Anda di halaman 1dari 32

How to Make Myanmar Blog 

 
မြန်မာဘလော့ဂ် တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့်
ညီလင်းဆက်

သာမန် ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း

အဆင့် (၁)
Create Google Account

ဘလော့ဂ်တစ်ခု တည်ဆောက်ရန်အတွက် သင့်ထံတွင် Google Account သို့မဟုတ် Gmail Account တစ်ခု ရှိရန်
လိုအပ်ပါသည်။ Google Account ကို ဒီနေရာမှာ ရယူနိုင်သည်။
https://www.google.com/accounts/ManageAccount

အဆင့် (၂)
First Step to Blog

www.blogger.com ကိုသွားပါ။ သင်၏ Google Account နှင့် စကားဝှက်ကို ထည့်သွင်းပါ။

အဆင့် (၃)
Name Your Blog

သင်၏ ဘလော့ဂ်အတွက် နာမည် (Blog Title)၊ လိပ်စာ (Blog Address) စသည်တို့ကို ထည့်သွင်းပါ။ ဘလော့ဂ် နာမည်မှာ
ထိုဘလော့ဂ်ကို ကိုယ်စားပြုသော နာမည်ဖြစ်လျှင် ပိုကောင်းပါသည်။ လိပ်စာကိုတော့ အရှည်ကြီး ပေးမည့်အစား
ခပ်တိုတိုပေးခြင်းက ပိုပြီး အဆင်ပြေစေပါသည်။ (ထိုအရာများမှာ အချိန်မရွေး ကိုယ်နှစ်သက်သလို ပြောင်းလဲနိုင်သည်ကို
နောက်ပိုင်း သက်ဆိုင်ရာ အခန်းတွင် ရှင်းပြသွားပါမည်)
http://nyilynnseck.blogspot.com
သင့်ဘလော့ဂ် လိပ်စာကို ပေးပြီးပါက အဆိုပါ လိပ်စာမှာ အသုံးပြု၍ ရနိုင်မရနိုင်ကို အနီရောင်ဖြင့် ပြထားသော Check
Availability ဆိုသည်ကို နှိပ်ပြီး စစ်ဆေးနိုင်ပါသည်။ ထို့နောက် အပြာကွင်းပြထားသော နေရာတွင် အလိုအလျောက်
ပေါ်လာသော စာလုံးများကို မလွဲအောင် ပြန်ရိုက်ပေးရပါမည်။ အားလုံးပြီးဆုံးလျှင် Continue ကိုနှိပ်ရပါမည်။

အဆင့် (၄)
Choose Template

ထိုအဆင့်တွင် ကိုယ့်ဘလော့ဂ်၏ အသွင်အပြင် ပုံသဏ္ဍာန် Template ကိုရွေးချယ်ပေးရမည် ဖြစ်သည်။ ကိုယ်နှစ်သက်သော


နောက်ခံအရောင်၊ စာသား အထားအသို စသည်တို့နှင့် ကိုက်ညီသော Template တစ်ခုကို ရွေးချယ်ပြီး အနီရောင်
အဝိုင်းပြထားသော နေရာတွင် Mark လုပ်ပေးရမည် ဖြစ်သည်။ ရွေးချယ်ပြီးလျှင် Continue ကိုနှိပ်ပါ။ ထိုအခါ အောက်ဖော်ပြပါ

http://nyilynnseck.blogspot.com
ပုံတွင် တွေ့ရသကဲ့သို့ သင့်တွင် ဘလော့ဂ်တစ်ခု ဖန်တီးပြီးဖြစ်ကြောင်း အသိပေးမည် ဖြစ်သည်။ စာစတင် ရိုက်သွင်းရန်အတွက်
အောက်ခြေမှ Start Posting ဆိုသည်ကို နှိပ်ပေးရန် လိုအပ်ပါသည်။

အဆင့် (၅)

အမှန်စစ်စစ် အဆင့်လေးတွင် ယေဘုယျ ဘလော့ဂ်တစ်ခု ဖန်တီးခြင်းလုပ်ငန်း ပြီးဆုံးပြီဖြစ်သည်။ သို့ရာတွင် အဆိုပါ Start


Posting ကိုနှိပ်လိုက်ပါက အောက်ပါ စာမျက်နှာကို မြင်ရမည် ဖြစ်သည်။ တဆက်တည်း မြင်သာထင်ရှားစေရန် ပထမဆုံး
စာမူတစ်ခုကို စမ်းသပ် တင်ကြည့်ပါ။

http://nyilynnseck.blogspot.com
အထက်ပါပုံတွင် အပြာရောင် ပြထားသော နေရာတွင် သင်ရိုက်လိုသော စာသားများကို ရိုက်ရန် ဖြစ်ပါသည်။ ပြီးလျှင်
အောက်ဆုံးမှ အစိမ်းရောင်နှင့် ပြထားသော Publish Post ဆိုသည့် ခလုတ်ကို နှိပ်ပေးရမည် ဖြစ်သည်။ ထိုအခါ သင့်တွင်
ပထမဆုံးပိုစ့် (စာမူတစ်ခု) ဝဘ်ပေါ်သို့ တင်ပြီးသွားပြီ ဖြစ်ကြောင်းကို အောက်ပါအတိုင်း အကြောင်းကြားပါလိမ့်မည်။

ထိုအဆင့် ပြီးဆုံးသွားလျှင် View Blog ဆိုသည်ကို နှိပ်ကြည့်ခြင်းဖြင့် သင်၏ ဘလော့ဂ်ကို အင်တာနက် စာမျက်နှာပေါ်တွင်
အောက်ပါကဲ့သို့ တွေ့ရမည် ဖြစ်ပေသည်။

http://nyilynnseck.blogspot.com
ပထမအဆင့် သာမန်ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း လုပ်ငန်း ပြီး၏။

Blogspot Blog တစ်ခုတွင် ပါဝင်သော အစိတ်အပိုင်းများ

ပထမအဆင့် ဘလော့ဂ်တည်ဆောက်မှု ပြီးလျှင် သင့်အကောင့်မှ ထွက်လိုက်ပါ။ ပြီးလျှင် အစမှ ပြန်ဝင်ပါ။ မိမိအကောင့်ကို


ဝင်လိုက်သည်နှင့် ပထမဆုံး မြင်ရမည့် စာမျက်နှာမှာ Dashboard ပင်ဖြစ်သည်။

ပုံ(၁) အဖွင့်စာမျက်နှာ (www.blogger.com)

http://nyilynnseck.blogspot.com
Dashboard

ပုံ(၂) Dashboard

Dashboard တွင် အနီရောင်ဖြင့် ပြထားသည့် မိမိဖန်တီးထားသော ဘလော့ဂ်ကို မြင်တွေ့ရမည် ဖြစ်သည်။ ဂူဂယ်လ်


အကောင့်တစ်ခုဖြင့် ဘလော့ဂ်အရေအတွက် အကန့်အသတ်မရှိ ဖန်တီးနိုင်သည်။ ယခု Dashboard တွင် မြင်ရသည့်
ဘလော့ဂ်များထဲမှ မိမိအသုံးပြုလိုသည် ဘလော့ဂ်ကို ရွေးချယ်ပေးရမည်။ ယခုမှ ပထမစလုပ်သော ဘလော့ဂ်များ အနေနှင့်မူ
ယင်းနေရာတွင် ဘလော့ဂ် တစ်ခုတည်းသာ တွေ့နေရမည် ဖြစ်သည်။

ယခု ရွေးချယ်ပြထားသော အနီရောင် အစိတ်အပိုင်း၏ ဘယ်ဘက် အောက်ခြေထောင့်တင


ွ် တွေ့ရသည့် New Post ဆိုသည်ကို
နှိပ်လျှင် စာမူတစ်ခုကို ချက်ချင်း တင်နိုင်မည် ဖြစ်သည်။ ထိုအကြောင်းကို ပထမအခန်းတွင်း အကျဉ်း ရှင်းပြခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ယင်း၏ ညာဘက်ထောင့်မှ ဘလော့ဂ် စီမံခန့်ခွဲရေး အပိုင်း အကြောင်းကိုသာ အဓိကထား ရှင်းပြသွားပါမည်။

ဘလော့ဂ်တစ်ခု တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍ သုံးခုရှိသည်။ ယင်းတို့မှာ

• Posts
• Setting
• Layouts

စသည်တို့ဖြစ်သည်။ Posts အပိုင်းမှာ စာရိုက်ခြင်း၊ တင်ခြင်းများနှင့် သက်ဆိုင်သည်။ Setting အပိုင်းမှာ ဘလော့ဂ်ကို မည်သို့
ထိန်း ချုပ်မည်၊ မည်သို့ တင်ပြမည် စသည်တို့နှင့် သက်ဆိုင်သည်။ Layout အပိုင်းမှာ ဘလော့ဂ်၏ အဆင်အပြင်နှင့် ဖွဲ့စည်းမှု
ပုံစံများကို ဖန်တီးယူသော အပိုင်းဖြစ်သည်။

http://nyilynnseck.blogspot.com
Create

P
Posts Edit

Comment

Basic

Publishing

Formatting

Commentd
Blog Seettings
Archiving

Site Feed

Email

Permission

Page 
Elements
Fonts & 
Colors
Laayouts
Edit HTML

New 
Template

ပု(၃) ဘလော့ဂ်တစ်ခုတင
ပွံ် ပါဝင်
င်သော ကဏ္ဍမျာား

( Posting (စ
(၁) စာတင်ခြင်း)

ပုံ(၂) Dashbo
oard မှာမြင်နေရတဲ
န့  Posts ဆိ
ဆုတာလေးကိ
ကု နှိပ်လိုက်မယ်ဆိုရင် ကျွနတော်

် တို့ဟာ စာာရိုက်တဲ့ နေရ
ရာကို တိုက်ရိုက်
က

ရောက် သွားမှာ ဖြစ်ပါတယ်။ Posting
P ခေါင်းစဉ်
း အောက်မှာ Create, Ediit Post, Mode
erate Comme
ent စသည်ဖြင်
င့် ရှိနေတယ်။

• Creatte က ပိုစ့်အသစ်
သ တွေ ဖန်တီးရေးသွ
း င်းတာ၊
• Edit က အရင်ရေးပြီ
ပြီးသား ပို့စ်တွေကို ပြန်ပြင်တာ၊

• Mode
erate က ကိယ်
ုယ့က
ို သူများက
က ပေးလာတဲ့ မတ်
မှ ချက်တွေကိ
ကို ထိန်းသိမ်းတာပါ။

http://nyilynnsec
ck.blogspot.com
1.1. Posting > Create

ပုံ(၄) ပိုစ့်အသစ်တင်ခြင်း

အထက်ပါပုံတွင် ပိုစ့်တစ်ခုတင်ခြင်းနှင့် ပတ်သတ်သော အရာအားလုံးကို ပြသထားပါသည်။ ကိုယ်ရိုက်ချင်သော စာသားများကို


အပြာရောင် ပြထားသော နေရာတွင် ရိုက်ရပါမည်။ မြန်မာလို စာသားထည့်သွင်းခြင်းများအတွက် ဘလော့ဂါ အများစုက ဇော်ဂျီ
ကီးဘုတ်နှင့် ဖောင့်ကို အသုံးပြုကြသည်။ ယင်းအကြောင်းကို နောက်ပိုင်း အခန်းတွင် ဆက်ရှင်းပြပါမည်။ စာရိုက်ပြီးသွားလျှင်
မိမိ၏စာနှင့် သက်ဆိုင်သော ခေါင်းစဉ်ကို Title နေရာတွင် တပ်ပေးရပါမည်။ Labels ဆိုသည်မှာ ကိုယ်ရေးထားသော စာနှင့်
ကိုက်ညီသော နာမည်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ကိုယ်က ခရီးသွားအတွေ့အကြုံတစ်ခု ရေးသားသည်ဆိုလျှင် Travel
လိုနာမည်မျိုး ပေးခြင်း ဖြစ်သည်။ ယင်းလေဘယ်လ် ပေးခြင်းသည် နောက်ပိုင်းတွင် မိမိ၏ ပိုစ့်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက်
ပြန်လည်ခွဲခြားရာတွင် အထူးအရေးပါသည်။ ထို့ကြောင့် စာတစ်ပုဒ် ရေးပြီးတိုင်းတွင် ယင်းစာနှင့် ပတ်သတ်သော
လေဘယ်များကို သတိမမေ့စေဘဲ မှတ်မှတ်သားသား ပေးသင့်သည်။ စာသားများကို ဘယ်ကပ်၊ ညာကပ်၊ Text Alignment
များပြုလုပ်လိုလျှင်လည်း Text Editor တွင် လွယ်ကူစွာ ပြောင်းလဲနိုင်သည်။ အားလုံး ပြီးသွားသော်လည်း စာကို
အင်တာနက်ပေါ်သို့ ချက်ချင်း မတင်ချင်သေးဘူးဆိုလျှင် Save Now ဟူသော ခလုတ်ကို နှိပ်ခြင်းဖြင့် သိမ်းထားနိုင်သည်။
ထိုသို့မဟုတ်ဘဲ ချက်ချင်း အင်တာနက်ပေါ် တိုက်ရိုက် တင်မည်ဆိုလျှင် Publish Post ဆိုသည်ကို နှိပ်လိုက်သည်နှင့် မိမိစာသည်
ဘလော့ဂ်ပေါ် တင်ပြီးသား ဖြစ်သွားပေလိမ့်မည်။

ယင်းသို့ စာရိုက်ရာတွင် ပုံများကိုလည်း ပူးတွဲ တင်ပြနိုင်သည်။ ယင်းသို့ ပုံတင်ရာတွင် ၂မျိုးရှိသည်။ မိမိ၏ ဘလော့ဂါ အကောင့်မှ
ပုံကို မိမိဘလော့ဂ်တွင် တင်ခြင်းနှင့် ဘလော့ဂါမဟုတ်သော အခြားအကောင့်မှပုံကို မိမိဘလော့ဂ်တွင် တင်ခြင်းဟူ၍ ဖြစ်သည်။

http://nyilynnseck.blogspot.com
မိမိ၏ ဘလော့ဂ် အကောင့်တွင် တိုက်ရိုက်တင်ခြင်း

အခုမြှားပြထားတဲ့ နေရာလေးမှာ ပုံတင်တဲ့ ခလုတ် ရှိပါတယ်။ အဲဒါကို နှိပ်လိုက်ရင် အောက်ကလို စာမျက်နှာတစ်ခု


ပေါ်လာပါလိမ့်မည်။

ပထမ ကိုယ်တင်ချင်တဲ့ ပုံကို စက်ထက


ဲ နေ ရွေးပေးပါ။ တစ်ပုံထက် ပိုတယ်ဆိုရင် Add Another Image ဆိုတာလေးကို
နှိပ်ရပါမယ်။ ပုံကို ဘလော့ဂ်ပေါ်မှာ ဘယ်လို ပေါ်စေချင်သလဲ ဆိုတာကိုတော့ ဒုတိယ အဆင့် အနေနဲ့ ရွေးပေးရပါတယ်။
ဘယ်ဘက်မှာလား၊ ညာဘက်မှာလား စသည်ဖြင့်။ နောက်ဆုံးကတော့ Image Size ရွေးပေးရတာပါ။ စမ်းသပ်ချက်များအရ
Medium ကအကောင်းဆုံးပါ။ အားလုံး ပြီးသွားရင် အောက်ဆုံးက Upload Image ဆိုတာကို နှိပ်ပေးလိုက်ပါ။

အထက်ပါကဲ့သို့ ပုံတင်ပြီးသွားပြီဖြစ်ကြောင်း အကြောင်းကြားစာ ပေါ်လာလျှင် Done ကိုနှိပ်ပြီး အတည်ပြုပေးလိုက်ပါ။ ပြီးလျှင်


ယခင်အဆင့်တွင် ပြထားသကဲ့သို့ စာကို ပုံနှင့်တကွ မိမိဘလော့ဂ်ပေါ်သို့ Publish ကိုနှိပ်ပြီး တိုက်ရိုက် တင်နိုင်ပြီ ဖြစ်သည်။

http://nyilynnseck.blogspot.com
1.2. Edit Posts

ယခု အပိုင်းမှာ ယခင် ရေးသွင်းထားပြီးသား ပိုစ့်များတွင် တစ်ခုခု အမှားအယွင်း ရှိလျှင်သော်လည်းကောင်း၊ အခြား


အကြောင်းအမျိုးမျိုး ကြောင့်သော်လည်းကောင်း ပြင်ဆင် တည်းဖြတ်မှု ပြန်လည် ပြုလုပ်လိုလျှင် အသုံးပြုရသည်။

အထက်ပါပုံတွင် Edit Posts ကဏ္ဍအောက်တွင် ရှိနေသော ပိုစ့် သုံးခုကို တွေ့ရမည် ဖြစ်သည်။ ယင်းပိုစ့်များထဲမှ တစ်ခုခုကို
ပြင်ချင်လျှင် သက်ဆိုင်ရာပိုစ့်၏ ဘေးတွင် ရှိနေသော Edit ဆိုသည့် ခလုတ်ကို နှိပ်ပေးရန်သာ ဖြစ်သည်။ ထိုအခါ ယခင်
တင်ခဲ့သော ပြင်ဆင်လိုသည့် ပိုစ့်သည် Create အဆင့်မှာကဲ့သို့ ပြန်ပေါ်လာမည် ဖြစ်သည်။ ထိုအချိန်တွင်မှ ပုံအသစ်များ၊
စာသားအသစ်များ ထည့်သွင်းမည် ဆိုလျှင်လည်း ရသည်။ တင်ထားပြီးသား စာများ ပိုစ့်များကို ဖျက်မည်ဆိုလျှင်လည်း ရသည်။
ယင်းကဏ္ဍထဲတွင် ပိုစ့်များနှင့် သက်ဆိုင်သော Labels များကိုလည်း တွေ့နိုင်သည်။

1.3. Moderate Comments

ဘလော့ဂ်များတွင် ပိုစ့်တစ်ခုချင်းစီကို Comment မှတ်ချက် ပေးလို့ရသည်။ မည်သူမဆို ပေးလို့ရအောင် ခွင့်ပြုနိုင်သလို


ကိုယ်ခွင့်ပြုလိုသူများကိုသာ မှတ်ချက်ပေးနိုင်အောင် သတ်မှတ်ပေးထားလို့လည်း ရသည်။ Blospotက အသင့်ပေးထားသော
Comment System ကို အသုံးပြုလို့ ရသလို အခြားကိုယ်နှစ်သက်သော စနစ်ကို အသုံးပြုမည် ဆိုလျှင်လည်း အဆင်ပြေသည်။
ဤနေရာတွင်မူ Blogspot မှအသင့်ပေးထားသော ကွန်မန့် စနစ်အကြောင်းကိုသာ ရှင်းပြသွားပါမည်။

Moderate Comments ဆိုသည်မှာ Comments များကို ထိန်းချုပ်ခြင်းပင် ဖြစ်သည်။ အခြားသူများကို မမြင်စေချင်သော


အချို့ သော Comments များကို ခွင့်မပြုသေးဘဲ ဆိုင်းငံ့ထားနိုင်သည်။ ပယ်ဖျက် ပစ်နိုင်သည်။ သို့မဟုတ် ကိုယ့်ဘလော့ဂ်ကို

http://nyilynnseck.blogspot.com
ဖတ်ရှုသော မည်သူကိုမဆို Comments လုပ်ခွင့် ပေးနိုင်သလို၊ Comments ပေးနိုင်ခွင့်ကို သတ်မှတ်ထားသော သူများမှသာ
ရရှိရန် သတ်မှတ်ပေးနိုင်သည်။ ယင်းသို့ ထိန်းချုပ်နိုင်ရန်အတွက်မူ မိမိဘလော့ဂ်၏ Comment စနစ်ကို Setting အောက်မှ
Comments ကဏ္ဍတွင် သွားရောက် ပြင်ဆင်ပေးရမည် ဖြစ်သည်။ Blogger ၏ အသင့်သုံး မှတ်ချက် စနစ်မှာ လူတိုင်းကို
မှတ်ချက်ပေးနိုင်အောင် ခွင့်ပြုထားသည်။ ထို့ကြောင့် ထိုစနစ်ကို သွား၍ မပြင်ဆင်သမျှ မိမိဘလော့ဂ်တွင် လူတိုင်းပေးသော
မှတ်ချက်များကို အလိုအလျောက် ဖော်ပြနေမည် ဖြစ်သလို ယခု Posting>Moderate Comment ခလုတ်ကို နှိပ်လျှင်လည်း
ဘာမှ မြင်ရမည် မဟုတ်ပေ။ Moderate လုပ်စရာ Comments မရှိဘူး ဟူ၍သာ ပြောပေလိမ့်မည်။

2. Setting

Setting ကဏ္ဍတွင် အပိုင်း (၇)ပိုင်း ရှိသည်။

1. Basic
2. Publishing
3. Formatting
4. Comments
5. Archiving
6. Site Feed
7. Email
8. Permissions

စသည်တို့ ဖြစ်သည်။

2.1. Basic

ယင်းကဏ္ဍသည် ဆိုဒ်တစ်ခုလုံး၏ အခြေခံ အဆင့်ဖြစ်သည်။ အဓိက အပိုင်း ကိုးပိုင်း ပါဝင်သည်။ ယင်းတို့မှာ

1. Title (ဘလော့ဂ် ခေါင်းစဉ်)


2. Description (ဘလော့ဂ် အကြောင်းအရာ)
3. Add your blog to our listings? (Blogger.com မှာ ဖော်ပြမှာလား)
4. Let search engines find your blog? (Search Engine တွေကို အလိုအလျောက် ရှာခွင့်ပြုမှာလား)
5. Show quick editing on your blog? (ပိုစ့်တွေကို အလွယ်တကူ ပြင်တဲ့ ခလုတ် တပ်မှာလား)
6. Show email post links? (ပိုစ့်တွေကို အီးမေးလ်နဲ့ ပို့လို့ရတဲ့ လင့်ခ် ထားပေးမှာလား)
7. Show compose mode for all your blogs? (ဘလော့ဂ်တွေမှာ တိုက်ရိုက်ပိုစ့် တင်တ့စ
ဲ နစ် ထားမှာလား)
8. Show transliteration button for your posts? (စာရိုက်တဲ့ နေရာမှာ ဘာသာပြန်တဲ့ ခလုတ် ထားမှာလား)
9. Delete your blog? (လုပ်ထားတဲ့ ဘလော့ဂ်ကို ဖျက်မှာလား)

http://nyilynnseck.blogspot.com
2.1.1. Title (ဘလော့ဂ် ခေါင်းစဉ်)

သင့်ဘလော့ဂ်အတွက် ခေါင်းစဉ်ဖြစ်သည်။ မြန်မာလိုပေးပေး အင်္ဂလိပ်လိုပေးပေး ကြိုက်နှစ်သက်ရာကို ပေးလို့ ရပါသည်။


အချို့က ကိုယ့်နာမည် ပေးကြသလို၊ အချို့က ကဗျာဆန်ဆန် ပေးကြသည်။ ယင်း ခေါင်းစဉ်မှာ အချိန်မရွေး
ပြောင်း၍ရသည်။ သို့ရာတွင် သတိတစ်ချက် ပြုရမည်မှာ ယင်းသို့ ပြောင်းလိုက်တိုင်း သင့်ဘလော့ဂ်သည် Search Engine
တွင် အနေအထား ပြောင်းသွားတတ်သည်ကိုတော့ သတိပြုရမည် ဖြစ်သည်။ ယခုပြထားသော နမူဘလော့ဂ်အတွက်
ခေါင်းစဉ်မှာ Sample Myanmar Blog ဟူ၍ ဖြစ်သည်။

http://nyilynnseck.blogspot.com
2.1.2. Description (ဘလော့ဂ် အကြောင်းအရာ)

ယင်းနေရာတွင် ကိုယ်တည်ဆောက်ထားသော ဘလော့ဂ်အကြောင်းကို အကျဉ်းရေးရမည် ဖြစ်သည်။ စာလုံးရေ ၅၀၀ထက်


မကျော်စေဘဲ ကိုယ့်ဘလော့ဂ်၏ အကြောင်းအရာကို ဖော်ပြရမည်။

2.1.3. Add your blog to our listings? (Blogger.com မှာ ဖော်ပြမှာလား)

ထိုနေရာတွင် ယေဘုယျအားဖြင့် YES ကိုရွေးကြသည်။ ထိုသို့ ရွေးချယ်ခြင်းဖြင့် မိမိတို့ ဘလော့ဂ် Update လုပ်တိုင်း
blogger.com ၏ အဖွင့်စာမျက်နှာတွင် သွားပေါ်နေမည် ဖြစ်သည်။ အခြားသူများမှလည်း မိမိတို့ ဘလော့ဂ်ကို မထင်မှတ်ဘဲ
ရောက်လာနိုင်သည်။

2.1.4. Let search engines find your blog? (Search Engine တွေကို အလိုအလျောက် ရှာခွင့်ပြုမှာလား)

မိမိတည်ဆောက်ထားသော ဘလော့ဂ်သည် လျှို့ဝှက်ဘလော့ဂ် တစ်ခု မဟုတ်သလို၊ အခြားသူများကိုလည်း ပြသဖို့


ရည်ရွယ်သည် ဆိုလျှင် ယင်းနေရာတွင် YES ကိုရွေးချယ်ရမည် ဖြစ်သည်။ ယင်းသို့ ရွေးချယ်ခြင်းဖြင့် မိမိတို့ ပိုစ့်တစ်ခု
ရေးသားလိုက်တိုင်း အလိုအလျောက် Blog Search Engine များကို အချက်ပေးပြီး Update လုပ်စေသည်။ အကယ်၍ NO
ကိုရွေးချယ်မည် ဆိုလျှင် အခြားသူများက မိမိဘလော့ဂ်ကို မြင်တွေ့နိုင်သေးသော်လည်း Search Engine များက
မိမိဘလော့ဂ်ကို လာရောက်မွှေနှောက်တော့မည် မဟုတ်ပေ။ ယေဘုယျအားဖြင့် YES ကိုရွေးချယ်ပါ။

2.1.5. Show quick editing on your blog? (ပိုစ့်တွေကို အလွယ်တကူ ပြင်တဲ့ ခလုတ် တပ်မှာလား)

ယင်းနေရာတွင် YES ကိုရွေးချယ်မည်ဆိုလျှင် သင့် Account ကို ဝင်လိုက်သည်နှင့် ပိုစ့်တစ်ခုချင်းစီ၏ အောက်တွင်


အလွယ်တကူ ပြုပြင်နိုင်သော Edit Button လေး ပေါ်နေမည် ဖြစ်သည်။

2.1.6. Show email post links? (ပိုစ့်တွေကို အီးမေးလ်နဲ့ ပို့လို့ရတဲ့ လင့်ခ် ထားပေးမှာလား)

ယင်းနေရာတွင် YES ကိုရွေးချယ်မည် ဆိုပါက စာဖတ်သူများက အခြားသူများကို အီးမေးလ်မှတဆင့် ၄င်းတို့ ကြိုက်သော


ပိုစ့်များကို အလွယ်တကူ ပို့ပေးနိုင်သည်။

2.1.7. Show compose mode for all your blogs? (ဘလော့ဂ်တွေမှာ တိုက်ရိုက်ပိုစ့် တင်တ့စ
ဲ နစ် ထားမှာလား)

ထိုအရာမှာ ဘလော့ဂ်တစ်ခုတည်းသာမက Account တစ်ခုတည်းဖြင့် ဖန်တီးထားသော အခြားသော မိမိတို့၏


ဘလော့ဂ်များတွင်ပါ အကျိုးသက်ရောက်စေနိုင်သော စနစ်ဖြစ်သည်။ ယင်းနေရာတွင် YES ကိုရွေးချယ်မည် ဆိုပါက
Account ကို ဝင်လိုက်သည်နှင့် မိမိတို့၏ ဘလော့ဂ်တိုင်း၏ ညာဘက် အပေါ်ထောင့်တွင် Compose ဆိုသော
ခလုတ်လေးတစ်ခု ပေါ်လာမည် ဖြစ်သည်။ (ယင်းစနစ်မှာ အလွန်မြန်စွာ စာတစ်ပုဒ်ချင်းကို တင်နိုင်သောကြောင့် YES
လုပ်သင့်သည်)

2.1.8. Show transliteration button for your posts? (စာရိုက်တဲ့ နေရာမှာ ဘာသာပြန်တဲ့ ခလုတ် ထားမှာလား)

http://nyilynnseck.blogspot.com
ယင်းမှာ ဘာသာစကား တစ်ခုမှ အခြားဘာသာစကား တစ်ခုသို့ အလွယ်တကူ အလိုအလျောက် ပြောင်းပေးနိုင်သော
စနစ်ဖြစ်သည်။ သို့ရာတွင် လောလောဆယ် အနေအထားအရ မြန်မာစာ မပါရှိသေးသောကြောင့် ယင်းကို NO
ဟုပေးထားလျှင်လည်း အဆင်ပြေသည်။

2.1.9. Delete your blog? (လုပ်ထားတဲ့ ဘလော့ဂ်ကို ဖျက်မှာလား)

ထိုခလုတ်မှာ အကြောင်း အမျိုးမျိုးကြောင့် မိမိတို့ ဖန်တီးထားသော ဘလော့ဂ်များကို ဖျက်လိုသည့်အခါ အသုံးပြုရန်


ဖြစ်သည်။ သတိပြုရန်မှာ ယင်းသို့ ဖျက်လိုက်သည်နှင့် တပြိုင်နက် ဖန်တီးထားသော စနစ်အားလုံး ပျက်သွားမည် ဖြစ်သည်။
ထို့အပြင် ထိုသို့ ဖျက်လိုက်သည်နှင့် Search Engine များတွင် မှတ်ထားသော မိမိ ဘလော့ဂ်နှင့် ဆိုင်သည့်
အချက်အလက်များလည်း ပျက်သွားမည် ဖြစ်သည်။

2.2. Publishing

Publishing ကဏ္ဍတွင် အဓိက အပိုင်း နှစ်ခုသာ ရှိသည်။

1. Custom Domain
2. Blogspot Address

2.2.1 Custom Domain

ယင်းအပိုင်းမှာ ကိုယ်ပိုင် ပိုက်ဆိုက်ပေးပြီး ဝယ်ထားသော Hosting များသို့ မိမိတို့ ဘလော့ဂ်ကို ရွှေ့ပြောင်းရာတွင်


အသုံးပြုသော စနစ်ဖြစ်သည်။ (ထိုစနစ်အကြောင်းကို ဤနေရာတွင် ချန်လှပ်ထားပြီး Blogspot တွင် အခမဲ့ သုံး၍ရသော
စနစ်ကိုသာ ဆက်လက် ပြောပြသွားပါမည်။)

http://nyilynnseck.blogspot.com
2.2.2. Blogspot Address

အထက်ပါပုံတွင် အနီရောင် အမှတ်အသား ပြထားသော နေရာတွင် မိမိတို့ ဘလော့ဂ်လိပ်စာကို ထည့်သွင်းပေးရမည်


ဖြစ်သည်။ ထိုလိပ်စာမှာ အချိန်မရွေး နှစ်သက်သလို ပြောင်းလဲ၍ ရသော်လည်း ကိုယ်ပေးပြီးသား တစ်ခုမှ အခြားတစ်ခုသို့
ပြောင်းလဲသွားသည့် အခါတိုင်း Search Engine များတွင် မိမိတို့ ဘလော့ဂ်နှင့် ပတ်သတ်သော အချက်အလက်များ
ပျောက်ဆုံး သွားနိုင်ပေသည်။ ယင်း လိပ်စာမှာ အင်တာနက် အသုံးပြုသူများက Address Bar တွင် ရိုက်ပြီး ရှာဖွေရမည်
ဖြစ်သောကြောင့် တိုတိုနှင့် လိုရင်းကိုသာ ပေးသင့်သည်။ ယခု နမူနာပြထားသော
ဘလော့ဂ်အတွက်လိပ်စာမှာ http://samplemyanmar.blogspot.com ဟူ၍ ဖြစ်သည်။

2.3. Formatting

http://nyilynnseck.blogspot.com
Formatting တွင် အကြောင်းအရာ ၁၂မျိုးကို သတ်မှတ် ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။

1. Show
2. Date Header Format
3. Archive Index Date Format
4. Timestamp Format
5. Time Zone
6. Language
7. Convert Line Breaks
8. Show Title Filed
9. Show Link Field
10. Enable Float Alignment
11. Post Template

2.3.1. Show

မိမိတို့ ဘလော့ဂ်၏ စာမျက်နှာ တစ်ခုစီတွင် ပိုစ့် ဘယ်နှစ်ခု ပေါ်စေလိုသည်ကို ရွေးပေးရန် ဖြစ်သည်။

2.3.2. Date Header Format

ပိုစ့် တစ်ခုချင်းစီကို မည်သည့် အချိန်တွင် ရေးသားခဲ့သည် ဆိုသည်ကို ပြသပေးသော ရက်စွဲပုံစံ ဖြစ်သည်။

2.3.3. Archive Index Date Format

လစဉ်၊ နှစ်စဉ် ယခင်က ရေးသားခဲ့သော ပိုစ့်များမှာ သက်ဆိုင်ရာ နေ့ရက်အလိုက်၊ လအလိုက် အလိုအလျောက်


သိမ်းဆည်းထားပြီး ဖြစ်သည်။ ယင်းသိမ်းဆည်းထားသော ပိုစ့်များ မည်က့သ
ဲို့ ပြသစေလိုသည်ကို သတ်မှတ်ပေးသော
စနစ်ဖြစ်သည်။

2.3.4. Timestamp Format

ကိုယ်ပြချင်သော အချိန်စနစ်ကို ရွေးချယ်ပေးလို့ ရသည်။

2.3.5. Time Zone

ကိုယ်နေထိုင်သော ဒေသကို ရွေးချယ်ပေးရမည်။ ယင်းသို့ရွေးချယ်ရာတွင် GMT (+)(-) ဖြင့် ရွေးချယ်ပေးရမည်ဖြစ်ရာ


မြန်မာပြည်အတွက်ဆိုလျှင် (GMT+6:30 Rangoon) ကို ရွေးပေးရမည် ဖြစ်သည်။

2.3.6. Language

ကိုယ်အသုံးပြုသော ဘာသာစကားကို ရွေးချယ်ပေးရပါမည်။


http://nyilynnseck.blogspot.com
2.3.7. Convert Line Breaks

ယင်းနေရာတွင် YES ကိုရွေးချယ်မည်ဆိုလျှင် မိမိတို့ စာရိုက်သည့်အခါ Enter ခေါက်လိုက်သည့် အခါတိုင်း Html ကုဒ်တွင် <br>
တစ်ကြောင်း အလိုအလျောက် ဆင်းပေးသွားမည် ဖြစ်သည်။ NO ကိုရွေးချယ်ထားမိပါက စာကြောင်းများအားလုံး
အပြတ်အတောက် မရှိဘဲ တဆက်တည်း ဖြစ်သွားမည် ဖြစ်သည်။ ယေဘုယျအားဖြင့် ယင်းနေရာတွင် YES ကိုရွေးချယ်ပါ။

2.3.8. Show Title Field

ပိုစ့်တစ်ခုချင်းစီအတွက် သက်ဆိုင်ရာခေါင်းစဉ် တပ်ပေးနိုင်ရန် ယင်းနေရာတွင် YES ကိုရွေးချယ်ပါ။

2.3.9. Show Link Field

ကိုယ်ရေးသားထားသော ပိုစ့်နှင့် ပတ်သတ်ပြီး သက်ဆိုင်ရာ အခြားသောလင့်ခ်ကို ညွှန်းဆိုချင်ပါက အဆင်သင့် ထည့်သွင်းနိုင်ရန်


ယင်းနေရာတွင် YES ကိုရွေးချယ်ပါ။

2.3.10. Enable Float Alignment

ပိုစ့်တစ်ခုကို စာသားနှင့် ပုံများ တွဲဖက် ရေးသားသည့်အခါ အဆင်မပြေ ဖြစ်ခဲ့လျှင် ယင်းနေရာတွင် NO ကိုရွေးချယ်ပါ။


သို့တည်းမဟုတ် <div clear:both> ကိုသုံးစွဲပါက YES ကိုရွေးပါ။

2.3.11. Post Template

ယင်းနေရာတွင် စာသားကို Signature အနေဖြင့်သော်လည်းကောင်း၊ ရုပ်ပုံလေးများကိုလည်းကောင်း အသင့်ထည့်ထားနိုင်သည်။


ယင်းသို့ ထည့်ထားခြင်းအားဖြင့် ကိုယ်စာတစ်ပုဒ် ရေးမည်ဟု Compose လုပ်လိုက်တိုင်း Text Editor တွင် ထိုစာလေးများ၊
အရုပ်လေးများ အလိုအလျောက် ပေါ်နေမည် ဖြစ်သည်။

2.4. Comments

1. Comments
2. Who can comment?
3. Comments Default for Posts?
4. Backlinks
5. Backlinks Default for Posts
6. Comments Timestamp Format
7. Comment Form Message
8. Show Comments in Pop Up window?
9. Enable Comment Moderation?

http://nyilynnseck.blogspot.com
10. Show word Verification for Comments?
11. Show profile images on comments?
12. Comment notification Address

http://nyilynnseck.blogspot.com
2.4.1. Comments

ဘလော့ဂ် ဖတ်ရှုသူများကို ကွန်မန့် ပေးစေလိုလျှင် ယင်းနေရာတွင် Show ကိုရွေးချယ်ပေးရမယ်။ Hide ကိုရွေးချယ်ထားလျှင်


မည်သူမျှ ကွန်မန့် ပေးနိုင်မည် မဟုတ်ပေ။

2.4.2. Who can comment?

ကွန်မန့်ကို မည်သူများက ပေးနိုင်သည်ကို ကန့်သတ်ခြင်း ဖြစ်သည်။ Anyone ကိုရွေးချယ်လျှင် ဘလော့ဂ်ဖတ်သူ မည်သူမဆို


ကွန်မန့်ပေး၍ ရသည်။ Register လုပ်ထားသူများကိုသာ ခွင့်ပြုမည်ဆိုလျှင် ဒုတိယ တစ်ခုကို ရွေးရမည် ဖြစ်သည်။ တတိယ
တစ်ခုမှာ ဂူးဂယ်လ်အကောင့် တစ်ခု ရှိသူတိုင်း ပေးနိုင်သည်။ နောက်ဆုံး တစ်ခုကတော့ ကိုယ့်ဘလော့ဂ် မန်ဘာ အချင်းချင်းသာ
ပေးနိုင်သော စနစ်ဖြစ်သည်။ (Anyone ကိုရွေးချယ်လျှင် ကွန်မန့်များတွင် Spam များ ဝင်ရောက်ခြင်း ဖြစ်ပေါ်စေနိုင်သည်)

2.4.3. Comments Default for Posts?

ပိုစ့် တစ်ခုချင်းစီအတွက် ကွန်မန့် ပေးနိုင်အောင် New Posts Have Comments ဆိုသည်ကို ရွေးချယ်ပေးရပါမည်။

2.4.4. Backlinks

ပိုစ့်တိုင်းတွင် ဘက်ခ်လင့်ခ်များ ပေါ်စေရန် Show ကိုရွေးချယ်ပေးရမည်။

2.4.5. Backlinks Default for Posts

ယင်းစနစ်မှာ ကိုယ့်ပိုစ့်ကို မည်သည့်ဘလော့ဂ်က လင့်ခ်ချိတ်ထားသည်၊ ကိုယ်က မည်သူနှင့် ချိတ်ထားသည်ကို စီမံပေးသော


စနစ်ဖြစ်သည်။ Track Back စနစ် ဆန်ဆန် ဖြစ်သည်။

2.4.6. Comments Timestamp Format

ကွန်မန့်ပေးချိန်ကို မှတ်သားသည့် စနစ်ဖြစ်သည်။ ကိုယ်နှစ်သက်သလို ရွေးနိုင်သည်။

2.4.7. Comment Form Message

ကိုယ့် ကွန်မန့်ဘောက်စ်တွင် ကိုယ်ပြောလိုသော အရာများကို ရေးသားထည့်သွင်း ထားနိုင်သည်။

2.4.8. Show Comments in Pop Up window?

ကွန်မန့်ကို နှိပ်လိုက်သောအခါ မူလပိုစ့်ကို မထိခိုက်စေဘဲ Popup ဝင်းဒိုး အသစ်တစ်ခု အနေဖြင့် ပေးစေခြင်း ဖြစ်သည်။
အချို့သော စက်များတွင် Popup စနစ်ကို အလိုအလျောက် ပိတ်တတ်သောကြောင့် ကွန်မန့် ပေးလို့ မရခြင်းမျိုးလည်း
ဖြစ်နိုင်သည်။

http://nyilynnseck.blogspot.com
2.4.9. Enable Comment Moderation?

ယင်းစနစ်တွင် YES ကိုရွေးချယ်ထားပါက အခြားသူများပေးသော ကွန်မန့်များသည် ချက်ခြင်း ပေါ်မည် မဟုတ်ဘဲ မိမိက


ခွင့်ပြုမှသာ ပေါ်လာမည် ဖြစ်သည်။ ယင်းအကြောင်းကို အထက်တွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။

2.4.10. Show word Verification for Comments?

ထိုစနစ်မှာ ကွန်မန့်များကို Spammer များ တိုက်ခိုက်ခြင်း မပြုနိုင်အောင် ကာကွယ်ထားသော စနစ်ဖြစ်သည်။ ယင်းစနစ်တွင်


YES ကိုရွေးချယ်ထားပါက ကွန်မန့် ပေးမည့်သူတိုင်း ထိုနေရာတွင် ဖော်ပြလာသော အလိုအလျောက် စာလုံးလေးများကို
မြင်သည့်အတိုင်း ရိုက်သွင်းပေးရမည် ဖြစ်သည်။

2.4.11. Show profile images on comments?

ယင်းနေရာတွင် YES ကိုရွေးချယ်ထားပါက မိမိတို့၏ ပရိုဖိုင်တွင် တင်ထားသော ဓာတ်ပုံသည် အဆိုပါ ကွန်မန့်နှင့်အတူ


ပေါ်နေမည် ဖြစ်သည်။

2.4.12. Comment notification Address

မိမိထံကို ကွန့်မန့် ရောက်နေကြောင်းကို အလိုအလျောက် အသိပေးနိုင်ရန် မိမိ အသုံးပြုနေသော အီးမေးလ် လိပ်စာကို


ထည့်သွင်းပေးရမည်။

2.5. Archiving

http://nyilynnseck.blogspot.com
• Archive Frequency
• Enable Post Pages

2.5.1. Archive Frequency

ယင်းမှာ မိမိတို့ ရေးသားထားသော ပို့စ်အဟောင်းများကို မည်သည့် ပုံစံဖြင့် ဖော်ပြမည်၊ သိမ်းဆည်မည်ကို လုပ်ပေးသော


စနစ်ဖြစ်သည်။ ယင်းတွင် Weekly ကိုရွေးချယ်ပါက မိမိ၏ ပိုစ့်များကို တစ်ပတ်တစ်ခါ ပုံစံဖြင့် သိမ်းဆည်းပါသည်။
ယေဘုယျအားဖြင့် Monthly သည် အဆင်အပြေဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

2.5.2. Enable Post Pages

ယင်းနေရာတွင် YES ကိုရွေးချယ်ခြင်းဖြင့် မိမိတို့၏ ပိုစ့်တစ်ခုချင်းစီအတွက် သီးခြား ဝဘ်ပေ့ခ်ျ တစ်ခုပုံစံ ရရှိနိုင်သည်။ ထို့အပြင်
ထိုပိုစ့်ကို အခြားသူများထံသို့ အီးမေးလ်ဖြင့် ပို့ပေးနိုင်မည် ဖြစ်သည်။

2.6. Site Feed

ယင်းစနစ်မှာ RSS Reader များအတွက် ဖြစ်သည်။ ယင်းနေရာတွင် Full ကိုရွေးချယ်ထားခြင်းဖြင့် RSS Reader များဖြင့်လည်း
သင့်ဘလော့ဂ်ကို မည်သည့်နေရာမှမဆို လွယ်လွယ်ကူကူ ဖတ်ရှုနိုင်သည်။

http://nyilynnseck.blogspot.com
2.7. Email

ဘလော့ဂ်တင
ွ် ပိုစ့်များကို အီးမေးလ် အသုံးပြု၍လည်း ရေးသားနိုင်သည်။ ပထမ Blog Send Address တွင် သင့်အီးမေးလ်ကို
ထည့်သွင်းပေးခြင်းဖြင့် သင် ပိုစ့်တစ်ခု အသစ်တင်တိုင်းတင်တိုင်း ကိုယ့်အီးမေးလ်တွင်လည်း Backup အနေဖြင့် ရောက်လာမည်
ဖြစ်သည်။ ဒုတိယ Mail to Blogger Address တွင်မူ နာမည်တစ်ခုကို ထည့်သင
ွ်းပေးရမည်။ ယခု နမူနာ ပြထားသော
ဘလော့ဂ်အတွက် အီးမေးလ် အကောင့်မှာ lynnseck.samplemyanmar@blogger.com ဖြစ်သည်။ ကိုယ်ပို့လိုသော ပိုစ့်ကို
အထက်က ပေးထားသော လိပ်စာသို့ ပို့မည်ဆိုပါက ဘလော့ဂ်တွင် ချက်ချင်း တက်လာမည် ဖြစ်သည်။

2.8. Permissions

http://nyilynnseck.blogspot.com
ဘလော့ဂ် တစ်ခုတည်းကို လူအများကြီး ဝိုင်းရေးလိုပါက ယင်းနေရာတွင် ထည့်သွင်းပေးရမည် ဖြစ်သည်။ ထို့အပြင် မိမိတို့၏
ဘလော့ဂ်ကို အခြားသူများ မဖတ်စေလိုပါကလည်း ယင်းနေရာမှ ကန့်သတ်ထားနိုင်သည်။

3.0 Template

အင်တာနက်ပေါ်တွင် မျက်စိဖြင့် မြင်နေရသော ဝဘ်ဆိုဒ်တိုင်းကို တန်းပလိတ်များဖြင့် ဖွ့စ


ဲ ည်း တည်ဆောက်ထားသည်။
အလွယ်အားဖြင့် ဆိုရလျှင် အိမ်ခန်း တစ်ခု အတွင်းရှိ အပြင်အဆင်၊ အထားအသို၊ ပရိဘောဂများ ဖြစ်သည်။ မည်သည့်
နေရာတွင် မည်သည့်အရာများ ထားမည်ဆိုသော Decoration ပြင်ဆင်ခြင်း တစ်ခုလည်း ဖြစ်သည်။ ယင်းသို့ ပြင်ဆင်
တည်ဆောက်ရာတွင် ကွန်ပျူတာ ဝဘ်ဘာသာစကားကို ကျွမ်းကျင်ပါက မိမိတို့ဘလော့ဂ်ကို မိမိတို့ စိတ်တိုင်းကျ ကိုယ်တိုင်
တည်ဆောက်နိုင်မည် ဖြစ်ပြီး၊ ထိုဘာသာစကား မကျွမ်းကျင်ပါက အခြားသူများ အသင့် ဖန်တီးပေးထားသော တန်းပလိတ်များကို
အခမဲ့ အဆင်သင့် သုံးစွဲနိုင်ပေသည်။

တန်းပလိတ် ကဏ္ဍတွင် အဓိကအပိုင်း ၄ပိုင်း ပါဝင်သည်။

1. Page Elements
2. Fonts and Colors
3. Edit Html
4. Pick New Template

3.1. Page Elements

http://nyilynnseck.blogspot.com
Page Elements ကိုနားလည် ပြင်ဆင်နိုင်ရန် အောက်ပါ အခြေခံ အချက်လေးများကိုတော့ မရှိမဖြစ် သိထားရမည် ဖြစ်သည်။

ယေဘုယျအားဖြင့် အပေါ်ဆုံး အပိုင်းကို Navbar ဟုခေါ်သည်။ အပြာရောင်ပြထားသော နေရာမှာ Header ဖြစ်သည်။


ယင်းနေရာတွင် ဘလော့ဂ်နာမည်၊ ဘလော့ဂ်အကြောင်းအရာ စသည်တို့ကို ရေးသားနိုင်သည်။ အဝါရောင် နေရာမှာ Post Body
ဖြစ်သည်။ ယင်းနေရာတွင် ကိုယ့်ပိုစ့်ကို မည်သည့်ပုံစံဖြင့် ပေါ်စေချင်သည်ကို ပြုပြင်ပေးရသည်။ အစိမ်းရောင် နေရာမှာ Sidebar
ဖြစ်သည်။ ယင်းနေရာတွင် Poll, Links, Addons, Gadget, Shout Box စသည်တို့ကို ထည့်သွင်း တတ်ကြသည်။ ဆိုဒ်ဘားမှာ
ရွေးချယ်ထားသော တန်းပလိတ်ကို လိုက်ပြီး အချို့တွင် တစ်ခု၊ အချို့တွင် နှစ်ခု၊ အချို့တွင် ဘယ်ဘက်၊ အချို့တွင် ဘယ်ညာ
စသည်ဖြင့် ရှိတတ်သည်။ ယင်းသို့ ကွဲပြားသော အစိတ်အပိုင်းများအလိုက် ပြင်ဆင်သည့် နေရာများလည်း ကွဲပြားသည်။

3.1.1. Edit Sidebar

အထက်မှာ ပြောခဲ့သလိုပဲ ဆိုဒ်ဘားမှာ ကိုယ်သဘောကျတာလေးတွေ ထည့်သွင်းလို့ ရပါတယ်။ ဒီနေရာမှာတော့ အဓိကကျတဲ့


HTML/JAVA ကုဒ်ထည့်သွင်းတာနဲ့ သက်ဆိုင်တဲ့ Shout Box ထည့်သွင်းပုံကို နမူနာ ပြသွားပါမယ်။

ဘလော့ဂ်တင
ွ် Shout Box ထည့်သွင်းခြင်း

Shout Box ကို Sidebar များတွင် အဓိက ထည့်သွင်းတတ်ကြသည်။ Shout Box ဆိုသည်မှာ အလွယ်တကူ မှတ်ချက်
ပေးလို့ရသော Comment ပုံစံ Application တစ်ခုပင် ဖြစ်သည်။ ယင်းစနစ်ကို Blogger တွင် အသင့် ပေးမထားသေးချေ။
ထို့ကြောင့် ယင်းကို ထည့်သွင်းလိုပါက အခြားနေရာမှ ယူရသည်။ (ဥပမာ- www.cbox.ws)

• ထိုဝဘ်ဆိုဒ်တွင် အကောင့်တစ်ခု ဖွင့်ပါ။


• မိမိတို့ နှစ်သက်သော Shout Box ပုံစံကို ပြုလုပ်ပါ။
• Html, Java ကုဒ်ကို ရယူပါ
http://nyilynnseck.blogspot.com
မိမိတို့၏ ဘလော့ဂါ အကောင့်ကို ဝင်ပါ။
Layout/Setting--ÆPage Elements ကိုရွေးပါ။

ညာဘက်တင
ွ် တွေ့ရသော Sidebar နေရာမှ Add a Page Element ဆိုသော အရာကို နှိပ်ပါ။ အောက်ပါကဲ့သို့ တွေ့ရမည်
ဖြစ်သည်။

http://nyilynnseck.blogspot.com
ထိုအရာများထဲတွင် Shout Box မှရယူထားသော ကုဒ်များကို ထည့်သွင်းမည် ဖြစ်သောကြောင့် HTML/JAVA ဆိုသော အရာကို
ရွေးချယ်ပါ။ အောက်ပါကဲ့သို့ ပေါ်လာမည် ဖြစ်သည်။

ခေါင်းစဉ်နေရာတွင် ကိုယ်ကြိုက်သလို ပေးပြီး www.cbox.ws တွင် မိမိပြုလုပ်ထားသော အကောင့်မှ ကုဒ်များကို Content


နေရာတွင် ထည့်သွင်းပေးရမည် ဖြစ်သည်။

http://nyilynnseck.blogspot.com
ထိုသို့ ထည့်သွင်းပြီးသည်နှင့် သင့်ဘလော့ဂ်၏ Sidebar တွင် Shout Box ကို အသုံးပြုနိုင်မည် ဖြစ်ပေသည်။ အခြားသော
HTML/JAVA ကုဒ်များကိုလည်း ယင်းအတိုင်း ထည့်သွင်းပြီး Application များကို အသုံးချနိုင်သည်။ သူငယ်ချင်း အချင်းချင်း
လင့်ခ်များ ချိတ်ဆက်ခြင်း၊ ဓာတ်ပုံထည့်သင
ွ်းခြင်း စသော အခြားအရာများကိုလည်း Add a Page Elements တွင်
သက်ဆိုင်ရာကို ရွေးချယ်ပြီး ထည့်သွင်းနိုင်ပေသည်။

3.1.2. Edit Blog Post

ယခုအပိုင်းမှာ Post Body ကို အပေါ်ယံ ပြင်ဆင်ခြင်း ဖြစ်သည်။ အကြမ်းဖျင်း ဆိုရသော် ကိုယ့်ဘလော့ဂ်ပိုစ့် တစ်ခုချင်းစီကို
ကိုယ်ပြချင်သလို ပြနိုင်အောင် ပြင်ဆင်ခြင်း ဖြစ်သည်။ ယင်းကို ပြင်ဆင်ရန် Page Element တွင် Post Edit
ကိုရွေးချယ်ပေးရမည်။ ထို့နောက် ကိုယ်ပြင်ဆင်လိုသည်များကို သက်ဆိုင်ရာ အပိုင်းအလိုက် ပြင်ဆင်နိုင်မည် ဖြစ်သည်။
(မှတ်ချက်- မြန်မာစာလုံးများ ကောင်းမွန်စွာ ပေါ်စေရန်နှင့် အခြားသော ဘလော့ဂ်ပိုစ့် အကျယ်ကို တိုးချဲ့ခြင်း၊
အရောင်ပြောင်းခြင်း စသည်တို့မှာ ယင်းနေရာမှ လုပ်ကိုင်နိုင်ခြင်း မရှိပါ)

ထိုနည်းတူစွာ Edit Header, Edit Navbar, Edit Footer စသည်တို့ကိုလည်း ပြုပြင်နိုင်ပေသည်။

http://nyilynnseck.blogspot.com
3.2. Fonts and Colors

ဘလော့ဂ်၏ နောက်ခံအရောင်၊ စာသားအရောင် စာလုံးအကြီးအသေး စသည်တို့ကို ရွေးချယ်ပေးရသော နေရာဖြစ်သည်။


ကိုယ်ပြောင်းချင်သည်များကို ပြောင်းပြီး စိတ်တိုင်းကျသည်နှင့် Save Changes ခလုတ်လေးကို နှိပ်ဖို့ လိုအပ်ပါမည်။

3.3. Edit HTML

http://nyilynnseck.blogspot.com
Edit HTML အပိုင်းသည် ဘလော့ဂ်တစ်ခုလုံးတွင် အရေးအကြီးဆုံး အပိုင်းတစ်ခုပင် ဖြစ်သည်။ ဘလော့ဂ်ကို ခုတ်မောင်းနေသော
ယန္တယားကြီး ဖြစ်သလို၊ အခြား စနစ်များ အားလုံးလိုလို၏ ဌာနချုပ်ကြီးလည်း ဖြစ်သည်။ ကိုယ့်ဘလော့ဂ်ကို အလှဆင်နိုင်သည့်
လိုအပ်သလို ပြုပြင်နိုင်သည့် နေရာလည်း ဖြစ်သည်။ ယင်းအပိုင်းကို ပြုပြင်နိုင်ရန် CSS, HTML, XML ကုဒ်များကို အနည်းအကျဉ်း
နားလည်ထားဖို့ လိုအပ်ပါမည်။ လုံးဝ နားမလည်ဘူးဆိုလျှင် ထိုအပိုင်းကို ပြင်ဆင်ခြင်းကို အထူးဂရုပြုသင့်သည်။

ယင်းအပိုင်းတွင် လုပ်ဆောင်ချက် နှစ်ခုရှိသည်။ ပထမ တစ်ခုမှာ အခြားအသင့်ရေးထားသော ကုဒ်များ၊ ဘလော့ဂ်


တန်းပလိတ်များကို အသင့်ယူသုံးခြင်း ဖြစ်ပြီး၊ ဒုတိယ တစ်ခုမှာ မိမိတို့ကိုယ်တိုင် ထိုကုဒ်များ ၀င်ရောက် ရေးသားခြင်း၊ ပြုပြင်
ဖြည့်စွက်ခြင်း၊ ချိန်ညှိခြင်း စသည်တို့ ဖြစ်သည်။

ပထမ လုပ်ဆောင်ချက် Upload Template မှာ မခက်ခဲပါ။ ဂူဂဲလ်တွင် Blogger Template ဆိုပြီး ရှာလိုက်လျှင် အခြားသူများ
ရေးသားထားသော အသင့်သုံး တန်းပလိတ်ဆိုဒ်များ ကျလာပါလိမ့်မည်။ ယင်းတို့ အထဲမှ ကိုယ်နှစ်သက်ရာ
တန်းပလိတ်တွေ့လျှင် ဒေါင်းလုဒ် လုပ်ယူပြီး ဖိုင်ကို စက်ထဲတွင် သိမ်းထားပါ။ ထို့နောက် ယခုနေရာမှနေပြီး ယင်းဖိုင်ကို ပြန်လည်
Upload လုပ်ယူခြင်းဖြင့် ကိုယ်နှစ်သက်သော ဒီဇိုင်းကို ရရှိနိုင်သည်။

ဒုတိယပိုင်းမှာ အတန်သင့် ခက်ခဲသောကြောင့် နောက်ပိုင်းမှ အကျယ်တဝင့် ဆက်လက် ရှင်းလင်းပြသ သွားပါမည်။


လောလောဆယ်တွင် မြန်မာစာ ရိုက်ကူးရန်နှင့် မြန်မာစာလုံးများ ကောင်းကောင်းမွန်မွန် ပေါ်စေရန် အလွယ်ဆုံး နည်းလမ်းကိုသာ
ပြောပြသွားမည်။ ယင်းအပိုင်းတွင် မိမိ၏ ဘလော့ဂ် အကျယ်အဝန်း ချဲ့ခြင်း၊ တန်းပလိတ် ပြုပြင်းခြင်း အစရှိသော အသေးစိတ်
အချက်အလက်များ လုပ်ကိုင်နိုင်သည်ကို မှတ်သားထားစေလိုပါသည်။

မြန်မာဖောင့်ကို ကြေငြာခြင်း

ယင်းစာမျက်နှာတွင် Expand Widget Template ဆိုသောနေရာတွင် Check လုပ်ပေးပြီး font-family ဆိုသော နေရာများကို
ကုဒ်များအတွင်း လိုက်လံ ရှာဖွေပါ။

font-family: “Arial”, Sans-Serif, alba;

စသည်ဖြင့် တွေ့ပါလိမ့်မည်။ ယင်းနေရာများတွင် ယခုပြထားသော “Arial” နေရာတွင် “Zawgyi-One” ကိုပြောင်းလဲ


ထည့်သွင်းပေးရန် လိုအပ်ပါမည်။ အချို့သော တန်းပလိတ်များတွင် Arial မဟုတ်ဘဲ အခြားသော ဖောင့်များလည်း
ဖြစ်နေနိုင်သည်။ မည်သည့်ဖောင့် ဖြစ်စေ၊ ယင်းနေရာတွင် Zawgyi-One နှင့် အစားထိုးပေးရန်သာ ဖြစ်သည်။

သို့မဟုတ်

မြန်မာစာပေါ်ရန် variable များပြောင်းခြင်း


Edit Html တွင်
<Variable Name= နှင့် စကာ type="font" ဖြစ်သော စာများကိုရှာပါ.. % နောက်တွင် Zawgyi-one, ထည့်လိုက်ပါ..
Example :
<Variable name="bodyFont" description="Text Font" type="font"
default="normal normal 100% Zawgyi-one,'Trebuchet MS',Verdana,Arial,Sans-serif">
<Variable name="pageTitleFont" description="Blog Title Font" type="font"
default="normal bold 200% Zawgyi-one,'Trebuchet MS',Verdana,Arial,Sans-serif">
<Variable name="descriptionFont" description="Description Font" type="font"
default="normal normal 100% Zawgyi-one,'Trebuchet MS',Verdana,Arial,Sans-serif">
<Variable name="headerFont" description="Sidebar Title Font" type="font"

http://nyilynnseck.blogspot.com
default="norm
mal bold 100
0% Zawgyi-o
one,'Trebuchet MS',Verda
ana,Arial,San
ns-serif">
<Variable name="postTittleFont" desccription="Posst Title Font"" type="font""
default="norm
mal bold 135
5% Zawgyi-o
one,'Trebuchet MS',Verda
ana,Arial,San
ns-serif">

Aကုန်လုံးထည်
ညလို့ပြီးပါက Sa
ave လုပ်လိုက်
ကပ်ါ…(စေတန်ဂေါ့၏ Making
g Blog လမ်းညွှန်မှ)

3.4. Pick New


w Template

ဒါ
ဒါကတော့ ကိယ်
ုယ့ဘလော့ဂ် ပံ
ပုစံကို မနှစ်သ
သက်တော့တ့အ
ဲ ခါ Blogger ကပေးထားတဲ့ အသင့်သုံး Template တေ
တြကို အစကေ
နေ
ပြ ရွေးချယ်ဖပဲ
ပြန် ပ
ိုဲ့ ဖြစ်ပါတယ်။

ထိုမျှလောက်ဆိ
ဆုလျှိင် ဘလောာ့ဂ်တစ်ခုကို လွယ်လွယ်ကူကူ နားလည်ပြီး ကိုယ်တိုင် လု
လပ်ကိုင်နိုင်မည်ဟု ယူဆမိပါသ
သည်။

နောက်ဆက်တွ
တွ~ဲ

မြန်မာစာာရိုက်စနစ်
မြ

အ တာနက်ပေါ်တွ
အင် ပ င် ဘလေ
လာ့ဂါ ၉၉ရာခ ဇ်ာဂျီဖောင့်နှင့် ဇော်ဂျီကီးဘု
ခိုင်နှုန်းက ဇေ ဘတ်ကို အသံ
သုံးပြုကြပါသည်
ည်။ ဇော်ဂျီသည်

ဝ ပေါ်တွင် စာရိ
ဝဘ် စုက်ကူးရာတ
တွင် အဆင်လပစွ
လှာ အသုံးပြုနိုင်ပြီး အသုံးပြုရာတွ
ပြ င်လည်း လွန်စွာ လွယ
ယ်ကူသောကြေ
ကြာင့် ဖြစ်သည်။
ေ ဂျီစနစ်
ဇော် ထ့ သွင်းထားးပါက
ထည် အင်္ဂလိ
လပိ၊ မြန်မာ နှစ်မျိုးစလုံးကို အခက်အခဲမရှိ ပူးတွဲ ရိုက်ကူးနိုငသည်
်သ ။ ဇော်ဂျီကိ
ကု

ဘလော့ ဂ်များ၊ ဝဘ်ဆိုဒ်မျာားတွင်သာမက
က အခြားသောာ Excel, Word စသည
ည်တို့တွင်လည်း အသုံးပြုနိ
နိုင်သောကြောာင့်

အဆင် ပြေပါသ
သည်။ အဆိုပါ ဇော်
ေ ဂ်ီစနစ္ကို အသံ
အုးပြုရန်အတွ
အ က်

ကန်ပျူတာကဏ္ဍ
ကွ ဏ္ဍ

• ဇော်ဂျီ
ဂီကီးဘုတ်သင်

ွ်းယူခြင်း

http://nyilynnsec
ck.blogspot.com
• နောက်ဆုံးထုတ် ဇော်ဂျီဖောင့်ကို သွင်းယူခြင်း
• Computer Setting ပြုပြင်ခြင်း
• Browser Setting ပြုပြင်ခြင်း

ဇော်ဂျီ ကီးဘုတ်နှင့် ဖောင့်ကို ဒီနေရာမှာ ရယူပါ။

http://www.fileden.com/files/2006/7/23/141322/Softwares/Zawgyi_Keyboard_L.rar

ယခု Font System မှာ Windows Vista တွင်ပါ စမ်းသပ်ထားပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။

Internet Browser Setting ကိုပြုပြင်ခြင်း

မြန်မာဘလော့ဂ်များနှင့် ဇော်ဂျီဖောင့်ကို လွယ်ကူ ကောင်းမွန်စွာ မြင်နိုင်ရန် Browser Setting ကို ပြုပြင်ပေးရန် လိုအပ်ပါသည်။
မြန်မာဘလော့ဂ်များအတွက် အကောင်းဆုံး ဖတ်ရှုရန်နှင့် ရေးသားရန်ကို မီးလျှံမြေခွေး Firefox Browser ကို သုံးစွဲရန်
အကြံပြုလိုပါသည်။

Firefox Browser ကိုဖွင့်ပါ


Tool>Option>Content ကိုရွေးချယ်ပါ

Defaut Font ကို Zawgyi-One ဟု ရွေးချယ်ပါ။


ထို့နောက် ဘေးမှ Advanced ကိုသွားပါ။

http://nyilynnseck.blogspot.com
ပြီးလျှင် အထက်ပါကဲ့သို့ ရွေးချယ်ပေးရပါမည်။

အပိုင်းတစ် ဘလော့ဂ်အခြေခံတည်ဆောက်ခြင်း

ပြီးပါပြီ
ညီလင်းဆက်
http://nyilynnseck.blogspot.com

မှတ်ချက်

မည်သူမဆို အခမဲ့ ဒေါင်းလုဒ် ရယူနိုင်သည်။ အခမဲ့ ဖြန့်ချိနိုင်သည်။ အခမဲ့ ပြင်ဆင်နိုင်သည်။ အခမဲ့ မှီငြမ်း ကိုးကားနိုင်သည်။
အခမဲ့ ဖြည့်စွက်နိုင်သည်။ အမှားများရှိခဲ့လျှင် ထောက်ပြ ပြင်ဆင်ပေးရန်လည်း ဖိတ်ခေါ်ပါသည်။ ဘလော့ဂ် အကြောင်း
လုံးမမတတ်ကျွမ်းသူ တစ်ယောက်အတွက် ဘလော့ဂ်တစ်ခု လွယ်လွယ်ကူကူ ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ပြီး ရေးသားထားခြင်း
ဖြစ်သည်။ အခြားသူများကို ဖြန့်ဝေပေးခြင်းဖြင့် မြန်မာဘလော့ဂါများ တိုးပွားလာအောင် ကူညီကြစေလိုပါသည်။ ဘလော့ဂ်တစ်ခု
ဖန်တီးပြီးသွားသည့်အခါ http://myanmarblogdirectory.blogspot.com တွင်သင့်ဘလော့ဂ်ကို ထည့်သွင်းခြင်းဖြင့်
မြန်မာဘလော့ဂ် လမ်းညွှန် ကိုလည်း ကူညီနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

ပူးတွဲလေ့လာရန်

စေတန်ဂေါ့၏ Making Blog အီးဘွခ် (အသေးစိတ် အချက်အလက်များကို ဖတ်ရှုနိုင်မည်)


http://www.mediafire.com/?4ynnm4nnjtm
http://saturngod.blogspot.com/2007/06/making-blog.html
http://nyilynnseck.blogspot.com

Anda mungkin juga menyukai