Anda di halaman 1dari 4

Freedom House Report 2011

လွန်ခဲ့သော နှစ်အနည်းငယ်မှ စတင်ကာ အင်တာနက်ကို ကမ္ဘာအနှံ့အပြားတွင် တွင်တင


ွ်ကျယ်ကျယ်အသုံးပြုလာ ကြပြီး
အစိုးရပိုင်းကလည်း သတင်းအချက်အလက်များနှင့် သတ်ဆိုင်သောထိန်းချုပ်မှုများကို ပိုပိုတင်းကျပ်လုပ်ဆောင်
လာကြသည်။ ထို့နည်းတူစွာ အစိုးရပိုင်းကလည်း လွန်ခဲ့သော၅နှစ်က အခြေအနေနှင့် နှိုင်းယှဉ်လျှင် တင်းကြပ်မှုများကို
၂ဆတိုးဆောင်ရွက်လာသည်ကို တွေ့ရသည်။

ကမ္ဘာတ၀ှမ်းတွင် အောက်ဖော်ပြပါ ပုံစ၃


ံ မျိုးဖြင့် အင်တာနက်အသုံးပြုမှုကို ထိန်းချုပ်လာကြောင်းတွေ့ရသည်။
၁) နိုင်ငံရေးလှုပ်ရှားမှု၏ ပမာဏလုပ်ဆောင်ချက်ဖြစ်ခြင်းကြောင့် အင်တာနက် အသုံးပြုမှုကို ထိန်းချုပ်ခြင်း။

၂) အင်တာနက် ထိန်းချုပ်မှုကို အရှိန်မြှင့်ကာ သီးခြားအဖွဲ့ ဖွဲ့ ပြီး ထိန်းချုပ်ခြင်း။

၃) လက်ရှိအင်တာနက်ထိန်းချုပ်စောင့်ကြည့်ရန် အသုံးပြုနေသည့် ပစ္စည်းများကို ပိုမိုအားကောင်းအောင် ပြောင်းလဲ


အသုံးပြုခြင်း။

နိုင်ငံများတွင် အောက်ပါအခြေအနေတို့ဖြင့် အင်တာနက် အသုံးပြုမှုကို ပိတ်ပင်တားဆီးလားကြောင်း တွေ့ရှိရသည်။

နိုင်ငံရေး သတင်းအချက်အလက်များပါဝင်သော အင်တာနက်စာမျက်နှာများကို ပိတ်ပင်မှုပိုမိုများပြားလာခြင်း၊


ပွင့်လင်းမြင်သာမှုမရှိခြင်း။ အုပ်ချုပ်သူများကို ပြင်းပြင်းထန်ထန်ဝေဖန်သည်အ
့ ကြောင်းအရာများနှင့်
ဆိုင်ဘာတိုက်ခိုက်မှုများ။ အစိုးရပိုင်းက ပင်မစက်ကို ဗဟိုထိန်းချုပ်သည့် စနစ်ဖြင့် ပိုမိုအသုံးပြုပြီး အင်တာနက်
စောင့်ကြပ်ကြည့်ရှုသည့် နည်းလမ်းများကို တခါတည်း ထည့်သင
ွ်းလိုက်ခြင်းများ။ သတင်းအချက်အလက်များ
ရရှိပြီးပါကလည်း အွန်လိုင်း မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှုနှင့် အော့ဖ်လိုင်း ထိန်းချုပ်မှုများ။ တို့ဖြစ်သည်။

အင်တာနက်သုံးစွခ
ဲ င
ွ့်နှင့် သတင်းလွတ်လပ်ခင
ွ့်ကို Freedom House အဖွဲ့ သည် အောက်ပါ အချက်များဖြင့်တိုင်းတာသည်

အင်တာနက်သုံးစွဲနိုင်မှုကို ကန့်သတ်ထားခြင်း − ပင်မထောက်ပံ့မှု ပမာဏ နှင့် အသုံးပြုရန်အတွက် စီးပွားရေးပိုင်းဆိုင်ရာ


အခက်အခဲများ၊ အစိုးရက သုံးစွဲမှုကို ကန့်သတ်နိုင်ရန်သုံးစွဲထားသော applications နှင့် နည်းပညာများ၊
ပြဌာန်းထားသော ပုဒ်မများ၊ ဥပဒေများ၊ အင်တာနက်ပိုင်ဆိုင်မှု၊ အင်တာနက် နှင့် လက်ကိုင်ဖုန်း ၀င်ဆောင်မှုပေးသည့်
လုပ်ငန်းများ အပေါ် ထိန်းချုပ်မှုများ စသည်တို့ဖြစ်သည်။

အကြောင်းအရာကို ကန့်သတ်ထားခြင်း − ၀က်ဆိုက်များကို ပိတ်ထားခြင်း၊ အချို့အကြောင်းအရာများကို


စီစစ်ပိတ်ပင်ထားခြင်း၊ အကြောင်းအရာကို ကိုယ်ကျိုးအတွက် ပြောင်းလဲအသုံးပြုခြင်း၊ အွန်လိုင်းသတင်း
အမျိုးအစားဘယ်လောက်ရှိသလဲ၊ လူမှုရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများမှာ ဒစ်ဂျစ်တယ် မီဒီယာကို ဘယ်လောက်
အသုံးပြုနိုင်သလဲ စသည်တို့ကို ဆိုလိုသည်။
အသုံးပြုသူများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်း − တရားဥပဒေအရ မည်မျှကာကွယ်ပေးထားသလဲ၊
အွန်လိုင်းအသုံးပြုမှုကို ဘယ်လောက် ကန့်သတ်ထားသလဲ၊ ဘယ်လောက်လွတ်လပ်မှုရှိပြီး
ဘယ်လောက်စောင့်ကြည့်စစ်ဆေးခံနေ သလဲဆိုတဲ့ အခြေအနေများကို တိုင်းတာခြင်း။ ထို့အပြင် အွန်လိုင်းအသုံးပြုမှုနှင့်
ပတ်သတ်၍ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်ရသလဲ − ဥပမာ − တရားဥပဒေအရ အဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊
ကိုယ်ထိလက်ရောက် ဟန့်တားခြင်း၊ သို့မဟုတ် အခြားသော နည်းလမ်းများဖြင့် နိုပ်စက် စော်ကားခြင်းတို့ဖြစ်သည်။

ထိုင်း၊ ဘာရိန်း၊ ဘယ်လာရု၊ အီသီရိုးပီးယား၊ ဆော်ဒီအာရေဗျ၊ ဗီယက်နမ်၊ တူနီးရှား၊ တရုတ်၊ ကရူဘား၊ မြန်မာ နှင့် အီရန်
နိုင်ငံတို့သည် Freedom House မှ လေ့လာထားသော နိုင်ငံပေါင်း (၃၇)နိုင်ငံ အနက် သတင်းလွတ်လပ်ခင
ွ့် မရှိဘဲ
ခြိမ်းခြောက်ခံနေရ သောနိုင်ငံများဖြစ်သည်။ အီရန်နိုင်ငံသည် ထိန်းချုပ်မှု တွင် အဆိုးဝါးဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုငင
်ံသည်
ဒုတိယ အဆိုးဆုံးနိုင်ငံ ဖြစ်ကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံ အခြေအနေ

မြန်မာစစ်အစိုးရသည် သတင်း၊ဆက်သယ
ွ်ရေးနှင့် နည်းပညာကို စီးပွားရေးလုပ်ငန်းများ တိုးတက်ရန်နှင့် ၀ါဒဖြန့်လုပ်ငန်းများ
လုပ်ဆောင်ရန်အတွက် သာရည်ရယ
ွ်ထားသည့်အတွက် ၄င်းတို့အတွက် အနှောက်အယှက် အဟန့်အတားဖြစ်စေသော အင်တာနက်
အသုံးပြုမှု၊ တားဆီးပိတ်ပင်မှု၊ သတင်းထုတ်ဝေသော ပြည်သူများအား အပြစ်ပေးမှုများကို ပြင်းပြင်းထန်ထန် ဆောင်ရွက်လျှက် ရှိသည်။
အင်တာနက်အသုံးပြုခွင့် လွတ်လပ်မှုကို ဥပဒေများ၊ တားဆီးမှုများ ချမှတ်ခြင်း၊ နည်းပညာနှင့် ပင်မထောက်ပံ့မှု ပမာဏ ကို
ထိန်းချုပ်ထားခြင်း၊ ခြိမ်းခြောက်မှုများ၊ နှစ်ရှည် ထောင်ဒဏ်ပေးခြင်းများဖြင့် တားဆီးဟန့်တားထားသည်။ အထူးသဖြင့်
အစိုးရဆန့်ကျင်သည့် လှုပ်ရှားသူများနှင့် ပြည်ပသတင်းမီဒီယာ နှင့်ဆက်သွယ်သူများကို အဓိကထားကာ တားဆီးလေ့ရှိသည်။
အထူးသဖြင့် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် သံယာအရေးအခင်း အပြီးတင
ွ် အင်တာနက် ဆိုင်များလုပ်ငန်းလိုင်စင်ကို
ပိုပြီးတင်းကျပ်လာခြင်း၊ အသုံးပြုမှုများကို စောင့်ကြည့် စစ်ဆေးခြင်း နှင့် ရာဇ၀တ်မှု စုံစမ်းစစ်ရေးနှင့် ပူးပေါင်းလုပ်ဆောင်လာ ခြင်းတို့ကို
ပိုမိုတင်းကျပ်မှုများ လုပ်လာသည်။ ၂၀၁၀ နိဝ
ု င်ဘာ (၇) ရက် ရွေးကောက်ပွဲ ကာလမတိုင်မီလည်း အင်တာနက် ထိန်းချုပ်မှုများကို
ပြုလုပ်ခဲ့သည်။

အစိုးရပိုင် မြန်မာ့စာတိုက်နှင့်ဆက်သယ
ွ်ရေး ကုမ္ပဏီမှ ၁၉၉၇ နိဝ
ု င်ဘာတွင် ပထမဆုံးသော တရားဝင် EMAIL စနစ်ကို စတင်
ရောင်းချခဲ့သည်။ ၂၀၀၂ခုနှစ်တင
ွ် ပထမဆုံး ပုဂ္ဂလိကပိုင် အင်တာနက် ၀န်ဆောင်မှုပေးသော ပုဂံဆိုင်ဘာတက်ကို ဖွင့်လစ်ခဲ့ပြီး
မြန်မာပြည်တင
ွ် အင်တာနက် အသုံးပြုမှုပိုမိုတင
ွ်ကျယ်လာခဲ့သည်။ သို့သော်ဤ ပုဂ္ဂလိက ၀န်ဆောင်မှုလုပ်ငန်းကို နောက်ပိုင်းတွင်
အစိုးရက သိမ်းလိုက်သည်။ ၂၀၁၀ တွင် မြန်မာနိုငင
်ံတင
ွ် မြို့ကြီးများတွင် အင်တာနက် ၀န်ဆောင်မှုပေးသည့် မှတ်ပုံတင်ထားသည့်
ဆိုင်ပေါင်း ၅၂၀ ကျော်ရှိလာခဲ့သည်။

အစိုးရသည် ပထမခြေလှမ်းအနေဖြင့် အင်တာနက် လွတ်လပ်ခင


ွ့်ကို ၁၉၉၆ မြန်မာကွန်ပျုတာသိပ္ပံဖွံ့ဖြိုးမှု ဥပဒေအဖြစ်
မှတ်ပုံမတင်ထားသော ကွန်ပျူတာ မိုဒမ် နှင့် တရားမ၀င် ချိတ်ဆက်ထားသော ကွန်ပျုတာ ကွန်ယက်များအသုံးပြုခြင်းအတွင်
ထောင်ဒဏ် ၁၅နှစ် ပြစ်ဒဏ်သတ်မှတ်ခ့သ
ဲ ည်။

အင်တာနက်သုံးစွဲနိုင်မှုကို ကန့်သတ်ထားခြင်း −
အစိုးရ၏ ၂၀၀၉ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံတင
ွ် လူဦးရေ ၄၀၀,၀၀၀ ခန့်သာ အင်တာနက် အသုံပြုနေကြောင်း သိရှိရသည်။
အင်တာနက်အသုံးပြုရန်အတွက်လိုအပ်သည့် ကနဦးတပ်ဆင်ခကိုလည်း လူအများစု တပ်နိုင်သည့်ပမာဏထပ်
အစမတန်တိုးမြှင့်ထားသောကြောင့် လူအများစုသည် ကိုယ်ပိုင်လိုင်းအသုံးမပြုနိုင်ဘဲ အင်တာနက်ဆိုင်များတွင်သာ သွားရောက်အသုံးပြု
ကြရသည်။

ထို့အပြင်အစိုးရသည် အချိန်အခါ၊ အခြေအနေပေါ်လိုက်ကာ ပင်မအင်တာနက်လမ်းကြောင်းကို လုံးဝပိတ်သောနည်း နှင့်


အင်တာနက်အသုံးပြုနိုင်သော မြန်နှုန်းကို လျှော့ချသည့် နည်းလမ်း စသည့်နည်းလမ်းနှစ်သွယ်ဖြင့် ထိန်းချုပ်လေ့ရှိသည်။ ဥပမာ
၂၀၀၇ခုနှစ် စက်တင်ဘာလ ၂၉ရက် မှ အောက်တိုဘာလ ၄ ရက် အထိ အင်တာနက် ဆက်သွယ်ရေး စနစ်ကို လုံးဝပိတ်ပစ်ခဲ့သည်။

အကြောင်းအရာကို ကန့်သတ်ထားခြင်း −

အစိုးရကို ဝေဖန်သော သတင်းအချက်အလက်များကို မျှဝေသည့် ပြည်ပရောက် အတိုက်အခံများ၏ အင်တာနက် စာမျက်နှာများ၊


သတင်းမီဒီယာများ၊ နိုင်ငံရေး အင်တာနက်စာမျက်နှာများ ကိုပိတ်ထားလေ့ရှိသည်။ ထို့အပြင် စာပို့ဆက်သွယ်နိုင်သော Yahoo, MSN,
Gmail တို့ကိ၎
ု င်း၊ ဗီဒီယိုဖိုင်များ မျှဝေနိုင်သော Youtube ကိ၎
ု င်း၊ သတင်းအပြန်အလှန် ဖလှယ်နိုင်သော လူမှုရေးကွန်ယက်များဖြစ်သည့်
Facebook,Google’s Blogspot နှင့် Twitter ကဲ့သို့သော အင်တာနက်စာမျက်နှာများကို ပိတ်ပင်တားဆီးထားသည်။ ထို့အပြင်
“မြန်မာ (Burma)”၊ “မူးယစ်ဆေးဝါး (drugs)”၊ “စစ်အစိုးရ (military government)”၊ “ဒီမိုကရေစီ (democracy)”၊
“ကျောင်းသားလှုပ်ရှားမှု (student movement)”၊ “၈၈၈၈ (8888)”၊ “လူ့အခွင့်အရေး (human rights)” စသည့် စကားလုံးများ
ပါဝင်သော အင်တာနက်စာမျက်နှာများ၊ ဘလောက်ဒ်များ ကို ပိတ်ထားလေ့ရှိသည်။

အသုံးပြုသူများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်း −


စစ်အစိုးရသည် အခြေခံဥပဒေ မရှိဘဲ နှစ်ပေါင်းနှစ်ဆယ်အုပ်ချုပ်လာပြီး မတရားသဖြင့် ရေးဆွဲထားသော ၂၀၀၈ အခြေခံ
ဥပဒေကလည်း အင်တာနက်လွတ်လပ်ခင
ွ့် မရှိပေ။ သတင်း၊ဆက်သွယ်ရေးနှင့် နည်းပညာနှင့်ပတ်သတ်သော ၁)
ကွန်ပျူတာသိပ္ပဖ
ံ့ွံဖြိုးမှု ဥပဒေ (၁၉၉၆)၊ ၂) (၂၀၀၂) နှင့် ၃) (၂၀၀၄) စသည့် ဥပဒေ ၃ခုကို ချမှတ်ခဲ့သည်။
မီဒီယာများကို ထိန်းချုပ်ရန်အတွက်မ၁
ူ ၉၆၂ခုနှစ်က ပြငှာန်းထားသော ပုံနိုပ်စက်နှင့်ပုံနိုပ်သူများ မှတ်ပုံတင် ဥပဒေကို
ကျင့်သုံးသည်။ အီလက်ထရောနစ် ဥပဒေ အခန်း(၃၃)အရ၊ နိုင်ငံတော် အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊
အမျိုးသား စည်းလုံးမှု၊ စသည်တို့ကို ပျက်ပြားစေနိုင်သော သတင်းအချက်အလက်များကို လက်ခံခြင်း၊ ဖြန့်ဝေခြင်း
စသည်တို့ ကို လုပ်ဆောင်ပါက ထောင်ဒဏ် (၇)နှစ်မှ (၁၅)နှစ်အထိ ကျခံရမည်။ ရုပ်မြင်သံကြားနှင့် ဗီဒ
ွီယို အက်ဥပဒေ
(၁၉၉၆) အရ မှတ်ပုံမတင်ဘဲ ရုပ်မြင်သံကြားစက်၊ စလောင်း၊ သို့မဟုတ် ဗီဒ
ွီံယို ကူးစက်ပိုင်ဆိုင်သူ နှင့် နည်းပညာများကို
အသုံးချကာ ဆင်ဆာခွင့်ပြုချက်မယူဘဲ ကူးယူ၊ ဖြန့်စေ၊ ရောင်းချသူ မည်သူကိုမဆို တရားဥပဒေအရ အရေးယူနိုင်သည်။
ပြစ်မှုကျူးလွန်သူသည် ထောင်ဒဏ်(၃)နှစ် သို့မဟုတ် ကြီးလေးသော ငွေဒဏ်ကို ကျခံရမည်။ ဘလော့ကာများ
(bloggers) နှင့် အခြားအွန်လိုင်း လှုပ်ရှားသူများကို တရားစစ်ဆေးရာတွင် မျှတမှုမရှိဘဲ တံခါးပိတ် ကြားနာမှုများ ဖြင့်သာ
စစ်ဆေးလေ့ရှိသည်။ အပြည်ပြည်ဆိုင် လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ အစီရင်ခံစာအရ ၂၀၁၀ခုနှစ် မတ်လတွင်
နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ကျော်ရှိသည်ဟု ပါရှိသဖြင့် ၂၀၀၇ ဆန္ဒပြလှုပ်ရှားမှု မတိုင်ခင်ကာလထက်
၈၀ရာခိုင်နှုန်း နီးပါး ပိုမိုများပြားလာခဲ့သည်။

နေဘုန်းလတ် − ၂၀၀၈ နိဝ


ု င်ဘာ − ထောင်ဒဏ် နှစ်၂၀ နှင့် ၆လ − သန်းရွှေကာတွန်းအား သူ၏
ဘလော့ခ်စာမျက်နှာတွင် တင်ထားသောကြောင့်။

ဝင်းဇော်နိုင် − ၂၀၀၉ နိဝ


ု င်ဘာ − ထောင်ဒဏ် ၁၅နှစ် − ၂၀၀၇ တော်လှန်ရေးနှင့် ပတ်သတ်သည့် ဓါတ်ပုံများ၊
အစီရင်ခံစာများကို တင်ခဲ့သောကြောင့်။
အလွတ်သတင်းထောက် လှလှဝင်း − ၂၀၀၉ခုနှစ် စက်တင်ဘာလ − ထောင်ဒဏ် ၂၇ နှစ် − အီလက်ထရောနစ်
ဥပဒေအရ ထောင်ဒဏ်နှစ် ၂၀ပါဝင်သည်။

မြင့်နိုင် (လှလဝ
ှ င်းနှင့် တဆက်တည်းပါဝင်သ)ူ မှာ စုစုပေါင်း ထောင်ဒဏ် ၃၂နှစ်ကျခံရသည်။

ငွေစိုးလင်း − ၂၀၁၀ခုနှစ် ဇန်န၀ါရီလ − ပြည်ပရှိ မီဒီယာ၊ သတင်းဌာနတွင် အလုပ်လုပ်သောကြောင့် ထောင်ဒဏ် ၁၃နှစ်။

နိုင်ငံရေး လှုပ်ရှားသူ သန်းမြင့်အောင် − ၂၀၁၀ ခုနှစ် ဇူလိုင်လ − တိုင်းပြည် လုံခြုံရေးကို ပျက်ပြားစေသည် ဆိုသည့်
စွပ်စခ
ျွဲက်ဖြင့် ထောင်ဒဏ် ၁၀နှစ်။

ဓါတ်ပုံ ဆရာ စည်သူဇေယျ − ၂၀၁၀ခုနှစ် ဒီဇင်ဘာလ − ၂၀၁၀ခုနှစ် ဧပြီလအတွင်း ရန်ကုန်မြို့တွင်း ဗုံးပေါက်ကွဲမှုတွင်


ဓါတ်ပုံရိုက်ခြင်းနှင့် ပြည်ပ မီဒီယာများနှင့် ဆက်စပ်မှုရှိခြင်းကြောင့် ထောင်ဒဏ် ၈နှစ်။

၂၀၁၀ခုနှစ် နိဝ
ု င်ဘာလတွင် ဆိုင်ဘာကဖေးများတွင် လုံခြုံရေးစောင့်ကြပ် ကင်မရာများ(စီစီတီဗွီများ) တပ်ဆင်ရန် နှင့်
အသုံးပြုသူများကို စောင့်ကြည့် အကဲခတ်ရန် လုံခြုံရေးဝန်ထမ်း အနည်းဆုံး ၄ဦးထားရှိရန် အာဏာပိုင်များက
ညွှန်ကြားခဲ့သည်။

Anda mungkin juga menyukai