” နှင့် ဥပဒေအမှတ် ၁၄/၈၉…“ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ” တို့မှ ဒီမိုကရေစီကျင့်ထုံး၊ ကျင့်နည်းများနှင့်
မကိုက်ညီသည်တို့ကို ပြင်ဆင်၍… ပြည်သူ့လွှတ်တော်တွင် အတည်ပြုရန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေးမှ သဘောတူညီကြောင်း
ဆုံးဖြတ်ချက်ချ၏။ ပြီးလျှင်…

၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ၊ ပုဒ်မ ၅ နှင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ပုဒ်မ ၁ဝ
တို့အား ပြည်သူ့လွှတ်တော်တွင် ပယ်ဖျက်ရန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေးက ဆုံးဖြတ်၏။ ရွှေဂုံတိုင်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်
ကိုယ်စားပြုကော်မတီ အစည်းအဝေးက… ပြည်သူ့လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများ၊ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး ဥပဒေများ၊ နိုင်ငံသားများ၏ အခွင့်အရေးများ
ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ၊ တက္ကသိုလ်များ အက်ဥပဒေ၊ အများပြည်သူများအား အတင်းအကျပ် လုပ်အားပေးစေခိုင်းခြင်းနှင့် ပတ်သက်သည့်
ကျေးရွာအက်ဥပဒေပုဒ်မ ၈ နှင့် ၁၂ တို့အား ပြန်လည်၍ သုံးသပ်ပြီး ပြင်ဆင်သွားရန်အတွက် ပြည်သူ့လွှတ်တော်သို့ တင်ပြမည်ဟု ဆုံးဖြတ်ကြသည်။
ရွှေဂုံတိုင်လွှတ်တော်က လူထုမှ ပေးအပ်ထားသည့် အာဏာနှင့် ဥပဒေပြု၍နေသည်။ ရွှေဂုံတိုင်အာဏာက … သေနတ်ပြောင်းဝမှလာသော အာဏာမဟုတ…
် လူထု၏
နှလုံးသည်းပွတ်မှ စီးဆင်းလာသည့် လူထုအာဏာ…။

(၂၁၁)
စစ်အုပ်စုမှ လယ်ယာကဏ္ဍနှင့်ပတ်သက်၍ တမျိုးထွက်ပြန်၏။ လယ်မြေဧကပေါင်း ၄၇၁,၃၂၃ ဧကအား စီးပွားရေးလုပ်ငန်းရှင်ကြီးများကို နှစ် ၃ဝ ငှားရမ်းခွင့်ပြုပြီး၊
လယ်ယာလုပ်ငန်းအား လုပ်ကိုင်စေ၏။ အချို့သော ဓားမဦးချ လုပ်ကိုင်နေကြသည့် လယ်သမားများ ပိုင်ဆိုင်သည့် လယ်မြေများသည်လည်း လုပ်ငန်းရှင်ကြီးများအား
လုပ်ခွင့်ပေးသည့် မြေယာအတွင်း ပါသွားကြ၏။ လယ်သမားတို့က လယ်မဲ့၊ မြေမဲ့ ဖြစ်သွားကြရ၏။ စစ်အုပ်စု၏ မြေယာဥပဒေသစ်အရ … ဧကထောင်နှင့်ချီ၍
လုပ်ကိုင်ခွင့်ရကြသည့် လုပ်ငန်းရှင်ကြီးများက ထွက်ရှိလာသည့် စပါး၏ ၅ဝ % အား ပြည်ပသို့ တင်သွင်းခွင့် ပေးထားသဖြင့် ပြည်တွင်းဆန်စပါး ဈေးကွက်တွင် ဆန်းစပါး
ပြတ်လပ်မှုများ ရှိလာ၏။

ဆန်ဈေးက ထိုး၍တက်နေ၏။ အထူးသဖြင်…


့ မြို့ပြရှိ လက်လုပ်လက်စားလူထုမှာ ဆန်ဈေးကြီးမြင့်သည့် ဒဏ်အား ခါးစည်း၍ ခံနေရသည်။ အချို့က … ထမင်းမစားနိုင…
် ။
ဆန်ပြုတ် ပြုတ်သောက်ကြရ၏။ ‘ ထမင်းရည်’ သည် ရောင်းကုန်ပစ္စည်းတမျိုးအဖြစ်နှင့် မြို့ပြ၏ ဈေးကွက်သို့ ဝင်လာ၏။

ဤသို့ ဖြစ်ရှိနေသည့် ဆန်ပြဿနာအား အုတ်တချပ်၊ သဲတပွင့်မျှဖြစ်စေ ဝင်ရောက်၍ ဖြည့်စွမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည် စဉ်းစားမိ၏။ မည်သို့လုပ်ဆောင်မည်နည်း။
ဒေါ်အောင်ဆန်းစုကြည်တွေး၏။ လက်တွေ့လုပ်နိုင်သည်က စမည်။ ဤအတွက် ရန်ကုန်မြို့လူထုအား တတ်နိုင်သ၍ ဆန်ဝေသွားရန် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်၏။

၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်ရှိ ဆင်းရဲသည့်လူထုအား ဒေါ်အောင်ဆန်းစုကြည်မှ ဆန်ဝေ၏။ အမှတ် ၉၇/ခ အနောက်ရွှေဂုံတိုင်လမ်းမှပင် ဝေ၏။
ပြဿနာမရှိခ…
ဲ့ ။ အေးအေးချမ်းချမ်းနှင့်ပင် ပြီးမြောက်ခဲ့၏။ ၁၉၉၈ ခုနှစ် နိုဝင်လာလ ၃ဝ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ဒေါ်အောင်ဆန်းစုကြည်မှ ဆန်လှူဒါန်း၏။
ဤတွင် …အာဏာပိုင်တို့က … အနောက်ရွှေဂုံတိုင်လမ်းအား ပိတ်လိုက်ကြ၏။ ဆန်ပေးဝေလှူဒါန်းနေသည့် နေရာသို့ လူထုကြီးအား သွားလာခွင့်မပေး…။

ပြီးလျှင်… အမှတ် ၉၇/ခ ပိုင်ရှင်အား ဗဟန်းမြို့နယ် အာဏာပိုင်ဥက္ကဋ္ဌက ခေါ်တွေ့ပြီး အမှတ် ၉၇/ခ အနောက်ရွှေဂုံတိုင်လမ်း နေအိမ်အရှေ့တွင် အများပြည်သူများအား
ဆန်ပေးဝေလှူဒါန်းခြင်း မပြုပါ… ဟူ၍ အတင်းအကျပ် လက်မှတ်ထိုးခိုင်း၏။ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်… ပြုမူဆောင်ရွက်သည့် လုပ်ဆောင်မှု
မှန်သမျှအား ကန့်သတ်ပိတ်ဆို့၍နေသည်။

(၂၁၂)
၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်…။
နိုင်ငံတကာ လူ့အခွင့်အရေးနေ့…။
ရန်ကုန်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဒီဇင်ဘာလ ၁ဝ ရက် နံနက်ပိုင်းတွင်၊ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၅ဝ ပြည့် အထိမ်းအမှတ် အခမ်းအနားအား ပြုလုပ်၏။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များအားလုံး အခမ်းအနားသို့ သွားရောက်ကြ၏။

ပြီးလျှင်… အဖွဲ့ချုပ်ရုံး၌လည်း နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲအား နေ့ခင်းပိုင်းတွင် ကျင်းပ၏။ လူ့အခွင့်အရေး ဆိတ်သုဉ်းမြေမှ
လူ့အခွင့်အရေးအခမ်းအနားပွဲများဟု့ ဆိုရမည်။ အဖွဲ့ချုပ်ရုံး၏ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က စကားပြောသည်။

“…. မနက်က ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြုလုပ်တဲ့ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၅ဝ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျမတို့
ဗဟိုအလုပ်မှုဆောင်အဖွဲ့တွေ အားလုံးသွားပြီးတော့ တတ်ပါတယ်။ အဲ့ဒီအခမ်းအနားမှာ… သီရိလင်္ကာနိုင်ငံက စီးပွားရေး နိုဘယ်ဆုရထားတဲ့ စီးပွားရေးပညာရှင် ဒေါက်တာ
အမာသီယာဆန်း ပြောသွားတာနဲ့ပတ်သက်ပြီး ကျမ ပြန်ပြီး ပြောပြချင်ပါတယ်။ ဒေါက်တာဆန်း ပြောသွားတာက … လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဟာ ခွဲခြားလို့ မရဘူး။
တဆက်တစပ်တည်း တည်ရှိနေတဲ့ အကြောင်းကို အဓိကပြောသွားတာပါ။
တာဝန်သိတဲ့ အစိုးရများနဲ့ လွတ်လပ်တဲ့ သတင်းစာလောက၊ သတင်းဖြန့်ချိရေးရှိတဲ့ နိုင်ငံတွေမှာ ဆိုလို့ရှိရင် ငတ်မွတ်ခေါင်းပါးခြင်းဆိုတာ မရှိဘူးလို့ ဒေါက်တာဆန်းက
ပြောသွားပါတယ်။ နိုင်ငံတနိုင်ငံဟာ ဆင်းရဲလို့၊ ချမ်းသာလို့ရယ် မဟုတ်ပါဘူး။ တာဝန်သိတဲ့ အစိုးရဟာ အဓိကပဲဆိုတာ ရှင်းပြသွားပါတယ်။ ဒါကို သူက
ဘယ်လိုရှင်းပြလဲဆိုတော့… အစိုးရတခုက တာဝန်သိတယ်ဆိုလို့ရှိရင် သူ့နိုင်ငံမှာ ဘာဖြစ်နေလဲဆိုတာ သိရမယ်။ ဥပမာဆိုလို့ရှိရင် ဒီနှစ်တော့ …ဆန်ရေစပါး အထွက်ဟာ
မကောင်းဘူးဆိုတာ တွက်နိုင်ရမယ်။ ရေကြီးလို့ပဲဖြစ်ဖြစ်၊ မိုးခေါင်လို့ပဲဖြစ်ဖြစ်၊ ပိုးမွှားတွေက ဖျက်ဆီးလို့ပဲဖြစ်ဖြစ် အကြောင်းတခုခုကြောင့် ဖြစ်တာဆိုလို့ရှိရင် လွတ်လပ်တဲ့
သတင်းဌာနတွေ၊ လွတ်လပ်တဲ့ သတင်းဖြန့်ချိရေး လုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတွေမှာဆိုရင် အတိုက်အခံဘက်ကရော၊ သတင်းဌာနတွေကရော၊ ဒါကိုစပြီးတော့ ရေးတော့မယ်။
ဒီနှစ်တော့ ဆန်း၊ စပါး ရှားတော့မယ်။ အဲဒါကြောင့်မို့လို့ ငတ်မွတ်ခေါင်ပါးခြင်းဘေးနှင့် ရင်ဆိုင်ရတော့မယ်ဆိုပြီးတော့ အတိုက်အခံကလည်း တဖွဖွပြောမယ်။
လွှတ်တော်ထဲမှာလည်း ထပြီးတော့မေးမယ်။ သတင်းစာလောက၊ကလည်း ဒီသတင်းတွေကို တခါတည်းရေးပြီး သတင်းဖြန့်တော့မယ်။ ဒီမှာ
ငတ်မွတ်ခေါင်ပါးခြင်းဘေးနဲ့တော့ ရင်ဆိုင်ရမှာပဲ။ တနိုင်ငံလုံး မဟုတ်ရင်တောင်မှ ဘယ်တိုင်း၊ ဘယ်ပြည်နယ်တွေမှာတော့ ဆန်ပြတ်လပ်မှုတွေ ဖြစ်လာမယ်။
ဒီလိုရေးလာကြ၊ ပြောလာကြရင်၊ တာဝန်သိတဲ့ အစိုးရက ငြိမ်နေလို့ မရဘူး။ ချက်ချင်း အရေးယူဆောင်ရွက်ပေးရတယ်။

ပြည်တွင်းထဲမှာဆိုရင်လည်းပဲ ပိုနေတဲ့ ပြည်နယ်က ဆန်တွေကို လိုနေတဲ့ ပြည်နယ်ကို ပို့ပေးတာတို့တွေ လုပ်ရတယ်။ နိုင်ငံတခုလုံးရဲ့ အငတ်ဘေးနဲ့
ရင်ဆိုင်ရမယ်ဆိုရင်လည်း နိုင်ငံတကာမှ အကူအညီတောင်းနိုင်တယ်။ အဲလိုတောင်းတဲ့အခါမှာလည်း ပြည်သူ့လူထုရဲ့ ဆန္ဒနဲ့အညီ တင်မြှောက်ထားတဲ့ အစိုးရ၊ တာဝန်သိတဲ့
အစိုးရဆိုရင် နိုင်ငံတကာကလည်း အထောက်အကူပေးဖို့ ဝန်မလေးဘူး။ ဒါကြောင့်မို့ ဒီလိုငတ်မွတ်ခေါင်ပါးခြင်းဘေးနဲ့ မရင်ဆိုင်ရဘူး။ ဒေါက်တာဆန်းဟာဆိုလို့ရှိရင်
အာဖရိကရော၊ အာရှရော ဆင်းရဲတဲ့ နိုင်ငံလေးတွေကို သွားရောက်ပြီး လေ့လာခဲ့တယ်။ ဒီနိုင်ငံလေးတွေဟာ ဆင်းရဲပေမယ့် တာဝန်သိတဲ့ အစိုးရ ရှိတယ်။ လွတ်လပ်တဲ့
အတိုက်အခံရှိတယ်။ လွတ်လပ်တဲ့ သတင်းဖြန့်ချိရေးရှိတယ်။ နောက်ပြီး… မှန်မှန်ကန်ကန် ရွေးကောက်တင်မြှောက်တဲ့ စနစ်ရှိတယ်။ အဲဒါကြောင့်မို့လို့
အဲဒီနိုင်ငံလေးတွေဟာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးအန္တရာယ်နဲ့ ရင်မဆိုင်ရဘူး။ ဒီနှစ်မှာ ဒေါက်တာဆန်းကို စီးပွားရေးနိုဘယ်ဆု ချီးမြှင့်ခဲ့တယ်။ အဲဒါဟာ ဒေါက်တာဆန်းရဲ့
… ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး ခွဲခြားမရနိုင်ဘူးဆိုတဲ့ အယူအဆ၊ အတွေးအခေါ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ စီးပွားရေးနိုဘယ်ဆုကို ချီးမြှင့်လိုက်တာဖြစ်တယ်”

ဒေါ်အောင်ဆန်းစုကြည်က ရှည်လျားစွာ ဟောပြောပြီးသည့်နောက် သူမ၏ စကားအား အဆုံးသတ်လိုက်၏။ အားလုံးက တိတ်ဆိတ်ငြိမ်သက်စွာနှင့်။ မြို့တော်ရန်ကုန်၏


ဒီဇင်ဘာက … သဇင်ရနံ့မသင်းပျံ…
့ ။ မြို့တော်၏ ဆင်းရဲသားများ ဈေကွက်တွင်မူ …ထမင်းရည် တပုလင်းဈေးက အတတ်အကျ မည်မျှရှိနေမည်နည်း….။

ကိုးကား ……

- ရွှေခမောက် မှတ်တမ်းလွှာ
- အာဏာရှင်သို့ပေးစာ အတွဲ - ၂
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများအား ပန်ကြားချက်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ကြေညာချက်များ
- ဒီပဲယင်းအစီရင်ခံစာ

မိုးကို ဒူးနှင့် တိုက်ရဲလျှင်

မင်းဟန် | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၂၃ မိနစ်

(က)

လွန်ခဲ့သည့် ၁၂ နှစ်ကျော်ကျော်မှာ သခင်အောင်ဖေ ဦးစီးထုတ်ဝေသည့် ‘မိုး’ ဂျာနယ်များအား ဖတ်မိသည့် အချိန်တိုင်း…. ပထမဦးစွာ အမေလူထုဒေါ်အမာ ရေးသည့်
….“သခင်အောင်ဖေရေ…” ဟူ၍ အစချီထားသည့် ဆောင်းပါးနှင့် ပြီးလျှင်… စာမျက်နှာချင်း ကပ်လျက်တွင်ပင် ပါရှိသည့် …သခင်အောင်ဖေ၏ “ဒီလိုပြောချင်သည်” ဟူသည့်
ဆောင်းပါး ၂ ပုဒ်အား လှန်လှော၍ ဖတ်မိသည်ပင်….။ ထိုစဉ်က …‘မိုး’ ဂျာနယ်၏ Editorial သည် နိုင်ငံရေးနှင့် နိုင်ငံရေးသိပ္ပံဆိုင်ရာ အကြောင်းအရာများအား တို့ထိ၍
နိမိတ်ပုံများဖြင့် …ရသမျှ ရေး၏။

ဤသည်များပင်လျှင်….သခင်အောင်ဖေ ဦးစီးထုတ်ဝေခဲ့သည့် ဆယ်စုနှစ်အလွန်မှ ‘မိုး’ ဂျာနယ် ဖြစ်လိမ့်မည်။

ယခုမ…
ူ သခင်အောင်ဖေနှင့် အမေလူထုဒေါ်အမာတို့ နှစ်ဦးစလုံးက… ကွယ်လွန်ခဲ့ကြလေပြီ။

‘သမ္မာဒေဝေါ၊ ပဝဿတု’
‘ဒေဝေါ…မိုးသည်၊ သမ္မာ… ကောင်းစွာ
ပဝဿတု…. ရွာသွန်းပါစေသတည်း’
(ခ)

သခင်အောင်ဖေက… အသက် ၁၆ နှစ်အရွယ်တွင်ပင် တို့ဗမာအစည်းအရုံးသို့ဝင်၍ သခင်ဖြစ်လာ၏။ သခင်အောင်ဖေ သခင်ဖြစ်လာပုံက ကျောင်းသားနိုင်ငံရေး


လှုပ်ရှားမှုများမှတဆင့် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီး သခင်ဖြစ်လာခြင်းမဟုတ…
် ။ ကျောင်းသားသမဂ္ဂမှ တို့ဗမာအစည်းအရုံး…. စသဖြင့် ကူးပြောင်းခဲ့ခြင်းကား
မဟုတ…
် .။

သခင်အောင်ဖေက … အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ်တွင်ပင် ဘိုး၊ဘွားလက်ငုတ်လက်ရင်း မြေယာစီးပွားရေးအား ကိုယ့်ခြေကိုယ့်လက်နှင့် ဦးစီးလုပ်ကိုင်နေရသည့်


မြေပိုင်ရှင်တဦး ဖြစ်၍နေပြီ။ လယ်သီးစားချ၏။ သီးစားချ၍ရသည့် သီးစားခစပါးများအား လှေသမ္ဗာန်ကြီးများနှင့် တင်ဆောင်ပြီး ဝါးခယ်မမြို့သို့ တက်ကာ ကြိတ်ခွဲပြီး
ရောင်းချ၏။

၁၉၃၆ ခုနှစ် နွေဦး…။


စပါးများအား သမ္ဗာန်ကြီးများနှင့် တင်ဆောင်ပြီး ဝါးခယ်မသို့ တက်ခဲ့၏။ ဘိုးဘွားလက်ထပ်ကတည်းမှ ကြိတ်ခွဲရောင်းချနေကြဖြစ်သည့် နိုင်ငံခြားသားပိုင်
ပေါက်ကုန်းဆန်စက်သို့ စပါးရောင်းရန် လာခဲ့၏။ ခက်သည်ကား…. ပေါက်ကုန်းဆန်စက်မှပေးသည့် ဈေးက …. ပေါက်ဈေးထက် စပါး ၁ဝဝ လျှင်…. ၃-၄ ကျပ်မျှ
လျှော့နည်းနေ၏။ ဈေးနှိမ်သကဲ့သို့ ဖြစ်နေ၏။ ဤတွင် … ဝါးခယ်မမြို့ရှိ အခြားဆန်စက်များအား ရှာပြီး ရောင်းချရန် ရှာဖွေခဲ့ကြ၏။ အဆုံး၌ မြန်မာအမျိုးသားပိုင်
ဆန်စက်တခုအား တွေ့ပြီး ကြိုက်ဈေးရ၍ ထိုဆန်စက်တွင်ပင် သခင်အောင်ဖေ သူ၏ စပါးများအား ကြိတ်ခွဲ၍ ရောင်းချလေ၏။

ထိုမှစ၍ ဆန်စက်ပိုင်ရှင် အမျိုးသားကြီးနှင့် သခင်အောင်ဖေ ရင်းနှီးသွား၏။ ဆန်စက်ပိုင်ရှင် အမျိုးသားကလည်း သူ့အား ရင်းရင်းနှီးနှီး၊ ဖော်ဖော်ရွေရွေ ဆက်ဆံသည်။
ဆန်စက်ပိုင်ရှင်က သူ့အား ..‘ငအောင်’ ဟု တရင်းတနှီးခေါ်၏။ ထိုဆန်စက်ပိုင်ရှင် အမျိုးသားက ….အသားဖြူ၏။ အရပ်ပု၏။ ရုပ်ရည်က ပြေပြစ်။ စကားပြောလျှင်
ချိုချိုရွှင်ရွှင…
် .။ ထူထဲသော ပါဝါမျက်မှန်ကြီးအား အမြဲတပ်ဆင်ထား၏။

သူကား…. ဝါးခယ်မ သခင်အုန်းဖေ ဖြစ်၏။ ဝါးခယ်မသခင်အုန်းဖေက …. တို့ဗမာအစည်းအရုံးအား သခင်ဘသောင်းတို့ စတင်တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့သည့်


သခင်တဦး….။ ထိုမှစ၍ … တလလျှင် … တကြိမ်၊ နှစ်ကြိမ် ဆိုသကဲ့သို့ပင် ဝါးခယ်မ သခင်အုန်းဖေထံသို့ သခင်အောင်ဖေ ရောက်မြဲ…။ ဝင်ထွက်မြဲပင်….။

တနေ့…။
နံနက်စောစောမှာပင်…. ဝါးခယ်မသခင်အုန်းဖေ၏ အိမ်သို့ သခင်အောင်ဖေ ရောက်သွား၏။ သူ့အား ဝါးခယ်မ သခင်အုန်းဖေက ဝါးခယ်မဈေးကြီးသို့ ခေါ်သွားပြီး မုန့်ဟင်းခါး
ကျွေး၏။ ပြီးလျှင် …. လက်ဖက်ရည်ဆိုင်သို့ သွားကြပြီး လက်ဖက်ရည် သောက်ကြပြန်၏။ လက်ဖက်ရည်သောက်ရင်း…. ဝါးခယ်မသခင်အုန်းဖေက … လက်ဖက်ရည်ဆိုင်
ပိုင်ရှင်အား…. အသင်းဝင်စာအုပ်အား ယူခိုင်းပြီး …. စာအုပ်အတွင်း၌ သူ၏ အမည်စာရင်း သွင်း၏။ အသင်းဝင်ကြေး ငွေတမတ် (နှစ်ဆယ့်ငါးပြား) အား ပေး၏။
လက်ဖက်ရည်ဆိုင် ပိုင်ရှင်က ဖြတ်ပိုင်းစာရွက်ကလေး တရွက်အား သခင်အောင်ဖေအား ထုတ်ပေး၏။ သူ… သခင်ဖြစ်သွားပြီ။ သခင်ဖြစ်လာခဲ့ရပုံအား သခင်အောင်ဖေက
သူ၏ ‘ကြုံရ၊ဆုံရ ကျွန်တော်ဘဝ’ စာအုပ်တွင် ဤသို့ရေးထား၏။

“ကျနော်သည် သူတို့ပေးသော စာရွက်ကလေးကို ဖတ်ကြည့်သောအခါ … ကျနော့်အမည်သည် ထူးထူးဆန်းဆန်းကြီး ဖြစ်နေ၏။ သေသေချာချာ ထပ်ဖတ်ကြည့်၏။


ကျနော့်နာမည်ပင် ဖြစ်၏။ ကျနော့်နာမည်ပေမယ့် ကြောက်စရာကြီးလိုလို၊ ချစ်စရာကြီးလိုလို ဖြစ်နေသော ‘ သခင်’ ဟူသည့် စာလုံးကြီးမှာ အလွန်ထင်ရှားနေပေသည်။
ခရစ်သက္ကရာဇ်က ၁၉၃၆ ခုနှစ်ဖြစ်ပြီး၊ အစည်းအရုံးဝင် အမှတ်မှာ ၆၄ ဖြစ်သည်”

(ဂ)

တိုင်းပြည်အား မည်သို့ချစ်ရမှန်း မသိပါပဲလျက်…. ဝါးခယ်မ သခင်အုန်းဖေကြောင့် သခင်အောင်ဖေ သခင်ဖြစ်ခဲ့၏။ သခင်…ဖြစ်လျှင် ထောင်ကျခံရဲရမည်။


“သခင်ပေါက်စ…ထောင် ၆ လ” ဟူသည့် သခင်တို့၏ ကြွေးကြော်သံအား သခင်အောင်ဖေ ကြားမိ၏။ သိမိ၏။ သခင်အောင်ဖေက …တောသား…။
ဘုန်းကြီးကျောင်းပညာရေးနှင့် ကြီးပြင်းခဲ့ရ၏။ လူကြား မတိုးရဲ…။ လူထူထူမြင်လျှင် လန့်၏။ စင်ပေါ်တက်၍ တရားဟောရန်မှာမူ … တွေးပင်မတွေးရဲခ…
ဲ့ ။
မြို့ကြီးသားများကိုလည်း ရွံ့၏။ ရှိန်၏။ ဘောင်းဘီဝတ် နိုင်ငံခြားသားများဆိုလျှင် ….. ကြောက်လန့်၏။ ဤသို့သော သခင်အောင်ဖေ…. သခင်ဖြစ်လာ၏။

သခင်အောင်ဖေအား မကြောက်တရား သင်ကြားပေးရန် ဝါးခယ်မ သခင်အုန်းဖေက …တို့ ဗမာအစည်းအရုံးဌာနချုပ်ရှိ သခင်လှဘော်ထံသို့ လွှတ်သည်။ ထိုစဉ်က ….
တို့ဗမာအစည်းအရုံးဌာနချုပ်သည် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းတွင် ရှိ၏။ သခင်လှဘော်နှင့်အတူ ရက်သတ္တ ၂ ပတ်ခန့် သခင်အောင်ဖေ နေရင်း သခင်တို့၏
မကြောက်တရားဝါဒအား သင်ကြားခဲ့ရ၏။

‘ပေ နှင့် တူ’ သီအိုရီ၊ ‘လက်ငါးချောင်း’ ဝါဒနှင့် မိမိပုဆိုးအား လုယူသွားသူထံမှ ပြန်၍လုယူခြင်းသည် တရားသော နည်းလမ်းဖြစ်သည် စသည့် သဘောတရားများအား
သခင်လှဘော်က ပို့ချ၏။

(ဃ)
၁၉၃၈ ခုနှစ…
် .။
၁၃ဝဝ ပြည့်အရေးတော်ပုံကာလ…။
နိုင်ငံအနှံ့ သခင်အများအပြား ဖမ်းဆီးခြင်း ခံရ၏။ သခင်အောင်ဖေတို့၏ မြောင်းမြခရိုင် (စီရင်စ)ု အတွင်းရှိ သခင်ခေါင်းဆောင်အားလုံး လိုလိုသည်လည်း ဖမ်းဆီးခြင်း
ခံနေကြရသည်။ အချုပ်အတွင်းမှ သခင်ခေါင်းဆောင်အချို့အား အာမခံနှင့် ထုတ်ရန် သခင်အောင်ဖေတို့ စီစဉ်ကြ၏။ အာမခံက …. ၁ဝဝဝ တန်၊ ၂ဝဝဝ တန်၊ ၅ဝဝဝ တန်
အာမခံဖြင့် အာမခံကြရမည်ဖြစ်သည်။ ဤအတွက် …. မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရှိသည့် သခင်များက အာမခံကြရမည်ဖြစ်သည်။ ဓနိတောကြီးများ၊ လယ်မြေ၊ ခြံမြေများ
ရှိကြသည့် သခင်အောင်ဖေ၊ သခင်အုန်းမြ၊ သခင်ကြွယ်တို့ ၃ ဦးမှ မြောင်းမြခရိုင် (စီရင်စ)ု အရေးပိုင်ရုံး၌ တက်၍ အာမခံကြမည်။

ဤတွင် …. သခင်ကြီးများက သခင်အောင်ဖေတို့ ၃ ဦးအား မှာ၏။ ရုံးတော်က … “သခင်အမည်မတပ်ဘဲ ခေါ်လျှင် မထူးရ”၊ ထူးလျှင်လည်း …. အားမာန်အပြည့်နှင့်
ထူးရမည်။ ရုံးတော်က မေးလျှင် …. “လိုရင်းဖြေ” ဟု မေးလျှင် …ပြန်ဖြေ၊ ဟူ၍မှာ၏။ ပြီးလျှင် … ရုံးတော်သို့ ခုံဖိနပ်စီး၍ တက်ရမည်။

ထိုခေတ်က … အရေးပိုင်ရုံးပေါ်သို့ မျက်နှာဖြူအရာရှိကြီးများမှလွဲ၍ မည်သည့်လူမျိုးမျှ ဖိနပ်စီး၍ တတ်ရောက်ခြင်း မပြုရ…။ အမိန့်ထုတ်ထားခြင်း မရှိသော်လည်း ဤသို့ပင်
ကျင့်သုံးနေကြ၏။ ရိုကျိုးနေကြ၏။ ဘုရားကုန်းတော်နှင့် ဘုန်းကြီးကျောင်းဝင်းအတွင်း ဗုဒ္ဓဘာသာဝင်များ ဖိနပ်မစီးကြသကဲ့သ….။
ို့

သခင်အောင်ဖေတို့ ၃ ဦး အရေးပိုင်ရုံးတွင် သခင်ခေါင်းဆောင်များအား အာမခံမည့်သတင်းက …. မြောင်းမြမြို့အတွင်း …..

“မနက်ဖြန်မနက် ၁ဝ နာရီမှာ သခင်တွေ အရေးပိုင်ရုံးကို ဝိုင်းကြမည်” ဟူ၍ ပြန့်၍သွား၏။ နောက်တနေ့… နံနက် ၁ဝ နာရီတွင် အရေးပိုင်ရုံးတဝိုက်၌ မြောင်းမြမြို့သူ၊
မြို့သားပရိသတ်တို့ကား … စည်းကား၍ နေသည်။

သခင်အောင်ဖေတို့က …. ခုံဖိနပ်သံ တဒိုင်းဒိုင်းနှင့် အရေးပိုင်ရုံးပေါ်သို့ တက်သွားကြ၏။

ပရိသတ်တို့က …. သဘောကျနှစ်ခြိုက်ကြ၏။ သို့သော်…. လက်ခုပ်လက်ဝါးတီး၍မူ သြဘာမပြုရဲ…။ မျက်နှာဖြူတို့အား ကြောက်ရွံ့နေမှုက လူထုကြီးအတွင်း၌


နက်နက်ရှိုင်းရှိုင်းနှင့် စွဲနစ်၍နေဆဲ…။

ထိုခေတ် ထိုအခြေအနေ၌ သခင်အောင်ဖေတို့၏ ခုံဖိနပ်စီး၍ အရေးပိုင်ရုံးအတွင်း အာမခံသည့် လုပ်ရပ်က …. “မိုးကို ဒူးနှင့် တိုက်ကြခြင်း” ဖြစ်၏။

အညွှန်း။ ။ သခင်အောင်ဖေ၏ “ဒီလိုပြောချင်တယ်” (မိုးဂျာနယ်၊ အတွဲ (၆) အမှတ် (၇)၊ အမှတ်(၈)၊ အမှတ် (၉) ၊ အမှတ် (၁ဝ)
သခင်အောင်ဖေ၏ “ကြုံရ၊ ဆုံရ ကျွန်တော့်ဘဝ”

ရန်ကုန် SSC ဆေးခန်းရှေ့ မီးလောင်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမကြီးဘေး ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) ရှေ့ရှိ ဓာတ်ဆီဆိုင်တွင် ယနေ့ ညနေပိုင်းတွင်
မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ၅ နာရီ ၁၅ မိနစ်တွင် စတင်ခဲ့ပြီး မီးသတ်ကား ၅ စီးဖြင့် ငြိမ်းသတ်မှုကြောင့် ၅ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

"မီးကြိုးက ဓာတ်ဆီထည့်ထားတဲ့ ပုံးပေါ်ကို ပြတ်ကျပြီး မီးလောင်တာပါ။ ဆိုင်က ဓာတ်ဆီပုံး ၂ ပုံးတော့ လောင်သွားတယ်" ဟု ရွှေဂုံတိုင်လမ်းမကြီးဘေးရှိ
ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

မီးလောင်မှုကြောင့် သေကြေဒဏ်ရာရသူ မရှိဘဲ၊ မီးလောင်ရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို စုံစမ်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်း ဗဟိုမီးသတ်ဌာနမှ
တာဝန်ရှိသူတဦးက ပြောသည်။

ငြမ်းပြိုကျ လူတဦးဒဏ်ရာရ

မင်းသက် | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၁၄ မိနစ်

ရန်ကုန်မြို့တွင် အထပ်မြင့်တိုက်တခု ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ သံငြမ်းများ ပြိုကျသဖြင့် လူတဦး ဒဏ်ရာရမှု ယနေ့နံနက်က ဖြစ်ပွားသည်။

လသာမြို့နယ် ၂၃ လမ်းရှိ တက်လမ်းဆောက်လုပ်ရေးလုပ်ငန်းမှတာဝန်ယူထားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သံငြမ်းများဆင်ထားရာက ယနေ့နံနက် ၉ နာရီခန့်က


ပြိုကြခြင်းကြောင့် အလုပ်သမားတဦး ခါးဒဏ်ရာရ၍ ရန်ကန်ဆေးရုံကြီးတွင် ကုသမှုခံယူရသည်။

http://www.mizzimaburmese.com/

ပြည်ထောင်စုဒီမိုကရေစီပါတီက ရန်ပုံငွေ လမ်းညွှန်မူဝါဒ ထုတ်ပြန်


တက်လ/ူ ၂၃ ဧပြီ ၂ဝ၁ဝ

ပြည်ထောင်စုဒီမိုကရေစီပါတီက ၎င်းတို့၏ပါတီရန်ပုံငွေကို တရားဝင်ထူထောင် ထားသော ပါတီပိုင်


စီးပွားရေးလုပ်ငန်းများမှ ရရှိသော ငွေကြေးဖြင့် သုံးစွဲမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

ယနေ့ပြုလုပ်သော ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းရှိ ပြည်ထောင်စုဒီမိုကရေစီ ပါတီ ရုံးခန်းတွင်


ပြည်တွင်း ပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင်
ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းတို့ပါတီအနေဖြင့် မြန်မာတနိုင်ငံလုံးရှိ မြို့နယ်များအားလုံးမှ မဲဆန္ဒနယ်များတွင်


ပါဝင်ယှဉ်ပြိုင်လိုကြောင်း၊ ထို့အတွက် ရန်ပုံငွေလိုအပ်ကြောင်း ပါတီထူထောင်သူ ဦးရွှေအုံးက
ပြောကြားသည်။

ပါတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက “ပါတီစီးပွားရေးဆိုတာ ဘယ်လို စီးပွားရေးအမျိုးအစားမျိုးလဲဆိုတာတော့ ပါတီမှတ်ပုံတင် မကျသေးတဲ့အတွက် မပြောသေးပါဘူး”


ဟု ဆိုသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ပါတီဝင်တဦးချင်းစီ၏ ပါတီဝင်ကြေး၊ လစဉ်ကြေးနှင့် ထည့်ဝင်ငွေများကို ပါတီရန်ပုံငွေအဖြစ် စုဆောင်းကာ


နိုင်ငံသားတဦးချင်းစီက ထည့်ဝင်လှူဒါန်းသောငွေများကိုလည်း ရန်ပုံငွေအဖြစ် လက်ခံသွားမည်ဟု ဆိုသည်။

သို့သော် ၎င်းတို့၏အသင်းသား အရေအတွက်ကိုမူ ပါတီထောင်ခွင့် မှတ်ပုံတင်ကျပြီးမှသာ ထုတ်ပြန်ပြောဆိုမည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးတွင် ဗုံးပေါက်ကွဲခဲ့မှုနှင့်ပတ်သက်၍လည်း ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာချက်တစောင်


ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင် ဗုံးဖောက်ခွဲမှုကို အကြမ်းဖက်ဖျက်ဆီးရေး လုပ်ရပ်အဖြစ် ဖော်ပြထားပြီး ဒီမိုကရေစီကျင့်စဉ်များနှင့် ဆန့်ကျင်သည့်အတွက်


ပြည်ထောင်စုဒီမိုကရေစီပါတီအနေဖြင့် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့ပါတီသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အကြမ်းမဖက်ရေးတို့ကို အခိုင်အမာ


လက်ခံကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံအရေးကိစ္စတွင် ပါဝင်သူအားလုံးက အမျိုးသားပြန်လည် သင့်မြတ်ရေး ရလဒ်ကောင်းများ
ပေါ်ထွန်းအောင်လုပ်ဆောင်နိုင်ပါက ယခုကဲ့သို့ ၀မ်းနည်ဖွယ်ဖြစ်ရပ်မျိုးကို ဖယ်ရှားနိုင်မည် ဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရသူများ၏
မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီတွင် ပါဝင်သော ဗဟိုအလုပ်အမှုဆောင်စာရင်းမှာ နာယက ဦးရွှေအုံး၊ ဦးကျော်ဝင်းမောင်၊ ဦးညိုထွန်းတို့ပါဝင်ကာ


သဘာပတိအဖွဲ့အဖြစ် ဦးရွှေအုံးနှင့် ဥိးဖြိုးမင်းသိန်းတို့ ပါဝင်သည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌမှာ ဦးဖြိုးမင်းသိန်းဖြစ်ပြီး ဒုတိယ ဥက္ကဋ္ဌ (၁) မှာ ဦးဌေး၊ ဒုတိယ ဥက္ကဋ္ဌ (၂) မှာ ဦးသိန်းဌေးတို့ဖြစ်ကြောင်း၊ စုစုပေါင်း (၁၅)
ဦးပါဝင်ကြောင်း သိရသည်။

ဗုံးဖောက်ခွဲသူကို ဖမ်းမိထားကြောင်း ပြည်တွင်းထုတ်ဂျာနယ်တွင် ဖော်ပြ


မျိုးဝင်းဇော်/ ၂၃ ဧပြီ ၂ဝ၁ဝ

ပြီးခဲ့သည့် ဧပြီ (၁၅) ရက်နေ့က ကန်တော်ကြီး X20 မဏ္ဍပ်စင်အနီး ဗုံး (၃) လုံးပေါက်ကွဲမှု ဖြစ်ပွားရာ ဗုံးဖြင့်ပစ်သူကို အာဏာပိုင်များက ဖမ်းမိထားကြောင်း
ယနေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ (၅) တွင် ဖော်ပြထားသည်ဟု ဖတ်ရှုရသူ ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “လျှပ်တစ်ပြက်မှာ ဗုံးခွဲသူကို ချက်ချင်း ဖမ်းမိတယ်လို့ ရေးထားတယ်။ ဒါပေမယ့် အစိုးရက ဗုံးခွဲသူ (၂) ယောက်ကို တွေ့ရင် သတင်းပေး၊
ဆုငွေ (၁ဝ) သိန်းပေးမယ် ဆိုပြီးလည်း နေရာတကာမှာ ကြေညာထားတယ်။ နောက် ဗုံးခွဲသူကို မိထားပါလျက်နဲ့ ဘာသတင်း ထုတ်ပြန်တာမှ မလုပ်ဘူး။
ဒါတင်မက သတင်းစာထဲကနေ အတိုက်အခံ အင်အားစုတွေကို ဗုံးခွဲမှုနဲ့ပဲ ဆက်စပ် ပတ်သက်သယောင်ယောင် အမျိုးမျိုး လျှောက်ရေးနေတယ်။
သေချာတာကတော့ အစိုးရဟာ အခုဗုံးခွဲမှုနဲ့ ပတ်သက်ပြီး လုံးဝရိုးသားမှုမရှိဘူး” ဟု ပြောသည်။

အဆိုပါသတင်းတွင် “သင်္ကြန်မှာ ဗုံးပေါက်ခွဲသူသည် လက်ပစ်ဗုံးဖြင့် ပစ်ခဲ့ခြင်းဖြစ်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဗုံးပေါက်ခွဲသူသည် လက်ပစ်ဗုံးဖြင့် မဏ္ဍပ်ပေါ်သို့
ပစ်တင်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတဦးက လျှပ်တစ်ပြက်သို့ ပြောကြားသည်ဟု ဖော်ပြထားသည်။

သင်္ကြန်တွင် ဗုံးဖောက်ခွဲခဲ့သူသည် ပလတ်စတစ်အိတ်ဖြင့် ထုတ်ထားသော လက်ပစ်ဗုံးများကို X20 မဏ္ဍပ်စင်ပေါ်သို့ ပစ်တင်နေစဉ် သပြေကုန်းရပ်ကွက် ဥက္ကဋ္ဌ
ဦးထွန်းထွန်းဦးက “ဟိုမှာ မဏ္ဍပ်ပေါ်ကို ဗုံးနဲ့ ပစ်နေပြီ၊ ဝပ်” ဟု ပြောပြီး မကြာခင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဗုံးဖြင့် ပစ်သူကို သက်ဆိုင်ရာက
ချက်ချင်း ဖမ်းမိခဲ့ကြောင်း မျက်မြင်သက်သေ တဦးက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

အခြား ရန်ကုန်မြို့ခံတဦးက “အာလုံးက ထင်မြင်နေသလို စစ်အစိုးရကပဲ လုပ်ကြံဖောက်ခွဲတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဗုံးခွဲသူကို ဖမ်းမိထားပေမယ့် လုံးဝကို
ထုတ်ဖော်မကြေညာတာ။ မကြာခင် ဒီ ဖမ်းဆီးရမိထားမှုကို တခြား သူတို့လိုချင်တဲ့ အဖြေတခုခု ဖြစ်အောင် လုပ်ကြံဖန်တီးလာနိုင်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာတဦးက စစ်အစိုးရသည် တရားခံကို ဖမ်းမိပြီဆိုပါက ဖမ်းမိထားကြောင်း၊ အမှုမှန်ကို ဆက်လက်ဖော်ထုတ်နေကြောင်း စသဖြင့်


ရိုးရိုးသားသား ကြေညာသင့်ကြောင်း ပြောသည်။

၎င်းက “ခုတော့ လုံးဝ မရိုးသားဘူး။ အရင် (၅) လောင်းပြိုင် လူသတ်မှုအပါအဝင် ဗုံးဖောက်ခွဲမှု များစွာမှာလည်း ခုလိုပဲ တရားခံတွေ ထုတ်ပြတာ မရှိခဲ့ဘူး။
သတင်းစာရှင်းလင်းပွဲတွေမှာ မေးရင်လည်း အမေးမခံဘူး” ဟု ပြောသည်။

ဗုံးခွဲမှုနှင့်ပတ်သက်ပြီး လျှပ်တစ်ပြက်ဂျာနယ်တွင် ယခုကဲ့သို့ ရေးသားချက်၊ စာပေစိစစ်ရေး၏ ခွင့်ပြုချက်၊ စစ်အစိုးရပိုင် သတင်းစာရေဒီယိုများက သတင်း


ထိန်ချန်ထားမှု စသည့်တို့အပေါ် ရန်ကုန်မြို့ခံများက အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်။

ကေအိုင်အိုတပ်ဖွဲ့၏ တိုက်နယ်ရုံး စစ်ဆေးခံရ


နှစ်ဖက်စစ်ရေး တင်းမာ
ခိုင်လင်း/ ၂၃ ဧပြီ ၂ဝ၁ဝ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ဖွင့်လှစ်ထားသည့်


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ ဖားကန့်-ဆိုင်းတောင် တိုက်နယ်ရုံးအား
နယ်မြေခံအာဏာပိုင်များက ယမန်နေ့ညပိုင်း ဝင်ရောက်ရှာဖွေမှုများ လုပ်ခဲ့သည်။

ယခင်က စစ်ဆေးခြင်းမျိုးမရှိဘဲ ယခုကျမှသာ ဧည့်စာရင်းစစ်ရန် အကြောင်းပြပြီး စစ်တပ်၊ ရဲ၊


ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက)၊ မီးသတ်တပ်ဖွဲ့ စသည့်
ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “မနေ့ည (၁ဝ) ကျော်လောက်မှာ ရယကတို့၊ စစ်တပ်၊ ရဲ၊ မီးသတ် အားလုံး လူ (၂ဝ)


လောက်ရှိမယ်။ ဆိုင်းတောင်က အဲဒီအိမ်မှာ တိုက်နယ်မှူးနဲ့ ရဲဘော် (၄-၅)
ယောက်လောက်နေတယ်။ အိမ်လည်း ဟုတ်၊ ရုံးလည်း ဟုတ်ပေါ့။ အခုကျမှ
ဧည့်စာရင်းစစ်ပါတယ်ဆိုပြီး အိမ်ထဲဝင် ဟိုရှာဒီရှာ လုပ်တာ။ အခြားအိမ်တွေကို အဲလို မစစ်ဘဲ သူ့ကိုပဲလုပ်တော့ တမင်သက်သက် ရန်စသလိုမျိုးလို့
ရုံးကလူတွေက ယူဆနေကြတယ်” ဟု ပြောသည်။

မကြာသေးမီရက်ပိုင်းကလည်း ကေအိုင်အို၏ တပ်ရင်း (၆) အနီးတွင် နအဖစစ်တပ်မှ စစ်ကြောင်းတကြောင်း ရောက်လာခဲ့ပြီး ဂိတ်စခန်းတခုဖွင့်လှစ်ရန်


ပြင်ဆင်နေသဖြင့် ကေအိုင်အိုဘက်မှ စစ်ရေးသတိဖြင့် စောင့်ကြည့်နေရသည်ဟု ဖားကန့်ဒေသခံ တဦးက ပြောသည်။

၎င်းက “လုံးခင်းမှာ ရှေ့တန်းတာဝန်ကျနေတဲ့ မပခလက်အောက်ခံ စစ်ကြောင်းတခုက ဆန်ခါမှာရှိတဲ့ ကေအိုင်အေ တပ်ရင်း (၆) စခန်းနားကို ပြီးခဲ့တဲ့ (၁၇)
ရက်နေ့က ရောက်သွားတယ်။ ကေအိုင်အေကတော့ တပ်လှန့်ထားတယ်။ သူတို့က အဲဒီ ဆန်ခါနားမှာ ဂိတ်စခန်းတခု ဖွင့်မယ်ဆိုပြီး အခု ပြင်နေကြတယ်။
မှော်ထဲကလူတွေက တပ်ရင်း (၆) ကို အလုပ်ကိစ္စအတွက် သွားတာ လာတာရှိတယ်။ အဲလို အဝင် အထွက်တွေကို စစ်ဆေးချင်ပုံရတယ်။ အခုချိန်မှာ
ကေအိုင်အိုက နယ်ခြားစောင့်ကိစ္စ ပေါ်နေတော့ သတိထားစောင့်ကြည့်နေတယ်၊ စစ်ရေးအရ ပြင်ဆင်ထားတယ်” ဟု ပြောသည်။

ကေအိုင်အိုတပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ယခုလ (၂၂) ရက်မှ (၂၈) ရက်အတွင်း အကြောင်းပြန်ရန် ပြောဆိုထားပြီး နယ်ခြားစောင့်တပ်
လက်မခံပါက အပစ်ရပ်စာချုပ် ပျက်ပြီး ၁၉၉၄ ခုနှစ် မတိုင်မီက အခြေအနေအတိုင်း ပြန်ရောက်သွားမည်ဟု နအဖဘက်က ပြောဆိုထားသည်။

ကေအိုင်အိုအဖွဲ့ကမူ နယ်ခြားစောင့်တပ်အစား ပြည်ထောင်စုတပ်မတော်အတွင်းရှိ ကချင်လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ဖွဲ့စည်းလိုကြောင်း ယခုလ (၁၆)


ရက်က တရုတ-် မြန်မာနယ်စပ် ကေအိုင်အိုဌာနချုပ်၊ လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည့် လူထုအစည်းဝေးအတွင်း ပြောဆိုထားသည်။

နိုင်ငံရေးပါတီ (၂) ခုကို ပါတီတည်ထောင်ခွင့် စတင်ချပေး


စိုးမိုး/ ၂၃ ဧပြီ ၂ဝ၁ဝ

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပထမဆုံး လျှောက်ထားသည့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်င)ံ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ


အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ကို ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့တွင် ပါတီတည်ထောင်ခွင့်ပြုလိုက်သည်။

မတ်လ (၂၂ ) ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တပြိုင်တည်း အစောဆုံး မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သည့် ယင်းပါတီ (၂) ခုအား လျှောက်ထားပြီး (၁)
လအကြာတွင် ပါတီတည်ထောင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့က ပါတီမှတ်ပုံတင် ထပ်တင်ရဦးမယ်။ တင်ပြီးကာမှ မှတ်ပုံတင် ပြန်ကျမယ်။ မှတ်ပုံတင် ကျကာမှ ဒီ ပထမ အဆင့်ပေါ့။ ပါတီဝင်(၁,၀၀၀)
စည်းရုံးပြရဦးမယ်လေ” ဟု ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်င)ံ ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောကြားသည်။

နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ရရှိသော ပါတီ (၂) ခုက ပါတီဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများ၊ ပါတီဝင် အင်အားတို့နှင့် အတူ ယခု
တည်ထောင်ခွင့်ပြုသည့်နေ့မှ (၁) လအတွင်း ပြန်လည်လျှောက်ထားပြီးမှသာ ရွေးကောက်ပွဲအတွက် လူထုအတွင်း မဲဆွယ်စည်းရုံးခွင့် ရရှိမည်ဖြစ်သည်။

“ပြန်တင်ပြီးတော့ အဲဒီ ပါတီဝင်တွေဟာ ပုဒ်မ (၁၀) နဲ့ ညီညွတ်မှု ရှိမရှိ စစ်ဆေးမှုတွေ လုပ်ဦးမှာပေါ့။ အဲဒါလည်းပြီးရော ပြည်ထောင်စုတ၀ှမ်း စည်းရုံးခွင့်ဆိုတာ
ပြန်ကျလာမယ်လေ” ဟု ဦးရဲထွန်းက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်င)ံ မှာ ၂၀၀၅ ခုနှစ်ကတည်းက ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူထုအတွင်း လှုပ်ရှားမှုမှန်သမျှကို


ပိတ်ပင်ထားသည့် နအဖထံမှ စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်ရေးလှုပ်ရှားမှုများကို လုပ်ကိုင်ခွင့်ရရှိထားသည့် ထူးခြားသည့်အဖွဲ့ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်အဖြစ် ပါတီတည်ထောင်ခွင့်ရသူ ဦးအေးလွင်မှာလည်း ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ
(ပြည်ထောင်စုမြန်မာနိုင်င)ံ ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ၂၀၀၇ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်
ပြောင်းလဲဆောင်ရွက်နေသူဖြစ်သည်။

ယခု ပါတီ (၂) ခုမှာ ပထမဆုံး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက် လျှောက်ထားသည့် ပါတီမှာ ဦးသုဝေ
ခေါင်းဆောင်သော ဒီမိုကရက်တစ်ပါတီဖြစ်သည်။

လာမည့် မေလ (၆) ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ကုန်ဆုံးမည်ဖြစ်ပြီး ယနေ့အထိ ပါတီအသစ်အဖြစ် လျှောက်ထားသည့်အဖွဲ့ (၁၆) ခုနှင့်
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ဆက်လက် လျှောက်ထားသည့်ပါတီ (၃) ခု စုစုပေါင်း (၁၉) ခုရှိသည်။

နယ်ခြားစောင့်တပ်ကိစ္စကြောင့် ဒီကေဘီအေအတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်နိုင်


ရဲရင့်/ ၂၃ ဧပြီ ၂ဝ၁ဝ

လာမည့် ဧပြီ (၂၄) တွင် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့သည် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည်ကို
တရားဝင် အသိပေးကြေညာတော့မည် ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များအတွင်း လက်ခံသူနှင့် လက်မခံသူတို့အကြား သွေးထွက်သံယိုမှုများ ဖြစ်ပွားနိုင်သည်ဟု
အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။

အဆိုပါ ဒီကေဘီအေခေါင်းဆောင်က “အသွင်ပြောင်းရင်တော့ ပြဿနာက တက်ပြီ။ ကျနော်တို့မှာ လက်နက်လူသူအင်အား တပ်ဖွဲ့ဝင်(၅) ထောင်


အနည်းဆုံးရှိတယ်။ နယ်ခြားစောင့်တပ်ကို တပ်ရင်း (၃) ရင်းအတွက် အများဆုံး တပ်ဖွဲ့ဝင်အင်အား (၁) ထောင်လောက်ပဲယူမယ်၊
ကျန်တဲ့လူတွေရဲ့လက်နက်တွေကို အစိုးရဆီ အကုန်အပ်ရမယ်ဆိုတော့ ဒီအပေါ်မှာ မကျေနပ်တဲ့ လူတွေက တပ်ရင်းတပ်ဖွဲ့နဲ့ကို ရှိတယ်ဆိုတော့ အနေအထားက
အချိန်မရွေး ပေါက်ကွဲဖို့ရှိတယ်” ဟု ပြောသည်။

နအဖက ယခုအနေအထားသို့ ရောက်ရှိလာရန် ဒီကေဘီအေ ခေါင်းဆောင်ပိုင်း အများစုကို စီးပွားရေးမက်လုံးများဖြင့် သိမ်းသွင်းထားပြီး ဖြစ်သည့်အတွက် နအဖ
အလိုကျ လက်ခံခြင်းမှလွဲ၍ အခြားနည်းလမ်းများ မရှိတော့ဟုလည်း ၎င်းက ပြောသည်။

“ခေါင်းဆောင်အများစုက ဘားအံ၊ မော်လမြိုင်၊ ရန်ကုန် လိုနေရာတွေမှာ တိုက်နဲ့ကားနဲ့ ပြီးတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆိုတော့ ဘယ်သူမှ
ကိုယ်ကျိုးစွန့်ကြတော့မှာ မဟုတ်ဘူး။ အခုပြဿနာက အောက်လက်ငယ်သားတွေ ဒုက္ခရောက်ပြီး ဘ၀ပျက်ရမယ့် အနေအထားဖြစ်သွားပြီဆိုတော့ ဒီပွဲက
အတော်ကြမ်းမယ့် သဘောရှိတယ်” ဟုလည်း ဒီကေဘီအေ ခေါင်းဆောင်က ဆက်ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် လက်မခံလိုသူများထဲတွင် အဆင့်မြင့်ခေါင်းဆောင်များနှင့် လူငယ်တပ်မှူးအများစု ပါဝင်ပြီး လက်နက်အပ်၍ အညံ့ခံရမည့်အစီအစဉ်ကို


လက်မခံဘဲ တောပြန်ခိုမည့် တပ်ဖွဲ့ဝင်များလည်း ရှိသည်။

တပ်ဖွဲ့ဝင်တဦးက “တောထဲကနေ မြို့ပေါ်ပြန်ရောက်တာ (၁၅) နှစ်ရှိပြီ။ အမျိုးသားရေးအတွက် ဘာမှမလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ပါလာတဲ့လက်နက်တောင်


သူတို့ကိုပေးပြီး ကိုယ်က ကျွန်ဖြစ်ရမယ့်ဘ၀တော့ လက်မခံနိုင်ဘူး။ လာရာလမ်း ပြန်သင့်ရင် ပြန်ရမှာပဲ။ ဒီကေဘီအေမှာ လူတိုင်း အချောင်သမားမဟုတ်ဘူး” ဟု
ပြောသည်။

လက်ရှိ အခြေအနေနှင့်ပတ်သက်၍ ဒီကေဘီအေဌာနချုပ်သို့ တယ်လီဖုန်းဖြင့် ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍မရရှိခဲ့ပေ။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်းနယ်စပ်အနီးတွင် ရှေ့တန်းရောက်ရှိနေသည် ဒီကေဘီအေ (၉၉၉) တပ်မဟာမှ အရာရှိတဦးက “ဒီကိစ္စနဲ့ပတ်သက်ပြီး


ကျနော်တို့ဆီကို ဘာညွှန်ကြားချက်မှ မလာသေးဘူး” ဟု ပြောသည်။

နအဖနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နအဖအစီအမံဖြင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို (ဒီကေဘီအေ)


အဖွဲ့သည် ပထမဦးဆုံး လက်ခံခဲ့သည့်အဖွဲ့ဖြစ်သည်။

ကျန်အဖွဲ့များမှာ ယခုလ (၂၈) ရက် နောက်ဆုံးထား၍ အသွင်ပြောင်းပေးရမည်ဟု နအဖက အမိန့်ပေးထားပြီး လိုက်နာခြင်း မရှိသည့်အဖွဲ့များသည်
မတရားအသင်းအဖြစ် ကြေညာခံရပြီး စစ်ရေးအရ အရေးယူခံရနိုင်သည်ဟု ယူဆနေကြသည်။

နအဖပြောင်းလဲဖွဲ့စည်းပေးမည့် နယ်ခြားစောင့်တပ်တွင် တပ်ရင်းတရင်း၌ တပ်ဖွဲ့ဝင်အင်အား (၃၂၆) ဦးဖြစ်ပြီး ၎င်းတပ်ဖွဲ့ဝင်များထဲမှ (၃၀) ဦးမှာ နအဖစစ်တပ်မှ
အရာရှိအရာခံအကြပ်များ ပါဝင်မည်ဖြစ်သည်။

ယနေ့အထိ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကိစ္စကို လက်မခံသည့်အပစ်ရပ်အဖွဲ့များမှာ မွန်၊ ၀၊ ကချင်၊ ကယန်း၊ ရှမ်းနှင့် မိုင်းလားအထူးဒေသ (၄)
စသည့်အဖွဲ့များဖြစ်ပြီး အဆိုပါအဖွဲ့များကို နအဖက စစ်ရေးအရ တိုက်ခိုက်ခဲ့ပါက မြန်မာနိုင်ငံတွင် ကြီးမားသည့် ပြည်တွင်းစစ်ကြီးနှင့်
ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) အဖွဲ့၏
အထွေထွေအတွင်းရေးမှူး မိုင်းဘုန်းကျော်က ခေတ်ပြိုင်သို့ ပြောကြားသည်။

၂၃/ ဧပြီ ၂၀၁၀

ရွှေဂျိုးတယောက် အိမ်သူသက်ထား ဇနီးမယား ဈေးပြန်ဝယ်လာသည့် ပဲနံပြားတချပ်အား ခပ်သွက်သွက် ၀ါးပြီးသကာလ လက်နှီးစုတ်ဖြင့် ဆီကွက်နေသည့်


ပါးစပ်ကို သုတ်ရုံရှိသေး “ဒါက ဘယ်ကို ရွပိုးထိုးမလို့ ဟန်ပြင်နေတာလဲ” ဟူသည့် ငှက်ဆိုးသံကို ကြား၍ နောက်လှည့်ကြည့်မိရာ ခါးထောက်၍
မီးဝင်းဝင်းတောက်မတတ် ကြည့်ရှုနေသည့် မျက်လုံးစိမ်းနဲ့ မိန်းကလေး (အဲ …) အိမ်သူသက်ထား၏ မျက်နှာရှစ်ခေါက်ချိုးကြီးအား ရှုစားလိုက်ရလေသည်။

“ဟဲ … ဟဲ … မိန်းမကလည်းကွာ သိလျက်သားနဲ့ ဘာလို့မေးနေတာလဲ … ဟဲ … ဟဲ …” ဟု ရွှေဂျိုးလည်း ပြောစရာစကားမရှိ ပါးစပ်ထဲတွေ့ကရာပြောလိုက်ကာ


တဟဲဟဲနှင့် ချော်လဲရောထိုင်လိုက်လေသည်။

“တော် … ကိုလေအိုးနဲ့ အရည်မရ အဖတ်မရ လေသွားကန်ဖို့ ဖင်ကြွနေတာမဟုတ်လား၊ မသိရင်ခက်မယ်”

“မိန်းမကလည်းကွာ ဘာခက်စရာရှိလဲ၊ မင်းသိနေတာပဲ မဟုတ်လား၊ ဟဲ … ဟဲ … ခဏလေးပါကွာ။ တနေ့တနေ့ ကိုယ့်မှာ အပန်းဖြေစရာဆိုလို့ ဒါလေးပဲ


ရှိတာမဟုတ်လားကွ။ ကျန်တဲ့အချိန် မိန်းမအတွက် ကိုယ်အကုန်ပေးထားတာပဲဥစ္စာ၊ ဟုတ်ဖူးလား မိန်းမရဲ့ ဟဲ … ဟဲ”

“ဘာ ဟဲ ဟဲ လဲ … ဒီလောက် ဗုံးတွေ တအုံးအုံး ပေါက်နေတာ ရှင်တို့မို့လို့ အားအားယားယား အပြင်လမ်းသလားချင်နေတယ် သေချင်လို့ …”

“ဟာ မိန်းမကလည်းကွာ ဗုံးပေါက်တာက မြန်မာပြည်မှာပါကွ။ ကိုယ်တို့နဲ့ ဘာဆိုင်လို့လဲ၊ မလန့်ပါနဲ့ကွာ ကိုယ်တယောက်လုံး ရှိနေတာပဲဥစ္စာ၊ ဟဲ ဟဲ


ဒီ့ထက်လုံခြုံတာ ဘာရှိဦးမှာလဲက”ွ

“လုံခြုံတာ မလုံခြုံတာတွေ လာပြောမနေနဲ့၊ တော် အားအားယားယား လမ်းသလားပြီး မာလကဈာန်ကြွရင် သင်္ဂြိုဟ်စရာ စရိတ်မရှိသေးလို့ သတိပေးနေရတာ
သိရဲ့လား ဟင်း ဟင်း”

“မိန်းမကလည်း ဒီမှာလည်း နာရေးကူညီမှုအသင်းရှိ (အာ …) မနက်စောစောစီးစီး နိမိတ်မရှိ နမာမရှိကွာ၊ ရွှေဂျိုးတို့ဘ၀မှာ ဒါမျိုးဖြစ်စရာလား၊ မင်းယောက်ျား
ဒီလောက်လူချစ်လူခင်ပေါတဲ့ဟာ၊ ဘယ်သူက ဗုံးနဲ့ လာပစ်မှာလဲ၊ ကဲ ကဲ ကိုယ်ပြန်လာရင် လုပ်စရာရှိတာတွေ အကုန်တန်းစီလုပ်ပေးမယ် ဟုတ်လား၊ အခု
ခဏလေး သွားအပန်းဖြေလိုက်ဦးမယ်နော်၊ အော် … ဒါနဲ့ (၁၀) ဘတ်လောက် ကိုယ့်ကို သဒ္ဓါမယ်မဟုတ်လား မိန်းမ ဟဲ ဟဲ” ဟု မျက်နှာချိုသွေးကာ ရွှေဂျိုး
လက်ဝါးဖြန့်လိုက်သည်။

ရွှေဂျိုးပါးစပ်က ဟဲ ဟဲ ပင်မဆုံးသေး အိမ်သူသက်ထား ဇနီးမယားက ခါးစပ်ရှိ သူမ၏ အင်္ကျီအိတ်ကပ်ထဲမှ (၁၀) ဘတ်စေ့နှင့် ထုတ်၍ ပေါက်လိုက်ရာ ရွှေဂျိုး၏
နဖူးကို ဒေါက်ကနဲ တည့်တည့်လာမှန်လေ၏။ ရွှေဂျိုးလည်း ပြန်ပြောရင် သံယောဇဉ်ဖြစ် (အဲ…) ပေရှည်နေပါဦးမယ်လေဟု စိတ်ကူးကာ
အကြွေစေ့ကလေးကိုသာ အလျင်အမြန် ကောက်လိုက်လေသည်။ ထို့နောက် နဖူးကို လက်တဖက်နှင့် ပွတ်ပြီးသကာလ စက်ဘီးစုတ်ကလေးကို တက်ခွကာ
ကသုတ်ကရက် နင်းထွက်ခဲ့လေတော့သည်။

လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့ စက်ဘီးစုတ်ကလေး ထိုးရပ်မိသည်နှင့် ပတ်ဝန်းကျင်ကို အသံဖြင့် စတင်နှိပ်စက်နေပြီဖြစ်သော လေအိုး၏


ဝက်ဆိုးအော်သံကို ကြားရပြန်သည့်အခါ ဒီနေ့ ကံမကောင်းပါလားဟူသည့် ဇာတ်လိုက်ကျော်ကြီး မြိုင်ရာဇာတွတ်ပီ၏ လက်သုံးစကားကို ရွှေဂျိုး
အမှတ်ရမိလေတော့သည်။

လေအိုးက “ဟေ့ … ဗုံး ဗုံး ဗုံးလား မောင်တို့၊ ပုန်း ပုန်း ပုန်းကြပါစိ”ု့ ဟု အော်ကာ ပါးစပ်ကို လက်ဖြင့်အုပ်ပြီး တဟားဟား ရယ်နေလေသည်။

ရွှေဂျိုးတယောက် စက်ဘီးဒေါက်ထောက်ရင်းမှ မအောင့်မအည်းနိုင်တော့ဘဲ “ဘာလဲ ကိုလေအိုး၊ ခင်ဗျားက တော်လှန်ရေးလုပ်ဖို့ လာတာလား၊


တော်ရာပြေးပုန်းဖို့ လာတာလား၊ ပြောစမ်းပါဦး” ဟု မေးခွန်းထုတ်လိုက်မိသည်။

ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေး၏ အသံက ကြားဖြတ်ဝင်လာသည်။

ပိုက်ထွေး ။ ။ မဟုတ်ဘူး အစ်ကိုရွှေဂျိုးရေ့၊ အစ်ကိုလေအိုးက ချဲကြွေးမဆပ်နိုင်တာကို ဗုံးပေါက်တာနဲ့ ရောပြီး ယောင်တော်ပြန်လွှတ် အိမ်တွင်းပုန်းလုပ်မလို့


အသံလွှင့်နေတာနေမှာ ဟား ဟား ဟား။

လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ မင်း ဖျော်မှာသာ ဖျော်စမ်း၊ လေအိုးတို့အဘိဓာန်မှာ အကြွေးဆိုတာ ရှိစရာလားကွ၊ UG (ဦးဂျမ်းပုဆိုး
ရောင်းဝယ်ဖောက်ကားခြင်း) လုပ်ငန်းလုပ်နေတဲ့ ငါ့ယောက္ခမ ဒီလောက်ခိုး (အဲ …) ချမ်းသာတဲ့ဟာ၊ သူ့သမက် မျက်နှာငယ်အောင် ထားပါ့မလား ဟား ဟား
ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်နေပြန်)။

ရွှေဂျိုး ။ ။ ကိုလေအိုး၊ ကြွားစရာမရှိ မနက်စောစောစီးစီး ယောက္ခမချမ်းသာတဲ့အကြောင်း ကြွားနေရလားဗျာ။ တကတည်း အိမ်က မိန်းမက တမှောင့်၊ ခင်ဗျားက
တမှောင့် …။

လေအိုး ။ ။ အေး ကိုရွှေဂျိုး၊ ခင်ဗျားဝင်လာကတည်းက နဖူးကို လက်နဲ့ ပွတ်နေတာတွေ့တယ်။ ဘာဖြစ်တာလဲ၊ ခင်ဗျားမိန်းမ ထင်းချောင်းနဲ့
ကောက်ပစ်လိုက်လို့လား၊ လင်းစမ်းပါဦးဗျ။

ရွှေဂျိုး ။ ။ တနေ့မမြင် တလထင်နေတဲ့ မိန်းမက ထင်းချောင်းနဲ့ ပစ်မလားဗျာ။ (၁၀) ဘတ်စေ့ကို လှမ်းပစ်ပေးလိုက်တာ နဖူးကို ချော်မှန်ပြီး အချစ်စမ်းသလို
ဖြစ်သွားတာပါဗျ ကိုလေအိုးကလည်း ဟဲ ဟဲ။

လေအိုး ။ ။ မသိပါဘူးဗျာ ဒါမှမဟုတ်ရင်လည်း ကန်တော်ကြီးမှာ ကွဲတဲ့ ဗုံးစတစက မကောင်းသူထိပ် ကောင်းသူထိပ် သဘောနဲ့ အကုသိုလ်များတဲ့
ခင်ဗျားနဖူးကို လာမှန်သလားလို့ပါ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ အေးဗျာ၊ ဒီနေ့မနက်လည်း အိမ်ကထွက်မယ်ပြင်ရုံရှိသေး မိန်းမက ဗုံးပေါက်တဲ့သတင်းနဲ့ ခြောက်လှန့်နေတယ်။ ဒီရောက်တော့လည်း ကိုလေအိုးက


ဗုံးသတင်းကို ၀က်ဆိုးအော်သံနဲ့ အလုံးအရင်း ထုတ်လွှင့်နေတယ်။ တော်တော်ဆိုးလို့လားဗျာ။ လုပ်စမ်းပါဦး။ ကြားစမ်းပါရစေဦး။

လေအိုး ။ ။ အေးပေါ့ ခင်ဗျားက သင်္ကြန်တတွင်းလုံး အိုင်ယာမဏ္ဍပ်မှာ အလကားတိုက်တဲ့ ဘီယာတွေ သွားသောက်ပြီး ပတ်ဝန်းကျင်ကို မေ့လျော့နေတာကိုးဗျ။
သေတဲ့သူတွေ သေကုန်ပြီ ခင်ဗျား မသိဘူးမဟုတ်လား။

ရွှေဂျိုး ။ ။ အာဗျာ၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်သောက်ရတာပါဗျ။ ဘယ်ဒိုနာက အလကားတိုက်မှာလဲ၊ ဟဲ ဟဲ ကျုပ်ကိုတော့ အချစ်တော်ကြီး မမမျိုးက


သဒ္ဓါတွေပိုသွားလို့ အားနားပါးနားနဲ့ ထိုင်ဖြိုပေးနေရတာပါဗျာ ဟဲ ဟဲ။

လေအိုး ။ ။ ဒီလိုဗျ ကိုရွှေဂျိုး၊ ဒီတခါ ဗုံးပေါက်တာက ထူးဆန်းတယ်လို့ ပြောရမယ်ဗျ။ သေတဲ့သူ အများစုက သန်းရွှေတို့ စစ်အုပ်စုကို
အလုပ်အကျွေးပြုနေသူတွေ အများစုဖြစ်နေတယ်တဲ့ဗျ။ အဲဒါကြောင့် အင်တာနက်မှာတောင် ဗုံးပေါက်လို့ သေတာကို ၀မ်းနည်းတဲ့သူနဲ့ ၀မ်းသာတဲ့သူ၊
ရှုတ်ချတဲ့သူနဲ့ လုပ်ကွဆိုတဲ့သူ ၀ိဝါဒတွေ ကွဲနေကြတာကို ဖတ်ရတယ်ဗျ။ နအဖမီဒီယာတွေမှာတော့ အပြစ်မဲ့ပြည်သူတွေ သေတာလို့ အကြီးအကျယ်
ဝါဒဖြန့်နေပြီး အင်တာနက်ပေါ်မှာတော့ အပြစ်ရှိပြည်သူတွေ သေတာလို့လည်း တချို့က ရေးနေသားနေတာကို ဖတ်ရတယ်ဗျ။ ဝေါဟာရအသစ်တွေပေါ့ဗျာ။
သန်းရွှေတို့လုပ်တာနဲ့ ပြည်သူတောင်မှ အပြစ်မဲ့နဲ့ အပြစ်ရှိဆိုပြီး နှစ်ခြမ်းကွဲကုန်တော့မယ်ထင်ပါရဲ့၊ တော်တော်ဆိုးတဲ့ စစ်ဗိုလ်တွေပါဗျာ၊ မြန်မြန်သေမှ အေးမှာပါ
ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ဒါနဲ့ သေတဲ့အထဲမှာ ဘယ်သူတွေပါသွားလို့ အဲသလို ၀ိဝါဒတွေ ကွဲနေကြတာလဲဗျ။

ထိုစဉ် လက်ဖက်ရည်နှစ်ခွက် လာချပေးသော အဖျော်ဆရာလေး ပိုက်ထွေး၏ မိုဘိုင်းလ်ဖုန်းမှ တေးသံသာတပုဒ် ရွေးကာသာ ထုတ်လွှင့်နေပြန်သည်။

“ပျော်ရာမှာ မနေ၊ တော်ရာမှာ နေရမယ်တဲ့ … အသက်မွေးမှုနဲ့ ပညာရှာချိန်ဝယ် … မလွှဲသာပေမယ့် ညီမငယ် … ခွဲခွာနေကြရမယ်ကွယ် …”

လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ မင်းက ဘယ်က ညီမငယ်ကို လွမ်းဆွတ်နေပြန်ပြီလဲကွာ၊ ဟိုမှာ သူများတွေ ဗုံးကွဲလို့ သေကြ ကြေကြ ငိုယိုကြ
ဖြစ်နေတဲ့အချိန်မှာ မင်းက ရည်းစားနဲ့ ခွဲရတဲ့ ကိစ္စလောက်ကို ရှေ့တန်းတင်နေရလားကွ။ သေသူတွေကို အားနာဦးမှပေါ့ကွာ။

လေအိုး မျက်နှာတည်နှင့် ပြောသည်ကို ပိုက်ထွေးက “အာ အစ်ကိုလေအိုးကလည်းဗျာ၊ ဗုံးကွဲတာ ပိုက်ထွေး ခွဲတာမှ မဟုတ်တာဘဲ၊ ဘာဆိုင်လို့လဲ၊ ဗုံးကွဲတာနဲ့
သီချင်းမဖွင့်ရတော့ဘူးလား” ဟု ဘုမသိဘမသိ ပြန်ပြောကာ အဖျော်ကောင်တာသို့ ပြန်လျှောက်သွားလေသည်။

ပိုက်ထွေး၏ တန်ပြန်တိုက်စစ်ကို အငိုက်မိသွားကာ ဇက်ကလေး ပုဝင်သွားသည့် လေအိုးကို ကြည့်ရင်း ရွှေဂျိုး စကားပြန်ဆက်လိုက်သည်။

ရွှေဂျိုး ။ ။ လုပ်ပါဦး ကိုလေအိုး၊ သေတဲ့အထဲမှာ ဘယ်သူတွေ ပါသွားလို့တုန်း ပြောပြစမ်းပါဦးဗျ။

လေအိုး ။ ။ နာမည်တွေတော့ အကုန်မမှတ်မိတော့ဘူးဗျ။ သေကြေဒဏ်ရာရတဲ့အထဲမှာ နအဖလူတွေထဲက အကောင်ကြီးကြီးတွေ ပါတယ်ဗျ။ အမှတ် (၄)


စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုဆိုရင် ဒဏ်ရာတော်တော်ပြင်းလို့ စင်ကာပူတောင် ပို့လိုက်ရပြီပြောတယ်။ အခုတောင် ရှိသေးရဲ့လား မပြောတတ်ဘူး။
သေတဲ့အထဲမှာ စည်ပင်က ဗိုလ်ကြီးသန့်စင်သိမ်း၊ မယကဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ ဒု-ရဲအုပ်မောင်မောင်ဟန်၊ ရယက-ရာအိမ်မှူး ဦးခင်မောင်လေးတဲ့ နအဖကို
အလုပ်အကျွေး ပြုနေကြသူတွေ တော်တော်များများပဲ သေကုန်တာ။ ဒါတောင် နအဖ ဖွက်ထားတာတွေ အများကြီးရှိဦးမယ်။ အရင် ဗုံးကွဲတာတွေနဲ့
မတူတာတော့ အမှန်ပဲဗျ။

ရွှေဂျိုး ။ ။ အရင်ဗုံးကွဲတာတွေနဲ့ ဘယ်လိုမတူတာလဲဗျ။ နအဖပဲ ခွဲတာမဟုတ်ဘူးလား။ သူတို့လုပ်နေကျ အလုပ်ပဲမဟုတ်လား ကိုလေအိုးရဲ့။

လေအိုး ။ ။ မတူဘူးဗျ။ အရင်ကဆိုရင် နအဖက သူတို့ဟန်ပြခွဲပြီး ပြည်ပအဖွဲ့အစည်းတွေကို အပြစ်ပုံချနေကျဗျ။ အခုတော့ သူ့ဒေါက်တိုက်တွေကို


ထိကုန်လို့လားမသိဘူး၊ နအဖကိုယ်တိုင် ဆုတော်ငွေတွေ ထုတ်ပြီး တရားခံကို အပူတပြင်း ရှာနေတယ်တဲ့ဗျ။ သူတို့ တော်တော်အထိနာသွားပုံရတယ်။
ပြည်တွင်းစာနယ်ဇင်းတွေကိုလည်း ခွင့်မပြုစဖူး အပြုထူးနေတယ် ကြားတယ်။ သွေးသံရဲရဲနဲ့ ပုံတွေကို ဖော်ပြခိုင်းပြီး ဗုံးသတင်းတွေ
အတင်းရေးခိုင်းနေတယ်တဲ့ဗျ။ တခုခုတော့ တခုခုပဲ။

ရွှေဂျိုး ။ ။ အေးဗျာ၊ ဒီတခါ ဗုံးခွဲတာ နအဖလက်ချက်မဟုတ်ဘူး၊ ဆန့်ကျင်ဘက်အဖွဲ့တဖွဲ့ဖွဲ့က ခွဲတာဆိုရင်လည်း ကျုပ်အမြင်ကတော့ ဗုံးကွဲပြီး


လူတွေသေရခြင်းရဲ့ လက်သည်တရားခံအစစ်က နအဖပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဆန့်ကျင်ဘက်အဖွဲ့က ခွဲတယ်ဆိုရင်တောင် သူတို့စစ်အုပ်စုရဲ့
ဖိနှိပ်ရက်စက်မှုကို မကျေနပ်လို့ (နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းလိ)ု့ လက်တုံ့ပြန်တဲ့အနေနဲ့ သူတို့ရဲ့ ဒေါက်တိုင်တွေကို စပြီးတိုက်ခိုက်တဲ့သဘော
ဖြစ်နိုင်တာပေါ့။

လေအိုး ။ ။ ကိုရွှေဂျိုး ပြောသလိုဆိုရင်တော့ ရှေ့လျှောက်လည်း ထပ်ဖြစ်နိုင်တာပေါ့ဗျာ။ နအဖ ရှိနေသရွေ့ ကျုပ်တို့ ပြည်သူတွေ အထူးသတိထားဖို့ လိုပြီပေါ့။
အထူးသဖြင့် နအဖစစ်အုပ်စုဝင်တွေနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းတွေ၊ ပွဲလမ်းသဘင်တွေကို အထူးသတိထား ရှောင်ကြဉ်ဖို့ လိုမယ်ထင်တယ်ဗျို့။ မဟုတ်ရင်
သူတို့ကို အမြင်ကပ်လို့ ခွဲတဲ့အထဲ ကိုယ့်အမျိုးတွေပါ ကံဆိုးပြီး ပါကုန်ရင် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဟုတ်တယ်ဗျာ အရင်းစစ်တော့ အမြစ် နအဖပဲဗျ နအဖပဲ။
သူတို့ရှိနေသရွေ့ ပြည်သူတွေအနေနဲ့ ဒီလိုမျိုး ကံဆိုးမိုးမှောင်ကျမှုတွေ အချိန်မရွေး ထပ်ဖြစ်နေဦးမှာပဲ။ အမြစ်နအဖကို အရင်လှန်မှဖြစ်မယ်။ ဒါမှ ပြဿနာက
အေးမှာ။ ကဲ ကဲ … လောလောဆယ်တော့ အမြစ်မလှန်ခင် အိမ်အရင်ပြန်လိုက်ဦးမယ်ဗျာ၊ တော်ကြာ အားလူးဖုတ်တာ သိပ်ကြာနေရင် အိမ်ရှင်မရဲ့
ပါးစပ်ဗုံးကွဲတာ ခံနေရဦးမယ်၊ မခံစားနိုင်ဘူး ကိုရွှေဂျိုးရေ့ သွားလိုက်ဦးမယ်။

လေအိုးတယောက် စက်ဘီးဆီလျှောက်သွားရင်း ပိုက်ထွေးဘက်သို့လှည်ကာ အော်ပြောနေပြန်သည်။

လေအိုး ။ ။ ပိုက်ထွေးရေ ဆောရီးကွာ၊ ခုနက မင်းဖွင့်တဲ့သီချင်းက အရမ်းကို မှန်တယ်ကွ၊ ဘာတဲ့ “ပျော်ရာမှာ မနေ၊ တော်ရာမှာ နေရမယ်တဲ့ …” အဲလို
ဟုတ်လားကွ။ သိပ်မှန်တယ်ကွာ မဟုတ်ရင် ဗုံးပေါက်တဲ့အထဲ မင်းတို့ငါတို့အမျိုးတွေ ပါသွားနိုင်တယ်။ ဒီအချိန်မှာ ငါတို့ပြည်သူတွေ ပျော်ရာမှာမနေ
တော်ရာမှာနေမှ အန္တရာယ်ကင်းမယ်ကွ မင်းသီချင်း သိပ်မှန်တယ် ဟား ဟား ဟား ဟား။

ပြောပြောဆိုဆို “ပျော်ရာမှာ မနေ … တော်ရာမှာ နေရမယ်တဲ့ … အသက်ကလေးတခုအတွက် … လုံခြုံအောင်ပါကွယ”် ဟု ပိုက်ထွေးသီချင်းကို ဖျက်ဆိုကာ


လေအိုး ထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးလည်း တိုးနေသည့် အောက်ရေကို စွန့်ထုတ်ရန် မာရသွန်ခြေလှမ်းဖြင့် ဆိုင်နောက်ဖေးသို့
ကြွမြန်းခဲ့လေတော့သည်တကား။ ။
http://www.khitpyaing.org/

ဒီမိုကရေစီရေး စစ်တပ်ထဲက ပူးပေါင်းဖို့ အမေရိကန်အမတ် တိုက်တွန်း

23 April 2010

မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ စစ်တပ်အတွင်းက မျိုးချစ်တပ်သားတွေ အနေနဲ့ ဒီမိုကရေစီ


အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို တိုက်ထုတ်ကြဖို့ အမေရိကန် အောက်လွှတ်တော်အမတ် ဒေနာ
ရိုရာဘာကာ (Dana Rohrabacher) က တောင်းဆိုလိုက်ပါတယ်။ ဒီစစ်ခေါင်းဆောင်တွေရဲ့ ကူညီ
လုပ်ဆောင်ပေးမှုတွေကြောင့် မြန်မာပြည်ဟာ တဖြည်းဖြည်းနဲ့ တရုတ်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံ ဖြစ်လာနေပြီလို့ သူက
ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာဟာ တိုင်းတပါးရဲ့ လက်ထဲကို ရောက်တဲ့ အဖြစ်မျိုးနဲ့ မြန်မာနိုင်ငံသားတွေ


ရင်ဆိုင်နေကြရတယ်လို့ ကာလီဖိုးနီးယားပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက
ပြောဆိုလိုက်တာပါ။ ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ခိုးယူနေရုံမကဘဲ မြန်မာနိုင်ငံကို သူ့လက်ခံ
နိုင်ငံတနိုင်ငံ ဖြစ်ဖို့အတွက် တဖြည်းဖြည်းနဲ့ သိမ်းသွင်းနေတယ်လို့ သူက ပြောပါတယ်။
အမေရိကန် အောက်လွှတ်တော်အမတ် မစ္စတာ
ဒေနာ ရိုရာဘာကာ။ “တရုတ်နိုင်ငံဟာ မြန်မာလူထု လက်ထဲကနေ တိုင်းပြည်ကို တဖြည်းဖြည်းနဲ့ လုယူနေပါတယ်။ အဲဒီလို မတရားသဖြင့်
ဇူလိုင် ၁၇၊ ၂၀၀၇။ ရယူနိုင်ဖို့ အတွက်လည်း ကိုယ့်တိုင်းပြည်အပေါ် သစ္စာစောင့်သိဖို့ထက် မိမိအာဏာ တည်မြဲရေးကိုသာ ဦးစားပေး
လုပ်ဆောင်နေကြတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အကူအညီ အထောက်အပံ့နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ဒါကြောင့် တိုင်းပြည်ကို ကယ်တင်လိုစိတ်ရှိတယ်၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို လုပ်ဆောင်လိုကြတယ်၊ မြန်မာနိုင်ငံကြီး တိုင်းတပါး
လက်အောက်ခံနိုင်ငံ ဖြစ်မသွားစေချင်ဘူး ဆိုရင် မျိုးချစ်စိတ် ရှိသူတွေနဲ့ လွတ်လပ်မှုကို လိုလားကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အာဏာရှင်တွေကို ဆန့်ကျင်
တိုက်ထုတ်နိုင်ဖို့ အားလုံး တညီတညွတ်တည်း ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။”

တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ တင်းတင်းကျပ်ကျပ် ဖိနှိပ် အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်တွေကို တိုက်ထုတ်နိုင်ဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသား


အင်အားစုတွေ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တခြား မျိုးချစ်ပုဂ္ဂိုလ်တွေ ပူးပေါင်း လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း သူက
ပြောပါတယ်။

ဒါ့အပြင် တပ်မတော်အတွင်းက မျိုးချစ် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေ အနေနဲ့လည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို ပုန်ကန်
တိုက်ထုတ်ကြဖို့ လွှတ်တော်အမတ်က တောင်းဆိုလိုက်ပါတယ်။

“အတိုက်အခံ အင်အားစုတွေကလည်း ဂုဏ်သရေ ပြည့်ဝပြီး ပြည်သူနဲ့ တိုင်းပြည်အကျိုးကို ရှေးရှုတဲ့ တပ်မတော်ကြီး ဖြစ်လာဖို့ ဆန္ဒရှိနေကြတဲ့ စစ်တပ်အတွင်းက
မျိုးချစ်ရဲဘော်တွေနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့ လိုပါတယ်။ တပ်မတော်အတွင်းက စစ်မှန်တဲ့ စိတ်ထား ရှိကြတဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း အမှန်တကယ် လွတ်လပ်ပြီး
ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာရေး လုပ်ဆောင်ကြဖို့ အချိန်ရောက်ပါပြီ။”

အခုချိန်ဟာ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ အပါအ၀င် မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေအတွက် တော်လှန် ပုန်ကန်ကြဖို့ အခွင့်အခါကောင်း
ဖြစ်တာကြောင့် ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံး မခံကြဖို့ လွှတ်တော်အမတ် ရိုရာဘာကာက တိုက်တွန်းပါတယ်။ အဲဒီလို ဒီမိုကရေစီ အရေးအတွက် တော်လှန်
ပုန်ကန်သူတွေဘက်မှာ ကမ္ဘာ့မိသားစုကြီးက ရှိနေမှာ ဖြစ်သလို သူတို့ကို ထောက်ခံအားပေးကြမှာပါလို့ သူက ပြောပါတယ်။

မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တရားမျှတပြီး သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်အောင် ဖန်တီးပေးဖို့ အာဆီယံနိုင်ငံ အတွင်းက
ခေါင်းဆောင်တွေ အပါအ၀င် ကမ္ဘာ့တိုင်းပြည် အသီးသီးက ၀ိုင်းဝန်း တောင်းဆိုနေကြတဲ့ အချိန်မှာ လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက အမေရိကန် လွှတ်တော်ကို
ပြောကြားတဲ့အထဲ အခုလို ထည့်သွင်း ပြောဆိုသွားတာပါ။

မြန်မာစစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတမှု မရှိတဲ့အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်
မရှိအောင် တမင် လုပ်ကြံရေးဆွဲ ထားတာကြောင့် ဒီဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ စစ်အစိုးရအပေါ် ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ
ချမှတ်လုပ်ဆောင်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတုန်းက အမေရိကန် အထက်လွှတ်တော်အမတ် ၉ ဦးက သမ္မတ အိုဘားမားကို စာရေးသား တောင်းဆိုခဲ့ကြပါတယ်။

ပေါက်ကွဲမှုတွေအပြီး ထိုင်းအစိုးရ ဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား

23 April 2010

ထိုင်းနိုင်ငံမှာ အနည်းဆုံး လူတယောက် သေဆုံးခဲ့ပြီး တော်တော်များများ ဒဏ်ရာရခဲ့တဲ့ ဗုံးပေါက်ကွဲမှုရဲ့ နောက်မှာ


အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြသူတွေ ရှိနေကြတယ် ဆိုတဲ့ စွပ်စွဲချက်ကို ဆန္ဒပြ ခေါင်းဆောင်တွေက
ငြင်းဆိုလိုက်ကြပါတယ်။ ဒီတိုက်ခိုက်မှု လုပ်ခဲ့ကြတဲ့ သူတွေကို အစိုးရက ရှာဖွေနေတဲ့ တချိန်တည်းမှာပဲ
ဘန်ကောက်မှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေ လျော့သွားအောင် နည်းလမ်းတွေကိုလည်း ရှာဖွေနေကြပါတယ်လို့
ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဗွီအိုအေ သတင်းထောက် ရွန် ကော်ဘန်
(Ron Corben) သတင်းပေးပို့ထားတာကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ချေမှုန်းလိုက်တာနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေ ရှင်းသွားမှာ မဟုတ်ဘူးလို့


အကြမ်းဖက်မှုတွေ တကျော့ ပြန်ဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်းစစ်ဦးစီးချုပ်က သောကြာနေ့က ပြောလိုက်ပါတယ်။
ရှပ်နီဝတ် အစိုးရဆန့်ကျင် ဆန္ဒပြသူများနှင့်
ရွေးကောက်ပွဲ ချက်ချင်း ကျင်းပပေးဖို့ သူတို့ရဲ့ တောင်းဆိုချက်ကို ပြောင်းပေးဖို့ ရှပ်အနီ ခေါင်းဆောင်တွေကလည်း
ရဲတပ်ဖွဲ့ဝင်များ ရင်ဆိုင်အတွေ့။
စဉ်းစားနေတဲ့အကြောင်း ရှပ်နီ ဆန္ဒပြသူများရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။ အခုချက်ချင်း ပါလီမန်ကို
ဧပြီ ၂၃၊ ၂၀၁၀။
ဖျက်သိမ်းပေးမယ့်အစား တလအတွင်းမှာ ဖျက်သိမ်းပေးတာကို လက်ခံမယ်လို့ သူတို့က ဆိုကြပါတယ်။

မကြာခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် တချို့ တာဝန်ရှိသူတွေက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် အပြစ်တင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဗုံးပေါက်ကွဲမှုမှာ
ဘယ်လို အခန်းကဏ္ဍကမှ မပါဝင်ခဲ့ပါဘူးလို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရက်တစ် ညီညွတ်ရေး တပ်ပေါင်းစု (UDD) က ပြောပါတယ်။ တီရှပ် အနီရောင်ဝတ်
ဆန္ဒပြသူတွေဟာ မီးရှူးမီးပန်းတွေကိုပဲ ဖောက်ခဲ့ကြတာ ဖြစ်ပါတယ်လို့ UDFAD က ဆိုပါတယ်။

ဒီ ဖြစ်ပေါ်ပြောင်းလဲမှုတွေက စီးလုံလမ်းမက စီးပွားရေး အချက်အချာကျတဲ့ နေရာမှာ ဆန္ဒပြနေကြတဲ့ အစိုးရကို ထောက်ခံ ဆန္ဒပြကြသူတွေ ကြားထဲကို ဗုံး ၆ လုံးအထိ
ပစ်ဖောက်ခဲ့ပြီးတဲ့နောက် ဖြစ်ပေါ်လာခဲ့တာပါ။ UDD ဆန္ဒပြကြသူတွေနဲ့ ကိုက် ၁၀၀ လောက်ပဲ ဝေးတဲ့နေရာမှာ အခုလို ဖြစ်ပွားခဲ့တာပါ။

ဗုံးဖောက်ခဲ့သူတွေကို ရှာဖွေရေးဟာ အစိုးရရဲ့ ဦးစားပေး လုပ်ငန်းစဉ် ဖြစ်ပါတယ်လို့ အာဏာရ ဒီမိုကရက်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘာရာနပ်ဂ်ျ ဆမွတ်သာရပ်ခ် (Baranaj
Smutharak) က ပြောပါတယ်။

“ဆန္ဒပြသူတွေကို ချေမှုန်းရေးထက် အကြမ်းဖက်သမားတွေကို ရှာဖွေရေးကို အစိုးရက ဦးစားပေး လုပ်နေတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီ အကြမ်းဖက်သမားတွေက
ဆန္ဒပြသူတွေကြားမှာ ရှိကောင်းမှလည်း ရှိမှာပါ။ ဒါကြောင့် ဒါက သီးခြားစစ်ဆင်ရေး ဆောင်ရွက်ချက် ဖြစ်ပါလိမ့်မယ်။”

သောကြာနေ့ နေ့လယ်မှာတော့ ဆန္ဒပြသူတွေက စီးလုံလမ်းမ အ၀င်နေရာကနေ နောက်ကို ကိုက် ၁၀၀ ကျော်ကျော် ဆုတ်ပေးဖို့ ရဲနဲ့ သဘောတူခဲ့ကြတဲ့အတွက်
တင်းမာမှုကတော့ တစုံတရာ လျော့နည်းသွားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီနားက လမ်းတွေပေါ်မှာရှိတဲ့ ဆိုင်တွေနဲ့ ဘဏ်တွေကတော့ စောစော ပိတ်လိုက်ကြပါတယ်။ စည်ကားလှတဲ့ နေရာဟာ တိတ်ဆိတ်သွားပါတယ်။
ဘန်ကောက်မြို့က ကောင်းကင် မြို့ပတ်ရထားကလည်း သန်းခေါင်ယံမှာ ပိတ်လေ့ရှိရာက ညနေ ၆ နာရီမှာ ပိတ်လိုက်ပါတယ်။ ဒါကြောင့် မြို့ထဲလာ အလုပ်လုပ်ကြတဲ့
ဝန်ထမ်းတွေ တော်တော်များများ အိမ်ပြန်ဖို့ ဒုက္ခရောက်ကုန်ကြပါတယ်။

ချေမှုန်းလိုက်တဲ့အတွက် လူအနေနဲ့ရော၊ ငွေကြေး အနေနဲ့ပါ ပေးလိုက်ရမယ့် တန်ဖိုးတွေကို ရှောင်ဖို့ အစိုးရအနေနဲ့ တီရှပ် အနီဝတ် ဆန္ဒပြသူတွေကို ကိုင်တွယ်ရာမှာ
သတိကြီးကြီး ထားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး Human Rights Watch အဖွဲ့ကြီးရဲ့ ထိုင်းနိုင်ငံ ကိုယ်စားလှယ် ဆူနိုင်း
ဖာဆွတ်ခ် (Sunai Pasuk) က ပြောပါတယ်။

“အစိုးရအနေနဲ့ စိတ်ရှည်ဖို့ကလွဲပြီး ရွေးစရာလမ်း သိပ်မရှိဘူးလို့ ကျနော်ထင်ပါတယ်။ အသေအပျောက်၊ အပျက်အစီး မများဘဲ လူတွေကို ခွဲဖို့က မဖြစ်နိုင်တာကြောင့်ပါ။
ဒါကြောင့် အရာရာကို ခေါင်းအေးအေးထား ကိုင်တွယ်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်ပါဘူး။”

ဆန္ဒပြတာ ၆ ပတ်ကြာလာတဲ့အခါ စောင့်ကြည့်နေကြတဲ့ ဘန်ကောက်မြို့သားတွေက မချင့်မရဲ ဖြစ်သထက် ဖြစ်လာကြပါတယ်။ ဒါကြောင့် အကြမ်းဖက်တာတွေ


ဖြစ်လာနိုင်ခြေကလည်း များလာပါတယ်။ ဘန်ကောက်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်နေပါပြီ။ ကမ္ဘာလှည့် ခရီးသွားတွေ လာတာက ထိုးကျသွားပါပြီ။
လူထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်သွားကြပြီး ဒေါ်လာ သန်းပေါင်း ရာချီ ဆုံးရှုံးခဲ့ပါပြီ။

ငြိမ်းချမ်းရေး အဖွဲ့တွေကတော့ စေ့စပ်နိုင်မယ့် အချက်တွေကို ရှာနေကြပါတယ်။ အစိုးရအနေနဲ့ ရွေးကောက်ပွဲကို စောစော ခေါ်ပေးပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို
လုပ်ဖို့ တောင်းဆိုနေပါတယ်။ UDD ပါတီနဲ့ စကားပြောနိုင်မယ့် ဖြစ်နိုင်ခြေ လမ်းကြောင်းတွေကို ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abihist Vejjajiva) က
ရှာဖွေနေပါတယ်လို့ ထိုင်းအစိုးရ သတင်းရပ်ကွက်က ဆိုပါတယ်။
နှစ်ဘက်လုံးက အကြမ်းဖက်တာတွေကို ရှောင်ကြပြီး အဖြေတရပ် ရရှိအောင် ညှိနှိုင်း ဆွေးနွေးကြဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်မှုတွေ
ဖြစ်ပေါ်နိုင်ခြေ ရှိတဲ့အတွက် ဘန်ကောက်ကို ခရီးမသွားကြဖို့ တိုင်းပြည်အသီးသီးက သူတို့ရဲ့ နိုင်ငံသားတွေကို သတိပေးထားကြပြီး သောကြာနေ့မှာတော့ အဲဒီ
နိုင်ငံစာရင်းထဲမှာ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံတို့လည်း ပါဝင်လာကြပါတယ်။

အနှစ် ၂၀ အတွင်းမှာ အခု နိုင်ငံရေး အကျပ်အတည်းဟာ အဆိုးဝါးဆုံး အကျပ်အတည်း ဖြစ်ပြီး ယခင် ၀န်ကြီးချုပ် တပ်ခ်စင် ရှင်နာဝပ် (Thaksin Shinawatra) ကို
ထောက်ခံသူတွေနဲ့ အစိုးရကြား အံတုကြတဲ့ အခြေအနေ ဖြစ်လာခဲ့ရပါတယ်။ မစ္စတာ တပ်ခ်စင်ကတော့ အကျင့်ပျက် ခြစားမှုနဲ့ ထောင်ချတာကို ရှောင်ပြီး နိုင်ငံခြားမှာ
နေထိုင်နေပါတယ်။

မစ္စတာ အဘီဆစ်ရဲ့ အစိုးရအဖွဲ့က တရားမ၀င်ဘူးလို့ အစိုးရ ဆန့်ကျင်ရေး အဖွဲ့တွေက ပြောပါတယ်။ တပ်ခ်စင် လိုလားတဲ့ အစိုးရ ၂ ရပ်ကို တရားရုံးက ဖျက်တဲ့
ဆုံးဖြတ်ချက်တွေ ချခဲ့ပြီး အဘီဆစ် အစိုးရအဖွဲ့က အာဏာရလာတဲ့ အတွက်ကြောင့် သူတို့က တရားမ၀င်လို့ ပြောကြတာ ဖြစ်ပါတယ်။

အပစ်ရပ် ၀တပ်ဖွဲ့တွေနဲ့ စစ်ရေး တင်းမာမှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်

23 April 2010

အပစ်အခတ် ရပ်စဲထားတဲ့ ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) က မြန်မာစစ်အစိုးရ တောင်းဆိုထားတဲ့အတိုင်း နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့


သဘောမတူတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်ပြီး တောင်ပိုင်း ၀နယ်မြေမှာ နေထိုင်ကြတဲ့ အရပ်သားတွေဟာ ထိုင်း၊ မြန်မာ နယ်စပ်က
တောတောင်တွေထဲကို ထွက်ပြေး ပုန်းရှောင်နေကြပါတယ်။ မြန်မာစစ်အစိုးရဘက်က ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့
တောင်းဆိုထားတာကို အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေက လက်မခံဘဲ စစ်ရေးအရ ပြင်ဆင်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အပစ်ရပ်အဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရအကြား
လတ်တလော ဆက်ဆံရေး အခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ မြန်မာစစ်အစိုးရ တောင်းဆိုထားတဲ့ နောက်ဆုံး သတ်မှတ်ရက်ဟာ မနေ့က
ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။ အခုလကုန်ထိ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ သဘောမတူရင် မြန်မာစစ်အစိုးရက အပစ်အခတ် မရပ်စဲခင်က အခြေအနေအတိုင်း ပြန်လည်
ဆက်ဆံသွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် အပစ်ရပ်ဒေသမှာ နေထိုင်နေကြတဲ့ အရပ်သားတွေဟာ တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေခဲ့ကြပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာဆို ထိုင်း၊ မြန်မာနယ်စပ် တောင်ပိုင်း ၀တပ်ဖွဲ့တွေ အခြေစိုက်ရာ မိုင်းတုံ၊ မိုင်းဆတ်နယ် အတွင်းက အရပ်သားတွေဟာ တောတောင်တွေ
အတွင်းကို ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

“အခု နယ်စပ်မှာ တချို့ ပြည်သူတွေကလည်းပဲ ပြောင်းရွှေ့နေတယ်။ လူတွေကတော့ ထွက်ပြေးနေပြီ။ တောထဲမှာလေ၊ အမျိုးသမီးတွေ ကလေးတွေက ဟိုမှာ ရောက်နေပြီ။
နားကောင်းမူ့က လူတွေ၊ နိုင်ရုတ်က လူတွေ၊ နယ်စပ်မှာနေတဲ့ ရွာက လူတွေပေါ့။ ဒါပေမဲ့ တိုက်ပွဲကတော့ ဘယ်အချိန် တိုက်ကြမယ် ဆိုတာတော့ မသိသေးဘူး။
အဆင်သင့်ကတော့ လုပ်ထားပြီးပြီ လူတိုင်း။ ထွက်ပြေးတယ် ဆိုတာက တောထဲမှာ ပြေးနေတာ အခုက တိုက်ပွဲစပြီဆိုတော့ ထိုင်းဘက်ဝင်လာဖို့ အဲလို လုပ်ထားတယ်။”

ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်ကတော့ ရှမ်းပြည်အရှေ့ပိုင်း တောင်ပိုင်း ၀နယ်မြေက ဒေသခံတွေဟာ သင်္ကြန်မတိုင်မီ ကတည်းက စတင်
ထွက်ပြေးနေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီ တောင်ပိုင်း ၀ကတော့လည်း ၀ရွာသားတွေ ဘာတွေက လွန်ခဲ့တဲ့ တပတ်လောက်က စပြီးမှ တော်တော် ရုတ်ရုတ်သဲသဲ ဖြစ်တယ်။ ထွက်ပြေးကြတယ်။ သူတို့
ရွာတွေကနေ ရှောင်နေကြတယ်၊ တိမ်းရှောင်နေကြတယ်။”

ရှမ်းသံတော်ဆင့် သတင်းဌာနကတော့ လူအင်အား ထောင်ချီပြီး ထွက်ပြေး တိမ်းရှောင်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဘက်က စစ်ရေးအရ အသင့်အနေအထား ပြင်ဆင်ထားတယ်လို့ ၀တပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဦးစိန်ကြည်က
ဆက်ပြောပါတယ်။

“၀တပ်ကတော့ သူ့နေရာနဲ့ သူပေါ့။ ရှေ့တန်း နအဖနဲ့ မျက်နှာချင်းဆိုင် ရှေ့တန်းအသီးသီးမှာလည်း ကောင်းကောင်းမွန်မွန် အသင့်အနေအထားမှာ ပြင်ဆင်ထားတယ်တဲ့။
သတိရှိရှိ နေကြဖို့၊ အသင့်အနေအထားမှာ ရှိစေဖို့၊ ပေါ့လျော့ ပေါ့ဆမှုတွေ မလုပ်ဖို့ အဲဒါတွေ တပ်လှန့်ထားတယ်တဲ့။”

တရုတ်၊ မြန်မာ နယ်စပ်ဘက်က ၀ဌာနချုပ် ပန်ဆန်းနဲ့ မိုင်းလားဒေသ ဘက်မှာတော့ အခြေအနေက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းဖို့ လွန်ခဲ့တဲ့နှစ် ဧပြီလ ၂၈
ရက်နေ့ကနေ စတင် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြောင်းလဲဖွဲ့စည်းမယ်ဆိုရင် အပစ်ရပ်အဖွဲ့တွေ အနေနဲ့ သူတို့ရဲ့ လက်ရှိအင်အားကို လျှော့ချပြီး မြန်မာတပ်မတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ ထားရှိရမှာ ဖြစ်တာကြောင့်
UWSA၊ KIA ကချင် လွတ်လပ်ရေး တပ်မတော်၊ မိုင်းလားအဖွဲ့၊ SSA ခေါ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ မွန်ပြည်သစ်ပါတီတို့က သဘောမတူခဲ့ကြပါဘူး။

ဒီအပစ်ရပ်အဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရ အကြားမှာ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ ဒီကနေ့အထိတော့ ပြီးပြတ်တဲ့ သဘောတူညီချက် မရသေးပါဘူး။

ဒီလ ၃ ရက်နေ့ကတော့ ၀တပ်ဖွဲ့ဘက်က အချက် ၈ ချက်ပါတဲ့ တောင်းဆိုချက် အသစ်တွေကို မြန်မာစစ်အစိုးရဘက်က ထပ်မံ တင်ပြခဲ့ပေမဲ့ မြန်မာစစ်အစိုးရက
လက်မခံသလို ထပ်မံဆွေးနွေးတာလည်း မရှိသေးဘူးလို့ သိရပါတယ်။

KIA အဖွဲ့ကတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံနိုင်ကြောင်း ဒီလ ၁၆ ရက်နေ့က ဌာနချုပ် လိုင်ဇာမှာ လူထုရှင်းလင်းပွဲ ကျင်းပပြီး သဘောထား
ထုတ်ပြန်ခဲ့ပါတယ်။ ဒီလ ၂၂ ရက်နေ့မှာတော့ ဥက္ကဋ္ဌ ဦးဇောင်းဟရား ဦးဆောင်တဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနားမြို့ကို သွားရောက်ပြီး မြောက်ပိုင်းတိုင်း တိုင်းမှူးနဲ့
ဆွေးနွေးနေတာ အခုချိန်ထိ ဌာနချုပ်ကို ပြန်မရောက်သေးပါဘူး။

နိုင်ငံရေး၊ စစ်ရေး လေ့လာသူတွေကတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ အပစ်ရပ် အဖွဲ့တွေကို မြန်မာစစ်အစိုးရဘက်က လောလောဆယ်မှာ
စစ်ရေးအရ အရေးယူမယ့် အခြေအနေမျိုးတော့ မတွေ့ရသေးဘူးလို့ သုံးသပ်ကြပါတယ်။

ထိုင်းဆန္ဒပြပွဲ ဗုံးခွဲမှု လူ ၅ ဦး ဖမ်းဆီး

23 April 2010

ထိုင်းနိုင်ငံမှာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုအတွက် အာဏာပိုင်တွေက လူ ၅ ဦးကို


ဖမ်းဆီးထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲ သူတို့ကို ဖမ်းဆီးထားတာ ဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့
အချိန်ပိုင်း အတွင်းမှာပဲ ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abhisit Vejjajiva) က လုံခြုံရေး အရာရှိတွေနဲ့ အရေးပေါ်
အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

ဘန်ကောက်မြို့တော်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ စတည်းချနေတဲ့ စခန်းနားမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်


ဖြစ်ပွားခဲ့လို့ လူ ၃ ဦးကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရသွားကြပါတယ်။

ဆန္ဒပြသူတဥိးကို ဖမ်းဆီးနေသည့်
ဘန်ကောက်မြို့တော်ရဲ့ အစည်ကားဆုံး အရောင်းအ၀ယ်ဆိုင်တွေ ရှိတဲ့ ရပ်ကွက်၊ နယ်လှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့
ထိုင်းရဲတပ်ဖွဲ့ဝင်အချို့။ ဧပြီ ၂၂၊ ၂၀၁၀။
ရပ်ကွက်မှာ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူပေါင်း ၇၀ ကျော်လည်း ဒဏ်ရာရသွားတယ်လို့
ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ နေရာမှာ လက်နက်ကိုင် တပ်သားတွေရော၊ ဆန္ဒပြသူ အဖွဲ့မျိုးစုံနဲ့ရော အပြည့်ဖြစ်နေခဲ့တာပါ။ ဆန္ဒပြသူတွေရဲ့ စခန်းတွင်းကနေ M-79 လောင်ချာတွေနဲ့
ပစ်ခတ်ခဲ့တာလို့ ထိုင်း ဒု-၀န်ကြီးချုပ် ဆူသက်ပ် ထောင်ဆူဘန် (Suthep Thaugsuban) က ရုပ်မြင်သံကြားက ပြောကြားသွားခဲ့ပါတယ်။

ဆန္ဒပြသူတွေကတော့ ဖောက်ခွဲမှုတွေကို သူတို့လုပ်ဆောင်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့တော်ကိုလည်း သီတင်းပတ် အတော်ကြာ


စီးနင်း သိမ်းပိုက်ထားတာ ဖြစ်လို့ ထိုင်းအရပ်သားတွေရော၊ စီးပွားရေး လုပ်ငန်းရှင်တွေပါ စိတ်ပျက်နေကြပါပြီ။

အင်္ကျီအနီဝတ်တွေလို့ ခေါ်ဆိုတဲ့ ဆန္ဒပြသူတွေ မြို့ရဲ့ အရောင်းအ၀ယ် အချက်အချာကျတဲ့ နေရာတွေကနေ ထွက်သွားအောင် လုပ်ဆောင်ဖို့အတွက် တခြားအဖွဲ့တွေက
စုစည်းပြီး ကြိုးစားခဲ့ကြပါတယ်။ သူတို့နှစ်ဘက်ကို ရဲက ခွဲပစ်ခဲ့ရပါတယ်။

အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေဟာ ဆန္ဒပြနေတာ သီတင်း ၅ ပတ် ရှိသွားပြီဖြစ်ပြီး ရွေးကောက်ပွဲ အသစ်တွေ ကျင်းပပေးဖို့၊ ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ ရာထူးက
နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

http://www.voanews.com/burmese/index.cfm

နေပြည်တော် တွင် ဗုံးလန့် 

April 23, 2010 Freedom News Group


ယနေ့ ညနေ ၅နာရီ ခန့် က နေပြည်တော် ရှိ မြို့ မဈေးတွင် ဗုံးလန့် မှု တစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့်
ဈေးသူဈေးသား များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည် ဟု သတင်းရရှိသည်။ ဗုံးလန့် သည့် မြို့ မဈေး
သို့ ချက်ခြင်း ပင် စစ်အစိုးရလုံခြုံရေး တပ်ဖွဲ့ များ ရောက်ရှိလာသည်။ယနေ့ မနက်ပိုင်းက နေပြည်တော်ရှိ စစ်အစိုးရ ၀န်ထမ်းအိမ်ရာ များကို လည်း လုံခြုံရေး အဖွဲ့ များက
ဗုံးရှာစက် ၊မိုင်းရှာ စက် များ သုံး၍ လိုက်လံ ရှာဖွေသည် ဟု နေပြည်တော် မှ အစိုးရ ၀န်ထမ်းတစ်ဦးက
Freedom News Group သို့ ပြောသည်။

နေပြည်တော်ရှိ စစ်အစိုးရ ခေါင်းဆောင်များနေသည့် ဇုန် တွင် လုံခြုံရေး အထူးတင်းကျပ် ထားသည်။


၂၃ လမ်းတွင် ဆောက်လုပ်ဆဲ လေးထပ်တိုက် ငြမ်းပြိုကျမှု လမ်းသား များ ဗုံးပေါက် သည် ထင် ၍ ထိတ်လန့်

April 23, 2010 Freedom News Group


0

ရန်ကုန် မြို့ လသာ မြို့ နယ် ၂၃ လမ်း အထက်ဘလောက် အိမ်အမှတ် ၁၁၆ – ၁၂၀ တွင် ယနေ့ မနက် ၁၁ နာရီခန့် က
ဆောက်လုပ်ဆဲ လေးထပ်တိုက်တစ်လုံး၏ ငြမ်း ပြို ကျမှု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။ငြမ်းပြိုကျမှု ကြောင့်
တန်ဖိုးကြီး လန်ခရူဆာ ကား တစ်စီး ပျက်စီးသွားပြီး ၊အလုပ်သမား တစ်ဦး ဒဏ်ရာ ရရှိသွားသည် ဟု သိရသည်။

ဆောက်လက်စ RC တိုင်ငြမ်းမှ တစ်ဆင့် ပြိုကျရာ ၀ုန်းခနဲ အသံကြောင့်လမ်းသူ လမ်းသား များ နှင့် ပလတ်စတစ်
အိတ် နှင့် ကွာစေ့ လက်ကားရောင်းသူ များ မှာဗုံးပေါက်သည် ထင်ပြီး ကြောက်လန့် ၍ ပြေးကြသည် ။

၂၃ လမ်း နေ ဦးကျင်ဝှက်က စောစောစီးစီး ၀ုန်းကနဲ ဆိုတော့ လန့် သွားတယ် ။ဖုန်တွေ ထလာပြီး နောက် ဒုန်းဒုန်း
နဲ့ အသံတွေ ကြားတော့ ဦးလဲ တူမ နဲ့  သမီး ကိုခေါ်ပြီး ထွက်ပြေးတော့ တာပဲ ၊အဲဒီနား က ဆိုင်တွေ ကလည်း ပြေး
လိုက်ကြတာ ဆိုတာ ၂၃ လမ်း ထဲ မှာ အပြေးပြိုင်ပွဲ လုပ်နေလား အောက်မေ့ ရတယ် ဟု Freedom News Group
သို့ ပြောသည်။

ငြမ်းပြိုကျမှု ကြောင့် ပျက်စီးသွားသည့် ကားပိုင်ရှင်က ဆောက်လုပ်ရေး လုပ်ငန်း ရှင် အား ကား အသစ်တစ်စီး ပြန်
လည် လျှော်ပေးရန် တောင်းခံရာ ကန်ထရိုက် က မလျှော် ပေး နိုင်ကြောင်း ပြန်လည် ငြင်းဆန်ပြီး နောက် ၎င်း တို့ နှစ်
ဦး၏ ပြဿနာ မှာ ဆက်လက် ဖြစ်ပွားနေသည်။

သင်္ကြန် အတက်နေ့ မေလ ၁၅ ရက်နေ့  က ယနေ့ ထိ လူ ၂၈ ဦး တိတိ သေဆုံးပြီး ဖြစ်သည့် ဗုံးပေါက်ကွဲမှုနောက်
ပိုင်း တွင် ရန်ကုန် မြို့ ဉ် ဘုံးလန့် မှု များ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။

မြန်မာ နိုင်ငံတွင် ၁၉၉၅ ခုနှစ်က ဆူးလေ ဘုရားလမ်းရှိ Trader ဟိုတယ် တည်ဆောက်စဉ် ငြမ်း အစိတ် အပိုင်းအချို့ ပြိုကျမှု
ကြောင့် အလုပ်သမား ဆယ်ဦး ခန့် သေဆုံးခဲ့သည်။

ဆက်စပ်သတင်း (ဆယ်တန်းဖြေဆိုဆဲ ကျောင်းသူ လေး

ထင်ရှားသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာမည် ဟု မိသားစုဝင်များမျှော်လင့်

April 22, 2010 Freedom News Group


Junta Prepare to release Political Prisoners

နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့်  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ

မြန်မာစစ်အစိုးရမှ ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား များပြန်လွှတ်မည် ဆိုသည့် သတင်း


သည် သင်္ကြန်ကာလ မတိုင်ခင်ကတည်းက နိုင်ငံရေး အကျဉ်းသား မိသားစု များ၏ သတင်းရပ်
ကွက်တွင် ပေါ်ထွက်နေ ခဲ့သည်။

ပြန်လည် လွတ်မြောက်လာမည့် သူများ တွင် ကိုကိုကြီး ၊ကိုအံ့ဘွယ်ကျော် နှင့် ကိုဂျင်မီကဲ့ သို့ ၈၈ မျိုးဆက်
ကျောင်းသားများ နှင့် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မည် ဟု ထောင်ဒဏ် ၆၅ နှစ်ကျခံထားရသည့်
ကျောင်းသားခေါင်းဆောင် ကိုပြုံးချို၏ မိသားစု ၀င် တစ်ဦးက Freedom News Group သို့ ပြောသည်။

နအဖ စစ်အစိုးရ ၏ နိုင်ငံ တ၀ှမ်းရှိ အကျဉ်းထောင် များ အတွင်း နိုင်ငံရေး အကျဉ်းသား နှစ်ထောင် ကျော်ရှိ
သည်။စစ်အစိုးရ ၏ ဆိုးရွား လှသော အကျဉ်းထောင် များ အတွင်း နိုင်ငံရေး အကျဉ်းသား အချို့ မှာ ကျမ္မာရေးချို့ 
ယွင်းလျှက်ရှိသည်။

ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား များ အား စာရင်းကောက်ယူခြင်း နှင့် စစ်ထောက်လှမ်းရေးက လိုက်လံ တွေ့ 
ဆုံခြင်းတို့ ကို ရမည်းသင်းထောင် ၊ပြည် ထောင် ၊မော်လမြိုင်ထောင် ၊အင်းစိန်ထောင် နှင့် မန္တလေး ထောင်များ တွင်
ယခု လဆန်းပိုင်းကတည်းက စတင်လှုပ်ရှားနေသည်။(Freedom News Group ၏ Twitter တွင် တင်ပြီး)

ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အား အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က မ၀င်ရန် ဆုံးဖြတ်ခဲ့သဖြင့်


နိုင်ငံတကာ မှာ ဖိအားများ လျှော့ပါးရန် ရည်ရွယ် ကာ နိုင်ငံရေး အကျဉ်းသားများ အားလွှတ် ပေးရန် စီစဉ်
ခြင်း ဖြစ် နိုင်သည် ဟု ပြည်တွင်း ရှိ နိုင်ငံရေး အကျဉ်းသားများက သုံးသပ်သည်။

ဘန်ကောက်တွင် ဗုံးပေါက်ကွဲ သုံးဦးသေ ရ၅ ဦးဒဏ်ရာရ

April 23, 2010 Freedom News Group Leave a comment Go to comments


4
1
မဲပေးပါ

ဗုံးပေါက်ကွဲရာ ဆလာဒန်း ဘူတာ အား ဗုံးမပေါက်ကွဲခင် ညနေ ၆ နာရီက Freedom News Group မှ မှတ်တမ်း တင်ထားပုံ ဖြစ်သည်။ ဓာတ်ပုံ - ကိုဦး (ဘန်ကောက်)
FNG
ပေါက်ကွဲမှု မဖြစ်ခင် ဧပြီလ ၂၂ ရက်နေ့ ညနေ က ဆလာဒန်း ဘူတာ အား Freedom News Group မှ ရိုက်ကူးထားခြင်းဖြစ်သည်။

ယနေ့ ည ဘန်ကောက်မြို့ တွင် ဗုံးပေါက်ကွဲခဲ့သည့်နေရာများ ဓာတ်ပ-ုံ ဘန်ကောက်ပို့ စ်

ဘန်ကောက်မြို့ လည် စီးပွားရေး အချက်အချာကျသည့် နေရာ များတွင် ယနေ့ ည ဗုံးပေါက်ကွဲမှု


ကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးပြီး ၇၅ ဦးဒဏ်ရာရရှိခဲ့သည်။လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု
ကြောင့် ထိခိုက်ပေါက်ကွဲ မှု ရှိခဲ့သည့် နေရာများ မှာ စလာဒန်း လမ်းဆုံအနီး မိုးပျံရထားဘူတာရုံ ၊ဒူဆစ်
ဌာနေ ဟိုတယ် ၊ချာရိုယန် လယ်ယာ စီးပွားရေး ကုမ္ပဏီ ရုံးနှင့် ဆီလုံ လမ်းမ နှစ်နေရာ တွင် ဖြစ်သည်။

ယမန်နေ့ ညက ငါးနေရာ ဆက်တိုက်ကွဲခဲ့သည့် လက်ပစ်ဗုံး နှင့် လောင်ချာပစ်ခတ် မှုများကြောင့်


အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးပြီး ဂျပန် နိုင်ငံသား တစ်ဦး နှင့် သြစတေးလျှ
နိုင်ငံသား တစ်ဦးလည်း ဒဏ်ရာရှိသွာကြောင်း သတင်းရရှိသည်။

ဗုံးပေါက်ကွဲ မှု မတိုင်ခင် အနီဝတ် များ စခန်းချသည့် နေရာများ သို့  အစိုးရ လိုလားသည့် အုပ်စုများ
မှ တန်ပြန်ဆန္ဒပြမှု များ ဖြစ်ပွားခဲ့ပြီး ကျောက်ခဲများ ၊ပစ္စည်းများ ဖြစ် နှစ်ဖက် ပစ်ခတ်ကြရာ လုံခြုံရေးတပ်
ဖွဲ့ များက ၀င်ရောက် ထိန်းသိမ်းခဲ့ရသည်။ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ သံသယရှိ သူ ငါးဦးကို ရဲက ဖမ်းဆီး
ထားသည်။

ထိုင်း နိုင်ငံဘန်ကောက် မြို့ ရဲ့ အခြေတွေဟာ ကသောင်းကနင်း နဲ့  ဖရိဖရဲ ဖြစ်နေတယ် လို့ ထိုင်းနိုင်ငံ
ဆိုင်ရာ အမေရိကန် သံအမတ် ကြီးက AP သတင်းဌာန ကို ပြောပါတယ်။အဘီဆစ် ညွှန့် ပေါင်းအစိုးရ အဖွဲ့ က
လည်း သတင်းမီဒီယာ တွေ မှာ အနီဝတ် တွေ အကြောင်း မဖော်ပြပေး ဖို့ နဲ့ လူထု အထင်လွဲအောင် ဖော်ပြပေး
ဖို့ လာဘ်ထိုးတယ် လို့ လဲ ထိုင်း ဆန္ဒပြ သူတွေ က Freedom News Group ကို ပြောပါတယ် ။

ဒါပေမယ့် ဆီလုံလမ်း မှာ တာဝန်ကျနေ တဲ့ ဘန်ကောက် တပ်ရင်း ၈ က တပ်ကြပ်ကြီး ဖိချစ် ကတော့


“အနီဝတ် တွေ မှာ ပါတဲ့ စစ်သားဟောင်း တွေ ဆီမှာ လက်နက် တွေ ရှိတယ် ။သူ တို့ က ကွန် မန် ဒိုတပ်
တွေ လှို့ ဝှက် ဖွဲ့ ထားပြီးတော့ ၀န်ကြီးချုပ် ရုံး ကိုတောင် ၀င်စီးဖို့ စီစဉ်နေတယ် လို့ သတင်းရထား
တယ် လို့ Freedom News Group ကိုပြောပါတယ်။

နိုင်ငံရေး စားဖားကြီး လို့ အနီဝတ် တွေ က ခေါ်ကြတဲ့ ဒုဝန်ကြီးချုပ် ဆူထေ့ ကတော့ ဒီပေါက်ကွဲ မှု တွေ ဟာ
အနီဝတ် တွေ စခန်းချထား တဲ့ နေရာကနေ ထွက် ပေါ် လာတာ ဖြစ်တယ်လို့ စွပ်ဆွဲ ထားပေမယ့် အနီဝတ် ခေါင်း
ဆောင် မူဆစ်ကဖောင်း ကတော့ ဒါမဟုတ် မှန်ပါ ဘူး ၊တိုက်ခိုက် သူ ကို မိအောင် ဖမ်း ဖို့ က အစိုးရ ရဲ့ တာဝန် ပဲ
လို့ ပြောပါတယ်။

ထိုင်း နိုင်ငံ ဘန်ကောက် ဗုံးကွဲမှု ဟာ လည်း မြန်မာ နိုင်ငံ လိုပဲ တန်ပြန် ဆန္ဒပြပွဲ တွေ လုပ်ချင်တဲ့ အစိုးရက ခွဲတာ
လို့ လဲ သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဗုံးကွဲမှုကြောင့် ဒဏ်ရာရှိသွားသူ တစ်ဦး ဓာတ်ပ-ုံ အေအက်(ဖ)ပီ


UDD ခေါင်းဆောင် ပရွန်ဖန် ၏ အမ ဖြစ်သူ အား Freedom News Group မှ တွေ့ ဆုံမေးမြန်း စဉ် ရိုက်ကူးထားခြင်း ဖြစ်သည်။ အနောက်တွင် စကားပြော စက်နှင့် ထိုင်း
နေသူမှာ ထိုင-် မြန်မာ (တာချီလိတ)် စစ်ပွဲ အတွင်း ပါဝင် တိုက် ခိုက် ခဲ့သည့် ဗိုလ်မှုး ထန်းနု ဖြစ်ပြီး ယခု လုံမ္မဏီ ခရိုင် အနီဝတ် လုံခြုံရေး တာဝန်ခံ ဖြစ်သည်။ ဗိုလ်မှုး ထန်းနု
သည် ထိုင်း-မြန်မာ စစ်ပွဲ တွင် သူရဲ ကောင်း မှတ် တမ်း ၀င် ဆုရရှိခဲ့သည်။

"ဘာလဲဟဲ့ လူ့ငရဲ" အကြောင်း သိကောင်းစရာ

အင်တာဗျူး

ဧပြီ ၂၃၊ ၂၀၁၀


[ မူရင်း - ဗီအိုအေ မြန်မာပိုင်း http://www.voanews.com/burmese ]

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် က အသက် ၈၀ ပြည့်နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်တဲ့ "ဘာလဲဟဲ့ လူ့ငရဲ" အမည်ရှိ စာအုပ်ဟာ
မတရားတာ ခေါင်းငုံ့ မခံဘဲ အမှန်အတိုင်း တင်ပြတာဖြစ်ပြီး ဒေါသနဲ့ ရေးတာမဟုတ်ဘဲ ဒေါသဆိုတာ ပါခဲ့ရင်တောင်မှ ကရုဏာဒေါသောသာ ဖြစ်ကြောင်း ပြောဆိုပါတယ်။
ဒီစာအုပ်ဟာ ဦးဝင်းတင် ဖမ်းဆီးအချုပ်ခံကာလ အနှစ် ၂၀ ထောင်တွင်း အတွေ့အကြုံတွေကို ရေးသားထားတာ ဖြစ်ပြီး ၂၀၁၀ မတ်လ ဒုတိယအပတ်မှာ ထုတ်ဝေခဲ့တာပါ။
ဒီစာအုပ်နဲ့ ပတ်သက်လို့ ဆရာကြီး ဦးဝင်းတင်ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းပြီး ဒီသတင်းပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ သုံးသပ် ဆွေးနွေး
တင်ပြပေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟံသာဝတီ ဦးဝင်းတင် အမည်နဲ့ ထုတ်တဲ့ စာအုပ်အမည်က "ဘာလဲဟဲ့ လူ့ငရဲ" ဆိုတာ ရေးထားပါတယ်။ ဆရာရဲ့  ထောင်တွင်း အကျဉ်းသားဘဝ။
ခေါင်းစဉ်ကို ကြည့်ရတာတော့ ဆရာဟာ ကြုံတွေ့ခဲ့ရတဲ့ ငရဲတမျှ ဆင်းရဲတဲ့ဘဝကို ဘာလဲဟဲ့ ဆိုတာ ကြံ့ကြံ့ခံပြီးတော့ စိန်ခေါ်ထားတဲ့ သဘောနဲ့ ရေးတယ်လို့ ထင်ပါတယ်။

ဦးဝင်းတင် ။ ။ ဟုတ်ပါတယ်။ အဲဒီ သဘောပါ။ ကျနော့် ကြုံးဝါးချက်။ ကျနော်တို့ ငယ်ငယ်တုန်းက လောကဓံ ဦးထွန်းလှရဲ့  ဘာလဲဟဲ့ လောကဓံ ဆိုတဲ့ စကားလေးက
ကျနော့်ခေါင်းထဲမှာ စွဲနေလို့ ကျနော်ပြန်ပြီး ကြုံးဝါးတာပါ။

ဦးကျော်ဇံသာ ။ ။ ဆရာ ဒီစာအုပ်ကို ရေးတဲ့အခါ စာရေးဆရာတယောက် အနေနဲ့ အဲဒီအချိန်မှာ ဘယ်လိုစေတနာများ ဖြစ်နေပါသလဲ။

ဦးဝင်းတင် ။ ။ အဲဒီ စေတနာကတော့ ဟိုသတင်းစာထဲမှာ ကျနော့်စာအုပ်နဲ့ ပတ်သက်ပြီး ပြင်းပြင်း ထန်ထန် ပုတ်ခတ်တာတွေကို ဖြေရှင်းတာ မရှိပါဘူး။ ဒါပေမဲ့ ကျနော်
ပြောချင်တဲ့ဟာကတော့ စေတနာက ဒီနေ့ ဒီစစ်အစိုးရက နှစ်ပေါင်းများစွာ နိုင်ငံရေး အကျဉ်းသားတွေ သို့မဟုတ် ထောင်တွင်းတွေထဲမှာ လူတွေကို ညှဉ်းပန်းတယ်၊
နှိပ်စက်တယ်၊ လူ့အခွင့်အရေးတွေကို ချိုးဖောက်တယ်၊ ဖျက်ဆီးတယ် ဆိုတာက ကြာပြီဗျ။ အဲဒီဟာတွေကို ကျနော်က မှတ်တမ်း တင်ချင်တယ်။ ဒါတွေဟာ
လူမဆန်တာတောင် မဟုတ်ဘူး၊ တိရစ္ဆာန်တောင် မဆန်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တိရစ္ဆာန်ကမှ တိရစ္ဆာန်အချင်းချင်း ညှာသေးတယ်။ တိရစ္ဆာန် အချင်းချင်း သတ်စားစရာ
လိုလို့ သတ်စားတဲ့ သူရဲ့  သဘာဝ လိုအပ်ချက်သာ လုပ်တယ်။ ညှင်းပန်းချင်လို့ သို့မဟုတ် စစ်ကြောချင်လို့ မလုပ်ဘူး။ ဒီမှာကတော့ ထောင်တွေမှာ ဖြစ်နေတာက
စစ်ကြောရေး စစ်ထောက်လှမ်းရေးတို့ လုပ်သွားတဲ့ ပုံသဏ္ဌာာန်ပေါ့။ ကျနော်တို့မှာ လူ့အခွင့်အရေး မပြောနဲ့ ထောင်တွေထဲမှာ ခွေးအခွင့်အရေး၊ နွားအခွင့်အရေးတောင်
မရအောင် ဖြစ်နေတယ်။ အဲဒါတွေကို ကျနော်က ပြောပြချင်တာပါ။

ဦးကျော်ဇံသာ ။ ။ ဆရာပြောတဲ့ အဲဒီ ဆောင်းပါးထဲမှာ ဒေါသပေါက်ကွဲနေတာ တွေ့ရတယ် ဘာညာ ဆိုတော့ ဆရာအနေနဲ့ ဒီစာအုပ်ကို ရေးတာ တကယ် ဒေါသပေါက်ကွဲ
နေသလား။

ဦးဝင်းတင် ။ ။ ဒီလိုတော့ ပြောရမယ်ထင်တယ်။ ကျနော့် ဒေါသက ဘာလဲ ဆိုရင် ဗမာစကားလည်း ရှိပါတယ် ကရုဏာဒေါသော - ဒေါသတော့ ဒေါသ၊ ကရုဏာတွေလည်း
ရှိပါတယ်။ ကရုဏာတွေ ဆိုတာ ခံရတဲ့လူတွေအတွက်လည်း ကရုဏာဖြစ်တယ်။ နှိပ်စက်ညှဉ်းပန်းတဲ့ လူတွေအတွက်လည်း ဘာပဲ ပြောပြော ကရုဏာဖြစ်တယ်။
အဲဒီလူတွေဟာ တိရစ္ဆာန် မဆန်တဲ့ အပြုအမှုတွေကို ပြုမှုလောက်အောင် ဖြစ်နေရတဲ့ဟာက ဒီစစ်အာဏာရှင်တွေက ခိုင်းတိုင်း လုပ်နေရလို့။ ခိုင်းတိုင်း လုပ်နေကာ
လူစိတ်ကိုပျောက် လူမဆန် လုပ်နေတဲ့ဟာကြောင့် ကျနော်က သတင်းစာတွေမှာ စွပ်စွဲသလို ဒေါသ ဆိုတာတော့ ရှိရင်လည်းရှိမယ်၊ မရှိဘူးလို့လည်း ကျနော်
မငြင်းချင်ပါဘူး။ ဒါပေမဲ့ အဲဒီ ဒေါသက ကရုဏာဒေါသောလို့သာ ပြောချင်ပါတယ်။ သူတို့ကို ပြင်စေချင်တဲ့ ဆန္ဒနဲ့ သူတို့ဟာ နည်းနည်းလေး တိရစ္ဆာန်ဆန်နေတဲ့ နေရာကနေ
လူဆန်လာအောင် လုပ်စေချင်တဲ့ ကရုဏာနဲ့ ဖြစ်စေချင်တဲ့ ဒေါသလို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဆရာက အဲဒီ ဒေါသလို့ ဆိုတယ်၊ ဆရာကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့၊ ခံစားခဲ့ရတဲ့ ဆိုးဝါးတဲ့ ညှဉ်းပန်းနှိပ်စက်မှုကို မဖော်ပြပါဘူး။ ဒီမှာသာ မကဘူး
ထိန်းသိမ်းခံ ကာလတုန်းက ပါမောက္ခ ပီညဲရိုး (Paulo Sergio Pinheiro) က ပြောပါတယ် ဦးဝင်းတင် ဟာ သူ့ကိုယ်ရေး ကိုယ်တာအရေး တခါမှ မပြောဘူး။
တိုင်းပြည်အတွက်နဲ့ သူများအတွက်သာ ပြောတဲ့အကြောင်း တလေးတစား ပြောပါတယ်။ ဒီစာအုပ်မှာ ကိုယ်ရေးကိုယ်တာ ဖော်ပြထားတာ မတွေ့ပါဘူး။ အဲဒါကိုလည်း
ဖော်ပြသင့်တယ်လည်း မထင်ဘူးလား။

ဦးဝင်းတင် ။ ။ ကျနော် မဖော်ပြဘူးလို့တော့ မဟုတ်ဘူး ကျနော် ဖော်ပြပါတယ်။ ဆိုပါတော့ ကျနော် စစ်ကြောရေးတွေ ရောက်တဲ့အခါ ကျနော်ကို ညှဉ်းပန်းတာတွေကို
ပြောတယ်။ ဥပမာ အလွယ်ဆုံး နမှုနာ တခု ပြောရင် ကျနော့်ကို ၁၉၉၀ လောက်မှာ သွားတွေ ရိုက်ချိုးတယ်။ အဲဒီလို ခပ်ကြမ်းကြမ်း သွားတွေ ရိုက်ချိုးတယ်။ သွားတချောင်းမှ
မရှိဘဲနဲ့ ထောင်ထဲမှာ ၁၉၉၈ နှစ်အထိ ၈နှစ် လုံးလုံး နေခဲ့ရတယ်။ သို့သော် ကျနော်ဟာ တခြားလူတွေ ခံရတာတွေသာ ပြောချင်တယ် ကိုယ့်အကြောင်း သိပ်မပြောချင်ဘူး။
ကိုယ့်အကြောင်းနဲ့ပြောရင် ကိုယ့်ခံရတာတွေ၊ ကြုံတွေ့ခဲ့ရတာတွေ၊ ကိုယ့်ရဲ့  ဒေါသတွေလို့ ဖြစ်နေမယ်။ ကျနော်က တခြားလူတွေ ခံရတာကို ပြောချင်တယ်။ နောက်တချက်
ပြောချင်တာက ကျနော်ထင်တယ် ကျနော်ခံရတာက နည်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် ထောင်ထဲရောက်တဲ့အချိန်မှာ အသက် (၆၀) ကျော်နေပြီးဆိုတော့
အများကြီး သက်သာတယ်လို့ ထင်တယ်။ ကျနော်ထက် ဆိုးတဲ့လူတွေ အများကြီး။ လူငယ်တွေ ညှဉ်းပန်းနှိပ်စက် ခံရတာ။ လူငယ်တွေကို အငတ်ပြတ်ထားတာ၊
လူငယ်တွေကို စိတ်ဓာတ် ပျက်ပြားအောင်၊ စိတ်ဖောက်ပြန်အောင် လုပ်တာတွေနဲ့ ယှဉ်တဲ့အခါကြတော့ ကျနော့်ရဲ့  ခံစားချက်တွေက အလွန်နည်းပါတယ်။ အဲဒါကြောင့်
ကျနော် ခံစားချက်တွေကို အခုနပြောတဲ့ သွားတချောင်းမှ မရှိဘဲနဲ့ ၈ နှစ်လောက်ကို သွားစိုက်ခွင့်လည်း မပေး၊ အဲဒီလို နှိပ်စက်ခဲ့တဲ့ဟာတွေ။ နောက်တော့ ကျနော့်ကို
နှင်းတောထဲမှာ ညလုံးပေါက် ထားတဲ့ဟာတွေ၊ ကျနော်ရဲ့  လက်တွေခြေတွေကို ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျနော် အခန်းကဏ္ဍ "ရုပ်မသေး ကြိုးမကိုင် (စာမျက်နှာ - ၂၂၂)"
မှာ ပါတယ် - ကျနော်ကို ရိုက်နှက် ဘာညာလုပ်၊ ထိုးကြိတ်လုပ်တာ ကျနော့် သွေးတွေ ထွက်တာ ရှိတယ်၊ လက်ကျိုးတာတွေ ရှိတယ်။ ဒီဟာတွေကို ပြောသင့်သလောက်ဘဲ
ပြောပါတယ်၊ အများကြီး မပြောပါဘူး။ မပြောတဲ့ အကြောင်းကတော့ မစ္စတာပီညဲရိုး (Pinheiro) က တခြားလူတွေ အကြောင်းကို ပြောဖော်ရတယ် ဆိုတဲ့ အတွက်
ဂုဏ်တင်ပြောဆိုတာကို ကျေးဇူး တင်ပါတယ်။ သို့သော် ကျနော်ပြောချင်တာက အခုလို ဂုဏ်တင်ခံချင်လို့ ပြောတာ မဟုတ်ဘူး။ ကျနော်ရဲ့  ညှဉ်းပန်း နှိပ်စက်ခံရမှုတွေက
ကျန်တဲလူတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ NLD လူငယ်တွေ ထက် အများကြီး သက်သာလို့ ကျနော့်အရေးကို ထုတ်မပြောဘဲနဲ့ နည်းနည်းပဲ
ပြောတာပါ။ ကျန်တဲ့လူတွေဟာ အများကြီး ခံရပါတယ်လို့ ပြောခြင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မဟုတ်ဘူး ဆရာ။ ကျနော်ကလည်း တကယ်တော့ ထောင်တွင်းမှာ ကြုံတွေ့ခံရတဲ့ လူတွေရဲ့  စာအုပ် စာတမ်းတွေလည်း ဖတ်ဖူးပါတယ်။ သူတို့ရေး၊
ပြောဆိုတဲ့ မှတ်တမ်းတွေကိုလည်း ကြားဖူးပါတယ်။ သွားကို ရိုက်ချိုးတာတော့ မကြားခဲ့ဘူး။ ရိုက်တယ်၊ နှက်တယ်၊ ကန်ကြောက်တယ်၊ လက်ကျိုးသွားတာတွေ ရှိတယ်။
ဒါပေမဲ့ သွားကို ရိုက်ချိုးတယ် ဆိုတာ အတော် ရက်စက်တဲ့ အလုပ်ဖြစ်တယ်။

ဦးဝင်းတင် ။ ။ ဒီလိုတော့ တခုရှိတယ်။ ကျနော့် စကား အသုံးအနှုန်းက ဒဲ့ဒိုးကြီး ဖြစ်မယ်။ သွား ရိုက်ချိုးတယ်ဆိုတာ ရိုက်လို့ သွားကျိုးတယ်လို့ ပြောင်းပြန် ပြောရလိမ့်မယ်။
ကျနော် ပြောတဲ့ဟာက ဒီ စစ်ကြောရေးတို့မှာ ခေါင်းစွပ်ထားတာ။ မေးတာ မရရင် တကောင်က တဗိုလ် လက်သီးထိုး လုပ်တာ ဆိုတော့ ကျနော့် သွားတွေက အသက် (၆၀)
ကျော်ပြီ ဆိုတော့ သွား ရိုက်ချိုးသလို ဖြစ်တယ်။ ဒီစကားက နည်းနည်း ကြမ်းတယ်၊ ပြင်းထန်တယ် ဆိုရင် သွားကိုရိုက်ချိုးတယ်လို့ မပြောချင်ရင် ရိုက်လို့ သွားကျိုးတယ်လို့
ပြောပါ။ ကျိုးတာကတော့ ကျိုးတယ်လို့ ပြောချင်ပါတယ်။ ရိုက်လို့ ကျိုးတာလား၊ ရိုက်ချိုးတာလား ဆိုတာကတော့ ဗမာစကားမှာ ကျနော်ပြောတာ တမျိုး ဖြစ်သွားရင်တော့
ဖြစ်သွားမှာပေါ့။ သေချာတာ ပြောနိုင်တာကတော့ ကျနော် ၈ နှစ်လုံးလုံး သွားမရှိဘဲ နေရပါတယ်။ ၁၉၉၀ ကနေ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်ဆေးရုံကြီးကို ရောက်တဲ့အခါမှာ
နောက်ဆုံးပိတ် သွားတက္ကသိုလ်က ဆရာဝန်တွေ ခေါ်ပြီး စိုက်ပေးကြပါတယ်။ အဲဒီ ရန်ကုန်ဆေးရုံကြီးမှာ စိုက်ပေးလိုက်တဲ့ ဆရာဝန်တွေကိုလည်း ဒီနေအထိ ကျေးဇူး
တင်နေတုန်းပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ စိုက်ပေးလိုက်တဲ့ သွားဖုံး အန်ကပ်ကြီးဟာ ကျနော့် ပါးစပ်ထဲမှာ အခုထိ ရှိတုန်းပါ။ အဲဒါတွေကို ကျနော်က ဘယ်လို
လုပ်ချင်သလဲ ဆိုတော့ အကြောင်းကြောင်းကြောင့် ဘယ်မှာသေသေ - ထောင်ထဲမှာ သေသေ၊ အပြင်မှာ သေသေ - အဲဒီသွားကြီးကို အပြင်မှာ ပြတိုက်လေး ဘာလေးရှိရင်
လှူချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ သွားမရှိဘဲ (၈) နှစ်လုံးလုံးက သွားမရှိဘဲ စားလို့ရတဲ့ အစာပျော့ပျော့တွေ ဘာတွေ အထွေအထူး လုပ်ပေးတာ မရှိဘူးလား။

ဦးဝင်းတင် ။ ။ ရယ်စရာတွေ မပြောတောင်၊ ရယ်စရာတွေ အတော် မေးတယ်လူလို့ ပြောရမလို ဖြစ်နေပြီ။ ဘယ်ဗျာ ကျနော်တို့မှာ ဆန်လုံးတီးလို ဟာမျိုး စားနေရတာ။ ဒီထဲ
သဲက ပါသေးတယ်။ ဆန်ပြုတ်တို့ ဘာတို့ ဘယ်ရမလည်း။ ဘာမှ မပေးပါဘူး။ ထောင်မှာ ဒီလောက် လူစိတ်ရှိရင် ကျနော်ရဲ့  "ဘာလဲဟဲ့ လူ့ငရဲ" စာအုပ်တောင် ထွက်စရာ
မရှိပါဘူး။ ကျနော်က ပြောတယ် မင်းတို့ အာဏာရှင်တွေ လုပ်တဲ့ ဟာတွေ တနေ့သောအခါမှာ အရိုးတွန်လိမ့်မယ်လို့ ကျနော် ပြောခဲ့ပါတယ်။ အခု ကျနော်ရေးတဲ့
စာအုပ်ကလည်း အရိုးတွန်ခြင်း ဖြစ်ပါတယ်။ ဒါတောင်မှ သံသရာ ဆုံးခြင်းမှ ဆုံးမယ်။ နောက်ထပ်များ လူ့ငရဲ၌ ဝဲလည်ခြင်း ဆိုတာများ ပြန်ပြီး နောက်တအုပ် ရေးရမလား
မသိဘူး။ ကျနော်လည်း သေမှာ မဟုတ်သေးဘူး။ ဒီ ထောင်တို့ ဘာတို့နဲ့ ကြုံတွေ့ရလိမ့်မယ်။ ကျနော်ကလည်း ဒီလို မတရားမှုတွေကိုတော့ တခြားဟာတွေ မလုပ်တတ်တာ
ရှိမယ်၊ တခြားဟာတွေ မလုပ်ရဲတာရှိမယ်။ တခြားဟာတွေ လုပ်ချင်စိတ် မရှိကောင်း မရှိချင်စိတ်ရှိမယ်။ ဒါပေမဲ့ မတရားမှုတွေ လူမဆန်တဲ့ဟာတွေ၊ ရက်စက်မှုတွေ၊
ကြမ်းကြုတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေကိုတော့ ကျနော်ကတော့ မသေမခြင်း၊ ကျနော်လက်ထဲမှာ ကလောင်ကိုင်ခွင့် ရှိသမျှ ကာလပတ်လုံး ကျနော်ကတော့
ရေးသွားပါမယ်။ အဲဒါကို ဦးကျော်ဇံသာက တဆင့် ပြောချင်ပါတယ်။ ဒီစာအုပ်က အမုန်းတရားနဲ့ ယှဉ်ပြီး ရေးခြင်း မဟုတ်ပါဘူး။ အနှစ်ကတော့ ကျနော့်မှာ ဒေါသ
ရှိကောင်းရှိမယ်။ ဒါပေမဲ အဲဒီဒေါသက ကရုဏာဒေါသောပါ။ ကျနော်ပြောချင်တာက ကျနော့် အကြောင်း ဆိုတာထက် ကျန်တဲ့လူတွေ နှိပ်စက် ညှဉ်းပန်းခံရတာ။ ဒါတောင်မှ
စတိ (အရိပ်အမြွက်) ပါ။ ဒီထက်မက ဆယ်ဆလောက် ရေးလို့ရတယ် လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ ဒီစာအုပ်ကိုရေးတော့ အာဏာပိုင်တွေက ဘယ်လို တုံ့ပြန်လာလိမ့်မယ်လို့ ထင်ခဲ့ပါသလဲ။ အစတုန်းက အာဏာပိုင်တွေ ငါတို့ လုပ်နေတာ
လွန်နေပါလား။ ပြုပြင်ရကောင်းမှန်း သိလာလိမ့်မယ်လို့ ထင်မိပါသလား။ သို့တည်းမဟုတ် ဒီလိုပဲ ဆရာ့ကို ပြင်းပြင်း ထန်ထန် တုံ့ပြန် ရေးသားလာလိမ့်မယ်လို့ ထင်သလား။
ဘယ်လို မျှော်လင့်ခဲ့ပါသလဲ။

ဦးဝင်းတင် ။ ။ ကျနော် မျှော်လင့်တာကတော့ ကျနော့်ကို နောက်ထပ်ခေါ်ပြီးတော့ စိုက်ထားတဲ့ သွားကြီး အန်ကပ်ကြီး ကျိုးကြေသွားအောင် ထပ်ပြီး ချမယ်လို့
မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဆီက ပြုပြင်ချင်တဲ့စိတ်၊ ပြောင်းလဲချင်တဲ့စိတ်၊ စာနာချင်တဲ့စိတ်၊ ကူညီချင်တဲ့စိတ် (သို့မဟုတ)် မှားသမျှ လွန်သမျှ
ဝန်ချပါတယ် ဆိုတဲ့ စိတ်မျိုးတွေ ဘယ်တော့မှ ပေါ်မှာ မဟုတ်ဘူး။ ငါ ဒီစာအုပ် ရေးတဲ့အတွက် ငါ့ကို ဖမ်းနိုင်သေးတယ်။ ငါ့ကို ဖမ်းလိမ့်အုံးမယ်။ ငါ့ကို အပုတ်ချလိမ့်မယ်၊
ရန်ရှာလိမ့်မယ် ဆိုတဲ့ဟာတွေ မျှော်လင့်ပါတယ်။ ကျနော် ထင်တဲ့အတိုင်းပါ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ရေးတဲ့ ဆောင်းပါးထဲ ကျနော်ကို ခြိမ်းခြောက်တဲ့ စာစကားတွေ အများကြီး
ပါနေပါတယ်။ ကျနော်ကို ထောင်ထဲ ပြန်သွင်းလို့ ခြိမ်းခြောက်မှုတွေ ပေါ်နေပါပြီ။ ကျနော်ကတော့ ခြိမ်းခြောက်မှုတွေတော့ မကြောက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်
အခု အသက်လည်း (၈၀) ကျော်ပါပြီ။ ဒီခြိမ်းခြောက်မှုတွေ ကြောက်မှဖြင့် ကျနော် ဒီစာအုပ်တွေ ဘယ်ရေးမလဲ။ ဒီ အာဏာရှင်တွေနဲ့ ထိပ်တိုက် ပြည်သူ့ တရားခွင်မှာ ရှင်း
မပြနိုင်ရင်၊ ငြင်းချက်မထုတ်နိုင်ရင် ကျနော် ဒီစာအုပ်ကို ဘယ်ရေးမလဲ။ ဒီ စစ်အစိုးရကို ကျနော် ပြောချင်တာကတော့ ခင်ဗျားတို့ ဒါတွေကို ရှင်းပါ၊ ငြင်းပါ။ သို့မဟုတ်လည်း
ခင်များတို့ ကျနော့်ကို အပုတ်ချမနေပါနဲ့ ဒါတွေနဲ့ ပတ်သက်ပြီး ရှင်းခြင်း၊ ငြင်းခြင်း မလုပ်နိုင်ရင် ပြင်ပါလို့ ပြောချင်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာက ဒီလိုစနစ်ဆိုး၊ ဒီလို လူမဆန် ညှဉ်းပန်းနှိပ်စက်တဲ့ စနစ်ဆိုးက ဘယ်တော့မှ ကွယ်ပျောက်မယ် ထင်ပါသလဲ။ ဒီမိုကရေစီ
အပြောင်းအလဲ ဖြစ်တာနဲ့ ချက်ချင်း ပျောက်ကွယ်နိုင်ပါသလား။

ဦးဝင်းတင် ။ ။ ပြောင်းရမှာပေါ့၊ ပျောက်ရမှာပေါ့။ ပျောက်ဖို့ကို မယုံလို့ရှိရင် ကျနော်တို့ ဒီလိုစာတွေ ဘယ်ရေးတော့မလဲ။ ငုံ့ခံဖို့ ရှိတော့တာပေါ့။ ဒီလိုမျိုး ငုံ့မခံ၊ ငုံ့မခံသရွေ့ 
ကျနော်တို့တတွေ ဒီ အာဏာရှင်တွေကို အာခံနေတယ်၊ အံ့တုနေသမျှ ကာလပတ်လုံး ဒီလူတွေဟာ တနေ့သော အခါမှာ ပြုတ်ကျရမှာ။ ဒါက ကမ္ဘာပေါ်မှာ ကြည့်ပါ
ဟစ်တလာ၊ မူဆိုလိုနီ အများကြီး ပြုတ်ကျသွားခဲ့ပြီ။ ဗမာပြည်မှာဆို ဦးနေဝင်းလို လူ ပြုတ်ကျသွားခဲ့တယ်။ ကျနော်တို့ ယုံတယ်။ ဒါလုပ်တာ အမုန်းတရားနဲ့ လုပ်နေတာ
မဟုတ်ဘူး။ မတရားမှုတွေဟာ ပြိုကွဲရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်နေတာ။

ရန်ကုန်မြို့ပြင်မှ အုတ်ဖုတ်လုပ်ငန်း
ဓာတ်ပုံသတင်း
ဧပြီ ၂၃၊ ၂၀၁၀

အင်္ဂါနေ့က တွေ့ရသည့် ရန်ကုန်မြို့ပြင် လှော်ကားအရပ်မှ အုတ်ဖုတ်လုပ်ငန်း။ ရာသီဥတုက ပူပြင်းလှသည့် အချိန်တွင် ပုံတွင် တွေ့ရသည့် အလုပ်သမားက မီးထိုးနေရခြင်း
ဖြစ်သည်။ (ဓာတ်ပုံများ - Reuters)

ခပ်လှမ်းလှမ်းမှ တွေ့ရသည့် အုတ်ဖို

မျက်နှာဖုံးအုပ်ထားသည့် အလုပ်သမား
အုတ်ဖုတ်လုပ်ငန်းမှ အမျိုးသမီး

လှော်ကားအရပ် အ၀ီစိတွင်းဘေးမှ ကလေးငယ် ၂ ဦး

ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်အစီအစဉ်အတွက် နောက်ဆုံးစာရင်းပိတ်မဲအရေအတွက် ကြေညာပြီ


မိုးမခအထောက်တော် ၀၀၂
ဧပြီ ၂၃၊ ၂၀၁၀
ယမန်နေ့က ၎င်းတို့၏ သတင်းထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၅၄ နိုင်ငံထံမှ စုစုပေါင်း မဲ အရေအတွက် ၃ သိန်းနီးပါး ရရှိကြောင်း၊ မဲအများဆုံး ရရှိသူမှာ
မဲအားလုံး၏ ၃၇ % ရရှိကြောင်းနှင့် မြန်မာပြည်မှ မဲပေးသူ ၆ ထောင်နီးပါး ရှိကြောင်း သိရှိရသည်။ အချိန်တိုအတွင်း ဆန္ဒမဲပေးကြရသော အစီအစဉ်ဖြစ်သဖြင့် မဲ အများစုမှာ
ပုံမှန်ပေးသောမဲများ ဖြစ်၍ ပယ်မဲ မရှိဟု ဆန္ဒမဲစနစ်ကို စိစစ်သည့် အဖွဲ့က ထုတ်ဖော်ပြောဆိုသည်။
၂၀၁၀ ခုနှစ်အတွက် ပထမဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ချီးမြှင့်ဂုဏ်ပြုရန်အတွက် မြန်မာပြည်တွင်းမှ လူမှုလုပ်ငန်း
စေတနာ့ဝန်ထမ်း စွမ်းဆောင်သူများအနက်မှ ၂၄ ဦးကို ပဏမဆန်ကာတင်အဖြစ် အများပြည်သူတို့ထံက စာရင်းတင်သွင်းမှုကို မတ်လ နောက်ဆုံးပတ်မှ စတင်ဖိတ်ခေါ်
လက်ခံခဲ့သည်။ မြန်မာသင်္ကြန်အကြိုမတိုင်မီ ရက်သတ္တပတ်အစတွင် နောက်ဆုံး ဆန်ကာတင် ၅ ဦးကို ၀ိုင်းဝန်းစီစဉ်ကြသည့် မြို့များမှ စေတနာရှင်များ၊ မိတ်ဆွေများ၏
မဲစနစ်ဖြင့် ရွေးချယ်ခဲ့သည်။ အတာသင်္ကြန်ကာလအတွင်း အင်တာနက်မှ အများပြည်သူ၏ ဆန္ဒအရှိဆုံး ပုဂ္ဂိုလ်ကို မဲပေးကြရန် ကြေညာခဲ့သည်ကို တွေ့ရသည်။
ပါဝင်ပူးပေါင်းကြသည့် အမေရိကန်မြို့ ၁၄ မြို့နှင့် အင်တာနက်မှတဆင့် မြန်မာမိသားစုများက တယောက်တလက် စေတနာထက်သန်သမျှ
ဝိုင်းဝန်းလှူဒါန်းကြသည့် အလှူငွေများဖြင့် ပြည်တွင်းရှိ စေတနာဝန်ထမ်း လူမှုလုပ်ငန်းစွမ်းဆောင်သူကို ၀ိုင်းဝန်းဂုဏ်ပြု လှူဒါန်းရန် စီစဉ်မည်ဟု ဆိုသည်။ မြို့ပေါင်း ၁၄
မြို့က မြန်မာမိသားစုများ တယောက်တလက် ၀ိုင်းဝန်းကြသဖြင့် အနည်းဆုံး ၎င်းတို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့်အတိုင်း တမြို့ ၅၀၀ နှုန်းနှင့် အမေရိကန်ဒေါ်လာ ၇
ထောင် ရှိမည်ထင်ပါကြောင်း စာဖတ်သူတဦးက ခန့်မှန်းသည်။
၎င်းတို့ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်(Citizen of Burma Award)


www.citizenofburma.org P.O Box 1276, Baldwin Park, CA 91706, U. S. A
Albany, Cincinnati, Washington D.C, Virginia, Maryland Metro Area, New York, Buffalo, Boston, Fort Wayne, Phoenix, Seattle, San Francisco and
Los Angeles, Portland, Beaverton, Tualatin, Denver, Aurora, Greeley, Chapel Hill, Carrboro, High Point

ပြည်သူ့ရဲဘော်ဗဟိုကော်မီတီဝင်ဟောင်း ဗိုလ်ရဲထူး(ခ) ဦးခင်မောင်ကြီး ဈာပနသင်္ဂြိုဟ် ပြီးစီး


မိုးယံမခ
ဧပြီ ၂၃၊ ၂၀၁၀

ဗိုလ်ရဲထူး သမီးကြီး ဒေါ်နီနီထူးနဲ့ ဗိုလ်ရဲထူးနေအိမ် (အပေါ်ဝဲ)။ ဇနီးသည် ဒေါ်ခင်ညွန့်။


ဧည့်သည် မိတ်ဆွေများ
ယမန်နေ့ နေ့လည် ၃ နာရီ အချိန်က လှိုင်သာယာမှာရှိတဲ့ ထိန်ပင်သုဿန်မှာ ပြည်သူရဲဘော်ဗဟိုကော်မီတီဝင်ဟောင်း တဦးဖြစ်သူ ဗိုလ်ရဲထူး (ခ)
ဦးခင်မောင်ကြီး ၈၇ နှစ်ရဲ့ ဈာပနာကို မီးသင်္ဂြိုဟ် ပြီးစီးခဲ့ပါတယ်။ ဈာပနကို ဆွေမျိုးမိတ်သင်္ဂဟများနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ လိုက်ပါပို့ဆောင်ကြတာကို
တွေ့ရပါတယ်။
ဗိုလ်ရဲထူးဟာ ဧပြီလ ၁၉ ရက် ၂၀၁၀ နေ့လည် ၂ နာရီက လှိုင်သာယာမြို့နယ် ၇ ရက်ကွက်၊ အောင်တံခွန်လမ်း၊ အမှတ် ၇၁၂ (ခ) နေအိမ်မှာ လူကြီးရောဂါနဲ့
ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်ညွန့် (၇၄) နှစ်၊ (ဦးသန်းရင်) + ဒေါ်နီနီထူး၊ ဦးရဲညွန့်ထူး၊ ဦးကိုကိုလတ် + ဒေါ်ခင်ခင်ထူး၊ (ဦးရဲလွင်ထူး)၊ ဦးရဲမော်ထူး
+ မသင်းသင်းအေး၊ ဦးအောင်ဇော်ထူး + မသင်းသင်းအေး တို့နဲ့ မြေး ၈ ယောက် ကျန်ရစ်ပါတယ်။

ဗိုလ်ရဲထူးရဲ့ ရက်လည်ဆွမ်းကျွေး တရားနာကို ဧပြီ ၂၅၊ ၂၀၁၀ တနင်္ဂနွေနေ့ နံနက် ၇ နာရီ မှ ၁၁ နာရီအထိ လှိုင်သာယာနေအိမ်မှာ ကျင်းပမှာ ဖြစ်ကြောင်း
သိရှိရပါတယ်။

ဦးခင်မောင်ကြီး (ခ) ဗိုလ်ရဲထူး။ ဗိုလ်ရဲထူး ဇနီး ဒေါ်ခင်ညွန့်


ဗိုလ်ရဲထူးဟာ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၅၅ မှ စတင်ပြီး မြေပေါ်နိုင်ငံရေး (ပြည်သူ့ရဲဘော်ပါတီ)
ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၆၃ တော်လှန်ရေးကောင်စီရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖျက်သိမ်းခံရပြီးနောက် အင်းစိန်ထောင်တွင်းမှာ ၃ နှစ်နီးပါး
အကျဉ်းကျခဲ့ရပါတယ်။

ဗိုလ်ရဲထူး မိသားစု (၁၉၈၀ ၀န်းကျင်) ၀ဲမှ ယာ - ဗိုလ်ရဲထူး၊ ရဲညွန့်ထူး၊ ရဲလွင်ထူး၊ ရဲမော်ထူး၊ အောင်ဇော်ထူး၊ ဒေါ်ခင်ညွန့်
ထောင်မှ လွတ်လာတဲ့အခါ မဆလစစ်အစိုးရက ပေးတဲ့ အခွင့်အရေးမှန်သမျှကို ငြင်းပယ်ပြီး ဆင်းရဲပင်ပန်းစွာနဲ့ မိသားစုဘ၀ကို ရုန်းကန်ရပ်တည်နိုင်ခဲ့သူ
ဖြစ်ပါတယ်။ သား ၄ ဦးစလုံးကို အမျိုးသားနိုင်ငံရေးအသိစိတ်ဓာတ်တွေ၊ အမြင်တွေ ရှိလာအောင် လမ်းခင်းပေးနိုင်ခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှ ယခုအချိန်အထိ
ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်သူတွေ အဖြစ် ချန်ထားရစ်ခဲ့သူ တဦးလို့ လေးစားချစ်ခင်သူ မိတ်ဆွေတွေက မှတ်ချက်ပေးပါတယ်။
ဗိုလ်ရဲထူးမိသားစုဟာ ဖဆပလခေတ်က ရရှိခဲ့တဲ့ လမ်းသစ်ရိပ်သာက တိုက်ခန်းကို ၁၉၉၁ မှာ သားဖြစ်သူ ရဲမော်ထူး နိုင်ငံရေးမှုနဲ့ ထောင်ကျစဉ်မှာ
ချက်ခြင်းဖယ်ရှားခံခဲ့ရလို့ နေစရာ အလွန်ဒုက္ခရောက်ခဲ့ရကြောင်း သိရပါတယ်။
နိုင်ငံကို ကောင်းစေချင်လွန်းလို့ နိုင်ငံရေးဆောင်ရွက်ခဲ့ကြတဲ့ လင်ယောက်ျားနဲ့ သားသမီးတွေရဲ့ ဖြတ်သန်းမှုတွေကို ဗိုလ်ရဲထူးရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ညွန့်က အခုလို
ပြောပြခဲ့ပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်လို့၊ ယောက်ျားဖြစ်သူ အင်းစိန်ထောင်ထဲကို ရောက်တော့ ကလေး ၂ ယောက်ဆွဲပြီး တွေ့ရအောင် သွားရှာခဲ့ဖူးတယ်။ ကလေးတွေ
အရွယ်ရောက်လာပြီး နိုင်ငံရေးလုပ်ကြတော့ အင်းစိန်ထောင်တင်မကဖူး သရက်ထောင်အထိ လိုက်တွေ့ခဲ့ရတယ်။ ဒါပေမယ့် စိတ်မပျက်ပါဘူး။ အဖေဖြစ်သူ လုပ်ခဲ့ရတဲ့
နိုင်ငံရေးမျိုး သားတွေခေတ်မှာလည်း လုပ်နေရတုန်းပဲ။ ကျမ မြေးတွေခေတ်ကျရင်တော့ ဘယ်လိုနေမယ် မသိဘူး။”
http://moemaka.com/index.php?option=com_frontpage&Itemid=1

စစ်တွေတွင် အမျိုးသမီးများက လျှပ်စစ်မီး ရရှိရေး တောင်းဆို ဆန္ဒပြ

4/23/2010
စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှ အမျိုးသမီး ၃၀၀ ကျော်ခန့်သည် ဧပြီလ ၂၁ ရက်နေ့က
လျှပ်စစ်မီး ရရှိရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ အမျိုးသား တဦးက “ အမျိုးသမီး ၃၀၀ ကျော်ခန့် ပါတယ်လို့သိရပါတယ်။


သူတို့ရပ်ကွက်မှာ မီးမလာတာ တလကျော်နေပြီ ဖြစ်တဲ့အတွက် ဒါကို သည်းမခံနိုင်တာကြောင့်
လမ်းပေါ်ထွက် ဆန္ဒ ပြကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အမျိုးသမီးများသည် တအိမ်မှ တယောက်ကျ ထွက်ကာ ရပ်ကွက် ရယကရုံးထိ ချီတက်ပြီး


လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် တောင်းဆို ခဲ့ကြကြောင်းကို အမျိုးသမီး တဦးက ယခုကဲ့သို့
ပြောသည်။

“ကျွန်မတို့ရပ်ကွက်မှာ စစ်အစိုးရာ အာဏာပိုင်တွေက ဖွဲမီးစက်တလုံးကို တည်ပီး ရပ်ကွက်ကို မီးပေးခိုင်းပါတယ်။ ဒါပေမယ့် မီးက မလာပါဘူး။ မီးမလာတာ
တလကျော်လာတော့ ကျွန်မတို့လည်း သည်းမခံနိုင်တော့ဘဲ လမ်းပေါ်ထွက်ပြီး လျှပ်စစ်မီး ရရှိရေးအတွက် တောင်းဆို ဆန္ဒပြရတာ ဖြစ်ပါတယ်။ ခုလို ဆန္ဒပြလိုက်တဲ့
အတွက် မနေ့က စပီးတော့ လျှပ်စစ်မီး လာပါပြီ။”

နအဖစစ်အစိုးရ အာဏာပိုင်များသည် စစ်တွေမြို့တွင် လျှပ်စစ်မီးကို ပုံမှန် မပေးနိုင်သဖြင့် တချို့ရပ်ကွက်များတွင် သူတို့နှင့် ရင်းနှီးသူ စီးပွားရေး သမားများကို
စပါးခွံသုံး ဖွဲမီးစက်များကို တည်ဆောက် ခိုင်းကာ လျှပ်စစ်မီး ပေးဝေနေသည်ဟု သိရသည်။

ထိုသို့ ပေးဝေရာတွင် စစ်တွေမှ ကုန်တန်းရပ်ကွက်လည်း ပါဝင်သည်။

“ဖွဲခွံသုံး မီးစက်ကပေးတဲ့ မီးက ကြက်ဥလုံးလောက်သာ ရှိပြီး လင်းလည်း မလင်းပါဘူး။ ဒါကိုတောင် တလလုံးလုံး မပေးဘဲထားတာ ဖြစ်ပါတယ်။ ခုလို
ကျွန်မတို့ရပ်ကွက်ကို လစ်လျူရှု့ထားတာကြောင့် လူတွေ ဒေါသ ပေါက်ကွဲပြီး ရယကရုံးကို သွားရောက်ပီး ဆန္ဒပြခဲ့ကြရတာ ဖြစ်ပါတယ်” ဟု သူမက
ဆက်ပြောသည်။

စစ်အစိုးရ အာဏာပိုင်များ အနေဖြင့် ဆန္ဒပြသူ အမျိုးသမီးများကို တစုံတရာ ဖမ်းဆီးခြင်း မရှိသည့် အပြင် နောက်တနေ့တွင် ကုန်တန်း ရပ်ကွက်တွင် လျှပ်စစ်မီးကို
စတင် ဖြန့်ဖြူး ပေးခဲ့သည်ဟု သိရသည်။

နအဖ စစ်အစိုးရသည် ရခိုင်ပြည်နယ်မှ ထွက်သော ဂတ်စ်အား တရုတ်နိုင်ငံသို့ ရောင်းစားထားပြီး အဆိုပါ ဂတ်စ်ဖြင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ရရှိအောင် စီစဉ်
ဆောင်ရွက်ပေးခြင်း တစုံတရာ မရှိသဖြင့် စစ်တွေ အပါအ၀င် ရခိုင်ပြည်နယ်မှ မြို့များတွင် တနေ့ လျှပ်စစ်မီး ၂ နာရီသာ ရရှိသည်။

သို့သော်လည်း နအဖ စစ်အစိုးရသည် သူတို့လက်ထက်တွင် ရခိုင်ပြည်နယ်မှာ မကြုံဖူးအောင် တိုးတက်လာခဲ့သည်ဟု ပြောဆိုနေသည်။

ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့ (၂) ဖွဲ့ကို နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့် ပြုလိုက်ပြီ

4/23/2010
စံလင်း (နိရဉ္စရာ)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ ၁၆ ခုမှ အဖွဲ့နှစ်ဖွဲ့ကို ပါတီ တည်ထောင်ခွင့် ပြုလိုက် ဖြစ်ကြောင်း
သိရသည်။

ခွင့်ပြုချက်ရသော ပါတီနှစ်ခုမှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်င)ံ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်
တို့ဖြစ်ပြီး ဧပြီ ၂၂ ရက်တွင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပါတီတည်ထောင်ခွင့်ရရှိသော အဖွဲ့နှစ်ခုသည် ခွင့်ပြုချက်ရသည့် နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၇) နှင့် အညီ
ကော်မရှင်သို့ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ပေးပါရန် ဆက်လက် လျှောက်ထားရမည် ဖြစ်သည်ဟု သိရသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးတွင် နအဖ စစ်အစိုးရမှ မဖျက်သိမ်းဘဲ ထားခဲ့သော ပါတီ ၁၀ ခု သာရှိခဲ့သည်။ ယင်းပါတီ ၁၀ခု အနက် ရွေးကောက်ပွဲ
ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့် ပြုရန် ပါတီ (၃) ခုကသာ လျှောက်ထားခဲ့သည်။

အသစ်လာရောက် လျှောက်ထားသော ပါတီ ၁၆ခုနှင့် ဆက်လက် ပါတီ တည်ထောင်ခွင့် လျှောက်ထားသော ပါတီ ၃ ခု စုစုပေါင်း ပါတီ ၁၉ ခုသာ ယခု အချိန်ထိ
ရွှေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး ပါတီ အဖြစ် တည်ထောင်ခွင့် လျှောက်ထားခဲ့သည်။

အဆိုပါ အဖွဲ့များမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ကရင် အမျိုးသားများ အဖွဲချုပ် ပါတီ၊ မြို(့ ခေါ်)ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ (မ-ခ-မ-ည-ဖ)၊ ၈၈
မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်င)ံ ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊ ဒီမိုကရတ်တစ် ပါတီ(မြန်မာ)၊ ကရင်ပြည်သူ့
ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ ပအိုဝ်း အမျိုး သားအဖွဲ့ချုပ်(PNO)၊ ကချင်ပြည်နယ် တိုးတက်ရေး ပါတီ၊ မြန်မာ့ လူဘောင်သစ် ဒီမိုကရစ်ပါတီ၊
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ ခေတ်သစ် ပြည်သူ့ ပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊
တအာင်း(ပလောင်) အမျိုးသား ပါတီ၊ ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်င)ံ ပါတီနှင့် “ဝ” ဒီမိုကရက်တစ် ပါတီ တို့ဖြစ်ကြသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၂၀၁၀ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဥပဒေအမှတ် (၂/၂၀၁၀)ဖြင့် ပြဌာန်း ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
နောက်ဆုံးနေ့ရက်သည် ၂၀၁၀ ခုနှစ် မေလ ၆ ရက်နေ့ ဖြစ်သည်ဟု ဥပဒေအမှတ် (၁၈/၂၀၁၀) ဖြင့် စစ်အစိုးရမှ ပြဌာန်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီများ ရွှေးကောက်ပွဲကော်မရှင်တွင် ပါတီ မှတ်ပုံတင်မည့် သတင်းများ ထွက်ပေါ်နေသော်လည်း ယခုအချိန်ထိ ရခိုင်ပြည်သူ့ ကိုယ်စားပြု
အဖွဲ့အစည်း တခုမှ မှတ်ပုံတင် လျှောက်ထားခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာ နိုင်ငံသား ၃၇ ယောက် ပြန်ပို့ခံရ

4/23/2010
ထွန်းထွန်း ( နိရဉ္စရာ)
ဘင်္ဂလားဒေ့ခ်ျ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ (BDR) မှ နယ်စပ်မှ တရားမ၀င် ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၃၇ ယောက်ကို ကြာသပတေးနေ့က မြန်မာနိုင်ငံသို့ ပြန်လည်
နှင်ထုတ်လိုက်သည်ဟု သတင်း ရရှိသည်။

နှင်ထုတ်ခံရသူ အများစုမှာ ရခိုင်များဖြစ်ပြီး အနည်းစုမှာ အစ္စလာမ်ဘာသာဝင် ကုလားများ ဖြစ်ကြသည်ဟု ဒေသခံ ပန်းထိမ် ဆရာ တဦးကပြောသည်။

သူတို့အား တက်ကနက် အခြေစိုက် အမှတ် ဘီဒီအာရ် ၄၂တပ်ရင်းက ဧပြီ ၁၉ နှင့် ၂၀ ရက်နေ့များတွင် နယ်စပ်မှ ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

တချို့ရခိုင် အမျိုးသားများမှာ ကျွဲနွားများကို ရောင်းချရန် ဘင်္ဂလာဒေခ်ျ့သို့ တရား မ၀င် ၀င်ရောက်လာစဉ် ဖမ်းဆီးခံခဲ့ရပြီး ပစ္စည်းများကို အသိမ်းခံရကာ ယခုကဲ့သို့
မြန်မာနိုင်ငံသို့ ပြန်လည် နှင်ထုတ်ခံရခြင်း ဖြစ်သည်။

သူတို့ ၃၇ ဦးအား နတ်မြစ်မှ တဆင့် မော်တော် စက်လှေများဖြင့် ပြန်လည် နှင်ထုတ်လိုက်ခြင်းကို ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ တာဝန်ရှိသူများကလည်း အတည်ပြု
ပြောကြားသည်။

ပြည်တွင်း စီးပွားရေး မပြေလည်မှုကြောင့် အသက်ကိုစွန့်ပြီး ပင်လယ်ပြင်ကို ဖြတ်ကာ နှစ်နိုင်ငံ အကြား တရားမ၀င် ကုန်သွယ် ရောင်းကုန်ဝယ် ဖေါက်ကားသူ
မြန်မာနိုင်ငံသားများမှာ ဘင်္ဂလာဒေခ်ျ့တွင် မကြာခဏ ဖမ်းဆီး ခံနေရပြီး တချို့မှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ထောင်ထဲတွင် နှစ်ရှည်လများ ထိမ်းသိမ်း ခံနေရသည်ဟု
သိရသည်။

မောင်တောတွင် ကားတိုက် တဦးသေ


ဓါထိုး တဦးဆေးရုံရောက်

4/23/2010
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကြာသပတေးနေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် မတော်တဆ ယာဉ်တိုက်မူ တခု ဖြစ်ပွားပြီး အသက် ၄ နှစ်အရွယ် ကလေးငယ်
တဦး သေဆုံးသွားသည်။

သေဆုံးသွားသူ ကလေးငယ်မှာ မောင်တော လေးမိုင် သစ်တောရွာမှ ဦးထွန်းလှမောင်နှင့် ဒေါ်ငယ်ချစ်ဦး တို့၏သား သက်ထူးလိုင် ( ၄ နှစ)် ဖြစ်သည်။

မျက်မြင်များ၏ အပြောအရ အဆိုပါ သေဆုံးသွားသူ လူငယ်အား လမ်းဘေးတွင် ရပ်နားထားသော ဆိုက်ကား တစီးပေါ်တွင် တင်ပြီး မိဘများက အနီးရှိ ဈေးဆိုင်
တခုတွင် ဈေးဝယ်နေစဉ် နတလ စံပြ ကျေးရွာသား တဦး မောင်းနှင်လာသော ထွေလာဂျီ တစီးမှ ၀င်ရောက် တိုက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

သက်ထူးလိုင်မှာ အဆိုပါ နေရာ၌ပင် ပွဲချင်းပီး ဆုံးသွားပြီး ထွေလာဂျီမောင်းနှင်သူ ခရေမြိုင် နတလ စံပြကျေးရွာသားအား အနီးအနားရှိ လူများမှ ၀ိုင်းဝန်းရိုက်နှက်ပြီး
ရဲစခန်းသို့ အပ်နှံလိုက်သည်ဟု သိရသည်။

ဧပြီလ ၂၀ နေ့ကလည်း မောင်တောမြို့နယ် အလယ်သံကျော် သင်္ကြန်တွင် ဓါးထိုးမူ ဖြစ်ပွားခဲ့ပြီး ဓါထိုးခံရသူ ဦးသံခဲအား မောင်တောဆေးရုံသို့ အတွင်းလူနာ အဖြစ်
တင်ပို့လိုက်ရသည်ဟု သိရသည်။

ဦးသံခဲမှာ မောင်တော အမှတ် ၄ ရပ်ကွက်မှ ဖြစ်ပြီး နအဖ စစ်အစိုးရထံမှ ပင်လယ်ပြင် လုပ်ကွက်များအား နှစ်စဉ် လေလံရသူ တဦးဖြစ်သည်။ ယခင်နှစ်များက
အဆိုပါ လေလံရ အင်းဒင် ပင်လယ်ပြင်အား ဦးမောင်သန်းဌေးအား ထပ်ဆင့် အခကြေးငွေယူပြီး ဌားရမ်းခဲ့သော်လည်း ယခုနှစ်တွင်သူ့အား မဌားရမ်းဘဲ
ထောက်လှမ်းရေးပြုတ် ဦးကျော်ဇောကို ဌားရမ်းရာမှ မောင်သန်းဌေးမှ မကျေနပ်၍ ဓါးဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်ဟု မောင်တောမြို့ခံများက ပြောသည်။

ဦးသံခဲ၏ ဒဏ်ရာမှာ ပြင်းထန်သဖြင့် မောင်တော ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရပြီး ဓါးဖြင့် ထိုးသူမောင်သန်းဌေးမှာ ထွက်ပြေး
တိမ်းရှောင်နေသည်ဟု သိရသည်။
http://www.narinjara.com/burmese.asp

ကေအိုင်အို ဆက်ဆံရေးရုံး ရှောင်တခင် စစ်ဆေးခံရ


FRIDAY, 23 APRIL 2010 20:21 စိုင်းမျိုးကြီး

နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ရန် နောက်ဆုံးရက် သတ်မှတ်ထားသည့် ဧပြီလ ၂၂ ရက်နေ့ ညပိုင်းက ကချင်ပြည် နယ် ဖားကန့်မြို့ ဆိပ်မူ (ဆိုင်းတောင်) ရွာရှိ
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဆက်ဆံရေး ရုံးအား နအဖ စစ်တပ်က ရှောင်တခင် ရှာဖွေ စစ်ဆေးခဲ့သည်။
ဒေသခံ နအဖ စစ်တပ် ရဲ အရံမီးသတ်နှင့် ကျေးရွာအာဏာပိုင်များက ယမန်နေ့ည ၁၀ နာရီခန့်တွင် အဆိုပါရုံး အတွင်းသို့ ၀င်ရောက် စစ်ဆေးခြင်း ဖြစ်ကြောင်း
ကေအိုင်အိုအသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဖားကန့်မြို့အနီးတွင် ကေအိုင်အေ အမှတ် ၆ တပ်ရင်း အခြေဆိုက်ထားပြီး ဆိပ်မူ(ဆိုင်တောင်) ရွာ၌ တိုက်နယ် ဆက်ဆံရေး ရုံးတစ်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

“ကေအိုင်အို တပ်ရင်း ၆ ဖားကန့်ခရိုင် ဆိုင်းတောင် တိုက်နယ်ရုံးမှာ မနေ့ညက ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ လာ စစ်ဆေး တယ် ဧည့်စာရင်းလာစစ်တယ်လို့ တော့ပြောတယ်
ဒါပေမဲ့ သူတို့စစ်တာက မသင်္ကာတဲ့ ပုံစံမျိုးနဲ့ ရှာဖွေ သွားတာ ဖြစ်တယ် ” ဟု ဖားကန့်ဒေသခံ ကေအိုင်အိုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

၁၉၉၄ ခုနှစ် နအဖနှင့်ကေအိုင်အိုတို့ ငြိမ်းချမ်းရေးရယူပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ မြို့ရွာများတွင် ကေ အိုင်အို ဆက်ဆံရေးရုံးများထားရှိရာ ယခင်ကာလက


စစ်ဆေးခံဖူးခြင်း မရှိကြောင်း သိရသည်။

“ခါတိုင်းကဒီလိုစစ်ဆေးလေ့မှမရှိတာ အခုမှ ဒါမျိုးဖြစ်တယ်ဆိုတော့ အခုနောက်ဆက်တွဲတွေက ကေအိုင်အိုနဲ့ အဆင်မပြေလို့် ရန်ရှာတဲ့ပုံစံမျိုးလို့ ကေအိုင်အိုကမြင်တယ်


ငြိမ်းချမ်းရေးကိုဆက်လက်ပြီးတော့ အကောင်အထည် ဖေါ်ဖို့ပဲ စိတ်ဆန္ဒရှိတယ် အခုလိုလုပ်နေတာ သက်သက်မဲ့ရန်စတဲ့ပုံစံမျိုးဖြစ်တယ်” ဟု သူကဆိုသည်။

ကျောက်စိမ်းထွက်ရာ လုံးခင်းမှော်နှင့် ကေအိုင်အို တပ်ရင်း ၆ ဆက်သွယ်ထားသည့် လမ်းအတွင်း ဆန်ခါရွာ အနီး တွင် ယခုရက်ပိုင်းအတွင်း နအဖစစ်တပ် စစ်ဆေးရေးဂိတ်
တစ်ခု ထပ်မံဖွင့်လှစ်ထားကြောင်း သိရသည်။

အလားတူ မြစ်ကြီးနားမြို့ရှိ ကချင်ခရစ်ယာန်ဘာသာရေး ဆရာ များလည်း ယမန်နေ့က နအဖအာဏာပိုင်များ၏ခေါ်ယူ မေးမြန်းခြင်း ခံရကြောင်း ဒေသခံတစ်ဦးက
ပြောသည်။

“မနေ့ညက မြစ်ကြီးနားက သင်းအုပ်ဆရာ ဂွမ်စယ် သူကတော့ နောင်နန်းကျမ်းစာ ကျောင်းအုပ်အဟောင်းပေါ့ အခုကတော့ ကျေးလက်ဖွံ့ဖြိုးရေးမှာလုပ်နေတဲ့ NGO
ထဲမှာနာယက သူနဲ့အတူ မြစ်ကြီးနားက ဘာသာရေးဆရာ ဆရာဇောင်းစယ်တို့ကို မနေ့က မနက်အစောကြီးခေါ် စစ်ပြီးမှ ညနေ ၅ နာရီမှ ပြန်လွတ်တယ် ” ဟု ဆိုသည်။

ကချင်ပြည်နယ် မြောက်ဖျားပိုင်း မေခနှင့်မလိခ မြစ်ဆုံဒေသတွင် တရုတ်ကုမ္ပဏီနှင့်မြန်မာနအဖအာဏာပိုင်များ ပူးပေါင်း၍


ရေကာတာစီမံကိန်းတည်ဆောက်သည့်နေရာတွင် ဧပြီ ၁ရ ရက်နေ့က ဗုံးများဆက်တိုက် ပေါက်ကွဲ ခဲ့အပြီး ယခုလို ရှာဖွေစစ်ဆေးမှုများ ဖြစ်ပေါ်လာသည်။

ဧပြီလ ၂၂ ရက်နေ့က နယ်ခြားစောင့်တပ်ကိစ္စ ကေအိုင်အိုနှင့် နအဖစစ်အာဏာပိုင်တို့ မြစ်ကြီးနားတွင်ဆွေးနွေး နေရာ ယနေ့ မြောက်ပိုင်းတိုင်းအာဏာပိုင်များနှင့်


ဆက်လက်ဆွေးနွေးဖွယ်ရှိကြောင်း ကေအိုင်အို သတင်းရပ် ကွက် မှ တဆင့် သိရသည်။

နအဖ နှင့် ၀ တင်းမာမှုကြောင့် လားဟူ BGF တပ်ရင်းသစ်မှ တပ်သားများထွက်ပြေး


FRIDAY, 23 APRIL 2010 20:19 သျှမ်းသံတော်ဆင့်

အပစ်ရပ်အပေါ်နအဖသတိပေးထားသည့် ဒက်လိုင်းကြောင့် ၀ တပ်နှင့် တိုက်ပွဲဖြစ်လျှင် လားဟူ


BGF တပ်ရင်း သစ်အား ရှေ့ပြေးတပ် အဖြစ်အသုံးပြုရန်အတွက်
ပြင်ဆင်မှုပြုလုပ်ခိုင်းသဖြင့်ထွက်ပြေးကြခြင်း ဖြစ်သည်ဟု စုံစမ်း သိရှိရပါသည်။
“ဒီအပတ်ထဲဘဲ စတင် ထွက်ပြေးကြတယ်။ ဆယ်ဂဏန်းလောက်ရှိမယ်။ အိမ်ပြန်ပြီး
ဘိန်းခြံဘဲလုပ်တော့မယ် ပြောတယ်”- ဟု ထွက်ပြေးသည့်လားဟူတပ်သားသစ်အချို့နှင့်
ရင်းနှီးသည့် သျှမ်း - လားဟူ ကပြားတဦးက ပြောပါသည်။

ဧပြီ ၁၉ ရက် မိုင်းတုံမြို့နယ် ပုံပါကျင်အခြေစိုက် နအဖ စစ်ဗျူဟာမှူးက လားဟူ (ပြည်သူ့စစ်)


နယ်ခြားစောင့် တပ်အကြီး အကဲ များအား အစည်းအဝေးဆင့်ခေါ်ခဲ့ကြောင်း၊
ထိုအစည်းအဝေးတွင် - ဖြစ်ပေါ်နေသည့်နိုင်ငံရေး အရ ၀ တပ်ဖွဲ့ အသွင်ပြောင်းရန်အာခံခဲ့ပါက
ကူညီတိုက်ခိုက်ဖို့ လားဟူတပ်ဖွဲ့ အသင့်ပြင်ဆင်ထားရန် မှာကြားခဲ့ပြီးနောက် ဤကဲ့သို့
တပ်ပြေးကြခြင်းဖြစ်သည်ဟု ဆိုသည်။

“လားဟူအမျိုးသားတွေရဲ့ ပင်ကိုယ်စရိုက်က တိုက်ပွဲမရှိဘဲနဲ့ စစ်တပ်ထဲမှာ


အချိန်ပြည့်နေလေ့မရှိဘူး၊ ထိုးစစ်ထက် ပြောက်ကျားစနစ်နဲ့ ခံစစ်ကသူတို့ပိုအားသန်တယ်။
အခုဟာကလဲ ၀ နဲ့လားဟူက ဘိုးဘေး စဉ်ဆက်အတူနေ လာခဲ့ တယ်လေ၊
သူတို့မတိုက်ချင်ဘူး၊ နောက်တခုက နအဖ လစာစပေးနေတယ် ဆိုပေမယ့် သူတို့အတွက် မလုံလောက်ဘူး၊ ဘိန်းခြံလုပ်ရရင်အဲ့ထက် ၁၀ ဆ မက ရတယ်လေ”
-အမည်မဖေါ်လိုသည့် လားဟူအသိုင်းအ၀ိုင်းတဦးကပြောပါသည်။

လားဟူနယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူး ဂျပီးကွယ်၏ (နအဖ အပ်နှင်းထားသည်)့ ဗိုလ်မှူးရာထူး လစာငွေမှာ ကျပ် ၁ သိန်း ၇ သောင်း၊ ဒုတပ်ရင်းမှူး ဗိုလ်ကြီးရာထူး
လစာငွေကျပ် ၁ သိန်း ၂ သောင်း၊ အခြေခံတပ်သား လစာမှာမူ ကျပ်ငွေ ၄ သောင်း ၅ ထောင် ပေးမည်ဟုပြောသော်လည်း အခုချိန်ထိမရသေးဟု ထိုင်းနယ်စပ် ရောက်
အမည်မဖေါ်လိုသည့် လားဟူတပ်သား တဦးက အတည်ပြုပါသည်။

လက်ရှိ ဂျပီးကွယ်ဦးဆောင်သည့် လားဟူ နယ်ခြားစောင့်တပ်ရင်း (အမှတ် ၁၀၀၇ ) တွင် အင်အား ၂၉၆ နှင့် နအဖ အရာရှိ ၃၀ အဆင်သင့်ရှိနေပြီဖြစ်သော်လည်း
လက်နက်အလက်တစ်ရာခန့်သာရှိသေးသည်ဟု ဆိုသည်။

၎င်းလားဟူပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းပွဲကို မတ်ခ်ျ ၃၁ ရက်နေ့က စရဖ အရာ ရှိချုပ် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး


ဖေါ်ဆောင်ရေးကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရဲမြင့်၊ သျှမ်းပြည်နှင့် ကရင်နီပြည်တိုင်းချုပ်ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ကိုယ်တိုင် အခမ်းအနားတက်ရောက်
ရာထူးချီးမြင့်ခဲ့သည်။

တောင်ပိုင်း ၀ နယ်မြေသို့ လောင်စာဆီတင်ပို့မှု ပိတ်ပင်


FRIDAY, 23 APRIL 2010 20:16 သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်ရှိ တောင်ပိုင်း ၀ နယ်မြေသို့ လောင်စာဆီအမျိုးမျိုး တင်ပို့ရောင်း ချမှုအား တာချီလိတ် နအဖ အာဏာပိုင်များ
ပိတ်ပင်ထားသည်ဟု စုံစမ်းသိရှိရပါသည်။

“အခုဟာက ၀ တွေကိုဘဲ ပိတ်တာမဟုတ်ဘူး၊ ပြည်သူကတဆင့် ၀ တပ်ဖွဲ့တွေကို လောင်စာဆီရောင်းပေးလို့မရအောင် တားမြစ်ထားတာ၊ ပြည်သူပါခံရတာပေါ့”- ဟု


တာချီလိတ်နေ ကုန်သည်တဦးကပြောပါသည်။

ဧပြီလဒုတိယပတ်မှစ၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ မျက်နှာချင်းဆိုင် သျှမ်းပြည်အရှေ့ပိုင်း တချီလိတ်မြို့မှ တောင် ဘက်ပိုင်း ၀ နယ်သို့ လောင်စာဆီအမျိုးမျိုး
တင်ပို့မှုပိတ်ပင်ထားခြင်းနှင့် ပတ်သက်ပြီး ၀ အသိုင်းအ၀ိုင်း တဦး ကဤကဲ့သို့ပြောပြ ပါသည်။

“ဆီပုံးအကြီးစားတွေ မပြောနဲ့၊ ၆ ဂါလံ ပုံးတွေ ၂ ဂါလံခွဲပုံးတွေလဲ သယ်သွားလို့မရဘူး၊ အဓိက ကတော့ ၀ တပ်ဖွဲ့တွေ ခရီးသွားလာတဲ့နေရာမှာ၊
တပ်စခန်းပြင်ဆင်မွမ်းမံရာမှာ စက်ယန္တရားတွေ အသုံးမပြုနိုင်အောင် ပိတ်ပင်ထားတဲ့သဘော”

တောင်ပိုင်း ၀ နယ်မြေ

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ တာချီလိတ်မြို့ပေါ်ရှိ အလယ်အလတ်တန်း ၀ အရာရှိများလည်း မိခင်တပ်စခန်းများသို့ ယခုလဆန်းပိုင်းမှစ၍


အသီးသီးပြန်သွားကြသည်ဟု တာချီလိတ်မြို့ခံက လည်းဤကဲ့သို့ ပြောပြပါသည်။

“အရင်တုန်းကတွေ့နေကျ ၀ အရာရှိတွေ အခုမတွေ့ရတော့ဘူး၊ တချို့က ဗမာတပ်နဲ့ တင်းမာလို့ သူတို့တပ်စခန်းပြန် သွားကြပြီပြောတယ်။ ဒါမှမဟုတ်


မျက်နှာသိပ်မပြချင်တော့လို့ အိမ်မှာဘဲနေကြတာလဲဖြစ်နိုင်တယ်။ အခုတလော မတွေ့ရတာက ၁၀ ယောက် ကျော်ကျော်လောက်ရှိမယ်”

ယခင်က တာချီလိတ် - မိုင်းဆတ် (၆၃ မိုင်/၁၁၀ ကီလိုမ)ီ လမ်းပိုင်းတွင် ပုန်းထွန်၊ လွယ်တော်ခမ်း၊ မိုင်းတွန်း (မိုင်းတုန်း)၊ လွယ်ဆမ်ဆုံ၊ နမ့်ခုတ် (တံတား) နှင့်
မိုင်းဆတ်အ၀င်/ထွက်ဂိတ်တို့သာရှိပြီး မတ်ခ်ျနှောင်းပိုင်းမှစ၍ အဆိုပါဂိတ်များကြား၌ လမ်းကင်းတဲ အခု ၂၀ မကလည်း ချထားဆဲဖြစ်သည်ဟု
ခရီးသွားများကပြောပြပါသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးစတင်ခြင်း တနှစ်တင်းတင်းပြည့်သည့် ဧပြီ ၂၈ ရက်၌ အသွင်ပြောင်းမည့် တပ်အင်အား စာရင်းပေးပို့ခြင်းမရှိသည့်


အပစ်ရပ်တပ်ဖွဲ့များအား ၁၉၈၉ မတိုင်မီ နှစ်များကဲ့သို့ ဥပဒေပြင်ပ အသင်းပြန်ဖြစ်သွားမည်ဟု နအဖ အဆင့်မြင့်ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က
ခြိမ်းခြောက်ထားသည်။
http://www.mongloi.org/burmese/

ဘန်ကောက် စီးလုံလမ်းမကြီးပေါ် ဗုံးတွေကွဲ


ဧပြီ
၂၃၊
၂၀
၁၀(

န်ေ
ကာ
က်
ပို့စ)်

Fri
day
,
Apr
il
23,
20
10
ကြာသာပတေးညက ရှပ်နီဆန္ဒပြသမားတွေကို ဆန့်ကျင်သူတွေ စုဝေးနေတဲ့ နေရာကို M79 ဗုံးသီး ၄ လုံး
ပစ်သွင်းအပြီးမှာတော့ စီးလုံ လမ်းမကြီးဟာ စစ်မြေပြင်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ ၃ ယောက် သေဆုံးပြီး ၇၅
ယောက် ဒဏ်ရာရပါတယ်။ ထိခိုက်သူ တွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်ပါတယ်။

ည ၈ နာရီက မိုးပျံဘူတာရုံအနီးမှာ ဆန္ဒပြသမားတွေက ရှပ်နီတွေနဲ့ဝန်ကြီးချုပ် အဘိဆစ်ဝေ့ချာချီဝရဲ့


အောက်လွှတ်တော် ဖျက်သိမ်း ရေးကို ဆန့်ကျင်တဲ့အနေနဲ့ အမျိုးသားအလံတွေကို ဝှေ့ယမ်းလိုက်တဲ့အချိန်မှာ M79
လောင်ချာနဲ့ ဗုံး ၃ လုံး ပစ်သွင်းလိုက်ပါတယ်။ တလုံးက ဆာလာဒင်ဘူတာရုံအမိုးပေါ်ကလာတာဖြစ်ပြီး နောက် ၄၅
မီးနစ်အကြာမှာ စီးလုံလမ်းမပေါ်က ဒူဆစ်ထနီဟိုတယ်အနီးမှာ နောက်ထပ်ဗုံတလုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အဲဒီအခါမှာ ပြည်သူတွေဟာ အသက်ဘေးကလွတ်အောင် ထွက်ပြေးကြရပါတယ်။

လူ ၃ ယောက်သေ၊ ၇၅ ယောက်ဒဏ်ရာ၊ ဒဏ်ရာရသူတွေထဲမှာ အသဲအသန်လူနာတွေ အများကြီးပါတယ်လို့


ဒုဝန်ကြီးချုပ် ဆူထက် က ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဘန်ကောက်ခရိယာန်ဆေးရုံ၊ BNH ဆေးရုံ၊ ချူလာ
လောင်ကွန်း ဆေးရုံနဲ့ လာ့ဒ်ဆင်ဆေးရုံတို့ကို ပို့လိုက်ပါတယ်။ သေဆုံးသူ ၃ ယောက်ထဲက တယောက်ကိုပဲ
အတိအကျ အမည်ဖော်နိုင်ပါတယ်။ သူမနာမည်က Tanyanan Taebthong ဖြစ်ပြီး အသက် ၂၆ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့
အဲဒီနေရာမှာ နေထိုင်နေသူတွေနဲ့အလုပ်လုပ်သူတွေ အများအပြားဟာ သူတို့ မကျေမနပ်မှုတွေကို UDD အပေါ်မှာ
လှည့်ပြောင်းသွားတာကြောင့် ရက်အနည်းငယ်အတွင်းမှာ ဆာလာဒင်လမ်းဆုံ အနီးနေရာနဲ့ ဆာလာဒင် မိုးပျံရထား
ဘူတာရုံနေရာဟာ ဆန္ဒပြသူတွေရဲ့စစ်မြေပြင် ဖြစ်လာပါတယ်။ UDD အုပ်ကလည်း လမ်းဆုံရဲ့ တဖက်မှာ အ
တားအဆီးတွေ လုပ်ထားပါတယ်။ အနီဆန္ဒပြသမားတွေကို ဆန့်ကျင်သူအရေအတွက်ဟာ ဗုဒ္ဓဟူးနေ့မှာ
ရာဂဏန်းလောက် ရှိရာကနေ တမြန်နေ့ညနေမှာတော့ ၁ ထောင်ကျော် အထိ တိုးလာပါတယ်။ ပြီးခဲ့တဲ့ည
ဗုံးပေါက်တဲ့ထိ သူတို့ဟာ အဲဒီမှာပဲ နေ,နေကြတာ ဖြစ်ပါ တယ်။

အနက်ရောင်ဝတ်စုံနဲ့လူတွေ UDD ကို ကူဖို့လာနေပြီလို့ UDD ခေါင်းဆောင် Arisman Pongruengrong က


ရတ်ချာဖရာဆွန်လမ်းဆုံမှာ စုဝေးနေကြတဲ့ ရှပ်နီထောက်ခံသူတွေကို ပြောအပြီးမကြခင်မှာပဲ ပေါက်ကွဲမှုတွေ
ဖြစ်တာပါ။ ပြီးခဲ့တဲ့ညက မစ္စတာဆူထက်ဟာ ရုပ်မြင် သံကြားနေပြီး ဒီတိုက်ခိုက်မှုအတွက် အကြမ်းဖက်သမားတွေကို
အပြစ်တင်ပြောဆိုလိုက်ပြီး ဆာလာဒင်လမ်းဆုံကနေ မိမိတို့လုံခြုံရာ ဒေသကို ရွှေ့ကြဖို့ စီးလုံမှာရှိတဲ့ ပြည်သူတွေကို
တောင်းဆိုလိုက်ပါတယ်။
ဗုံးတွေကို ရှပ်နီတွေ သိမ်းထားတဲ့ လုမ္ဗဏီပန်းခြံကနေ ပစ်တာလို့ သူက ပြောပါတယ်။ အစိုးရအနေနဲ့ သေဆုံးသူတွေနဲ့
ဒဏ်ရာ သူတွေအတွက် ၀မ်းနည်းကြောင်း။ သူက ပြောပါတယ်။ ၀န်ကြီးချုပ်နဲ့ အရေးပါတဲ့ ကက်ဘိနက်
ဝန်ကြီးတွေဟာ အခြေအနေတွေ ထိန်းချုပ်နိုင်ဖို့ အရေးပေါ်အစည်းအဝေး လုပ်နေတယ်လို့ မစ္စတာ ဆူထက်က
ပြောပါတယ်။ UDD ဟာ စီးလုံမှာ ဗုံးနဲ့တိုက်ခိုက် တာမျိုးတွေ ဘာမှ မလုပ်ကြောင်း UDD ပြောရေးဆိုခွင့်ရှိသူတဦးက
ရတ်ချာဖရာဆွန် ဇတ်ခုံပေါ်ကနေ ကြေညာ ပြောဆိုပါတယ်။ “ကျနော်တို့အနေနဲ့ သေဆုံးသူတွေနဲ့
ဒဏ်ရာရသူတွေအတွက် ၀မ်းနည်းရပါတယ်။ တိုက်ခိုက်သူတွေကို ဖမ်းမိဖို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

ဗုံးကွဲတဲ့နေရာအနီးက အဆောက်အဦးအချို့ကို ချိတ်ပိတ်လိုက်ပြီး ၄ လုံးမြောက်ဗုံးပစ်တယ်လို့ သံသယရှိတဲ့ စီးလုံ


အဆောက်အဦးကို ရှာဖွေနေကြပါတယ်။ ရဲတွေ စုံစမ်းမေးမြန်းဖို့အတွက် မသင်္ကာဖွယ် သံသယရှိသူ ၄ဦးကို
စစ်သားတွေက ထွန်းမဟာမက် ရဲစခန်းကို ခေါ်လာပါတယ်။ ပေါက်ကွဲမှုတွေ ဖြစ်အပြီးမှာရဲတွေက ဘာမှမကူဘဲ
လက်ပိုက်ကြည့်နေကြတဲ့အတွက် စီးလုံကလူတွေက သူတို့ကို အပြစ်တင်ဝေဖန်ပြောဆိုကြပါတယ်။ စစ်သားတွေ က
ဒဏ်ရာရသူတွေကို ဒီနေရာကနေ သယ်သွားပါတယ်။

အစောပိုင်းက ပေါက်ကွဲမှုတွေဖြစ်အပြီး ထွက်ပြေးကြတဲ့ စီးလုံက လူ ၃၀၀ လောက်ဟာ ညပိုင်းမှာ UDD ကို ကန့်
ကွက်ဆန္ဒပြဖို့ ပြန်လာကြပြီး တင်းမာမှုတွေ ထပ်ဖြစ်ပါတယ်။ ည ၁၁ နာရီလောက်မှာ လက်တုံ့ပြန်တဲ့ အနေနဲ့
ရှပ်နီတွေကို ဓါတ်ဆီဗုံးတွေနဲ့ ပစ် နေတာကို တွေ့မြင်ရပါတယ်။ ဗုဒ္ဓဟူးနေ့ညက စီးလုံက အရောင်အသွေးစုံဝတ်ထားတဲ့
ပြည်သူတွေက UDD ရဲ့ လူထုအစည်းအဝေး လုပ်တဲ့နေရာကို ပုလင်းတွေနဲ့ ဒေါသတကြီး ပစ်ပေါက်အပြီးမှာ
ဗုံးပေါက်တာတွေ ဖြစ်တာပါ။

ဒါပေမဲ့ ဗုဒ္ဓဟူးနေ့ညက ရှပ်နီတွေကို တိုက်ခိုက်တဲ့ စီးလုံက အုပ်စုဟာ ရုပ်ဖျက်ထားတဲ့ စစ်သားနဲ့ရှပ်ဝါတွေ ဖြစ်တယ်လို့


UDD ပူးတွဲ ခေါင်းဆောင် Jatuporn Prompan က စွပ်စွဲလိုက်ပါတယ်။ “ကျနော်တို့ကို ပုလင်းနဲ့ပေါက်၊
လေးခွနဲ့ပစ်သူတွေဟာ လုပ်ငန်းရှင်တွေနဲ့ စီးလုံက ရုံးလုပ်သားတွေမဟုတ်ဘဲ၊ သူတို့ကိုယ်သူတို့ ရှပ်နီဆန့်ကျင်တဲ့
အရပ်သားတွေလို ရုပ်ဖျက်အယောင်ဆောင်ထားတဲ့ စစ်သား တွေသာ ဖြစ်တယ်” လို့ မစ္စတာ Jatuporn က
ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တဲ့ စီးလုံလူထုနဲ့ UDD အကြားတင်းမာမှုတွေ ရပ်တန့်ဖို့ ဘာမှမလုပ်တဲ့အတွက်
မစ္စတာဆူထက်ဟာ ရဲတွေကို မကျေမနပ် ဖြစ်နေပါတယ်။ “ရဲဟာ အလုပ်ကြိုးစားရမယ်၊ ပြည်သူတွေ ပဋိပက္ခ
ဖြစ်နေချိန်မှာ ရဲတွေက လက်ပိုက်ကြည့်မနေနိုင်ဘူး” လို့ သူက ပြောပါတယ်။

စီးလုံမှာ ပေါက်ကွဲမှုတွေ မဖြစ်ခင်လေးမှာ တရားမရုံးတော်က ရတ်ချာဖရာဆွန်လမ်းဆုံက ရှပ်နီဆန္ဒပြသမားတွေကို


လူစုခွဲတဲ့အခါ လက်နက်ကြီးတွေ မသုံးဖို့ တရားဝင်အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ UDD တွေကို ဖြိုခွင်းတဲ့အခါ
အဓမ္မမလုပ်ဖို့ အစိုးရကို တားမြစ်ပေးဖို့ ရှပ်နီပူးတွဲခေါင်းဆောင် Jatuporn Prompan က တရားမရုံးတော်ကို
အသနားခံပြီး တရားဝင်အမိန့်တောင်းခံလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရက ရှပ်နီတွေအပေါ် စစ်ဆင်ရေး
စတော့မယ်ဆိုရင် အပြည်ပြည်ဆိုင်ရာကျင့်ထုံးတွေအတိုင်း တင်းတင်းကြပ်ကြပ် လိုက် နာရမယ်။ ဆိုတာကို သူ့ရဲ့
အမိန့်စာထဲမှာ တရားမရုံးတော်က ပြောထားပါတယ်။ သူတို့အတွက် အချိန်မရှိတော့ဘူး လို့ ပြောဆိုပြီး
ရတ်ချာဖရာဆွန် လူထုစည်းဝေးပွဲနေရာကနေ ထွက်ခွာဖို့ အရေးပေါ်အခြေအနေဆုံးဖြတ်ရေး ဗဟိုဌာန
ပြောရေးဆိုခွင့်ရှိသူ Sansern Kaewkamnerd က နေ့လည်အစောပိုင်းက ရှပ်နီတွေကို ထပ်မံတောင်း
ဆိုလိုက်ခဲ့ပါတယ်။
http://www.naytthit.com/internationalnews/2010/april10/bl2-april23.html

တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား

ဧပြီလ ၁၇ ရက် နံနက် ၃ နာရီ အချိန် ခန့်တွင် မေခ-မလိခ မြစ်ဝှမ်း မြစ်ဆုံ ရေအား လျှပ်စစ်
စီမံကိန်းတွင် မိုင်း ၁၀ လုံး ပေါက်ကွဲ ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာမှ သိရသည်။ အဆိုပါ ပေါက်ကွဲ မှုသည် တမံ တည်ဆောက်ရေး ရှင်းလင်းဆောင် အပါ အ၀င် စီမံကိန်း
နေရာ လေးနေရာတွင် မိုင်း ပေါက်ကွဲ ခဲ့ကြောင်း၊ ပေါက်ကွဲ မှုကြောင့် အမျိုးသား တစ်ဦး မှန်ကွဲစများ ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ယာယီ အဆောက်အဦ နှစ်လုံး နှင့်
မော်တော်ယာဉ် ခြောက်စီး ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။ ထို့အပြင် မူဆယ် ၁၀၅ မိုင် အေးရှားဝေါလ် တိုးဂိတ်တွင် သင်္ကြန် အကျ နေ့က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွား
ခဲ့သည်။ လူကို ထိခိုက်မှု မရှိသော်လည်း တိုးဂိတ် ပျက်စီးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ(၃)
် စစ် ဆေးရေး ဂိတ် (မြ၀တီ အထွက်
ခင်နိမ်းမူဂိတ)် အနီး တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ၌ လူသုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ သင်္ကြန် အကြတ်နေ့တွင် ရန်ကုန် ကန်တော်ကြီး X2O
မဏ္ဍပ်ရှေ့၌ ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး နှစ်ဆန်း တစ်ရက်နေ့ မြစ်ဆုံတွင် ပေါက်ကွဲမှု အပါအ၀င် ဗုံးပေါက်ကွဲမှု စုစုပေါင်း လေးမြို့တွင် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

၂၃ . ၄ . ၂၀၁၀

စိတ်ကြွဆေး နှင့် အလားတူများ ပါဝင်သည့် အချိုရည် အချို့ သက်ဆိုင်ရာမှ သိမ်းဆည်း

ရန်ကုန်မြို့ရှိ မြို့နယ်များ အတွင်း ဖွင့်လှစ် ရောင်းချလျက် ရှိသော ဈေးဝယ် စင်တာများ၊ စတိုး ဆိုင်များ၊ Mini-Mart
များ၊ ဈေးကြီးများ၊ စားသောက် ကုန် အရောင်း ဆိုင်များ တွင် ရောင်းချလျက် ရှိသော စားသောက်ကုန် ပစ္စည်းများ တွင် သောက်သုံးရန် မသင့်သည့် ကျွဲရိုင်း နှင့် လစ်ပို အချို
ရည်ဘူး များ ဆိုင်တင် ရောင်းချပါက လိုက်လံ သိမ်းဆည်းခြင်း ပြုလုပ်လျက် ရှိကြောင်း မြို့နယ် အဆင့် တာဝန်ရှိသူ အချို့ထံမှ သိရသည်။ ကျွဲရိုင်း နှင့် လစ် ပို အချိုရည်
ဘူးများ အား စီမံချက် အသွင်ဖြင့် သက်ဆိုင်ရာ ဌာန၊ တပ်ဖွဲ့၊ အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်သည့် အဖွဲ့များမှ လိုက်လံသိမ်း ဆည်း ခြင်း ဖြစ်ပြီး ရောင်းချ ခြင်းအား ခွင့်မပြုဘဲ
ပစ္စည်း သိမ်းဆည်း ခြင်းသာ ဖြစ်၍ လက်ဝယ် တွေ့ရှိ သူများအား အရေးယူ ဆောင်ရွက်မှု မပြုလုပ် ကြောင်း သိရသည်။

“ကျွဲရိုင်းတို့၊ လစ်ပိုတို့ဆိုတာ ပြင်ပ နိုင်ငံက ဝင်လာတာ၊ အရင်တုန်းက အားပြည့် စေတယ်၊


အိပ်ချင်စိတ် ပျောက်စေတယ် ဆိုပြီး သောက်ကြတယ်။ နောက်ကျတော့ သက်ဆိုင် ရာက တင်သွင်း
ရောင်းချမှုကို တားမြစ် လိုက်တယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နှစ်လယ်လောက် ကစပြီး ဆိုင်တွေမှာ မသိ
မသ
ာနဲ့ြ ပန်လ
ည် ရောင်းချ လ
ာတ
ာ တေ
ွ့  ရတ
ယ်”ဟ
ု ဗို လ
်တ
ထေ
ာင်ြ မို့  နယ
် နေသ
ူ တ
စ်ဦးကပြော၍
သိရသည်။ အဆိုပါ အချိုရည် များတွင် သောက်သုံးရန် မသင့်သော စိတ်ကြွ ဆေးနှင့် ဆင်တူသည့် အရာများဖြင့် ထည့်သွင်း ထားခြင်း ဖြစ်ပြီး လက်ရှိ သိမ်း ဆည်းခဲ့သည့်
အချိုရည် ဘူးများတွင် သက်တမ်း ကာလပင် ကျော်လွန် နေသော အချိုရည် ဘူးများ ပါဝင် နေကြောင်း သိရသည်။

ရှာဖွေ ဖော်ထုတ် သိမ်းဆည်းခြင်း လုပ်ငန်းအား အဆိုပါ အချိုရည် ဘူးများ တင်သွင်း ဖြန့်ချိ ရောင်းချသည့် သတင်း ရရှိသည်နှင့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့မှ လိုက်လံ
သိမ်းဆည်းသည့် ပုံစံဖြင့် စဉ်ဆက် မပြတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာ လဆန်းမှ စတင်၍ ယခု အချိန်ထိ စဉ်ဆက်မ ပြတ်
ရှာဖွေ ဖော်ထုတ် သိမ်းဆည်းလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ် တွင် ဖော်ပြ ထားပါသည်။ ၂၃ . ၄ . ၂၀၁၀
ဘတ်စ်ကား လမ်းညွန် Light Box များ မှတ်တိုင် ၉၀၀ ကျော်တွင် စိုက်ထူမည်

ခရီးသည်တင် ယာဉ်လိုင်းများ ရောက်ရှိသည့် မှတ်တိုင်များကို ဖော်ပြ ပေးထားမည့်


ဘတ်စ်ကား လမ်းညွန် Light Box များကို ရန်ကုန်မြို့ရှိ ကား မှတ်တိုင် ၉၀၀ ကျော်တွင် စိုက်ထူ ထားရှိမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘတ်စ်ကား လမ်းညွန် Light
Box များကို Neo Alpha ကုမ္ပဏီ နှင့် မ.ထ.သ တို့မှ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ပြီး လက်ရှိတွင် ဗိုလ်ကလေးဈေး၊ ပန်းဆိုးတန်း၊ လသာ၊ ၃၈ လမ်း မှတ်တိုင်များ အပါအ၀င်
ကားမှတ် တိုင် ၁၁ ခုတွင် ယင်း Light Box များ စို က
်ထ
ူ ထ
ားကြေ
ာင်း သ
ိ ရသ
ည်။“ Light Box တွေကို ရန်ကုန်မှာ ရှိတဲ့ ကားမှတ်တိုင် တိုင်းမှာ တပ်ဆင် စိုက် ထူ နိုင်အောင်
ဆောင်ရွက် နေပါတယ်။

အရေ အတွက် အားဖြင့်တော့ အခုရေ ၉၀၀ ကျော်လောက် တပ်ဆင် မှာပါ။ အဓိက ကတော့ ခရီးသွား ပြည်သူ တွေ အဆင်ပြေ စေဖို့ ရည်ရွယ် တာပါ။ Neo Alpha အနေနဲ့
မှတ်တိုင် တွေမှာ ဘတ်စ်ကား လမ်းညွန် Light Box တွေကို စိုက်ထူတာ အပြင် ခရီးသွား ပြည်သူတွေ အဆင် ပြေစေတဲ့

ြ ခား အ
စီ အ
စဉ်တေ
ွက
ို လည
်းလ
ု ပ်ဆေ
ာင်ဖို့  ရှိ ပါတ
ယ်”ဟ
ု Neo Alpha မှ မန်နေဂျာ ကိုသန့်ဇင်ဦးက ပြောကြား သည်။

မှတ်တိုင် များတွင် စိုက်ထူ ထားသော ၄င်း Light Box များ၏ တစ်ဖက်တွင် ယာဉ်လိုင်း များ၏ ခရီးစဉ် တစ်လျှောက် ရပ်နားမည့် မှတ်တိုင် များကို ဖော်ပြထားပြီး ကျန်
တစ်ဖက်တွင် ကုန်ပစ္စည်း ကြော်ငြာများ ထည့်သွင်း ဖော်ပြမည်ဟု သိရသည်။ ယာဉ်လိုင်းများ လမ်းကြောင်း ပြောင်းရွှေ့ ခြင်း၊ ယာဉ်လိုင်း အတိုး အလျှော့များ ဖြစ်ပေါ်လာ
ခဲ့ပါကလည်း လမ်းညွှန် ဆိုင်းဘုတ် များကို ပြန်လည် တပ်ဆင် ပေးသွားမည်ဖြစ် ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြ
ထားပါသည်။

၂၃ . ၄ . ၂၀၁၀

http://www.hanthawaddy.org/
http://burmese.dvb.no/

Anda mungkin juga menyukai